Premier League

ခ်ဲလ္ဆီးကို ေရာက္ဖို႔နီးေနတဲ့ ေကာ္တင္ညဳိအတြက္ ပြဲထြက္ဖို႔ မစိုးရိမ္ရဘူးလို႔ ခန္႔မွန္းေနၾက

ခ်ဲလ္ဆီးအသင္းကို လာမယ့္ရာသီမွာ ေရာက္ဖို႔ ေတာ္ေတာ္ေလး ေသခ်ာေနၿပီျဖစ္တဲ့ ကြင္းလယ္လူ ဖလိပီ ေကာ္တင္ညဳိဟာ နည္းျပ ဖရန္႔ လမ္းပတ္ရဲ႕ ကစားပုံအေတာ္မ်ားမ်ားမွာ အံဝင္ႏုိင္သူျဖစ္ၿပီး သူ႕အတြက္ ပြဲထြက္ခြင့္ကိုေတာ့ စုိးရိမ္စရာမလိုဘူးလို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းခဲ့ၾကပါတယ္။

ကၽြမ္းက်င္သူေတြက ေကာ္တင္ညဳိအေနနဲ႔ တျခားကစားသမားေတြနဲ႔ ေနရာလုဖို႔ သိပ္မရွိဘဲ ကစားႏုိင္တဲ့ေနရာမ်ားစြာကို ပုိင္ဆုိင္ထားတဲ့အတြက္ သူ႕အေနနဲ႔ ကြင္းလယ္၊ ေတာင္ပံနဲ႔ တုိက္စစ္ပုံစံအမ်ဳိးမ်ဳိးမွာ တစ္ေနရာကို ပြဲထြက္ႏုိင္ဖို႔ေတာ့ ေသခ်ာသေလာက္ရွိႏုိင္တယ္လို႔ ဆုိခဲ့ၾကပါတယ္။

၁။ ၄-၂-၃-၁ ဘယ္ျခမ္းတုိက္စစ္ – ေကာ္တင္ညဳိအတြက္ ဒီေနရာဟာ သူ႕အတြက္ အရင္းႏွီးဆုံးေနရာျဖစ္ၿပီး ေျခစြမ္းအျပႏုိင္ဆုံးနဲ႔ မွတ္တမ္း အေကာင္းဆုံးေနရာလည္းျဖစ္ပါတယ္။ လီဗာပူးလ္နဲ႔အတူ ေအာင္ျမင္ခဲ့စဥ္ကလည္း အေကာင္းဆုံးေနရာျဖစ္ၿပီး ဒီေနရာအတြက္ေတာ့ ခ်ဲလ္ဆီးမွာ ခရစၥတီယန္ ပ်ဴလီခ်စ္နဲ႔ ကယ္လမ္ ဟဒ္ဆန္-အိုဒြဳိင္းတုိ႔ကို ၿပဳိင္ဆုိင္ရဖို႔ ရွိေနပါတယ္။

၂။ ၄-၂-၃-၁ / ၃-၄-၂-၁ တုိက္စစ္မွဴးေနာက္ – ဒီေနရာကလည္း ေကာ္တင္ညဳိလုိ နည္းစနစ္ပုိင္း ေကာင္းမြန္ၿပီး ေပးပို႔မွဳ၊ အဆုံးသတ္ပုိင္းေတြ ထက္ျမက္တဲ့ ဘရာဇီးလ္သားတစ္ေယာက္အတြက္ လုပ္ျပႏုိင္မယ့္ ေနရာတစ္ေနရာျဖစ္ပါတယ္။ ညာျခမ္းနဲ႔ ဘယ္ျခမ္းတုိက္စစ္ေတြမွာ Inverted Winger ႏွစ္ေယာက္စလုံး ပါလာရင္ေတာ့ ေကာ္တင္ညဳိအတြက္ ေနရာက်ပ္ႏုိင္ၿပီး ၃-၄-၂-၁ မွာေတာ့ ပုိၿပီး သူနဲ႔ ဇီယက္ခ်္က ပုိၿပီး သက္ေတာင့္သက္သာရွိႏုိင္ပါတယ္။

