Premier League

ဒါေလာ့ကို အသင္းကေန ေရာင္းထုတ္သြားဖို႔ ရွိေနတဲ့ မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ခန္႔က ေခၚယူထားခဲ့တဲ့ ေပၚတူဂီလူငယ္ကစားသမား ဒီယိုဂို ဒါေလာ့အတြက္ ကမ္းလွမ္းမွဳေတြကို လက္ခံစဥ္းစားသြားဖြယ္ရွိၿပီး အသင္းရဲ႕ ပုိလွ်ံကစားသမားအျဖစ္ သတ္မွတ္ၿပီး ေရာင္းခ်သြားဖို႔ ဆုံးျဖတ္ထားတယ္လုိ႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီမွာ ခရစၥတယ္လ္ပဲေလ့စ္အသင္းကေန ေခၚယူထားခဲ့တဲ့ အဂၤလန္ေနာက္ခံလူ အာရြန္ ဝန္ဘစ္ဆာကာရဲ႕ တစ္ရွိန္ထိုး ေတာက္ပလာမွဳက အသက္ ၂၁ ႏွစ္အရြယ္ ေပၚတူဂီသားရဲ႕ ကစားခြင့္ကို ကန္႔သတ္ခံခဲ့ရၿပီး လက္ရွိမွာေတာ့ သုံးစြဲဖို႔ အဆင္မေျပေတာ့တဲ့အတူတူ ေရာင္းခ်ဖို႔ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားက အလိုရွိေနတာပါ။

ေမာ္ရင္ဟိုရဲ႕ လက္ထက္က ေပါင္ ၁၉ သန္းနဲ႔ ေခၚယူခဲ့တဲ့ ဒါေလာ့ဟာ စစခ်င္းမွာ အထင္ႀကီးေလာက္စရာ ေျခစြမ္းကို ျပသႏုိင္ေပမယ့္လည္း ဝန္ဘစ္ဆာကာ ေရာက္လာၿပီးေနာက္ပုိင္း အေရးပါမွဳ မရွိေတာ့တဲ့အျပင္ ပြဲထြက္ခြင့္အတြက္ပါ ႐ုန္းကန္ေနခဲ့ရၿပီး လက္ရွိမွာေတာ့ ျမင့္မားတဲ့ ေဈးႏွဳန္းမ်ဳိး ရရွိခဲ့ရင္ ေရာင္းခ်သြားဖို႔ ရွိေနပါတယ္။

ဒီၾကားထဲမွာ ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ခဲ့ရတဲ့ ေနာက္ခံလူအေနနဲ႔ ဒီရာသီမွာ ၁၀ ပြဲသာ ကစားခဲ့ရေသးၿပီး အက္ဖ္ေအဖလား ထရန္မဲ ႐ိုဗာစ္ကို ေျခာက္ဂိုး-ဂိုးမရွိနဲ႔ အႏုိင္ရတဲ့ပြဲမွာ တစ္ဂိုးသြင္းယူႏုိင္ခဲ့ေပမယ့္ လုံေလာက္တဲ့ ေျခစြမ္းမ်ဳိး မရွိဘူးလို႔ ယူဆခံခဲ့ရၿပီး အေျပာင္းအေရႊ႕ရန္ပုံေငြ ရရွိဖို႔ အသုံးခ်သြားဖြယ္လည္း ရွိေနပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေနာက္တန္းမွာ ပုိလွ်ံကစားသမားေတြကို ေငြေၾကးျပန္လည္ရရွိဖို႔အတြက္ ေရာင္းခ်သြားဖို႔ ရွိေနရာမွာ ဒါေလာ့အျပင္ စေမာလင္း၊ ဖီးလ္ဂ်ဳံးစ္၊ ႐ိုဟိုတုိ႔ကိုလည္း ရွင္းထုတ္သြားဖို႔ ရွိေနၿပီး ကြင္းလယ္က လင္ဂတ္နဲ႔ ေပါ့ဘာတုိ႔ကိုလည္း အေရာင္းအစာရင္းမွာ ထည့္သြင္းဖို႔ စဥ္းစားေနတာေၾကာင့္ လာမယ့္ရာသီမွာ အုိးလ္ထရက္ဖို႔ဒ္ရဲ႕ အေျပာင္းအလဲႀကီးႀကီးကို ျမင္ရဖြယ္ရွိေနတယ္လုိ႔လည္း ခန္႔မွန္းရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က ခေါ်ယူထားခဲ့တဲ့ ပေါ်တူဂီလူငယ်ကစားသမား ဒီယိုဂို ဒါလော့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖွယ်ရှိပြီး အသင်းရဲ့ ပိုလျှံကစားသမားအဖြစ် သတ်မှတ်ပြီး ရောင်းချသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ ခရစ္စတယ်လ်ပဲလေ့စ်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ အင်္ဂလန်နောက်ခံလူ အာရွန် ဝန်ဘစ်ဆာကာရဲ့ တစ်ရှိန်ထိုး တောက်ပလာမှုက အသက် ၂၁ နှစ်အရွယ် ပေါ်တူဂီသားရဲ့ ကစားခွင့်ကို ကန့်သတ်ခံခဲ့ရပြီး လက်ရှိမှာတော့ သုံးစွဲဖို့ အဆင်မပြေတော့တဲ့အတူတူ ရောင်းချဖို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက အလိုရှိနေတာပါ။

မော်ရင်ဟိုရဲ့ လက်ထက်က ပေါင် ၁၉ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဒါလော့ဟာ စစချင်းမှာ အထင်ကြီးလောက်စရာ ခြေစွမ်းကို ပြသနိုင်ပေမယ့်လည်း ဝန်ဘစ်ဆာကာ ရောက်လာပြီးနောက်ပိုင်း အရေးပါမှု မရှိတော့တဲ့အပြင် ပွဲထွက်ခွင့်အတွက်ပါ ရုန်းကန်နေခဲ့ရပြီး လက်ရှိမှာတော့ မြင့်မားတဲ့ ဈေးနှုန်းမျိုး ရရှိခဲ့ရင် ရောင်းချသွားဖို့ ရှိနေပါတယ်။

ဒီကြားထဲမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ နောက်ခံလူအနေနဲ့ ဒီရာသီမှာ ၁၀ ပွဲသာ ကစားခဲ့ရသေးပြီး အက်ဖ်အေဖလား ထရန်မဲ ရိုဗာစ်ကို ခြောက်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လုံလောက်တဲ့ ခြေစွမ်းမျိုး မရှိဘူးလို့ ယူဆခံခဲ့ရပြီး အပြောင်းအရွှေ့ရန်ပုံငွေ ရရှိဖို့ အသုံးချသွားဖွယ်လည်း ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ နောက်တန်းမှာ ပိုလျှံကစားသမားတွေကို ငွေကြေးပြန်လည်ရရှိဖို့အတွက် ရောင်းချသွားဖို့ ရှိနေရာမှာ ဒါလော့အပြင် စမောလင်း၊ ဖီးလ်ဂျုံးစ်၊ ရိုဟိုတို့ကိုလည်း ရှင်းထုတ်သွားဖို့ ရှိနေပြီး ကွင်းလယ်က လင်ဂတ်နဲ့ ပေါ့ဘာတို့ကိုလည်း အရောင်းအစာရင်းမှာ ထည့်သွင်းဖို့ စဉ်းစားနေတာကြောင့် လာမယ့်ရာသီမှာ အိုးလ်ထရက်ဖို့ဒ်ရဲ့ အပြောင်းအလဲကြီးကြီးကို မြင်ရဖွယ်ရှိနေတယ်လို့လည်း ခန့်မှန်းရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.