Bundesliga Premier League Serie A

ဆန်ချိုကို တစ်ဝက်ဈေးနှုန်းလောက်နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်






REF: METRO
SPORTS A2Z.

UNICODE: ဒေါ့မွန်အသင်းဘက်က ဘယ်လောက်ပဲ ဈေးနှုန်းမြှင့်ပြီး လိုချင်နေမှန်းသိတဲ့ မန်ချက်စတာယူနိုက်တက်ကို ကစားနေပေမယ့် ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုတွေမှာ ဆက်လက်လှည့်စားနေနိုင်ဖို့ မသေချာဘဲ ဂျာမန်ကလပ်အနေနဲ့ စောစောစီးစီး သဘောမတူနိုင်ခဲ့ရင် ဂျေဒန် ဆန်ချိုအတွက် တစ်ဝက်ဈေးလောက်နဲ့ ရောင်းချသွားရနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

လက်ရှိစီးပွားပျက်ကပ်အသွင် ဆောင်လာတဲ့ ဥရောပရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ငွေကြေးလက်ထဲမှာရှိပြီး ဝယ်ယူမယ့်အသင်းတွေဘက် ချိန်ခွင်လျှာသာလာခဲ့ပြီး ရောင်းလိုအားထက် ဝယ်လိုအားက နည်းနေတာကြောင့် ဆန်ချိုအနေနဲ့ လာမယ့်အပြောင်းအရွှေ့ဖွင့်ချိန်မှာ ပေါင် ၅၂ သန်းအထိ ဈေးကျသွားရင် မအံ့သြနဲ့ဖို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ရောင်းမယ့် အသင်းတွေကတော့ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ခင်က ဈေးနှုန်းတွေကို ဆုပ်ကိုင်ထားကြပေမယ့်လည်း ဒါဟာ လက်ရှိကမ္ဘာ့နဲ့ချီပြီး ကျဆင်းနေတဲ့ ဘဏ္ဏာရေးအခြေအနေမှာ ယုတ္တိမရှိဘူးလို့ ဝေဖန်သူတွေ၊ ဒေါသထွက်သူတွေ ရှိလာနေပြီး အသင်းတွေအနေနဲ့ ဆက်လက်ထိန်းသိမ်းမလား မရနိုင်တဲ့ ဈေးကို လျှော့ချပေးမလား ရွေးရမယ့်အခြေအနေလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့လည်း ဆန်ချိုအပါအဝင် တခြားပစ်မှတ်တွေဖြစ်တဲ့ ဟာရီကိန်း၊ ဂျက်ခ် ဂရီးလစ်ရှ်၊ ဆာအူးလ် ညီးရက်ဇ်၊ ခါလီဒူး ကူလီဘေလီတို့လို ကစားသမားတွေကို ချိတ်ဆက်နေပြီး ပေါင်သန်း ၂၀၀ ကျော် အသုံးပြုမယ့်အသင်းအနေနဲ့ လက်ရှိဈေးကွက်အရ ထင်တာထက် ကစားသမားတစ်ဦးကို ပိုပြီးခေါ်ယူနိုင်ဖွယ်လည်း ရှိနေပါတယ်။

ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ၂၁ ပွဲကစား ၁၄ ဂိုးသွင်း ၁၅ ဂိုး ဖန်တီးပေးခဲ့တဲ့ ဆန်ချိုကတော့ ဦးစားပေးနဲ့ လက်တွေ့အကျဆုံးပစ်မှတ် ဖြစ်နေပြီး ကစားသမားနဲ့ ကိုယ်ရေးအချက်အလက်တွေ သဘောတူညီထားသလို ပြန်လည်မြင့်တက်မလာနိုင်သေးတဲ့ ဘဏ္ဏာရေးအခြေအနေကို ဒေါ့မွန်တို့ သဘောမပေါက်ရင်တော့ လာမယ့် ဈေးကွက်ဖွင့်ချိန်မှာ အထိနာနိုင်ပြီး ယူနိုက်တက်တို့ အောင်ပွဲခံသွားနိုင်ကြောင်း သုံးသပ်နေကြတယ်လို့ သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.