Premier League Transfer News

25 Jul ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်နည်းပြ ဂျာဂင် ကလော့ပ်အနေနဲ့ ခြေစမ်းပွဲမှာ အထောင်တိုက်စစ်မှူးအနေနဲ့ သုံးစရာဆိုလို့ ဒီဗော့ အိုရီဂီပဲရှိတဲ့ အနေအထားမှာတောင် အဲလက်စ် အောက်ဇလိတ်-ချိမ်ဘာလိန်ကို အသုံးပြုခဲ့တာဖြစ်လို့ ဘယ်လ်ဂျီယမ်သားအနေနဲ့ အသင်းမှာ အနာဂတ်မရှိတော့ကြောင့် သတင်းတွေ ထွက်လာ။

– အေစီမီလန်အသင်းကွင်းလယ်လူ ဖရွန့်ခ် ကက်ဆီယေးကို လီဗာပူးလ်အသင်းအနေနဲ့ ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့ပြီး တစ်နှစ်လုပ်ခ ပေါင် ၅ သန်းနဲ့ ကမ်းလှမ်းမှု အဆင်မပြေခဲ့တဲ့နောက်မှာ ပေါင် ၇ သန်းအထိ တိုးမြှင့်ကမ်းလှမ်းသွားဖို့အထိ ပြင်ဆင်နေ။

– ဗီလာရီးရဲလ်ရဲ့ တောင်ပံတိုက်စစ်မှူး ဆာမူ ချုခ်ဝူဇီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာတဲ့ လီဗာပူးလ်အသင်းအနေနဲ့ အသင်းရဲ့ တောင်ပံကစားသမား ချာဒန် ရှာကျီရီအပါအဝင် ငွေသားတစ်ရပ်နဲ့ပါ ပေါင်းပြီးကမ်းလှမ်းသွားဖို့ ပြင်ဆင်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြ။

– လီဗာပူးလ်အသင်းကနေ အငှားထွက်ကစားပြီးသာ အချိန်ကုန်နေခဲ့ပြီး အခုတစ်ခါ အရောင်းစာရင်းမှာရှိလာခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ဟာရီ ဝီလ်ဆန်အနေနဲ့ လိဂ်ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်အသင်းကို ပေါင် ၁၂ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပြီး ဝေလသားနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရ။

– ဂျူဗင်တပ်စ်တောင်ပံတိုက်စစ်မှူး ဖက်ဒရီကို ခီယေဆာအတွက် လီဗာပူးလ်အသင်းရဲ့ ပေါင် ၈၅ သန်းတန် ကမ်းလှမ်းချက်က ပယ်ချခံခဲ့ရပြီး အီတလီ‌တောင်ပံတိုက်စစ်မှူးအတွက် ဘယ်ဈေးနဲ့မှ ခီယေဆာကို ရောင်းထုတ်သွားဖို့ အစီအစဉ်မရှိကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြနေကြ။

– ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ လီဗာပူးလ် ကွင်းလယ်လူဟောင်း ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒမ်ကတော့ သူ့အနေနဲ့ မာဆေးဆိုဒ်မှာရှိခဲ့စဉ်က အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေဆီက မေတ္တာခံစားခဲ့ရပေမယ့် ပရိသတ်တွေဆီကတော့ ကွင်းထဲမှာသာ ခံစားခဲ့ရကြောင်းနဲ့ အသင်းရှုံးပြီဆို လူမှုကွန်ယက်မှာ သူက ပစ်မှတ်ဖြစ်ခဲ့ရကြောင်း ထုတ်ဖော်သွားခဲ့။

– လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ကွင်းလယ်လူ ဗိုင်နယ်လ်ဒမ် ထွက်ခွာသွားတာကြောင့် လစ်လပ်နေတဲ့ အသင်းခေါင်းဆောင် ၅ ယောက် စာရင်းအတွက် နံပါတ် ၄ နေရာမှာ အသင်းရဲ့ စီနီယာနဲ့ ဩဇာလွှမ်းမိုးသူတွေထဲက တစ်ဦးဖြစ်တဲ့ တောင်ပံတိုက်စစ်မှူး မိုဟာမက် ဆာလားကို ထည့်သွင်းသွားဖို့ စဉ်းစားနေ။

– ပြီးခဲ့တဲ့ သောကြာနေ့တုန်းက လီဗာပူးလ် ကွင်းလယ်လူ နာဘီ ကီတာအနေနဲ့ ပြိုင်ဘက်ကစားသမားတစ်ယောက်ကို ပေါင်ကြားထဲက ဘောလုံးထုတ်သွားခဲ့တဲ့ ဗီဒီယိုဖိုင် တက်လာခဲ့ပြီးနောက် အသင်းပရိသတ်တွေက ဂန္ထဝင်ကွင်းလယ်လူ စတီဗင် ဂျရတ်ထက် ပိုကောင်းတယ်ဆိုပြီး လူမှုကွန်ယက်တွေမှာ ချီးကျူးနေကြ။

– လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်အနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲအပြီး အားလပ်ရက်တွေအတွင်း အသင်းနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ မလုပ်ဖြစ်သေးချိန်မှာ စပိန်လာလီဂါကလပ် မာယော့ကာအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္နည္းျပ ဂ်ာဂင္ ကေလာ့ပ္အေနနဲ႔ ေျခစမ္းပြဲမွာ အေထာင္တိုက္စစ္မႉးအေနနဲ႔ သုံးစရာဆိုလို႔ ဒီေဗာ့ အိုရီဂီပဲရွိတဲ့ အေနအထားမွာေတာင္ အဲလက္စ္ ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္ကို အသုံးျပဳခဲ့တာျဖစ္လို႔ ဘယ္လ္ဂ်ီယမ္သားအေနနဲ႔ အသင္းမွာ အနာဂတ္မရွိေတာ့ေၾကာင့္ သတင္းေတြ ထြက္လာ။

