Premier League UCL&UEL

အာဆင္နယ္တို႔ ခ်န္ပီယံလိဂ္ဝင္ႏုိင္မယ့္ အစီအစဥ္ကို ယူအီးအက္ဖ္ေအ ေရးဆြဲေန

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ ယူအီးအက္ဖ္ေအအေနနဲ႔ ဒီရာသီ လက္က်န္ပြဲစဥ္ကို ဆက္မကစားဘဲ ရပ္တန္႔ခဲ့ရရင္ အာဆင္နယ္တုိ႔အေနနဲ႔ ခ်န္ပီယံလိဂ္ကို ဝင္ေရာက္ကစားခြင့္ရမယ့္ စည္းမ်ဥ္းတစ္ခုကို ေျပာင္းလဲထည့္သြင္းဖို႔ အဆုိျပဳထားခဲ့ၿပီး လာမယ့္အေျခအေနေတြေပၚမွာ မူတည္ၿပီး အတည္ျပဳသြားဖြယ္ရွိေနပါတယ္။

ဥေရာပရဲ႕ ေဘာလုံးၿပဳိင္ပြဲေတြကို ျပန္ကစားဖို႔ သက္ဆုိင္ရာ ႏုိင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ေတြနဲ႔ ယူအီးအက္ဖ္ေအရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကို ႀကဳိတင္ခန္႔မွန္းေရးဆြဲထားေပမယ့္ ကိုဗစ္-၁၉ ရဲ႕ ခန္႔မွန္းလုိ႔ မရႏုိင္ေသးတဲ့ သဘာဝနဲ႔ ထိန္းခ်ဳပ္မွဳေတြ အျပည့္အစုံ မလုပ္ႏုိင္ေသးတဲ့ အေျခအေနကို ထည့္သြင္းစဥ္းစားေနရတာလည္းျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ စည္းမ်ဥ္းအရေတာ့ တကယ္လုိ႔ ပြဲေတြကို ဆက္လက္မကစားႏုိင္ေတာ့ဘူးဆုိရင္ ၿပီးခဲ့တဲ့ႏွစ္ေတြက ဥေရာပအဆင့္မွာ စြမ္းေဆာင္ထားခဲ့တဲ့ ေဘာလုံးအသင္းေတြရဲ႕ UEFA Coefficient အညႊန္းကိန္းေတြကို စဥ္းစားမွာျဖစ္ၿပီး ဒီထဲက အျမင့္မားဆုံး ၄ သင္းကို ခ်န္ပီယံလိဂ္မွာ ကစားေစဖို႔ စဥ္းစားေနတာပါ။

အဂၤလန္ရဲ႕ ထိပ္တန္းအသင္းေတြထဲက ရမွတ္ေတြရေတာ့ မန္ခ်က္စတာစီးတီးအသင္းက ၁၁၂ မွတ္၊ လီဗာပူးလ္အသင္းက ၉၉ မွတ္၊ မန္ခ်က္စတာယူႏုိက္တက္အသင္းက ၉၂ မွတ္နဲ႔ အာဆင္နယ္အသင္းက ၉၁ မွတ္နဲ႔ ထိပ္ဆုံးေလးသင္းျဖစ္လာဖို႔ ရွိေနၿပီး စပါးစ္အသင္းကေတာ့ ၈၅ မွတ္နဲ႔ ပဥၥမေနရာကေန မန္စီးတီးရဲ႕ ျပစ္ဒဏ္ကို အေၾကာင္းျပဳၿပီး ပါဝင္ခြင့္ရႏိုင္ဖို႔ ရွိေနပါတယ္။

