Premier League

ကေလာ့ပ္ရဲ႕ အသင္းဟာ မိမိတုိ႔ေခတ္က လီဗာပူးလ္အသင္းထက္ ပုိေကာင္းေၾကာင္း အီယန္ရပ္ရွ္ ခ်ီးက်ဴး

လီဗာပူးလ္အသင္းရဲ႕ ဂႏၴဝင္တုိက္စစ္မွဴးႀကီး အီယန္ရပ္ရွ္က နည္းျပ ယာဂန္ ကေလာ့ပ္ကိုင္တြယ္ေနတဲ့ လက္ရွိအသင္းဟာ သူတုိ႔ရဲ႕ ပထမတန္းဆုဖလားေတြကို ဆြတ္ခူးခဲ့တဲ့ အတိတ္က အသင္းထက္ ပုိမိုေကာင္းမြန္တဲ့အသင္းျဖစ္ၿပီး လက္ရွိမ်ဳိးဆက္ရဲ႕ စြမ္းေဆာင္ရည္ကိုလည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဂ်ာမန္နည္းျပရဲ႕ စိတ္ရွည္ရွည္ အခ်ိန္ေပးၿပီး တည္ေဆာက္လာခဲ့တဲ့အသင္းဟာ ဒီႏွစ္မွာေတာ့ ႏွစ္ေပါင္း ၃၀ ၾကာ ေစာင့္ဆုိင္းခဲ့ရတဲ့ ပရီးမီးယားလိဂ္ဆုဖလားကို ရယူႏုိင္ဖို႔ လက္တစ္ကမ္းအကြာမွာ ရွိေနခဲ့ၿပီး အက္ဖ္ေအနဲ႔ ၿပဳိင္ပြဲတာဝန္ရွိသူေတြရဲ႕ ခြင့္ျပဳခ်က္နဲ႔ ပြဲေတြ ျပန္လည္စတင္တာနဲ႔ သိမ္းပုိက္ႏုိင္ဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္၊ ယူအီးအက္ဖ္ေအဆူပါကပ္နဲ႔ ကမာၻ႕ကလပ္ခ်န္ပီယံဖလားေတြကို ရယူအၿပီးမွာ လီဗာပူးလ္အသင္းအေနနဲ႔ တစ္ရာသီအတြင္း ရွိသမွ် ဆုဖလားေတြကို ရယူမယ့္အစီအစဥ္ကေတာ့ အက္ဖ္ေအဖလား၊ လိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားေတြကို ႏွဳတ္ဆက္ခဲ့ရအၿပီးမွာ ပ်က္ျပားခဲ့ရၿပီး ပရီးမီးယားလိဂ္ကိုပဲ ပစ္မွတ္ထားေနခဲ့တာကေတာ့ အေသအခ်ာပဲျဖစ္ပါတယ္။

“ေအာင္ျမင္မွဳေတြအရဆုိရင္ေတာ့ တူတူေလာက္ပဲလုိ႔ ေျပာခ်င္တယ္။ ဒါေပမယ့္ ေျခစြမ္းအရေတာ့ ဒီအသင္းက ကၽြန္ေတာ္တုိ႔တုန္းကထက္ ပုိေကာင္းတယ္ဆုိတာကို ဝန္ခံရမွာပါ။ ကၽြန္ေတာ္တုိ႔ ကစားခဲ့တုန္းက အသင္းလိုပဲ စိတ္ဓာတ္ပုိင္းေကာင္းမြန္ၿပီး တစ္သင္းလုံးမွာလည္း အသင္းလုိက္ စည္းလုံးမွဳအျပည့္ရွိေနတယ္လုိ႔ ထင္ျမင္မိပါတယ္”လို႔ အီယန္ရပ္ရွ္က လက္ရွိလီဗာပူးလ္အသင္းရဲ႕ ပုံစံကို သုံးသပ္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းမွာ ႏွစ္ႀကိမ္ကစားခဲ့ဖူးၿပီး ၁၉၈၀ ကေန ၁၉၈၆ အထိ တစ္ႀကိမ္၊ ၁၉၈၈ ကေန ၁၉၉၆ အထိ တစ္ႀကိမ္ ကစားခဲ့တဲ့ အီယန္ရပ္ရွ္ဟာ အသင္းအတြက္ ၄၂၇ ပြဲမွာ ၁၉၉ ဂိုး သြင္းယူႏုိင္ခဲ့သူျဖစ္ၿပီး အန္းဖီးလ္ရဲ႕ အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့သူျဖစ္လို႔ သူ႕ရဲ႕ ခ်ီးက်ဴးမွဳကေတာ့ အားလုံးအတြက္ ေက်နပ္စရာျဖစ္လိမ့္မယ္လုိ႔ ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး အီယန်ရပ်ရှ်က နည်းပြ ယာဂန် ကလော့ပ်ကိုင်တွယ်နေတဲ့ လက်ရှိအသင်းဟာ သူတို့ရဲ့ ပထမတန်းဆုဖလားတွေကို ဆွတ်ခူးခဲ့တဲ့ အတိတ်က အသင်းထက် ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ပြီး လက်ရှိမျိုးဆက်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

