Analysis Premier League

စပါးစ်နဲ့ပွဲအတွက် ချဲလ်ဆီးကို တူဟယ်လ် အပြောင်းလဲလုပ်ရမယ့် အချက်များ

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကို ဖော်ဆောင်ထားနိုင်ပြီး ပရီးမီးယားလိဂ်ရဲ့ ဦးဆောင်သူစာရင်းမှာ ဂိုးသွင်းယူနိုင်မှု ကွာခြားချက်ကြောင့်သာ မန်ချက်စတာယူနိုက်တက်နောက် ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် အားမရစရာတွေလည်း ရှိနေခဲ့ပြီး ဒါတွေကို လာမယ့် စပါးစ်နဲ့ပွဲမှာစပြီး နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ အပြောင်းအလဲ လုပ်သွားရနိုင်ပါတယ်။

ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ် ဇင်းနစ်နဲ့ပွဲကတော့ ကွင်းထဲက တူဟယ်လ်ရဲ့လူတွေ ဂိုးရဖို့ စိတ်ရှည်ခဲ့သလောက် ကွင်းပြင်က ပရိသတ်တွေကတော့ စိတ်မရှည်ခဲ့ရတဲ့ အချိန်မျိုးဖြစ်ပြီး သူ့ရဲ့ ၃-၄-၃ ကစားကွက်ဟာ Defensive Minded ကစားသမားတွေ များနေသလို ဘယ်ခြမ်းတိုက်စစ်က မြန်နှုန်း နိမ့်နေတာကလည်း ၅-၄-၁ နဲ့ ပိတ်ကစားလာတဲ့ အသင်းကို ထိုးဖောက်ဖို့ လိုတာထက်ပိုပြီး ပင်ပန်းခဲ့ရတဲ့ အချက်ဖြစ်ပါတယ်။

ဒါကြောင့် တူဟယ်လ်အနေနဲ့ လာမယ့်ပွဲမှာ အားနည်းချက်တွေကို ပြင်ဆင်သွားမလား စောင့်ကြည့်ရမှာဖြစ်ပြီး Football London ကတော့ စပါးစ်နဲ့ ရင်ဆိုင်ရာမှာ အဓိက စဉ်းစားသင့်တဲ့ အချက်သုံးချက်ကို ပြောင်းလဲလုပ်ဆောင်လာမလားဆိုတာ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁ ချေးလ်ဝဲလ် – အလွန်ဆို ဘယ်သူ့ကို ရွေးမလဲ
စပါးစ်အသင်းဟာ ချဲလ်ဆီးအသင်းထက်တောင်မှပိုပြီး ပိတ်ကစားတတ်သလို ကောင်တာအားကိုးတဲ့ အသင်းမျိုးပါ။ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတင် မကဘူး၊ တစ်သင်းလုံးက ဘယ်ကစားသမားပဲဖြစ်ဖြစ် ကောင်တာကစားဖို့ အဆင်သင့်ဖြစ်နေတတ်တဲ့ အသင်းမှာ ဘယ်ခြမ်းမှာ တိုက်စစ် လိုက်ပြီးရင် ပြန်မဆင်းချင်တဲ့ မားကို့စ် အလွန်ဆိုနဲ့တော့ မထင်မှတ်ဘဲ ပွဲဖြစ်သွားနိုင်သလို သူ့ကို ဆက်သုံးမယ်ဆိုရင်တော့ ဟာကွက်အတွက်ပါ ထည့်သွင်းစဉ်းစားရမှာပါ။

