Premier League

အလက္ဇန္းဒါးအာႏုိးလ္ဒ္ရဲ႕ ေက်ာနံပါတ္အေၾကာင္းကို ေျပာျပလုိက္တဲ့ လီဗာပူးလ္ဝတ္စုံမန္ေနဂ်ာ

လီဗာပူးလ္အသင္းရဲ႕ ဦးစားေပးညာေနာက္ခံလူ ထရင့္ အလက္ဇန္းဒါးအာႏုိးလ္ဒ္ရဲ႕ ေက်ာနံပါတ္ကို ဒီေလာက္ႀကီးႀကီးအထိ ေပးထားၿပီး မေျပာင္းလဲရေသးတာ သူတုိ႔အသင္းရဲ႕ လူငယ္ကစားသမားေတြကို ယုံၾကည္မွဳ မလြန္ကဲေအာင္ သတိေပးထားတဲ့ အေတြးအေခၚတစ္ခုျဖစ္တယ္လို႔ ဝတ္စုံမန္ေနဂ်ာ လီး ရက္ဒ္ကလစ္ဖ္က ေျပာၾကားလုိက္ပါတယ္။

ဒါ့အျပင္ ဒါဟာ အလက္ဇန္းဒါး-အာႏိုးလ္အေနနဲ႔ သူ႕ကိုယ္သူ ႏွိမ့္ႏွိမ့္ခ်ခ်ေနထုိင္ျခင္းရဲ႕ ျပယုဂ္တစ္ခုျဖစ္ၿပီး ၿပဳိင္ပြဲႀကီးေတြရဲ႕ ဆုေပးစင္ျမင့္မွာ ေက်ာနံပါတ္ ၆၆ နဲ႔ ေအာင္ပြဲခံေနႏုိင္တာဟာ ထူးဆန္းတဲ့ ျမင္ကြင္းတစ္ခုျဖစ္ေပမယ့္ ကစားသမားအေနနဲ႔ တစ္စုံတစ္ရာ ေတာင္းဆုိျခင္းမ်ဳိး မရွိေၾကာင္းလည္း သူက ဆုိပါတယ္။

“အကယ္ဒမီက လူငယ္ေတြကို အသင္းႀကီးရဲ႕ ေက်ာနံပါတ္ေတြကို ေပးမယ္ဆုိရင္ေတာ့ အသင္းမွာ လြတ္ေနတဲ့ နံပါတ္အႀကီးေတြကိုပဲ ေပးေလ့ရွိပါတယ္။ ဒါက သူတုိ႔ေတြအတြက္ ပထမဆုံး အေတြ႕အႀကဳံလည္းျဖစ္ၿပီး ဒီကေန ပထမအသင္းရဲ႕ နံပါတ္နဲ႔တူတဲ့ နံပါတ္အငယ္ေတြဆီ ကိုယ့္အစြမ္းကိုယ့္အစနဲ႔ ေလွ်ာ့ခ်ဖို႔ ကၽြန္ေတာ္တုိ႔ ေျပာထားပါတယ္”လုိ႔ ရက္ဒ္ကလစ္ဖ္က ေျပာပါတယ္။

