Premier League

စပါးစ္အသင္းအတြက္ ေပါင္ ၉၇ သန္းတန္ အားျဖည့္မွဳကို ေႏြရာသီမွာ ျပဳလုပ္သြားႏုိင္

၂၀၁၉-၂၀ ရာသီဝက္ကာလမွာ ပရီးမီးယားလိဂ္ဝါရင့္နည္းျပ ဟိုေဆး ေမာ္ရင္ညဳိကို ခန္႔အပ္ခဲ့ၿပီး အသင္းရဲ႕ ဆုိးရြားေနတဲ့ ရပ္တည္မွဳကေန ဆြဲတင္ဖို႔ ႀကဳိးစားခဲ့ေပမယ့္ ထင္သလို မျဖစ္ႏိုင္ခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ အသင္းကို ေပါင္ ၉၇ သန္းတန္ အားျဖည့္မွဳ ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။

ေမာ္ရင္ညဳိအေနနဲ႔ လက္ရွိတုိက္စစ္ပုိင္းကို အားမရျဖစ္ေနၿပီး ဟာရီကိန္းမရွိရင္ ဘယ္လုိကစားမလဲဆုိတဲ့ အေတြးအေခၚကိုလည္း အေကာင္အထည္ေဖာ္ဖို႔ ႀကဳိးစားေနတဲ့ ပုံစံရွိၿပီး ဒီအဂၤလန္အသင္းေခါင္းေဆာင္တုိက္စစ္မွဴးကိုေတာ့ လာမယ့္ေႏြရာသီမွာ ေရာင္းထုတ္သြားဖို႔လည္း မ်ားေနၿပီး ေပါင္သန္း ၂၀၀ မရရင္ေတာင္ ေပါင္သန္း ၁၅၀ ေလာက္နဲ႔ လက္ခံသြားႏုိင္ေျခလည္း ရွိေနပါတယ္။

ဒီ ၉၇ သန္းကို ေမာ္ရင္ညဳိအေနနဲ႔ ဝက္စ္ဟမ္းယူႏိုက္တက္ေနာက္ခံလူ အစ္ဆာ ဒီေယာ့ကို ေပါင္ ၅၃ သန္းနဲ႔ ေခၚယူဖို႔ ႀကဳိးစားေနၿပီး သူတုိ႔ရဲ႕ ညာေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဆာ့ဂ်္ ေအာ္ရီေယးကို အလိုက္ထည့္သြင္းသြားဖို႔ ရွိေနေပမယ့္ တစ္ဖက္က လက္ခံႏုိင္မွဳအေပၚ မူတည္ၿပီး ညႇိႏွဳိင္းသြားဖို႔ ရွိေနပါတယ္။

ဒါ့အျပင္ တုိက္စစ္ပုိင္းကိုေတာ့ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းရဲ႕ တိုက္စစ္မွဴး ရာအူးလ္ ဟီမီနက္ဇ္ကို အလိုရွိေနၿပီး ၿပီးခဲ့တဲ့ ရာသီမွာ ယူ႐ိုသန္း ၃၀ နဲ႔ မုိလီေနာ့ကို ေရာက္လာခဲ့တဲ့ မကၠဆီကန္ကို စပါးစ္အသင္းအေနနဲ႔ ေပါင္ ၄၄ သန္းနဲ႔ ရႏိုင္မယ္လို႔ ယုံၾကည္ေနတယ္လုိ႔လည္း သတင္းေတြက ဆုိပါတယ္။

