La Liga Premier League

အာဆင္နယ္တစ္သင္းနဲ႔ပဲ ဆက္သြယ္မွဳရွိတဲ့ သားျဖစ္သူကို အသင္းက ထြက္ခြာဖို႔ဆုိလုိက္တဲ့ ဖခင္

အာဆင္နယ္အသင္းတစ္သင္းနဲ႔ပဲ အသံေတြ ထြက္ေနခဲ့တဲ့ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို အသင္းက ထြက္ခြာဖို႔ ေအးဂ်င့္ေတြ ျငင္းဆန္ေနခဲ့တဲ့ၾကားကပဲ ဖခင္ျဖစ္သူက ဂါနာႏုိင္ငံကေန ေမးျမန္းတဲ့ ေရဒီယို အစီအစဥ္တစ္ခုမွာ တုိက္တြန္းလုိက္ပါတယ္။

ဂ်က္ေကာ့ဘ္ ပါေတးလို႔ အမည္ရတဲ့ ဖခင္ျဖစ္သူက အက္သလက္တီကိုနဲ႔ ေပါင္ ၄၇ သန္းတန္ ေလ်ာ္ေၾကးစာခ်ဳပ္ရွိေနတဲ့ သူ႕သား ေသာမတ္စ္ကို စပိန္ကေန ထြက္ခြာဖို႔နဲ႔ သူ႕ရဲ႕ ကစားသမားဘဝအတြက္ ပုိမိုေကာင္းမြန္တဲ့ ေနာက္တစ္ဆင့္ကို တက္လွမ္းဖုိ႔ အခ်ိန္တန္ၿပီျဖစ္ေၾကာင္း Bryt FM နဲ႔ ေတြ႕ဆုံရာမွာ ေျပာၾကားသြားခဲ့တာပါ။

အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ျဖစ္ရင္ ေလ်ာ္ေၾကးအေနနဲ႔ ေပါင္ ၉၃ သန္းအထိ ျမင့္တက္သြားႏုိင္တဲ့ ဒီအသက္ ၂၆ ႏွစ္အရြယ္ ကြင္းလယ္လူကို အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက ဦးစားေပးပစ္မွတ္အျဖစ္ အလိုရွိေနတာျဖစ္ၿပီး ဆက္သြယ္စုံစမ္းမွဳေတြ ျပဳလုပ္ထားခဲ့သလို ေခၚယူႏုိင္ဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္။

“သူ႕အေနနဲ႔ ျမင့္မားတဲ့ လစာေငြနဲ႔ ကမ္းလွမ္းမွဳေကာင္းေကာင္းရလာရင္ အက္သလက္တီကို မက္ဒရစ္ကေန ထြက္ခြာဖို႔ ကၽြန္ေတာ္ တုိက္တြန္းသြားမွာပါ။ တကယ္ေတာ့ ေဘာလုံးသမားဘဝ ကုန္ဆုံးရင္ ေနာက္မတူညီတဲ့ ဘဝတစ္ခုကို သူျဖတ္သန္းရမွာပါ။ ဖခင္တစ္ေယာက္အေနနဲ႔ သူ႕အတြက္ စိတ္ခ်ရတဲ့ ေကာင္းေကာင္းမြန္မြန္ဘဝကို အလိုရွိၿပီး ႐ုန္းကန္ေနရတာကို ဘဝလို႔ မေခၚေစခ်င္ပါဘူး”လို႔ ဂ်က္ေကာ့ဘ္ ပါေတးက ဆုိပါတယ္။

