La Liga Premier League

ဂြါဒီယိုလာရဲ႕ ေရဒါထဲမွာ ပါဝင္လာတဲ့ ဆာအူးလ္အတြက္ ၿမဳိ႕ခံၿပဳိင္ဘက္နဲ႔အၿပဳိင္ ေခၚယူဖြယ္ရွိေန

မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ ဒီႏွစ္ေႏြရာသီ အစီအစဥ္ထဲမွာ ပါဝင္ေနတဲ့ ကြင္းလယ္ကို ထိန္းခ်ဳပ္ကစားေပးႏုိင္မယ့္ ကစားသမားတစ္ေယာက္ကို အသင္းက ထြက္ခြာေတာ့မယ့္ ေဒးဗစ္ ေဆးလ္ဗားေနရာအတြက္ အစားထိုးဖို႔ ရွိေနရာမွာ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို ေခၚယူသြားဖို႔ ႀကဳိးစားေနပါတယ္။

ေရာင္းခ်မယ္ဆုိရင္ ဘာစီလုိနာအသင္းကို ဦးစားေပးေရာင္းခ်ဖို႔ ေပါင္ ၁၅ သန္းနဲ႔ အႀကဳိသေဘာတူစာခ်ဳပ္ရွိထားခဲ့တဲ့ သေဘာတူညီမွဳကိုေတာ့ ကာတာလန္ကလပ္ဘက္က အသုံးမခ်ေတာ့ဘူးလို႔ ေနာက္ဆုတ္သြားခဲ့တာေၾကာင့္ ဒီအသက္ ၂၅ ႏွစ္အရြယ္ စပိန္လက္ေရြးစင္ကြင္းလယ္လူအတြက္ မန္ခ်က္စတာၿမဳိ႕ခံႏွစ္သင္း အၿပဳိင္ျဖစ္ေနခဲ့တာလည္းျဖစ္ပါတယ္။

လာမယ့္အေျပာင္းအေရႊ႕ကာလမွာ ကစားသမားေတြကို ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးေတြနဲ႔ ေရာင္းခ်ဖို႔ ႀကံစည္ေနတဲ့ အသင္းေတြရဲ႕ အေတြးေတြကေတာ့ ကိုဗစ္-၁၉ ေၾကာင့္ ရယ္စရာ ျပက္လုံးလုိလည္းျဖစ္ေနၿပီး ဝယ္လိုအားနဲ႔ ေရာင္းလိုအား မကိုက္ခ်ိန္မွာ အသင္းက ထြက္ခြာလိုတဲ့ ကစားသမားကို လစာေငြတုိးျမႇင့္ၿပီး စာခ်ဳပ္ခ်ဳပ္ဖို႔ဆုိတာလည္း ႀကီးမားတဲ့ အတားအဆီးကို ျဖတ္ေက်ာ္ရသလိုျဖစ္ေနပါတယ္။

ဒါေၾကာင့္ အက္သလက္တီကိုရဲ႕ ေပါင္ ၁၃၅ သန္း မရရင္ မေရာင္းဘူးဆိုတဲ့ ေခါင္းမာတဲ့ အျပဳအမူတစ္ခုနဲ႔ ဘယ္ေလာက္အထိ တင္းခံမလဲ ဆုိတာကေတာ့ စိတ္ဝင္စားစရာလည္းျဖစ္ေနၿပီး ဒါကို မန္စီးတီးနဲ႔ ေပါ့ဘာကို ေရာင္းခ်ၿပီး အစားထိုးလိုေနတဲ့ မန္ယူတုိ႔ ဘယ္လိုခ်ဳိးဖ်က္သြားမလဲဆုိတာကိုလည္း ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

