Bundesliga Other Premier League Transfer News

ချဲလ်ဆီးနဲ့အပြောင်းအရွှေ့သတင်းတွေအပေါ် သူ့အမြင်ကို ပြောသွားခဲ့တဲ့ ဟားလန်း

ချဲလ်ဆီးအသင်းကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြောင်းရွှေ့ဖို့အတွက် ချိတ်ဆက်ခံနေခဲ့ရတဲ့ အာလင်း ဟာလန်းအ‌နေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တဟုန်ထိုးတိုးတက်လာခဲ့တဲ့ သူ့ရဲ့ခြေစွမ်းခြေစွမ်းတွေက လတ်တလောမှာတော့ အသင်းတိုင်းရဲ့ ခေါ်ယူလိုနေတဲ့စာရင်းထဲမှာ ပါဝင်နေတာပါ။

ဟာလန်းကတော့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေတစ်ရပ်လုံး သိလိုက်ရတဲ့အချိန်မှာ အံ့ဩသွားခဲ့သလို ချဲလ်ဆီးအသင်းရဲ့ များပြားလွန်းတဲ့ ကမ်းလှမ်းမှုတွေက “ကောလဟာလတွေ ဖြစ်ရုံလောက်ပဲ”လို့ မျှော်လင့်ကြောင်း ပြောခဲ့တာပါ။

Sky Sport က ချဲလ်ဆီးအသင်းနဲ့ သူနဲ့ ကောလဟာလတွေ အကြောင်း မေးမြန်းချိန်မှာ သူက “‌မနေ့က မတိုင်ခင်အထိ ကျွန်တော့်အေးဂျင့်နဲ့ စကားမပြောဖြစ်တာ တစ်လလောက်ရှိပြီ။ ကျွန်တော့်ကိုတော့ ပြောပြကြရမယ်”လို့ ပြောခဲ့ပြီး အပြောင်းအရွှေ့သတင်းတွေအပေါ် မသိကြောင်း ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ဒါပေမယ့် ကျွန်တော်ကတော့ ကောလဟာလဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ယူရို ၁၇၅ သန်းဆိုတာက ကစားသမားတစ်ယောက်အတွက်တည်းဆို များလွန်းတဲ့ ပမာဏပဲလေ”လို့ ပြောခဲ့တာပါ။

နော်ဝေးသားလေးပြောပုံအရတော့ ချဲလ်ဆီးကို လက်ရှိအပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့ဖို့အတွက် ဖြစ်လာနိုင်ခြေနည်းလာခဲ့ပြီး ဒေါ့မွန်အနေနဲ့လည်း ဟာလန်းနဲ့ မန်ချက်စတာယူနိုက်တက်ကို မကြာမီကမှ ပြောင်းသွားခဲ့တဲ့ ဂျေဒန် ဆန်ချိုတို့ကို အပြောင်းအရွှေ့ကာလတစ်ခုအတွင်းမှာတင် တစ်ပြိုင်နက် လက်မလွှတ်ချင်ဘဲဖြစ်နေတာပါ။

သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း ဟာလန်းက “ဆက်ပြောရမယ်ဆိုရင် ကျွန်တော့်စာချုပ်သက်တမ်းက ၃ နှစ်‌ကျန်နေသေးတယ်‌လေ။ လက်ရှိတော့ ဒီမှာပဲ ကျွန်တော်ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် ဆုဖလားကတော့ အရေးကြီးတာပေါ့။ ကျွန်တော်လိုချင်တာ ဆုဖလားတွေလေ”လို့ ပြောသွားခဲ့တာပါ။

ဟာလန်းရဲ့ပြောပုံအရတော့ သူ့ကိုအရခေါ်ချင်တဲ့အသင်းတွေအနေနဲ့ နောက်နှစ်ထိစောင့်ရဖို့ရှိနေပြီး အသင်းကြီးတွေအတွက် ကံကောင်းတာက နောက်နှစ်ဆိုရင်တော့ နော်ဝေးသားရဲ့ စာချုပ်ပါလျော်ကြေးက ယူရို ၇၅ သန်းသာရှိနေတာပါ။ ဒါကြောင့်လည်း နောက်နှစ်ဆို အသင်းကြီးတွေ တပုံကြီး ဟာလန်းအတွက် အလုပ်ရှုပ်ရဖို့ ရှိနေတာဖြစ်လို့ ချဲလ်ဆီးတို့ သူသဘောမကျတဲ့ ယူရို ၁၇၅ သန်းနဲ့ပဲ ဒီနွေမှာ အပြတ်ဖြတ် ခေါ်ယူမလားဆိုတာကတော့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းကို ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္နဲ႔ ေျပာင္းေ႐ႊ႕ဖို႔အတြက္ ခ်ိတ္ဆက္ခံေနခဲ့ရတဲ့ အာလင္း ဟာလန္းအ‌ေနနဲ႔ ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း တဟုန္ထိုးတိုးတက္လာခဲ့တဲ့ သူ႔ရဲ႕ေျခစြမ္းေျခစြမ္းေတြက လတ္တေလာမွာေတာ့ အသင္းတိုင္းရဲ႕ ေခၚယူလိုေနတဲ့စာရင္းထဲမွာ ပါဝင္ေနတာပါ။