ယူရို ၂၀၂၀ ဖိုင်နယ်ရောက် အင်္ဂလန်မှာ နေရာမရဘဲ ရာသီကြိုမှာ စိတ်ပင်ပန်းတဲ့ ပုံစံနဲ့ ပြန်ရောက်လာခဲ့တယ်လို့ တူဟယ်လ် ပြောထားဖူးခဲ့တဲ့ ဘန် ချေးလ်ဝဲလ်ကတော့ ပြီးခဲ့တဲ့ ဇင်းနစ်နဲ့ပွဲကမှ သူ့ရဲ့ ဒီရာသီမိနစ် ၇ မိနစ်ကို စုဆောင်းနိုင်ခဲ့သလို ကစားခွင့်အရတော့ ကြံ့ခိုင်ဖို့ လိုအပ်ချက်တွေ များနေနိုင်ပါတယ်။ ဒါပေမယ့် အလွန်ဆိုရဲ့ အားနည်းချက်အတွက် သူ့ကို တူဟယ်လ်အနေနဲ့ ဒုတိယပိုင်းမှာ ထည့်သွင်းလာနိုင်ပြီး ပွဲထုတ်လာမယ်ဆိုရင် စွန့်စားရာကျပေမယ့် ဆန်းတာမျိုးတော့ မဟုတ်နိုင်တာပါ။

၂ ကွန်တေကို နိုးလို့ ပြောဦးမှာလား
ကွင်းလယ်လူ အန်ဂိုလို ကွန်တေရဲ့ ခြေကျင်းဝတ်ပေါ် ဆာဒီယို မာနေး ပိမိခဲ့တဲ့အဖြစ်က တစ်လကိုးသီတင်းလောက် ကြာခဲ့ပါပြီ။ လီဗာပူးလ်နဲ့ ပွဲမှာ အထုတ်ခံခဲ့ရတဲ့ ရီးစ်ဂျိမ်းစ်တောင်မှ ဒီနေ့ပွဲမှာ ပြန်ကစားတော့မှာဖြစ်ပြီး ထရိန်နင် ပြန်ဆင်နေတဲ့ ပြင်သစ်သားကြီးကလည်း ပြန်ကစားမယ်ဆိုရင် ဖြစ်သင့်ပါပြီ။ တူဟယ်လ်အနေနဲ့ ကွင်းလယ်အထိုင်အတွက် အင်အားသုံးဦး ရှိနေသေးလို့ ကွန်တေကို သုံးစွဲဖို့ အသာအယာနှပ်ထားတာလည်းဖြစ်နိုင်ပြီး အရေးကြီးတဲ့ပွဲမှာတော့ ခေါ်ဆောင်လာဖို့ ရှိနေမှာပါ။

ကွန်တေ မပါရင် ချဲလ်ဆီးရဲ့ ခံစစ်ရော တိုက်စစ်ပါ ထက်မြက်မှု နည်းသွားခဲ့တာကတော့ အားလုံးလက်ခံထားတဲ့ အချက်လည်းဖြစ်နေချိန်မှာ ကိုဗာချစ်ကို သူ့နေရာ အားကိုးဖို့ စပါးစ်နဲ့ အဝေးကွင်းဆိုတာ ဗီလာလောက်တော့ လွယ်ကူမှာ မဟုတ်တာကြောင့် အနည်းဆုံးတော့ ဒီနေ့ပွဲမှာ သူ့အတွက် ၄၅ မိနစ်လောက် မြင်ရနိုင်ပြီး ရာသီအစမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ ကြိုးစားနေတဲ့သူတွေအနေနဲ့ အတတ်ဆန်းပြီး သရေကျသွားခဲ့ရင် တူဟယ်လ်ကို ဘယ်သူမှ အကောင်းမြင်မှာ မဟုတ်နိုင်ပါဘူး။

၃ ဂိုးသွင်းမုဆိုးကို ဘယ်သူက ထောက်ပံ့ပေးမှာလဲ
ပြီးခဲ့တဲ့ ပွဲတွေမှာ လူကာကူးရဲ့ သွင်းဂိုး ၄ ဂိုးကို ရယူနိုင်ဖို့ အများဆုံးဖန်တီးပေးထားသူက အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွေတာ (၂ ဂိုး)ဖြစ်နေပြီး အားမနာတမ်းပြောရရင် သူနဲ့ တူဟယ်လ် တွဲပေးနေတဲ့ ဟာဗတ်ဇ်၊ မေဆန်မောင့်၊ ဇီးယက်ရှ်ဆိုတဲ့ တိုက်စစ်အတွဲအဖက်တွေက ရီးစ်ဂျိမ်းစ်နဲ့ ကိုဗာချစ်တို့လိုတောင် တစ်လုံးစီ ဖန်တီးပေးပို့ထားတာမျိုး လုပ်မပြနိုင်ခဲ့တာပါ။

