Premier League

ဘရူနို ဖာနန်ဒက်စ်နဲ့ တူတယ်ဆိုတဲ့အပေါ် အိုဇေးလ်ပါလို့ ငြင်းသွားခဲ့တဲ့ အိုလံပစ်ငွေဆုရှင်

တူနီးရှားနိုင်ငံသား မိုဟာမက် ခါလီ ဂျန်ဒူဘီကတော့ ၂၀၂၀ တိုကျိုအိုလံပစ်မှာ အာဖရိကတိုက်အတွက် ပထမဆုံးဆုကို ယူပေးခဲ့ပြီး တိုက်ကွမ်ဒို ၅၈ ကီလိုဝိတ်တန်းမှာ ငွေတံဆိပ်ဆု ရရှိခဲ့တာဖြစ်ပေမယ့် မီဒီယာတွေကတော့ ရုပ်ရည်ကြောင့် သူ့ကိုသတိထားမိခဲ့ကြပါတယ်။

သူ့ရုပ်ရည်က မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်နဲ့ ဆင်တူနေခဲ့ပြီး မီဒီယာတွေရဲ့ အာရုံတွေကို ဖမ်းစားခဲ့ပါတယ်။ ၁၉ နှစ်အရွယ် တူနီးရှားသားလေးကတော့ အီတလီသား ဗီတို ဒယ်လာကွီလာနဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ရပြီး ရှုံးနိမ့်ခဲ့ရသလို ရွှေတံဆိပ်အစား ငွေတံဆိပ်ပဲ ရခဲ့တာပါ။

သတင်းထောက်တစ်ယောက်က ဂျန်ဒူဘီကို ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်နဲ့ တူတယ်လို့‌ အများစုက ပြောနေကြတဲ့အပေါ်မှာ တူနီးရှားသားရဲ့ ထင်မြင်ချက်ကို မေးခဲ့ပြီး ၁၉ နှစ်သားလေးကတော့ အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဟောင်းနဲ့ တူတယ်လို့ အပြောခံခဲ့ရကြောင်း ပြောပြသွားခဲ့တာပါ။

beIN Sport က သတင်းထောက်တစ်ယောက်က ဂျန်ဒူဘီကို “ကိုယ့်ကိုကိုယ် ဘရူနို ဖာနန်ဒက်စ်နဲ့ တူတယ်ဆိုတာ သတိထားမိလား”လို့ မေးခဲ့ပြီး သူကတော့ “ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် မီဆွတ် အိုဇေးလ်နဲ့ ပိုတူတယ်ထင်နေတာ… သူငယ်ချင်းတွေကလည်း ပြောကြတယ်လေ”လို့ ပြန်ဖြေခဲ့ပါတယ်။

ဘောလုံးပရိသတ်အများစုကတော့ ဂျန်ဒူဘီကို ဘရူနို ဖာနန်ဒက်စ်နဲ့ ပိုတူတယ်လို့ ထင်နေကြပေမယ့် တူနီးရှားသားလေးအနေနဲ့ သူ့ကိုသူ မီဆွတ် အိုဇေးလ်နဲ့ တူတယ်လို့ထင်နေတာက သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူကို မသိလို့များလားဆိုပြီး မေးခွန်းထုတ်နေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တူနီးရွားႏိုင္ငံသား မိုဟာမက္ ခါလီ ဂ်န္ဒူဘီကေတာ့ ၂၀၂၀ တိုက်ိဳအိုလံပစ္မွာ အာဖရိကတိုက္အတြက္ ပထမဆုံးဆုကို ယူေပးခဲ့ၿပီး တိုက္ကြမ္ဒို ၅၈ ကီလိုဝိတ္တန္းမွာ ေငြတံဆိပ္ဆု ရရွိခဲ့တာျဖစ္ေပမယ့္ မီဒီယာေတြကေတာ့ ႐ုပ္ရည္ေၾကာင့္ သူ႔ကိုသတိထားမိခဲ့ၾကပါတယ္။

သူ႔႐ုပ္ရည္က မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဆင္တူေနခဲ့ၿပီး မီဒီယာေတြရဲ႕ အာ႐ုံေတြကို ဖမ္းစားခဲ့ပါတယ္။ ၁၉ ႏွစ္အ႐ြယ္ တူနီးရွားသားေလးကေတာ့ အီတလီသား ဗီတို ဒယ္လာကြီလာနဲ႔ ဗိုလ္လုပြဲမွာ ရင္ဆိုင္ခဲ့ရၿပီး ရႈံးနိမ့္ခဲ့ရသလို ေ႐ႊတံဆိပ္အစား ေငြတံဆိပ္ပဲ ရခဲ့တာပါ။

သတင္းေထာက္တစ္ေယာက္က ဂ်န္ဒူဘီကို ေပၚတူဂီကြင္းလယ္ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ တူတယ္လို႔‌ အမ်ားစုက ေျပာေနၾကတဲ့အေပၚမွာ တူနီးရွားသားရဲ႕ ထင္ျမင္ခ်က္ကို ေမးခဲ့ၿပီး ၁၉ ႏွစ္သားေလးကေတာ့ အာဆင္နယ္အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားေဟာင္းနဲ႔ တူတယ္လို႔ အေျပာခံခဲ့ရေၾကာင္း ေျပာျပသြားခဲ့တာပါ။

beIN Sport က သတင္းေထာက္တစ္ေယာက္က ဂ်န္ဒူဘီကို “ကိုယ့္ကိုကိုယ္ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ တူတယ္ဆိုတာ သတိထားမိလား”လို႔ ေမးခဲ့ၿပီး သူကေတာ့ “ကြၽန္ေတာ္ကေတာ့ ကိုယ့္ကိုကိုယ္ မီဆြတ္ အိုေဇးလ္နဲ႔ ပိုတူတယ္ထင္ေနတာ… သူငယ္ခ်င္းေတြကလည္း ေျပာၾကတယ္ေလ”လို႔ ျပန္ေျဖခဲ့ပါတယ္။

ေဘာလုံးပရိသတ္အမ်ားစုကေတာ့ ဂ်န္ဒူဘီကို ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ပိုတူတယ္လို႔ ထင္ေနၾကေပမယ့္ တူနီးရွားသားေလးအေနနဲ႔ သူ႔ကိုသူ မီဆြတ္ အိုေဇးလ္နဲ႔ တူတယ္လို႔ထင္ေနတာက သူ႔အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူကို မသိလို႔မ်ားလားဆိုၿပီး ေမးခြန္းထုတ္ေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.