Premier League Transfer News

ဂန်းနားကွင်းလယ်လူ ၇ ဦးကို အာတီတာ ဘယ်လိုကိုင်တွယ်စီမံသွားမှာလဲ

အမျှော်လင့်ကြီး မျှော်လင့်ခံထားရတဲ့ သောမတ်စ် ပါတေး
ပြီးခဲ့တဲ့နွေမှာ ဂန်းနားတို့ ကျေနပ်ခဲ့ရတဲ့ အပြောင်းအရွှေ့က သောမတ်စ် ပါတေး။ ဒါပေမယ့် ဒဏ်ရာတွေရဲ့ နှိပ်စက်မှုကို ခံစားခဲ့ရသလို သူ့အတွက် မြန်နှူန်းမြင့် အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ကစားဟန်ကလည်း သင်ယူစရာတွေ ရှိနေခဲ့သေးတာပါ။ ဒါကြောင့် ဒီရာသီမှာတော့ ပိုမိုရင့်ကျင်တဲ့ ဂါနာသားကို အာဆင်နယ်ရဲ့ ပထမပွဲထွက်စာရင်းမှာ မြင်တွေ့ရဖို့ အမျှော်လင့်ကြီး မျှော်လင့်ခံထားရပါတယ်။

အသင်းက ထွက်မယ်တကဲကဲလုပ်နေတဲ့ လူးကပ်စ် တော်ရဲရား
အပယ်ခံလားလို့ မေးခွန်းထုတ်ခံထားရတဲ့ ဥရုဂွေးသားအတွက်ကတော့ ပြီးခဲ့တဲ့ရာသီက အက်သလက်တီကို မက်ဒရစ်အသင်းမှာ အငှားထွက်ကစားပြီး ၂၆ ပွဲ အသုံးတော်ခံခဲ့ကာ လက်ရှိမှာတော့ မြောက်လန်ဒန်မှာ ပြန်လာပူးပေါင်းနေပေမယ့် အီတလီကို အငှားထွက်ဖို့ ဆန္ဒပြင်းပြနေသလို အာဆင်နယ်ဘက်က သူ့အတွက် အသင်းသစ် ရှာဖွေပေးနေတယ်လို့ သိရပါတယ်။

စွယ်စုံရ ကွင်းလယ်လူ မိတ်လန်းနိုင်းလ်စ်
ပြီးခဲ့တဲ့ရာသီက ဝက်စ်ဘရွမ်းမှာ အငှားချခံရပြီး တန်းဆင်းခဲ့ရသလို အာဆင်နယ်မှာ ပြန်လည်ရောက်ရှိနေတဲ့ မိတ်လန်းနိုင်းလ်စ်ကတော့ ကွင်းလယ်မှာ စွယ်စုံရကစားနိုင်ပြီး အထူးသဖြင့် ကွင်းလယ်ဗဟိုမှာ သူနဲ့ ပိုအံဝင်တာကို တွေ့ရပါတယ်။ ဒီရာသီရဲ့ ပစ်မှတ်ကစားသမားတွေကို ခေါ်ယူရာမှာ အာဆင်နယ်က သူ့ကို ရှင်းထုတ်ပြီး ​ငွေရှာနိုင်ဖွယ်လည်းရှိသလို နှမျောစရာဖြစ်ပေမယ့် မလိုအပ်တော့ဘူးလို့ ယူဆခံထားရတာပါ။

လူသစ် အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါ
ပြီးခဲ့တဲ့အပတ်က အန်ဒါလက်ချ်ကနေ အမ်းမရိတ်စ်မြေကို ဆိုက်ရောက်လာခဲ့တဲ့ လူငယ်လေးဟာ တာထွက်ရာသီမှာတော့ အမြင့်ဆုံး​​​ခြေစွမ်းနိုင်ဖို့ဆိုတဲ့ ဖိအားမျိုးကိုတော့ ရှောင်လွှဲသွားဖွယ်ရှိနေသလို အသက် ၂၁ အရွယ် ဘယ်လ်ဂျီယမ်သားကို ဂန်းနားတို့က အချိန်တခုပေးသွားဖွယ် ရှိနေပါတယ်။ အာတီတာအနေနဲ့ သူ့ရဲ့တိုးတက်မှုကို စိတ်ရှည်ရှည်နဲ့ ခွင့်ပြုသွားဖို့လည်း ရှိနေပါတယ်။