ဒါ့အျပင္ ပါေတးရဲ႕ ဖခင္ျဖစ္သူက သူ႕သားကို လိုခ်င္တဲ့ အသင္းက ေငြေၾကးေကာင္းေကာင္းေပးေခ်ခဲ့မယ္ဆုိရင္ ေကာင္းမြန္တဲ့ ကိစၥျဖစ္ၿပီး ျမင့္မားတဲ့အဆင့္မွာ ကစားရင္း အနားယူခ်ိန္မွာ ခ်မ္းခ်မ္းသာသာျဖစ္ေနဖို႔နဲ႔ အက်ဳိးရွိမယ့္ ရင္းႏွီးျမႇဳပ္ႏွံမွဳေတြ ျပဳလုပ္ႏုိင္ဖို႔ တစ္ပတ္ကို ေပါင္ ၆၅၀၀၀ ရရွိေနတဲ့ သားျဖစ္သူကို အႀကံေပးထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းတစ်သင်းနဲ့ပဲ အသံတွေ ထွက်နေခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးကို အသင်းက ထွက်ခွာဖို့ အေးဂျင့်တွေ ငြင်းဆန်နေခဲ့တဲ့ကြားကပဲ ဖခင်ဖြစ်သူက ဂါနာနိုင်ငံကနေ မေးမြန်းတဲ့ ရေဒီယို အစီအစဉ်တစ်ခုမှာ တိုက်တွန်းလိုက်ပါတယ်။

ဂျက်ကော့ဘ် ပါတေးလို့ အမည်ရတဲ့ ဖခင်ဖြစ်သူက အက်သလက်တီကိုနဲ့ ပေါင် ၄၇ သန်းတန် လျော်ကြေးစာချုပ်ရှိနေတဲ့ သူ့သား သောမတ်စ်ကို စပိန်ကနေ ထွက်ခွာဖို့နဲ့ သူ့ရဲ့ ကစားသမားဘဝအတွက် ပိုမိုကောင်းမွန်တဲ့ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အချိန်တန်ပြီဖြစ်ကြောင်း Bryt FM နဲ့ တွေ့ဆုံရာမှာ ပြောကြားသွားခဲ့တာပါ။

အသင်းနဲ့ စာချုပ်သစ်ချုပ်ဖြစ်ရင် လျော်ကြေးအနေနဲ့ ပေါင် ၉၃ သန်းအထိ မြင့်တက်သွားနိုင်တဲ့ ဒီအသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူကို အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက ဦးစားပေးပစ်မှတ်အဖြစ် အလိုရှိနေတာဖြစ်ပြီး ဆက်သွယ်စုံစမ်းမှုတွေ ပြုလုပ်ထားခဲ့သလို ခေါ်ယူနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။

“သူ့အနေနဲ့ မြင့်မားတဲ့ လစာငွေနဲ့ ကမ်းလှမ်းမှုကောင်းကောင်းရလာရင် အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာဖို့ ကျွန်တော် တိုက်တွန်းသွားမှာပါ။ တကယ်တော့ ဘောလုံးသမားဘဝ ကုန်ဆုံးရင် နောက်မတူညီတဲ့ ဘဝတစ်ခုကို သူဖြတ်သန်းရမှာပါ။ ဖခင်တစ်ယောက်အနေနဲ့ သူ့အတွက် စိတ်ချရတဲ့ ကောင်းကောင်းမွန်မွန်ဘဝကို အလိုရှိပြီး ရုန်းကန်နေရတာကို ဘဝလို့ မခေါ်စေချင်ပါဘူး”လို့ ဂျက်ကော့ဘ် ပါတေးက ဆိုပါတယ်။

ဒါ့အပြင် ပါတေးရဲ့ ဖခင်ဖြစ်သူက သူ့သားကို လိုချင်တဲ့ အသင်းက ငွေကြေးကောင်းကောင်းပေးချေခဲ့မယ်ဆိုရင် ကောင်းမွန်တဲ့ ကိစ္စဖြစ်ပြီး မြင့်မားတဲ့အဆင့်မှာ ကစားရင်း အနားယူချိန်မှာ ချမ်းချမ်းသာသာဖြစ်နေဖို့နဲ့ အကျိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ တစ်ပတ်ကို ပေါင် ၆၅၀၀၀ ရရှိနေတဲ့ သားဖြစ်သူကို အကြံပေးထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.