၃။ ၄-၃-၃ ဘယ္ျခမ္းကြင္းလယ္လူ – ဒီေနရာမွာ ကစားရမယ္ဆုိရင္ေတာ့ ေကာ္တင္ညဳိဟာ ကြင္းလယ္ရဲ႕ အဓိက ေမာင္းႏွင္အားျဖစ္လာမွာပါ။ ကြင္းလယ္မွာ ကြန္ေတက အဖ်က္လိုက္ကစားၿပီး ေဂ်ာ္ဂ်င္ဟိုက Deep-lying အျဖစ္ ေဘာလုံးထိုင္ျဖန္႔မယ္ဆုိရင္ ေကာ္တင္ညဳိရဲ႕ လိုအပ္တဲ့ ေနရာတုိင္းကို လုိက္ပါကစားမယ့္ ပုံစံဟာ ပရီးမီးယားလိဂ္ဝါရင့္တစ္ေယာက္အဖို႔ သူရဲေကာင္းျဖစ္လာႏုိင္ၿပီး နည္းျပ လမ္းပတ္အတြက္ေတာ့ လိုသလို ဗ်ဴဟာေျပာင္းလဲႏိုင္ဖို႔ အားကိုးရမယ့္ ကစားသမားတစ္ဦးအျဖစ္ ျမင္ေတြ႕ရမလား ေစာင့္ၾကည့္ဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းကို လာမယ့်ရာသီမှာ ရောက်ဖို့ တော်တော်လေး သေချာနေပြီဖြစ်တဲ့ ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုဟာ နည်းပြ ဖရန့် လမ်းပတ်ရဲ့ ကစားပုံအတော်များများမှာ အံဝင်နိုင်သူဖြစ်ပြီး သူ့အတွက် ပွဲထွက်ခွင့်ကိုတော့ စိုးရိမ်စရာမလိုဘူးလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ကြပါတယ်။

ကျွမ်းကျင်သူတွေက ကော်တင်ညိုအနေနဲ့ တခြားကစားသမားတွေနဲ့ နေရာလုဖို့ သိပ်မရှိဘဲ ကစားနိုင်တဲ့နေရာများစွာကို ပိုင်ဆိုင်ထားတဲ့အတွက် သူ့အနေနဲ့ ကွင်းလယ်၊ တောင်ပံနဲ့ တိုက်စစ်ပုံစံအမျိုးမျိုးမှာ တစ်နေရာကို ပွဲထွက်နိုင်ဖို့တော့ သေချာသလောက်ရှိနိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။

၁။ ၄-၂-၃-၁ ဘယ်ခြမ်းတိုက်စစ် – ကော်တင်ညိုအတွက် ဒီနေရာဟာ သူ့အတွက် အရင်းနှီးဆုံးနေရာဖြစ်ပြီး ခြေစွမ်းအပြနိုင်ဆုံးနဲ့ မှတ်တမ်း အကောင်းဆုံးနေရာလည်းဖြစ်ပါတယ်။ လီဗာပူးလ်နဲ့အတူ အောင်မြင်ခဲ့စဉ်ကလည်း အကောင်းဆုံးနေရာဖြစ်ပြီး ဒီနေရာအတွက်တော့ ချဲလ်ဆီးမှာ ခရစ္စတီယန် ပျူလီချစ်နဲ့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းတို့ကို ပြိုင်ဆိုင်ရဖို့ ရှိနေပါတယ်။

၂။ ၄-၂-၃-၁ / ၃-၄-၂-၁ တိုက်စစ်မှူးနောက် – ဒီနေရာကလည်း ကော်တင်ညိုလို နည်းစနစ်ပိုင်း ကောင်းမွန်ပြီး ပေးပို့မှု၊ အဆုံးသတ်ပိုင်းတွေ ထက်မြက်တဲ့ ဘရာဇီးလ်သားတစ်ယောက်အတွက် လုပ်ပြနိုင်မယ့် နေရာတစ်နေရာဖြစ်ပါတယ်။ ညာခြမ်းနဲ့ ဘယ်ခြမ်းတိုက်စစ်တွေမှာ Inverted Winger နှစ်ယောက်စလုံး ပါလာရင်တော့ ကော်တင်ညိုအတွက် နေရာကျပ်နိုင်ပြီး ၃-၄-၂-၁ မှာတော့ ပိုပြီး သူနဲ့ ဇီယက်ချ်က ပိုပြီး သက်တောင့်သက်သာရှိနိုင်ပါတယ်။

၃။ ၄-၃-၃ ဘယ်ခြမ်းကွင်းလယ်လူ – ဒီနေရာမှာ ကစားရမယ်ဆိုရင်တော့ ကော်တင်ညိုဟာ ကွင်းလယ်ရဲ့ အဓိက မောင်းနှင်အားဖြစ်လာမှာပါ။ ကွင်းလယ်မှာ ကွန်တေက အဖျက်လိုက်ကစားပြီး ဂျော်ဂျင်ဟိုက Deep-lying အဖြစ် ဘောလုံးထိုင်ဖြန့်မယ်ဆိုရင် ကော်တင်ညိုရဲ့ လိုအပ်တဲ့ နေရာတိုင်းကို လိုက်ပါကစားမယ့် ပုံစံဟာ ပရီးမီးယားလိဂ်ဝါရင့်တစ်ယောက်အဖို့ သူရဲကောင်းဖြစ်လာနိုင်ပြီး နည်းပြ လမ်းပတ်အတွက်တော့ လိုသလို ဗျူဟာပြောင်းလဲနိုင်ဖို့ အားကိုးရမယ့် ကစားသမားတစ်ဦးအဖြစ် မြင်တွေ့ရမလား စောင့်ကြည့်ဖို့ ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.