ဟာလန္းကေတာ့ အင္တာဗ်ဴးတစ္ခုမွာ သူ႔ရဲ႕အေျပာင္းအေ႐ႊ႕သတင္းေတြနဲ႔ ပတ္သက္ၿပီး လက္ရွိအေျခအေနတစ္ရပ္လုံး သိလိုက္ရတဲ့အခ်ိန္မွာ အံ့ဩသြားခဲ့သလို ခ်ဲလ္ဆီးအသင္းရဲ႕ မ်ားျပားလြန္းတဲ့ ကမ္းလွမ္းမႈေတြက “ေကာလဟာလေတြ ျဖစ္႐ုံေလာက္ပဲ”လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာခဲ့တာပါ။

Sky Sport က ခ်ဲလ္ဆီးအသင္းနဲ႔ သူနဲ႔ ေကာလဟာလေတြ အေၾကာင္း ေမးျမန္းခ်ိန္မွာ သူက “‌မေန႔က မတိုင္ခင္အထိ ကြၽန္ေတာ့္ေအးဂ်င့္နဲ႔ စကားမေျပာျဖစ္တာ တစ္လေလာက္ရွိၿပီ။ ကြၽန္ေတာ့္ကိုေတာ့ ေျပာျပၾကရမယ္”လို႔ ေျပာခဲ့ၿပီး အေျပာင္းအေ႐ႊ႕သတင္းေတြအေပၚ မသိေၾကာင္း ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး သူက “ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ေကာလဟာလျဖစ္ဖို႔ပဲ ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ယူ႐ို ၁၇၅ သန္းဆိုတာက ကစားသမားတစ္ေယာက္အတြက္တည္းဆို မ်ားလြန္းတဲ့ ပမာဏပဲေလ”လို႔ ေျပာခဲ့တာပါ။

ေနာ္ေဝးသားေလးေျပာပုံအရေတာ့ ခ်ဲလ္ဆီးကို လက္ရွိအေျပာင္းအေ႐ႊ႕ကာလမွာ ေျပာင္းေ႐ႊ႕ဖို႔အတြက္ ျဖစ္လာႏိုင္ေျခနည္းလာခဲ့ၿပီး ေဒါ့မြန္အေနနဲ႔လည္း ဟာလန္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို မၾကာမီကမွ ေျပာင္းသြားခဲ့တဲ့ ေဂ်ဒန္ ဆန္ခ်ိဳတို႔ကို အေျပာင္းအေ႐ႊ႕ကာလတစ္ခုအတြင္းမွာတင္ တစ္ၿပိဳင္နက္ လက္မလႊတ္ခ်င္ဘဲျဖစ္ေနတာပါ။

သူ႔ရဲ႕အနာဂတ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း ဟာလန္းက “ဆက္ေျပာရမယ္ဆိုရင္ ကြၽန္ေတာ့္စာခ်ဳပ္သက္တမ္းက ၃ ႏွစ္‌က်န္ေနေသးတယ္‌ေလ။ လက္ရွိေတာ့ ဒီမွာပဲ ကြၽန္ေတာ္ေပ်ာ္႐ႊင္ေနပါတယ္။ ဒါေပမယ့္ ဆုဖလားကေတာ့ အေရးႀကီးတာေပါ့။ ကြၽန္ေတာ္လိုခ်င္တာ ဆုဖလားေတြေလ”လို႔ ေျပာသြားခဲ့တာပါ။

ဟာလန္းရဲ႕ေျပာပုံအရေတာ့ သူ႔ကိုအရေခၚခ်င္တဲ့အသင္းေတြအေနနဲ႔ ေနာက္ႏွစ္ထိေစာင့္ရဖို႔ရွိေနၿပီး အသင္းႀကီးေတြအတြက္ ကံေကာင္းတာက ေနာက္ႏွစ္ဆိုရင္ေတာ့ ေနာ္ေဝးသားရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးက ယူ႐ို ၇၅ သန္းသာရွိေနတာပါ။ ဒါေၾကာင့္လည္း ေနာက္ႏွစ္ဆို အသင္းႀကီးေတြ တပုံႀကီး ဟာလန္းအတြက္ အလုပ္ရႈပ္ရဖို႔ ရွိေနတာျဖစ္လို႔ ခ်ဲလ္ဆီးတို႔ သူသေဘာမက်တဲ့ ယူ႐ို ၁၇၅ သန္းနဲ႔ပဲ ဒီေႏြမွာ အျပတ္ျဖတ္ ေခၚယူမလားဆိုတာကေတာ့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.