ဟာဗတ်ဇ်နဲ့ မောင့်တို့ဟာ လူကာကူးကို နားလည်မှု မရှိတာလား၊ အတွင်းကြိတ်ပြိုင်ဆိုင်မှု ရှိနေတာလားတော့ မပြောတတ်ချိန်မှာ ဇီးယက်ရှ်ကတော့ ပွဲထွက်ဖို့ မထိုက်တန်သေးသူလည်းဖြစ်နေပါတယ်။ ချဲလ်ဆီးပရိသတ်တွေကတော့ ဂိုးမသွင်းနိုင်ချိန်မှာ ပိုရုန်းပြီး အရှက်ပြေဖန်တီးမှုတွေ ပိုမိုရောက်ရှိလာတတ်တဲ့ တီမို ဗာနာကို ဘယ်ခြမ်းမှာ ပွဲထွက်လာဖို့ မျှော်လင့်နေကြပြီး မေဆန်မောင့်နဲ့ သုံးဦးတိုက်စစ်မှာ ဘယ်လ်ဂျီယမ်သားကြီးအတွက် အဆင်ပြေစေနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ၄ ပြဲမွာ ၃ ပြဲႏိုင္ ၁ ပြဲသေရ ရလဒ္ကို ေဖာ္ေဆာင္ထားႏိုင္ၿပီး ပရီးမီးယားလိဂ္ရဲ႕ ဦးေဆာင္သူစာရင္းမွာ ဂိုးသြင္းယူႏိုင္မႈ ကြာျခားခ်က္ေၾကာင့္သာ မန္ခ်က္စတာယူႏိုက္တက္ေနာက္ ဒုတိယေနရာမွာ ရပ္တည္ေနတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ရလဒ္ေကာင္းေတြကို ပိုင္ဆိုင္ထားတယ္ဆိုေပမယ့္ အားမရစရာေတြလည္း ရွိေနခဲ့ၿပီး ဒါေတြကို လာမယ့္ စပါးစ္နဲ႔ပြဲမွာစၿပီး နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ အေျပာင္းအလဲ လုပ္သြားရႏိုင္ပါတယ္။

ခ်န္ပီယံလိဂ္ အိမ္ကြင္းပြဲစဥ္ ဇင္းနစ္နဲ႔ပြဲကေတာ့ ကြင္းထဲက တူဟယ္လ္ရဲ႕လူေတြ ဂိုးရဖို႔ စိတ္ရွည္ခဲ့သေလာက္ ကြင္းျပင္က ပရိသတ္ေတြကေတာ့ စိတ္မရွည္ခဲ့ရတဲ့ အခ်ိန္မ်ိဳးျဖစ္ၿပီး သူ႔ရဲ႕ ၃-၄-၃ ကစားကြက္ဟာ Defensive Minded ကစားသမားေတြ မ်ားေနသလို ဘယ္ျခမ္းတိုက္စစ္က ျမန္ႏႈန္း နိမ့္ေနတာကလည္း ၅-၄-၁ နဲ႔ ပိတ္ကစားလာတဲ့ အသင္းကို ထိုးေဖာက္ဖို႔ လိုတာထက္ပိုၿပီး ပင္ပန္းခဲ့ရတဲ့ အခ်က္ျဖစ္ပါတယ္။

ဒါေၾကာင့္ တူဟယ္လ္အေနနဲ႔ လာမယ့္ပြဲမွာ အားနည္းခ်က္ေတြကို ျပင္ဆင္သြားမလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး Football London ကေတာ့ စပါးစ္နဲ႔ ရင္ဆိုင္ရာမွာ အဓိက စဥ္းစားသင့္တဲ့ အခ်က္သုံးခ်က္ကို ေျပာင္းလဲလုပ္ေဆာင္လာမလားဆိုတာ ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