စီးပြားပ်က္ကပ္အသြင္ေဆာင္လာတဲ့ ကိုဗစ္-၁၉ ရဲ႕ ႐ိုက္ခတ္မွဳေၾကာင့္ ေဘာလုံးအသင္းေတြအေနနဲ႔ ေငြေၾကးအင္အားေတာင့္တင္းတဲ့ အသင္းေတြဆီကို ကစားသမားေတြကို ေရာင္းခ်ေနရာမွာ စပါးစ္အသင္းကေတာ့ သူတုိ႔ရဲ႕ တုိက္စစ္မွဴး ဟာရီကိန္းကို မန္ခ်က္စတာယူႏုိက္တက္ဆီ ေရာင္းခ်သြားႏုိင္ၿပီး ဒီကစားသမားႏွစ္ဦးကို ျပန္လည္ေခၚယူမယ္ဆုိရင္ ေပါင္သန္း ၅၀ ေလာက္ အျမတ္ထြက္ႏုိင္တဲ့အတြက္ ဒီလိုမ်ဳိး အေျခအေနမွာ သေဘာတူညီမွဳေတြကိုလည္း ျမင္ေတြ႕ရႏုိင္တယ္လုိ႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ၂၀၁၉-၂၀ ရာသီဝက်ကာလမှာ ပရီးမီးယားလိဂ်ဝါရင့်နည်းပြ ဟိုဆေး မော်ရင်ညိုကို ခန့်အပ်ခဲ့ပြီး အသင်းရဲ့ ဆိုးရွားနေတဲ့ ရပ်တည်မှုကနေ ဆွဲတင်ဖို့ ကြိုးစားခဲ့ပေမယ့် ထင်သလို မဖြစ်နိုင်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ အသင်းကို ပေါင် ၉၇ သန်းတန် အားဖြည့်မှု ပြုလုပ်သွားဖို့ ရှိနေပါတယ်။

မော်ရင်ညိုအနေနဲ့ လက်ရှိတိုက်စစ်ပိုင်းကို အားမရဖြစ်နေပြီး ဟာရီကိန်းမရှိရင် ဘယ်လိုကစားမလဲဆိုတဲ့ အတွေးအခေါ်ကိုလည်း အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ ပုံစံရှိပြီး ဒီအင်္ဂလန်အသင်းခေါင်းဆောင်တိုက်စစ်မှူးကိုတော့ လာမယ့်နွေရာသီမှာ ရောင်းထုတ်သွားဖို့လည်း များနေပြီး ပေါင်သန်း ၂၀၀ မရရင်တောင် ပေါင်သန်း ၁၅၀ လောက်နဲ့ လက်ခံသွားနိုင်ခြေလည်း ရှိနေပါတယ်။

ဒီ ၉၇ သန်းကို မော်ရင်ညိုအနေနဲ့ ဝက်စ်ဟမ်းယူနိုက်တက်နောက်ခံလူ အစ်ဆာ ဒီယော့ကို ပေါင် ၅၃ သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး သူတို့ရဲ့ ညာနောက်ခံလူတစ်ဦးဖြစ်တဲ့ ဆာ့ဂျ် အော်ရီယေးကို အလိုက်ထည့်သွင်းသွားဖို့ ရှိနေပေမယ့် တစ်ဖက်က လက်ခံနိုင်မှုအပေါ် မူတည်ပြီး ညှိနှိုင်းသွားဖို့ ရှိနေပါတယ်။

ဒါ့အပြင် တိုက်စစ်ပိုင်းကိုတော့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းရဲ့ တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်ကို အလိုရှိနေပြီး ပြီးခဲ့တဲ့ ရာသီမှာ ယူရိုသန်း ၃၀ နဲ့ မိုလီနော့ကို ရောက်လာခဲ့တဲ့ မက္ကဆီကန်ကို စပါးစ်အသင်းအနေနဲ့ ပေါင် ၄၄ သန်းနဲ့ ရနိုင်မယ်လို့ ယုံကြည်နေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

စီးပွားပျက်ကပ်အသွင်ဆောင်လာတဲ့ ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုကြောင့် ဘောလုံးအသင်းတွေအနေနဲ့ ငွေကြေးအင်အားတောင့်တင်းတဲ့ အသင်းတွေဆီကို ကစားသမားတွေကို ရောင်းချနေရာမှာ စပါးစ်အသင်းကတော့ သူတို့ရဲ့ တိုက်စစ်မှူး ဟာရီကိန်းကို မန်ချက်စတာယူနိုက်တက်ဆီ ရောင်းချသွားနိုင်ပြီး ဒီကစားသမားနှစ်ဦးကို ပြန်လည်ခေါ်ယူမယ်ဆိုရင် ပေါင်သန်း ၅၀ လောက် အမြတ်ထွက်နိုင်တဲ့အတွက် ဒီလိုမျိုး အခြေအနေမှာ သဘောတူညီမှုတွေကိုလည်း မြင်တွေ့ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.