La Liga Premier League

အသင္းေဟာင္းနဲ႔ ျပန္လည္ဆုံစည္းဖို႔ ေဆြးေႏြးေနတဲ့ ေဒးဗစ္ ေဆးလ္ဗား

မန္ခ်က္စတာစီးတီးအသင္းကေန လာမယ့္ရာသီကုန္မွာ ထြက္ခြာေတာ့မယ့္ အသင္းေခါင္းေဆာင္ ေဒးဗစ္ ေဆးလ္ဗားအေနနဲ႔ သူ႕ရဲ႕ အသင္းေဟာင္း ဗလင္စီယာနဲ႔အတူ စပိန္မွာ ျပန္လည္ကစားဖို႔ ေဆြးေႏြးေနၿပီး ကိုဗစ္-၁၉ ေၾကာင့္သာ လုပ္ငန္းစဥ္ေတြကို ေရွ႕မဆက္ရေသးဘဲ ေႏွာင့္ေႏွးေနတယ္လုိ႔ သိရပါတယ္။

စပိန္ကစားသမားေတြရဲ႕ အမည္ေပးစနစ္အရ မွားယြင္းေခၚေဝၚခံရၿပီး ဖခင္နာမည္ ေဒးဗစ္ ဟီမီနက္ဇ္ျဖစ္ရမယ့္အစား မိခင္နာမည္နဲ႔ ေဒးဗစ္ ေဆးလ္ဗားျဖစ္ခဲ့ရတဲ့ အသက္ ၃၄ ႏွစ္အရြယ္ စပိန္ကြင္းလယ္လူအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတုိးဖို႔ မရွိေတာ့ဘဲ မန္စီးတီးအသင္းရဲ႕ ႏွစ္ရာသီ ဆက္တုိက္ အသင္းေခါင္းေဆာင္ေတြ ထြက္ခြာမွဳလည္း ျဖစ္လာမွာပါ။

ဆယ္ႏွစ္အၾကာမွာ အသင္းေဟာင္းနဲ႔ ျပန္လည္ဆုံစည္းခြင့္ရမယ့္ ဝါရင့္ကြင္းလယ္လူအေနနဲ႔ သူ႕ရဲ႕ ေမြးရပ္ေျမ ကေနရီကၽြန္းစုရဲ႕ ဂရန္ကေနရီယာကၽြန္းမွာ လာလီဂါကို ကစားခ်င္တယ္ဆုိတဲ့ မျဖစ္ႏုိင္တဲ့ အိပ္မက္ေတြကို အေကာင္အထည္မေဖာ္ေတာ့ဘဲ အျမင္မွန္ ရသြားတာလည္းျဖစ္ၿပီး ဆီဂန္ဒါမွာ တန္းတက္ဖို႔ ဘယ္လိုမွ မနီးစပ္တဲ့ လာ့စ္ပါးလ္မားစ္အစား ဗလန္စီယာကသာ မွန္ကန္တဲ့ ေရြးခ်ယ္မွဳ ျဖစ္ေတာ့မွာပါ။

ကေနရီကၽြန္းစုကို ကိုယ္စားျပဳတဲ့ ေဘာလုံးအသင္းႏွစ္သင္းက ဆီဂန္ဒါမွာ ကစားေနခဲ့ရာမွာ အႀကီးဆုံး တီနီ႐ိုက္ဖ္ကၽြန္းစုရဲ႕ တီနီ႐ိုက္ဖ္အသင္းနဲ႔ ဂရန္ကေနရီယာကၽြန္းရဲ႕ လာ့စ္ပါးလ္မားစ္အသင္းေတြက ေဆးလ္ဗားရဲ႕ အိပ္မက္ကိုေတာ့ အေကာင္အထည္ေဖာ္ႏုိင္စြမ္း ေတာ္ေတာ္နဲ႔ ရွိဦးမွာလည္း မဟုတ္တာပါ။