မလႊဲမေရွာင္သာလို႔ ပြဲေတြၿပီးဆုံးေအာင္ မကစားႏုိင္ခဲ့ဘဲ ဒီစည္းမ်ဥ္းကိုသာ အတည္ျပဳရတဲ့ အေျခအေနကို ေရာက္ခဲ့ရင္ေတာ့ ၈၃ မွတ္သာ ရရွိထားတဲ့ ခ်ဲလ္ဆီးနဲ႔ ၂၂ မွတ္သာ ရရွိထားတဲ့ လက္စတာစီးတီးအသင္းတုိ႔အေနနဲ႔ အထိနာဖြယ္ရွိေနၿပီး ယူ႐ိုပါလိဂ္ကို ဆင္းကစားရဖို႔ ရွိေနသလို ေနာက္တစ္ေနရာကိုေတာ့ ကာရာေဘာင္းဖလားရဲ႕ ဒုတိယ အက္စတန္ဗီလာကို ထည့္သြင္းမလား၊ ဝုလ္ဗ္စ္တုိ႔ပဲ ရရွိမလားကိုေတာ့ စဥ္းစားဆုံးျဖတ္ရမွာ ျဖစ္ေၾကာင္းလည္း သိရွိပါတယ္။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေအနေနဲ့ ဒီရာသီ လက်ကျန်ပွဲစဉ်ကို ဆက်မကစားဘဲ ရပ်တန့်ခဲ့ရရင် အာဆင်နယ်တို့အနေနဲ့ ချန်ပီယံလိဂ်ကို ဝင်ရောက်ကစားခွင့်ရမယ့် စည်းမျဉ်းတစ်ခုကို ပြောင်းလဲထည့်သွင်းဖို့ အဆိုပြုထားခဲ့ပြီး လာမယ့်အခြေအနေတွေပေါ်မှာ မူတည်ပြီး အတည်ပြုသွားဖွယ်ရှိနေပါတယ်။

ဥရောပရဲ့ ဘောလုံးပြိုင်ပွဲတွေကို ပြန်ကစားဖို့ သက်ဆိုင်ရာ နိုင်ငံဘောလုံးအဖွဲ့ချုပ်တွေနဲ့ ယူအီးအက်ဖ်အေရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကြိုတင်ခန့်မှန်းရေးဆွဲထားပေမယ့် ကိုဗစ်-၁၉ ရဲ့ ခန့်မှန်းလို့ မရနိုင်သေးတဲ့ သဘာဝနဲ့ ထိန်းချုပ်မှုတွေ အပြည့်အစုံ မလုပ်နိုင်သေးတဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားနေရတာလည်းဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရတော့ တကယ်လို့ ပွဲတွေကို ဆက်လက်မကစားနိုင်တော့ဘူးဆိုရင် ပြီးခဲ့တဲ့နှစ်တွေက ဥရောပအဆင့်မှာ စွမ်းဆောင်ထားခဲ့တဲ့ ဘောလုံးအသင်းတွေရဲ့ UEFA Coefficient အညွှန်းကိန်းတွေကို စဉ်းစားမှာဖြစ်ပြီး ဒီထဲက အမြင့်မားဆုံး ၄ သင်းကို ချန်ပီယံလိဂ်မှာ ကစားစေဖို့ စဉ်းစားနေတာပါ။

အင်္ဂလန်ရဲ့ ထိပ်တန်းအသင်းတွေထဲက ရမှတ်တွေရတော့ မန်ချက်စတာစီးတီးအသင်းက ၁၁၂ မှတ်၊ လီဗာပူးလ်အသင်းက ၉၉ မှတ်၊ မန်ချက်စတာယူနိုက်တက်အသင်းက ၉၂ မှတ်နဲ့ အာဆင်နယ်အသင်းက ၉၁ မှတ်နဲ့ ထိပ်ဆုံးလေးသင်းဖြစ်လာဖို့ ရှိနေပြီး စပါးစ်အသင်းကတော့ ၈၅ မှတ်နဲ့ ပဉ္စမနေရာကနေ မန်စီးတီးရဲ့ ပြစ်ဒဏ်ကို အကြောင်းပြုပြီး ပါဝင်ခွင့်ရနိုင်ဖို့ ရှိနေပါတယ်။

မလွှဲမရှောင်သာလို့ ပွဲတွေပြီးဆုံးအောင် မကစားနိုင်ခဲ့ဘဲ ဒီစည်းမျဉ်းကိုသာ အတည်ပြုရတဲ့ အခြေအနေကို ရောက်ခဲ့ရင်တော့ ၈၃ မှတ်သာ ရရှိထားတဲ့ ချဲလ်ဆီးနဲ့ ၂၂ မှတ်သာ ရရှိထားတဲ့ လက်စတာစီးတီးအသင်းတို့အနေနဲ့ အထိနာဖွယ်ရှိနေပြီး ယူရိုပါလိဂ်ကို ဆင်းကစားရဖို့ ရှိနေသလို နောက်တစ်နေရာကိုတော့ ကာရာဘောင်းဖလားရဲ့ ဒုတိယ အက်စတန်ဗီလာကို ထည့်သွင်းမလား၊ ဝုလ်ဗ်စ်တို့ပဲ ရရှိမလားကိုတော့ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ကြောင်းလည်း သိရှိပါတယ်။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.