၁ ေခ်းလ္ဝဲလ္ – အလြန္ဆို ဘယ္သူ႔ကို ေ႐ြးမလဲ
စပါးစ္အသင္းဟာ ခ်ဲလ္ဆီးအသင္းထက္ေတာင္မွပိုၿပီး ပိတ္ကစားတတ္သလို ေကာင္တာအားကိုးတဲ့ အသင္းမ်ိဳးပါ။ ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတင္ မကဘူး၊ တစ္သင္းလုံးက ဘယ္ကစားသမားပဲျဖစ္ျဖစ္ ေကာင္တာကစားဖို႔ အဆင္သင့္ျဖစ္ေနတတ္တဲ့ အသင္းမွာ ဘယ္ျခမ္းမွာ တိုက္စစ္ လိုက္ၿပီးရင္ ျပန္မဆင္းခ်င္တဲ့ မားကို႔စ္ အလြန္ဆိုနဲ႔ေတာ့ မထင္မွတ္ဘဲ ပြဲျဖစ္သြားႏိုင္သလို သူ႔ကို ဆက္သုံးမယ္ဆိုရင္ေတာ့ ဟာကြက္အတြက္ပါ ထည့္သြင္းစဥ္းစားရမွာပါ။

ယူ႐ို ၂၀၂၀ ဖိုင္နယ္ေရာက္ အဂၤလန္မွာ ေနရာမရဘဲ ရာသီႀကိဳမွာ စိတ္ပင္ပန္းတဲ့ ပုံစံနဲ႔ ျပန္ေရာက္လာခဲ့တယ္လို႔ တူဟယ္လ္ ေျပာထားဖူးခဲ့တဲ့ ဘန္ ေခ်းလ္ဝဲလ္ကေတာ့ ၿပီးခဲ့တဲ့ ဇင္းနစ္နဲ႔ပြဲကမွ သူ႔ရဲ႕ ဒီရာသီမိနစ္ ၇ မိနစ္ကို စုေဆာင္းႏိုင္ခဲ့သလို ကစားခြင့္အရေတာ့ ႀကံ့ခိုင္ဖို႔ လိုအပ္ခ်က္ေတြ မ်ားေနႏိုင္ပါတယ္။ ဒါေပမယ့္ အလြန္ဆိုရဲ႕ အားနည္းခ်က္အတြက္ သူ႔ကို တူဟယ္လ္အေနနဲ႔ ဒုတိယပိုင္းမွာ ထည့္သြင္းလာႏိုင္ၿပီး ပြဲထုတ္လာမယ္ဆိုရင္ စြန႔္စားရာက်ေပမယ့္ ဆန္းတာမ်ိဳးေတာ့ မဟုတ္ႏိုင္တာပါ။

၂ ကြန္ေတကို ႏိုးလို႔ ေျပာဦးမွာလား
ကြင္းလယ္လူ အန္ဂိုလို ကြန္ေတရဲ႕ ေျခက်င္းဝတ္ေပၚ ဆာဒီယို မာေနး ပိမိခဲ့တဲ့အျဖစ္က တစ္လကိုးသီတင္းေလာက္ ၾကာခဲ့ပါၿပီ။ လီဗာပူးလ္နဲ႔ ပြဲမွာ အထုတ္ခံခဲ့ရတဲ့ ရီးစ္ဂ်ိမ္းစ္ေတာင္မွ ဒီေန႔ပြဲမွာ ျပန္ကစားေတာ့မွာျဖစ္ၿပီး ထရိန္နင္ ျပန္ဆင္ေနတဲ့ ျပင္သစ္သားႀကီးကလည္း ျပန္ကစားမယ္ဆိုရင္ ျဖစ္သင့္ပါၿပီ။ တူဟယ္လ္အေနနဲ႔ ကြင္းလယ္အထိုင္အတြက္ အင္အားသုံးဦး ရွိေနေသးလို႔ ကြန္ေတကို သုံးစြဲဖို႔ အသာအယာႏွပ္ထားတာလည္းျဖစ္ႏိုင္ၿပီး အေရးႀကီးတဲ့ပြဲမွာေတာ့ ေခၚေဆာင္လာဖို႔ ရွိေနမွာပါ။