– ေအစီမီလန္အသင္းကြင္းလယ္လူ ဖ႐ြန႔္ခ္ ကက္ဆီေယးကို လီဗာပူးလ္အသင္းအေနနဲ႔ ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာခဲ့ၿပီး တစ္ႏွစ္လုပ္ခ ေပါင္ ၅ သန္းနဲ႔ ကမ္းလွမ္းမႈ အဆင္မေျပခဲ့တဲ့ေနာက္မွာ ေပါင္ ၇ သန္းအထိ တိုးျမႇင့္ကမ္းလွမ္းသြားဖို႔အထိ ျပင္ဆင္ေန။

– ဗီလာရီးရဲလ္ရဲ႕ ေတာင္ပံတိုက္စစ္မႉး ဆာမူ ခ်ဳခ္ဝူဇီကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ အသင္းရဲ႕ ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီအပါအဝင္ ေငြသားတစ္ရပ္နဲ႔ပါ ေပါင္းၿပီးကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနေၾကာင္း ၿဗိတိန္မီဒီယာမ်ားက ေဖာ္ျပေနၾက။

– လီဗာပူးလ္အသင္းကေန အငွားထြက္ကစားၿပီးသာ အခ်ိန္ကုန္ေနခဲ့ၿပီး အခုတစ္ခါ အေရာင္းစာရင္းမွာရွိလာခဲ့တဲ့ ေတာင္ပံတိုက္စစ္မႉး ဟာရီ ဝီလ္ဆန္အေနနဲ႔ လိဂ္ခ်န္ပီယံရွစ္ကလပ္ ဖူလ္ဟမ္အသင္းကို ေပါင္ ၁၂ သန္းဝန္းက်င္နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ၿပီး ေဝလသားနဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရ။

– ဂ်ဴဗင္တပ္စ္ေတာင္ပံတိုက္စစ္မႉး ဖက္ဒရီကို ခီေယဆာအတြက္ လီဗာပူးလ္အသင္းရဲ႕ ေပါင္ ၈၅ သန္းတန္ ကမ္းလွမ္းခ်က္က ပယ္ခ်ခံခဲ့ရၿပီး အီတလီ‌ေတာင္ပံတိုက္စစ္မႉးအတြက္ ဘယ္ေဈးနဲ႔မွ ခီေယဆာကို ေရာင္းထုတ္သြားဖို႔ အစီအစဥ္မရွိေၾကာင္း ေဒသခံ မီဒီယာေတြက ေဖာ္ျပေနၾက။

– ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ လီဗာပူးလ္ ကြင္းလယ္လူေဟာင္း ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒမ္ကေတာ့ သူ႔အေနနဲ႔ မာေဆးဆိုဒ္မွာရွိခဲ့စဥ္က အသင္းေဖာ္ေတြနဲ႔ ဝန္ထမ္းေတြဆီက ေမတၱာခံစားခဲ့ရေပမယ့္ ပရိသတ္ေတြဆီကေတာ့ ကြင္းထဲမွာသာ ခံစားခဲ့ရေၾကာင္းနဲ႔ အသင္းရႈံးၿပီဆို လူမႈကြန္ယက္မွာ သူက ပစ္မွတ္ျဖစ္ခဲ့ရေၾကာင္း ထုတ္ေဖာ္သြားခဲ့။

– လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ကြင္းလယ္လူ ဗိုင္နယ္လ္ဒမ္ ထြက္ခြာသြားတာေၾကာင့္ လစ္လပ္ေနတဲ့ အသင္းေခါင္းေဆာင္ ၅ ေယာက္ စာရင္းအတြက္ နံပါတ္ ၄ ေနရာမွာ အသင္းရဲ႕ စီနီယာနဲ႔ ဩဇာလႊမ္းမိုးသူေတြထဲက တစ္ဦးျဖစ္တဲ့ ေတာင္ပံတိုက္စစ္မႉး မိုဟာမက္ ဆာလားကို ထည့္သြင္းသြားဖို႔ စဥ္းစားေန။

– ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းက လီဗာပူးလ္ ကြင္းလယ္လူ နာဘီ ကီတာအေနနဲ႔ ၿပိဳင္ဘက္ကစားသမားတစ္ေယာက္ကို ေပါင္ၾကားထဲက ေဘာလုံးထုတ္သြားခဲ့တဲ့ ဗီဒီယိုဖိုင္ တက္လာခဲ့ၿပီးေနာက္ အသင္းပရိသတ္ေတြက ဂႏၴဝင္ကြင္းလယ္လူ စတီဗင္ ဂ်ရတ္ထက္ ပိုေကာင္းတယ္ဆိုၿပီး လူမႈကြန္ယက္ေတြမွာ ခ်ီးက်ဴးေနၾက။

– လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္အေနနဲ႔ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲအၿပီး အားလပ္ရက္ေတြအတြင္း အသင္းနဲ႔ ေလ့က်င့္ေရးအစီအစဥ္ေတြ မလုပ္ျဖစ္ေသးခ်ိန္မွာ စပိန္လာလီဂါကလပ္ မာေယာ့ကာအသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.