ထွက်ခွာဖို့ ငြင်းဆန်ထားတဲ့ မိုဟာမက် အယ်လ်နန်နီ
ပြီးခဲ့တဲ့နွေက ဘက်ရှီးတပ်စ်အသင်းမှာ အငှားချခံရာကနေ အာဆင်နယ်ကို ပြန်လည်နားခိုလာခဲ့တဲ့ အယ်လ်နန်နီကတော့ အာတီတာရဲ့ ရာသီသစ် အစီအစဥ်မှာ ကွင်းလယ်တနေရာကို ပွဲအများစုမှာ ပါဝင်ခွင့်ရနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ၄၁ ပွဲကစားခဲ့သလို အာဆင်နယ်အသင်းသားချင်း ဘယ်သူမှ လိုက်မမီတဲ့ အီဂျစ်သားရဲ့ ပွဲထွက်ခွင့် လာမယ့်ရာသီမှာ ဆက်လက်ခိုင်မာနေဦးမှာပါ။

ကြွေတက်နေတဲ့ ဂျိုးဝီလော့ခ်
ဗဟိုကွင်းလယ်ထက် ကွင်းလယ်တိုက်စစ်ပိုင်းကို ပိုအားသန်တဲ့ ဝယ်လ်လော့ခ်ကတော့ ပြီးခဲ့တဲ့ရာသီက အငှားထွက်စားခဲ့တဲ့ နယူးကာဆယ်မှာ ရာသီသိမ်းပိုင်း ​ခြေစွမ်းပိုင်းအရ ကြွေတက်ခဲ့သလို နောက်ဆုံး ၇ ပွဲ ၇ ဂိုးသွင်းပြီး ဂိုးတွေမြူးခဲ့တာက ဒီရာသီသစ်မှာ နည်းပြအာတီတာ အားကိုးဖို့ဖြစ်လာတယ်လို့ ဆိုရမှာပါ။ စျေးကောင်းပေးလာရင်တော့ ထွက်ခွာနိုင်​ခြေတော့ ခပ်ပါး​ပါးရှိနေပမယ့် ပထမလူစာရင်းအတွက် ထိုက်တန်နေပြီလို့ သတ်မှတ်ခံထားရပါပြီ။

စိန်ခေါ်မှုသစ်တွေ ရှာဖွေမယ့် ဂရာနစ် ချာကာ
ယူရို ၂၀၂၀ မှာ ဆွစ်ဇာလန်လက်ရွေးစင်ကို အသင်းခေါင်းဆောင်အနေနဲ့ ကောင်းကောင်းဦးဆောင်မောင်းနှင်ပေးနိုင်ခဲ့တဲ့ ချာကာက အာဆင်နယ်ပရိသတ်တွေရဲ့ လှောင်ပြောင်ခံဘဝကို စွန့်လွှတ်ချင်နေသလို ရိုးမားအသင်းမှာ စိန်ခေါ်ဖို့ ပြင်ဆင်နေတာပါ။ အသင်းနှစ်သင်းစလုံးက ကျေကျေလည်လည်ဖြစ်ဖို့လည်းရှိနေသလို မော်ရင်ညို သိပ်လိုချင်နေတဲ့ ကစားသမားအဖြစ် အထုပ်ပြင်နေပြီလို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အေမွ်ာ္လင့္ႀကီး ေမွ်ာ္လင့္ခံထားရတဲ့ ေသာမတ္စ္ ပါေတး
ၿပီးခဲ့တဲ့ေႏြမွာ ဂန္းနားတို႔ ေက်နပ္ခဲ့ရတဲ့ အေျပာင္းအေ႐ႊ႕က ေသာမတ္စ္ ပါေတး။ ဒါေပမယ့္ ဒဏ္ရာေတြရဲ႕ ႏွိပ္စက္မႈကို ခံစားခဲ့ရသလို သူ႔အတြက္ ျမန္ႏႉန္းျမင့္ အဂၤလန္ပရီးမီးယားလိဂ္ရဲ႕ ကစားဟန္ကလည္း သင္ယူစရာေတြ ရွိေနခဲ့ေသးတာပါ။ ဒါေၾကာင့္ ဒီရာသီမွာေတာ့ ပိုမိုရင့္က်င္တဲ့ ဂါနာသားကို အာဆင္နယ္ရဲ႕ ပထမပြဲထြက္စာရင္းမွာ ျမင္ေတြ႕ရဖို႔ အေမွ်ာ္လင့္ႀကီး ေမွ်ာ္လင့္ခံထားရပါတယ္။