ကြန္ေတ မပါရင္ ခ်ဲလ္ဆီးရဲ႕ ခံစစ္ေရာ တိုက္စစ္ပါ ထက္ျမက္မႈ နည္းသြားခဲ့တာကေတာ့ အားလုံးလက္ခံထားတဲ့ အခ်က္လည္းျဖစ္ေနခ်ိန္မွာ ကိုဗာခ်စ္ကို သူ႔ေနရာ အားကိုးဖို႔ စပါးစ္နဲ႔ အေဝးကြင္းဆိုတာ ဗီလာေလာက္ေတာ့ လြယ္ကူမွာ မဟုတ္တာေၾကာင့္ အနည္းဆုံးေတာ့ ဒီေန႔ပြဲမွာ သူ႔အတြက္ ၄၅ မိနစ္ေလာက္ ျမင္ရႏိုင္ၿပီး ရာသီအစမွာ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚဖို႔ ႀကိဳးစားေနတဲ့သူေတြအေနနဲ႔ အတတ္ဆန္းၿပီး သေရက်သြားခဲ့ရင္ တူဟယ္လ္ကို ဘယ္သူမွ အေကာင္းျမင္မွာ မဟုတ္ႏိုင္ပါဘူး။

၃ ဂိုးသြင္းမုဆိုးကို ဘယ္သူက ေထာက္ပံ့ေပးမွာလဲ
ၿပီးခဲ့တဲ့ ပြဲေတြမွာ လူကာကူးရဲ႕ သြင္းဂိုး ၄ ဂိုးကို ရယူႏိုင္ဖို႔ အမ်ားဆုံးဖန္တီးေပးထားသူက အသင္းေခါင္းေဆာင္ ဆီဇာ အက္ဇ္ပီလီေကြတာ (၂ ဂိုး)ျဖစ္ေနၿပီး အားမနာတမ္းေျပာရရင္ သူနဲ႔ တူဟယ္လ္ တြဲေပးေနတဲ့ ဟာဗတ္ဇ္၊ ေမဆန္ေမာင့္၊ ဇီးယက္ရွ္ဆိုတဲ့ တိုက္စစ္အတြဲအဖက္ေတြက ရီးစ္ဂ်ိမ္းစ္နဲ႔ ကိုဗာခ်စ္တို႔လိုေတာင္ တစ္လုံးစီ ဖန္တီးေပးပို႔ထားတာမ်ိဳး လုပ္မျပႏိုင္ခဲ့တာပါ။

ဟာဗတ္ဇ္နဲ႔ ေမာင့္တို႔ဟာ လူကာကူးကို နားလည္မႈ မရွိတာလား၊ အတြင္းႀကိတ္ၿပိဳင္ဆိုင္မႈ ရွိေနတာလားေတာ့ မေျပာတတ္ခ်ိန္မွာ ဇီးယက္ရွ္ကေတာ့ ပြဲထြက္ဖို႔ မထိုက္တန္ေသးသူလည္းျဖစ္ေနပါတယ္။ ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ ဂိုးမသြင္းႏိုင္ခ်ိန္မွာ ပို႐ုန္းၿပီး အရွက္ေျပဖန္တီးမႈေတြ ပိုမိုေရာက္ရွိလာတတ္တဲ့ တီမို ဗာနာကို ဘယ္ျခမ္းမွာ ပြဲထြက္လာဖို႔ ေမွ်ာ္လင့္ေနၾကၿပီး ေမဆန္ေမာင့္နဲ႔ သုံးဦးတိုက္စစ္မွာ ဘယ္လ္ဂ်ီယမ္သားႀကီးအတြက္ အဆင္ေျပေစႏိုင္ဖို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.