ဇြန္လ ၃၀ ရက္ေန႔မွာ စာခ်ဳပ္ကုန္ဆုံးမယ့္ ေဒးဗစ္ ေဆးလ္ဗားအေနနဲ႔ အသင္းကေန ခ်က္ခ်င္းထြက္ခြာဦးမွာေတာ့ မဟုတ္ဘဲ ဖီဖာရဲ႕ အႀကံေပးထားမွဳေတြအရ ေဘာလုံးရာသီၿပီးဆုံးေအာင္ ဆက္လက္ကစားရဦးမွာျဖစ္ၿပီး ဗလင္စီယာအသင္းနဲ႔လည္း အေျခအေနေတြ တည္ၿငိမ္သြားမွ ဆက္လက္ေဆြးေႏြး ေရွ႕ဆက္ႏုိင္မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းကနေ လာမယ့်ရာသီကုန်မှာ ထွက်ခွာတော့မယ့် အသင်းခေါင်းဆောင် ဒေးဗစ် ဆေးလ်ဗားအနေနဲ့ သူ့ရဲ့ အသင်းဟောင်း ဗလင်စီယာနဲ့အတူ စပိန်မှာ ပြန်လည်ကစားဖို့ ဆွေးနွေးနေပြီး ကိုဗစ်-၁၉ ကြောင့်သာ လုပ်ငန်းစဉ်တွေကို ရှေ့မဆက်ရသေးဘဲ နှောင့်နှေးနေတယ်လို့ သိရပါတယ်။

စပိန်ကစားသမားတွေရဲ့ အမည်ပေးစနစ်အရ မှားယွင်းခေါ်ဝေါ်ခံရပြီး ဖခင်နာမည် ဒေးဗစ် ဟီမီနက်ဇ်ဖြစ်ရမယ့်အစား မိခင်နာမည်နဲ့ ဒေးဗစ် ဆေးလ်ဗားဖြစ်ခဲ့ရတဲ့ အသက် ၃၄ နှစ်အရွယ် စပိန်ကွင်းလယ်လူအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ မရှိတော့ဘဲ မန်စီးတီးအသင်းရဲ့ နှစ်ရာသီ ဆက်တိုက် အသင်းခေါင်းဆောင်တွေ ထွက်ခွာမှုလည်း ဖြစ်လာမှာပါ။

ဆယ်နှစ်အကြာမှာ အသင်းဟောင်းနဲ့ ပြန်လည်ဆုံစည်းခွင့်ရမယ့် ဝါရင့်ကွင်းလယ်လူအနေနဲ့ သူ့ရဲ့ မွေးရပ်မြေ ကနေရီကျွန်းစုရဲ့ ဂရန်ကနေရီယာကျွန်းမှာ လာလီဂါကို ကစားချင်တယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ အိပ်မက်တွေကို အကောင်အထည်မဖော်တော့ဘဲ အမြင်မှန် ရသွားတာလည်းဖြစ်ပြီး ဆီဂန်ဒါမှာ တန်းတက်ဖို့ ဘယ်လိုမှ မနီးစပ်တဲ့ လာ့စ်ပါးလ်မားစ်အစား ဗလန်စီယာကသာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်တော့မှာပါ။

ကနေရီကျွန်းစုကို ကိုယ်စားပြုတဲ့ ဘောလုံးအသင်းနှစ်သင်းက ဆီဂန်ဒါမှာ ကစားနေခဲ့ရာမှာ အကြီးဆုံး တီနီရိုက်ဖ်ကျွန်းစုရဲ့ တီနီရိုက်ဖ်အသင်းနဲ့ ဂရန်ကနေရီယာကျွန်းရဲ့ လာ့စ်ပါးလ်မားစ်အသင်းတွေက ဆေးလ်ဗားရဲ့ အိပ်မက်ကိုတော့ အကောင်အထည်ဖော်နိုင်စွမ်း တော်တော်နဲ့ ရှိဦးမှာလည်း မဟုတ်တာပါ။

ဇွန်လ ၃၀ ရက်နေ့မှာ စာချုပ်ကုန်ဆုံးမယ့် ဒေးဗစ် ဆေးလ်ဗားအနေနဲ့ အသင်းကနေ ချက်ချင်းထွက်ခွာဦးမှာတော့ မဟုတ်ဘဲ ဖီဖာရဲ့ အကြံပေးထားမှုတွေအရ ဘောလုံးရာသီပြီးဆုံးအောင် ဆက်လက်ကစားရဦးမှာဖြစ်ပြီး ဗလင်စီယာအသင်းနဲ့လည်း အခြေအနေတွေ တည်ငြိမ်သွားမှ ဆက်လက်ဆွေးနွေး ရှေ့ဆက်နိုင်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.