အသင္းက ထြက္မယ္တကဲကဲလုပ္ေနတဲ့ လူးကပ္စ္ ေတာ္ရဲရား
အပယ္ခံလားလို႔ ေမးခြန္းထုတ္ခံထားရတဲ့ ဥ႐ုေဂြးသားအတြက္ကေတာ့ ၿပီးခဲ့တဲ့ရာသီက အက္သလက္တီကို မက္ဒရစ္အသင္းမွာ အငွားထြက္ကစားၿပီး ၂၆ ပြဲ အသုံးေတာ္ခံခဲ့ကာ လက္ရွိမွာေတာ့ ေျမာက္လန္ဒန္မွာ ျပန္လာပူးေပါင္းေနေပမယ့္ အီတလီကို အငွားထြက္ဖို႔ ဆႏၵျပင္းျပေနသလို အာဆင္နယ္ဘက္က သူ႔အတြက္ အသင္းသစ္ ရွာေဖြေပးေနတယ္လို႔ သိရပါတယ္။

စြယ္စုံရ ကြင္းလယ္လူ မိတ္လန္းႏိုင္းလ္စ္
ၿပီးခဲ့တဲ့ရာသီက ဝက္စ္ဘ႐ြမ္းမွာ အငွားခ်ခံရၿပီး တန္းဆင္းခဲ့ရသလို အာဆင္နယ္မွာ ျပန္လည္ေရာက္ရွိေနတဲ့ မိတ္လန္းႏိုင္းလ္စ္ကေတာ့ ကြင္းလယ္မွာ စြယ္စုံရကစားႏိုင္ၿပီး အထူးသျဖင့္ ကြင္းလယ္ဗဟိုမွာ သူနဲ႔ ပိုအံဝင္တာကို ေတြ႕ရပါတယ္။ ဒီရာသီရဲ႕ ပစ္မွတ္ကစားသမားေတြကို ေခၚယူရာမွာ အာဆင္နယ္က သူ႔ကို ရွင္းထုတ္ၿပီး ​ေငြရွာႏိုင္ဖြယ္လည္းရွိသလို ႏွေမ်ာစရာျဖစ္ေပမယ့္ မလိုအပ္ေတာ့ဘူးလို႔ ယူဆခံထားရတာပါ။

လူသစ္ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါ
ၿပီးခဲ့တဲ့အပတ္က အန္ဒါလက္ခ်္ကေန အမ္းမရိတ္စ္ေျမကို ဆိုက္ေရာက္လာခဲ့တဲ့ လူငယ္ေလးဟာ တာထြက္ရာသီမွာေတာ့ အျမင့္ဆုံး​​​ေျခစြမ္းႏိုင္ဖို႔ဆိုတဲ့ ဖိအားမ်ိဳးကိုေတာ့ ေရွာင္လႊဲသြားဖြယ္ရွိေနသလို အသက္ ၂၁ အ႐ြယ္ ဘယ္လ္ဂ်ီယမ္သားကို ဂန္းနားတို႔က အခ်ိန္တခုေပးသြားဖြယ္ ရွိေနပါတယ္။ အာတီတာအေနနဲ႔ သူ႔ရဲ႕တိုးတက္မႈကို စိတ္ရွည္ရွည္နဲ႔ ခြင့္ျပဳသြားဖို႔လည္း ရွိေနပါတယ္။

