Article La Liga Premier League

ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာကို ကျော်ဖြတ်ပြီး ပြန်လာနိုင်ခဲ့ကြတဲ့ ကစားသမား ၅ ဦး

ဘောလုံးလောကမှာ ဦးခေါင်းကို ထိခိုက်ခံရတာဟာ တော်တော်လေးဆိုးရွားသလို ကျော်ဖြတ်ဖို့ ခက်ခဲဆဲအချိန်မှာ ဝုလ်ဗ်စ်တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာကို မနှစ်က အာဆင်နယ်နဲ့ပွဲမှာ ဒေးဗစ် လူးဝစ်ဇ်နဲ့ ထိခိုက်မိလို့ ခံစားခဲ့ရပြီး လက်ရှိမှာ ဘောလုံးပြန်ကစားနိုင်ဖို့ နီးစပ်တဲ့ အနေအထားကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ သူ့လိုပဲ ပြင်းထန်လွန်းတဲ့ ဦးခေါင်းဒဏ်ရာကနေ မြက်ခင်းစိမ်းထက်ကို ပြန်လာနိုင်ခဲ့တဲ့ ကစားသမား ၅ ဦးကတော့…

၅။ နီမန်ဂျာ ဗီဒစ်ခ်ျ
မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဗီဒစ်ချ်ကတော့ သူ့ခေတ်သူ့အခါတုန်းက အသန်မာဆုံးနဲ့ အရဲရင့်ဆုံး နောက်ခံလူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပြီး ၂၀၁၃ တုန်းက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ အသင်းဖော်ဂိုးသမား ဒေးဗစ် ဒဟေးယားနဲ့ ထိခိုက်မိခဲ့ပြီး ဦးခေါင်းဒဏ်ရာ အတော်ပြင်းခဲ့တာပါ။

ဆက်တိုက်ထွက်နေခဲ့တဲ့ သွေးတွေကို ထွေးထုတ်ခဲ့ပြီး သက်သာတဲ့ပုံ မပေါ်ခဲ့ပေမယ့် ပထမပိုင်းအပြီးထိ ကစားခဲ့သလို ဒုတိယပိုင်းမှာတော့ မပါဝင်နိုင်တော့ဘဲ ဆေးရုံပို့လိုက်ရပါတယ်။ နှစ်ပတ်အကြာမှာတော့ အသင်းခေါင်းဆောင်အဖြစ် ကာဒစ်ဖ်စီးတီကို ရင်ဆိုင်ခဲ့ပြီး သရဲနီသွေး အပြည့်ပါကြောင်း ပြသခဲ့ပါတယ်။

၄။ အီဒါဆန် မိုရေးစ်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတုန်းက လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ မန်ချက်စတာစီးတီးဂိုးသမား အီဒါဆန် မိုရာအေးစ်ရဲ့ ဦးခေါင်းက ကြိုးကြာနီတို့ရဲ့ တောင်ပံကစားသမား ဆာဒီယို မာနေးရဲ့ ခြေထောက်နဲ့ထိခိုက်မိပြီး ဒဏ်ရာအပြင်းအထန်ရခဲ့သလို ဘရာဇီးလ်သားကတော့ ဦးခေါင်းမှာ သွေးတွေထွက်ပြီး လဲကျနေခဲ့တာပါ။

မာနေးကတော့ တိုက်ရိုက်အနီကတ်ပြခံခဲ့ရပြီး ကံကောင်းစွာနဲ့ပဲ အီဒါဆန်ကတော့ အသက်အန္တရာယ်မစိုးရိမ်ခဲ့ရပေမယ့် ခေါင်းမှာတော့ ၈ ချက်ချုပ်လိုက်ရသလို နောက်တစ်ပတ်အကြာမှာတော့ ဦးခေါင်းအကာအကွယ်တပ်ပြီး ပွဲကစားနိုင်ခဲ့တဲ့အထိ အခြေအနေကောင်းမွန်လာခဲ့ပါတယ်။

၃။ ဒေးဗစ် အော့စ်ပီနာ
၂၀၁၉ တုန်းက နာပိုလီနဲ့ အူဒီးနီးစ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်တစ်ခုမှာ နာပိုလီဂိုးသမား ဒေးဗစ် အော့စ်ပီနာက အူဒီးနီးစ်တိုက်စစ်မှူး အီဂနားစီယို ပူဆက်တိုနဲ့ ပွဲချိန် ၇ မိနစ်မှာတင် ထိခိုက်မိခဲ့ပြီး ကိုလံဘီယာသားကြီးရဲ့ ခေါင်းမှာ ထိခိုက်မှုကြီးမားခဲ့ပေမယ့် ပွဲချိန် ၄၄ မိနစ်အထိ ဒဏ်ရာနဲ့ ကစားခဲ့သေးပြီး ပွဲတွင်းမှာတော့ တဖြည်းဖြည်း အာရုံဝေဝါးလာခဲ့တာပါ။

ပထမပိုင်းပြီးခါနီးမှာတော့ သတိလွတ်သွားခဲ့ပြီး အခြေအနေမဟန်တာကြောင့် နီးစပ်တဲ့ ဆေးရုံကို အလျင်အမြန်ပို့လိုက်ရတဲ့အထိ ကြုံခဲ့ရတာလည်းဖြစ်ပါတယ်။ ဆေးရုံမှာ ရက်သတ္တပတ်အနည်းငယ်အနားယူဖို့ ဆရာဝန်က အကြံပြုခဲ့လို့ လေးပတ်နီးပါး အနားယူခဲ့ပြီးမှ မြက်ခင်းစိမ်းထက်ကို ပြန်လာခဲ့ပါတယ်။