ဂျာမန်နည်းပြရဲ့ စိတ်ရှည်ရှည် အချိန်ပေးပြီး တည်ဆောက်လာခဲ့တဲ့အသင်းဟာ ဒီနှစ်မှာတော့ နှစ်ပေါင်း ၃၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်ဖို့ လက်တစ်ကမ်းအကွာမှာ ရှိနေခဲ့ပြီး အက်ဖ်အေနဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့ ပွဲတွေ ပြန်လည်စတင်တာနဲ့ သိမ်းပိုက်နိုင်ဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေဆူပါကပ်နဲ့ ကမ္ဘာ့ကလပ်ချန်ပီယံဖလားတွေကို ရယူအပြီးမှာ လီဗာပူးလ်အသင်းအနေနဲ့ တစ်ရာသီအတွင်း ရှိသမျှ ဆုဖလားတွေကို ရယူမယ့်အစီအစဉ်ကတော့ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို နှုတ်ဆက်ခဲ့ရအပြီးမှာ ပျက်ပြားခဲ့ရပြီး ပရီးမီးယားလိဂ်ကိုပဲ ပစ်မှတ်ထားနေခဲ့တာကတော့ အသေအချာပဲဖြစ်ပါတယ်။

“အောင်မြင်မှုတွေအရဆိုရင်တော့ တူတူလောက်ပဲလို့ ပြောချင်တယ်။ ဒါပေမယ့် ခြေစွမ်းအရတော့ ဒီအသင်းက ကျွန်တော်တို့တုန်းကထက် ပိုကောင်းတယ်ဆိုတာကို ဝန်ခံရမှာပါ။ ကျွန်တော်တို့ ကစားခဲ့တုန်းက အသင်းလိုပဲ စိတ်ဓာတ်ပိုင်းကောင်းမွန်ပြီး တစ်သင်းလုံးမှာလည်း အသင်းလိုက် စည်းလုံးမှုအပြည့်ရှိနေတယ်လို့ ထင်မြင်မိပါတယ်”လို့ အီယန်ရပ်ရှ်က လက်ရှိလီဗာပူးလ်အသင်းရဲ့ ပုံစံကို သုံးသပ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းမှာ နှစ်ကြိမ်ကစားခဲ့ဖူးပြီး ၁၉၈၀ ကနေ ၁၉၈၆ အထိ တစ်ကြိမ်၊ ၁၉၈၈ ကနေ ၁၉၉၆ အထိ တစ်ကြိမ် ကစားခဲ့တဲ့ အီယန်ရပ်ရှ်ဟာ အသင်းအတွက် ၄၂၇ ပွဲမှာ ၁၉၉ ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်ပြီး အန်းဖီးလ်ရဲ့ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့သူဖြစ်လို့ သူ့ရဲ့ ချီးကျူးမှုကတော့ အားလုံးအတွက် ကျေနပ်စရာဖြစ်လိမ့်မယ်လို့ ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.