La Liga Premier League Serie A

အူဘာမီယန္းကို ထိန္းသိမ္းႏုိင္စြမ္း မရွိေတာ့လို႔ ကမ္းလွမ္းမွဳေတြကို နားေထာင္ေနၿပီျဖစ္တဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ အဓိကတုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ဆက္လက္ထိန္းသိမ္းထားႏုိင္စြမ္း မရွိေတာ့ဘဲ သူလုိခ်င္တဲ့ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းကိုလည္း စာခ်ဳပ္သစ္နဲ႔အတူ ေပးအပ္ႏုိင္ျခင္း မရွိေတာ့ခ်ိန္မွာ သူ႕ကို ေခၚယူဖို႔ ကမ္းလွမ္းလာမွဳေတြကို လက္ခံစဥ္းစားဖို႔ နားစြင့္ေနၿပီျဖစ္တယ္လို႔ ဆုိပါတယ္။

လက္ရွိမွာ တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္း ရရွိေနတဲ့ အသက္ ၃၁ ႏွစ္အရြယ္ ဂါဘြန္တုိက္စစ္မွဴးဟာ အသင္းရဲ႕ ဂိုးေတြ အမ်ားစုကို ဒုိင္ခံသြင္းယူေပးထားသူျဖစ္ေပမယ့္လည္း အာဆင္နယ္အသင္းရဲ႕ လစာေငြဘတ္ဂ်က္ထဲမွာေတာ့ သူ႕ကို ထပ္မံတုိးျမႇင့္ေပးႏုိင္တဲ့ ပမာဏမရွိေတာ့ခ်ိန္မွာ ထြက္ခြာဖို႔ကိုပဲ ခြင့္ျပဳရေတာ့မွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ စကိုင္းစပုိ႔စ္႐ုပ္သံက ေဘာလုံးကၽြမ္းက်င္သူ ခ်ာလီ နစ္ကိုလတ္စ္ကေတာ့ အူဘာမီယန္းနဲ႔ အသင္းၾကားမွာ ဆက္ရွိေနဖို႔နဲ႔ ထြက္ခြာဖို႔ကို ျပတ္ျပတ္သားသားဆုံးျဖတ္ဖို႔ သတိေပးလုိက္ၿပီး ဒါမွ အမ္းမရိတ္သားေတြအတြက္ အစီအစဥ္ခ်မွတ္မွဳေတြကို ေစာေစာစီးစီး ေဆာင္ရြက္ႏုိင္မွာလုိ႔ ေျပာလုိက္ပါတယ္။

လက္ရွိမွာေတာ့ အူဘာမီယန္းကို ေခၚယူခ်င္ေနတဲ့အသင္းေတြထဲမွာ ဥေရာပအသင္းႀကီးေတြျဖစ္ၾကတဲ့ အင္တာမီလန္နဲ႔ ဘာစီလုိနာတုိ႔အျပင္ ပရီးမီးယားလိဂ္ၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ခ်ဲလ္ဆီးတုိ႔ပါ ပါဝင္လာခဲ့ၿပီျဖစ္ၿပီး ဒီရာသီမွာ လိဂ္ဂိုး ၁၇ ဂိုးသြင္းထားတဲ့ သူ႕ကို ေခၚယူဖို႔ စိုင္းျပင္းေနၾကၿပီလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ေတာ့ အူဘာမီယန္းဟာ အြန္နရီရဲ႕လမ္းစဥ္လိုက္မလား၊ ဗန္ပါစီရဲ႕ လမ္းစဥ္လုိက္မလား၊ ဂ်ီ႐ူးနဲ႔ အနယ္လ္ကာတုိ႔ရဲ႕ လမ္းစဥ္လုိက္မလားဆိုတာကို ရင္ဆုိင္ရဖို႔ ရွိေနၿပီး ပရိသတ္ေတြကေတာ့ ႏိုင္ငံျပင္ပကို ေရာင္းခ်ဖို႔နဲ႔ ပရီးမီးယားလိဂ္မွာ ေရာင္းခ်မယ္ဆုိရင္ေတာ့ ေျပာင္းေရႊ႕ေၾကးျမင့္ျမင့္မားမားရမွ ေရာင္းခ်ဖို႔ ေတာင္းဆုိထားၿပီး တိုက္စစ္မွဴးေတြကို မေရာင္းခ်ဖူးေသးတဲ့ အင္တာမီလန္အသင္းကိုပဲ ေရာက္ရွိသြားဦးမလားဆုိတာေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အဓိကတိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ဘဲ သူလိုချင်တဲ့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းကိုလည်း စာချုပ်သစ်နဲ့အတူ ပေးအပ်နိုင်ခြင်း မရှိတော့ချိန်မှာ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းလာမှုတွေကို လက်ခံစဉ်းစားဖို့ နားစွင့်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်း ရရှိနေတဲ့ အသက် ၃၁ နှစ်အရွယ် ဂါဘွန်တိုက်စစ်မှူးဟာ အသင်းရဲ့ ဂိုးတွေ အများစုကို ဒိုင်ခံသွင်းယူပေးထားသူဖြစ်ပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ လစာငွေဘတ်ဂျက်ထဲမှာတော့ သူ့ကို ထပ်မံတိုးမြှင့်ပေးနိုင်တဲ့ ပမာဏမရှိတော့ချိန်မှာ ထွက်ခွာဖို့ကိုပဲ ခွင့်ပြုရတော့မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ စကိုင်းစပို့စ်ရုပ်သံက ဘောလုံးကျွမ်းကျင်သူ ချာလီ နစ်ကိုလတ်စ်ကတော့ အူဘာမီယန်းနဲ့ အသင်းကြားမှာ ဆက်ရှိနေဖို့နဲ့ ထွက်ခွာဖို့ကို ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့ သတိပေးလိုက်ပြီး ဒါမှ အမ်းမရိတ်သားတွေအတွက် အစီအစဉ်ချမှတ်မှုတွေကို စောစောစီးစီး ဆောင်ရွက်နိုင်မှာလို့ ပြောလိုက်ပါတယ်။

လက်ရှိမှာတော့ အူဘာမီယန်းကို ခေါ်ယူချင်နေတဲ့အသင်းတွေထဲမှာ ဥရောပအသင်းကြီးတွေဖြစ်ကြတဲ့ အင်တာမီလန်နဲ့ ဘာစီလိုနာတို့အပြင် ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ပါ ပါဝင်လာခဲ့ပြီဖြစ်ပြီး ဒီရာသီမှာ လိဂ်ဂိုး ၁၇ ဂိုးသွင်းထားတဲ့ သူ့ကို ခေါ်ယူဖို့ စိုင်းပြင်းနေကြပြီလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့တော့ အူဘာမီယန်းဟာ အွန်နရီရဲ့လမ်းစဉ်လိုက်မလား၊ ဗန်ပါစီရဲ့ လမ်းစဉ်လိုက်မလား၊ ဂျီရူးနဲ့ အနယ်လ်ကာတို့ရဲ့ လမ်းစဉ်လိုက်မလားဆိုတာကို ရင်ဆိုင်ရဖို့ ရှိနေပြီး ပရိသတ်တွေကတော့ နိုင်ငံပြင်ပကို ရောင်းချဖို့နဲ့ ပရီးမီးယားလိဂ်မှာ ရောင်းချမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးမြင့်မြင့်မားမားရမှ ရောင်းချဖို့ တောင်းဆိုထားပြီး တိုက်စစ်မှူးတွေကို မရောင်းချဖူးသေးတဲ့ အင်တာမီလန်အသင်းကိုပဲ ရောက်ရှိသွားဦးမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.