ထြက္ခြာဖို႔ ျငင္းဆန္ထားတဲ့ မိုဟာမက္ အယ္လ္နန္နီ
ၿပီးခဲ့တဲ့ေႏြက ဘက္ရွီးတပ္စ္အသင္းမွာ အငွားခ်ခံရာကေန အာဆင္နယ္ကို ျပန္လည္နားခိုလာခဲ့တဲ့ အယ္လ္နန္နီကေတာ့ အာတီတာရဲ႕ ရာသီသစ္ အစီအစဥ္မွာ ကြင္းလယ္တေနရာကို ပြဲအမ်ားစုမွာ ပါဝင္ခြင့္ရႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ၄၁ ပြဲကစားခဲ့သလို အာဆင္နယ္အသင္းသားခ်င္း ဘယ္သူမွ လိုက္မမီတဲ့ အီဂ်စ္သားရဲ႕ ပြဲထြက္ခြင့္ လာမယ့္ရာသီမွာ ဆက္လက္ခိုင္မာေနဦးမွာပါ။

ေႂကြတက္ေနတဲ့ ဂ်ိဳးဝီေလာ့ခ္
ဗဟိုကြင္းလယ္ထက္ ကြင္းလယ္တိုက္စစ္ပိုင္းကို ပိုအားသန္တဲ့ ဝယ္လ္ေလာ့ခ္ကေတာ့ ၿပီးခဲ့တဲ့ရာသီက အငွားထြက္စားခဲ့တဲ့ နယူးကာဆယ္မွာ ရာသီသိမ္းပိုင္း ​ေျခစြမ္းပိုင္းအရ ေႂကြတက္ခဲ့သလို ေနာက္ဆုံး ၇ ပြဲ ၇ ဂိုးသြင္းၿပီး ဂိုးေတြျမဴးခဲ့တာက ဒီရာသီသစ္မွာ နည္းျပအာတီတာ အားကိုးဖို႔ျဖစ္လာတယ္လို႔ ဆိုရမွာပါ။ ေစ်းေကာင္းေပးလာရင္ေတာ့ ထြက္ခြာႏိုင္​ေျခေတာ့ ခပ္ပါး​ပါးရွိေနပမယ့္ ပထမလူစာရင္းအတြက္ ထိုက္တန္ေနၿပီလို႔ သတ္မွတ္ခံထားရပါၿပီ။

စိန္ေခၚမႈသစ္ေတြ ရွာေဖြမယ့္ ဂရာနစ္ ခ်ာကာ
ယူ႐ို ၂၀၂၀ မွာ ဆြစ္ဇာလန္လက္ေ႐ြးစင္ကို အသင္းေခါင္းေဆာင္အေနနဲ႔ ေကာင္းေကာင္းဦးေဆာင္ေမာင္းႏွင္ေပးႏိုင္ခဲ့တဲ့ ခ်ာကာက အာဆင္နယ္ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ခံဘဝကို စြန္႔လႊတ္ခ်င္ေနသလို ႐ိုးမားအသင္းမွာ စိန္ေခၚဖို႔ ျပင္ဆင္ေနတာပါ။ အသင္းႏွစ္သင္းစလုံးက ေက်ေက်လည္လည္ျဖစ္ဖို႔လည္းရွိေနသလို ေမာ္ရင္ညိဳ သိပ္လိုခ်င္ေနတဲ့ ကစားသမားအျဖစ္ အထုပ္ျပင္ေနၿပီလို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.