မက္ဒရစ္အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၈၅၀၀၀ ရရွိေနတဲ့ ဆာအူးလ္အေနနဲ႔ မန္ခ်က္စတာၿမဳိ႕ကို ေျပာင္းေရႊ႕မယ္ဆုိရင္ ဘယ္အသင္းကပဲ ျဖစ္ျဖစ္ ေပါင္ႏွစ္သိန္းနဲ႔အထက္ ေပးေခ်သြားဖို႔ အဆင္သင့္ျပင္ထားၾကၿပီး မန္စီးတီးနဲ႔ ဂြါဒီယိုလာတို႔ စပိန္သားအခ်င္းခ်င္း စည္း႐ုံးႏုိင္မွဳက အားသာခ်က္တစ္ရပ္ျဖစ္လာႏိုင္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ ဒီနှစ်နွေရာသီ အစီအစဉ်ထဲမှာ ပါဝင်နေတဲ့ ကွင်းလယ်ကို ထိန်းချုပ်ကစားပေးနိုင်မယ့် ကစားသမားတစ်ယောက်ကို အသင်းက ထွက်ခွာတော့မယ့် ဒေးဗစ် ဆေးလ်ဗားနေရာအတွက် အစားထိုးဖို့ ရှိနေရာမှာ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ခေါ်ယူသွားဖို့ ကြိုးစားနေပါတယ်။

ရောင်းချမယ်ဆိုရင် ဘာစီလိုနာအသင်းကို ဦးစားပေးရောင်းချဖို့ ပေါင် ၁၅ သန်းနဲ့ အကြိုသဘောတူစာချုပ်ရှိထားခဲ့တဲ့ သဘောတူညီမှုကိုတော့ ကာတာလန်ကလပ်ဘက်က အသုံးမချတော့ဘူးလို့ နောက်ဆုတ်သွားခဲ့တာကြောင့် ဒီအသက် ၂၅ နှစ်အရွယ် စပိန်လက်ရွေးစင်ကွင်းလယ်လူအတွက် မန်ချက်စတာမြို့ခံနှစ်သင်း အပြိုင်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။

လာမယ့်အပြောင်းအရွှေ့ကာလမှာ ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ရောင်းချဖို့ ကြံစည်နေတဲ့ အသင်းတွေရဲ့ အတွေးတွေကတော့ ကိုဗစ်-၁၉ ကြောင့် ရယ်စရာ ပြက်လုံးလိုလည်းဖြစ်နေပြီး ဝယ်လိုအားနဲ့ ရောင်းလိုအား မကိုက်ချိန်မှာ အသင်းက ထွက်ခွာလိုတဲ့ ကစားသမားကို လစာငွေတိုးမြှင့်ပြီး စာချုပ်ချုပ်ဖို့ဆိုတာလည်း ကြီးမားတဲ့ အတားအဆီးကို ဖြတ်ကျော်ရသလိုဖြစ်နေပါတယ်။

ဒါကြောင့် အက်သလက်တီကိုရဲ့ ပေါင် ၁၃၅ သန်း မရရင် မရောင်းဘူးဆိုတဲ့ ခေါင်းမာတဲ့ အပြုအမူတစ်ခုနဲ့ ဘယ်လောက်အထိ တင်းခံမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာလည်းဖြစ်နေပြီး ဒါကို မန်စီးတီးနဲ့ ပေါ့ဘာကို ရောင်းချပြီး အစားထိုးလိုနေတဲ့ မန်ယူတို့ ဘယ်လိုချိုးဖျက်သွားမလဲဆိုတာကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မက်ဒရစ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၈၅၀၀၀ ရရှိနေတဲ့ ဆာအူးလ်အနေနဲ့ မန်ချက်စတာမြို့ကို ပြောင်းရွှေ့မယ်ဆိုရင် ဘယ်အသင်းကပဲ ဖြစ်ဖြစ် ပေါင်နှစ်သိန်းနဲ့အထက် ပေးချေသွားဖို့ အဆင်သင့်ပြင်ထားကြပြီး မန်စီးတီးနဲ့ ဂွါဒီယိုလာတို့ စပိန်သားအချင်းချင်း စည်းရုံးနိုင်မှုက အားသာချက်တစ်ရပ်ဖြစ်လာနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.