“ထရင့္လို ေျခစြမ္းျပႏိုင္ခဲ့တဲ့ လူငယ္တစ္ေယာက္အေနနဲ႔ အသင္းႀကီးအတြက္ ေျခစြမ္းျပဖို႔ကလြဲရင္ ဘာမွာ တျခားအေၾကာင္းမေတြးဘူးဆိုတာ သူ႕အေနနဲ႔ သက္ေသျပေနတာပဲျဖစ္ၿပီး သူဘယ္ေလာက္ေကာင္းသလဲ ကၽြန္ေတာ္တို႔ သိေပမယ့္ ေက်ာနံပါတ္ေျပာင္းဖို႔ မေတာင္းဆုိခဲ့တာလည္း လက္ရွိအခ်ိန္အထိ အမွန္တရားပဲျဖစ္ပါတယ္”လုိ႔လည္း ဝတ္စုံမန္ေနဂ်ာက ဆုိပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ပထမလူစာရင္းကို ၂၀၁၈-၁၉ ခုႏွစ္ကစၿပီး ခိုင္ခိုင္မာမာေနရာယူခဲ့တဲ့ အလက္ဇန္းဒါးအာႏုိးလ္ဒ္ဟာ ဒီႏွစ္မွာ PFA ရဲ႕ အေကာင္းဆုံးဆုနဲ႔ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဆုေတြကို သိမ္းပုိက္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားၾကသူေတြထဲက တစ္ဦးလည္းျဖစ္ၿပီး လာမယ့္ရာသီမွာေတာ့ ညာေနာက္ခံလူေတြရဲ႕ စံျပနံပါတ္ျဖစ္တဲ့ နံပါတ္ ၂ ကို ေရြးခ်ယ္သြားမလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ ဦးစားပေးညာနောက်ခံလူ ထရင့် အလက်ဇန်းဒါးအာနိုးလ်ဒ်ရဲ့ ကျောနံပါတ်ကို ဒီလောက်ကြီးကြီးအထိ ပေးထားပြီး မပြောင်းလဲရသေးတာ သူတို့အသင်းရဲ့ လူငယ်ကစားသမားတွေကို ယုံကြည်မှု မလွန်ကဲအောင် သတိပေးထားတဲ့ အတွေးအခေါ်တစ်ခုဖြစ်တယ်လို့ ဝတ်စုံမန်နေဂျာ လီး ရက်ဒ်ကလစ်ဖ်က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဒါဟာ အလက်ဇန်းဒါး-အာနိုးလ်အနေနဲ့ သူ့ကိုယ်သူ နှိမ့်နှိမ့်ချချနေထိုင်ခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ပြိုင်ပွဲကြီးတွေရဲ့ ဆုပေးစင်မြင့်မှာ ကျောနံပါတ် ၆၆ နဲ့ အောင်ပွဲခံနေနိုင်တာဟာ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုဖြစ်ပေမယ့် ကစားသမားအနေနဲ့ တစ်စုံတစ်ရာ တောင်းဆိုခြင်းမျိုး မရှိကြောင်းလည်း သူက ဆိုပါတယ်။

“အကယ်ဒမီက လူငယ်တွေကို အသင်းကြီးရဲ့ ကျောနံပါတ်တွေကို ပေးမယ်ဆိုရင်တော့ အသင်းမှာ လွတ်နေတဲ့ နံပါတ်အကြီးတွေကိုပဲ ပေးလေ့ရှိပါတယ်။ ဒါက သူတို့တွေအတွက် ပထမဆုံး အတွေ့အကြုံလည်းဖြစ်ပြီး ဒီကနေ ပထမအသင်းရဲ့ နံပါတ်နဲ့တူတဲ့ နံပါတ်အငယ်တွေဆီ ကိုယ့်အစွမ်းကိုယ့်အစနဲ့ လျှော့ချဖို့ ကျွန်တော်တို့ ပြောထားပါတယ်”လို့ ရက်ဒ်ကလစ်ဖ်က ပြောပါတယ်။

“ထရင့်လို ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်တစ်ယောက်အနေနဲ့ အသင်းကြီးအတွက် ခြေစွမ်းပြဖို့ကလွဲရင် ဘာမှာ တခြားအကြောင်းမတွေးဘူးဆိုတာ သူ့အနေနဲ့ သက်သေပြနေတာပဲဖြစ်ပြီး သူဘယ်လောက်ကောင်းသလဲ ကျွန်တော်တို့ သိပေမယ့် ကျောနံပါတ်ပြောင်းဖို့ မတောင်းဆိုခဲ့တာလည်း လက်ရှိအချိန်အထိ အမှန်တရားပဲဖြစ်ပါတယ်”လို့လည်း ဝတ်စုံမန်နေဂျာက ဆိုပါတယ်။

လီဗာပူးလ်အသင်းရဲ့ ပထမလူစာရင်းကို ၂၀၁၈-၁၉ ခုနှစ်ကစပြီး ခိုင်ခိုင်မာမာနေရာယူခဲ့တဲ့ အလက်ဇန်းဒါးအာနိုးလ်ဒ်ဟာ ဒီနှစ်မှာ PFA ရဲ့ အကောင်းဆုံးဆုနဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဆုတွေကို သိမ်းပိုက်နိုင်ဖို့ မျှော်လင့်ထားကြသူတွေထဲက တစ်ဦးလည်းဖြစ်ပြီး လာမယ့်ရာသီမှာတော့ ညာနောက်ခံလူတွေရဲ့ စံပြနံပါတ်ဖြစ်တဲ့ နံပါတ် ၂ ကို ရွေးချယ်သွားမလားတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.