၂။ ဖာနန်ဒို တောရက်စ်
ဖာနန်ဒို တောရက်စ်ကတော့ ၂၀၁၇ တုန်းက အသလက်တီကိုမက်ဒရစ်အသင်းနဲ့ ဒီပို့တီဗို လာကိုရူညာအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ခေါင်းခုန်တိုက်ရင်း ပြိုင်ဘက်နောက်ခံလူနဲ့ ထိခိုက်မိခဲ့ပြီး ပြန်အကျမှာ မျက်နှာနဲ့ တည့်တည့်ကျခဲ့သလို ကျကျခြင်း မလှုပ်မယှက်နဲ့ ငြိမ်သက်သွားခဲ့တာပါ။

သူ့ကို ရှေးဦးသူနာပြုနည်းနဲ့ အသက်ရှူအောင် အသင်းဖော်တွေက ကူညီပေးခဲ့ကြပြီး တချို့အသင်းဖော်တွေဆို မျက်ရည်ပါကျခဲ့ရတာပါ။ အရေးပေါ်ကားနဲ့ နီးစပ်ရာဆေးရုံပေါ်တင်ပေးခဲ့ရချိန်မှာ စပိန်သားလည်း သတိလွတ်ပြီး စကားတွေပြောနေခဲ့သလို တစ်ပတ်အကြာမှာတော့ လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာခဲ့ပါတယ်။

၁။ ပီတာချက်
ဘောလုံးလောကရဲ့ ကြောက်စရာအကောင်းဆုံး ဒဏ်ရာတွေထဲက တစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ်တုန်းက ချဲလ်ဆီးအသင်းနဲ့ ရက်ဒင်းအသင်းတို့ ကစားခဲ့တဲ့ပွဲမှာ ချဲလ်ဆီးဂိုးသမား ပီတာချက်က ရက်ဒင်းကစားမသား စတက်ဖန် ဟန့်နဲ့ ထိခိုက်မိပြီး ဦးခေါင်းခွံကျိုးတဲ့ဒဏ်ရာ ရခဲ့ပါတယ်။

တစ်နှစ်လောက် အနားယူရမယ်လို့ ဆရာဝန်ကပြောခဲ့ပေမယ့် ချက်ကတော့ ၃ လတည်းနဲ့ မြက်ခင်းစိမ်းထက်ကို ပြန်လာခဲ့ပြီး ဦးခေါင်းအကာအကွယ်နဲ့ပဲ ကစားသမားဘဝက အနားယူတဲ့အထိ ကစားသွားခဲ့သလို ဆုဖလားများစွာ ရယူသွားခဲ့ပြီး စံချိန်အချို့လည်း တင်ခဲ့တဲ့အထိ လက်စွမ်းပြခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

‌ေဘာလုံးေလာကမွာ ဦးေခါင္းကို ထိခိုက္ခံရတာဟာ ေတာ္ေတာ္ေလးဆိုး႐ြားသလို ေက်ာ္ျဖတ္ဖို႔ ခက္ခဲဆဲျဖစ္ခ်ိန္မွာ ဝုလ္ဗ္စ္တိုက္စစ္မႉး ရာအူးလ္ ဟီမီနက္ဇ္ကေတာ့ ျပင္းထန္တဲ့ ဒဏ္ရာကို မႏွစ္က အာဆင္နယ္နဲ႔ပြဲမွာ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ထိခိုက္မိလို႔ ခံစားခဲ့ရၿပီး အခုအခ်ိန္မွာ ေဘာလုံးျပန္ကစားႏိုင္ဖို႔ နီးစပ္တဲ့ အေနအထားကို ေရာက္ရွိလာၿပီ ျဖစ္ပါတယ္။ သူ႔လိုပဲ ျပင္းထန္လြန္းတဲ့ ဦးေခါင္းဒဏ္ရာကေန ျမက္ခင္းစိမ္းထက္ကို ျပန္လာႏိုင္ခဲ့တဲ့ ကစားသမား ၅ ေယာက္ကေတာ့…

၅။ နီမန္ဂ်ာ ဗီဒစ္ခ္်
မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္း ဗီဒစ္ခ်္ကေတာ့ သူ႔ေခတ္သူ႔အခါတုန္းက အသန္မာဆုံးနဲ႔ အရဲရင့္ဆုံး ေနာက္ခံလူေတြထဲက တစ္ေယာက္ျဖစ္ခဲ့ၿပီး ၂၀၁၃ တုန္းက အာဆင္နယ္အသင္းနဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲမွာ အသင္းေဖာ္ဂိုးသမား ေဒးဗစ္ ဒေဟးယားနဲ႔ ထိခိုက္မိခဲ့ၿပီး ဦးေခါင္းဒဏ္ရာ အေတာ္ျပင္းခဲ့တာပါ။

ဆက္တိုက္ထြက္ေနခဲ့တဲ့ ေသြးေတြကို ေထြးထုတ္ခဲ့ၿပီး သက္သာတဲ့ပုံ မေပၚခဲ့ေပမယ့္ ပထမပိုင္းအၿပီးထိ ကစားခဲ့သလို ဒုတိယပိုင္းမွာေတာ့ မပါဝင္ႏိုင္ေတာ့ဘဲ ေဆး႐ုံပို႔လိုက္ရပါတယ္။ ႏွစ္ပတ္အၾကာမွာေတာ့ အသင္းေခါင္းေဆာင္အျဖစ္ ကာဒစ္ဖ္စီးတီကို ရင္ဆိုင္ခဲ့ၿပီး သရဲနီေသြး အျပည့္ပါေၾကာင္း ျပသခဲ့ပါတယ္။

၄။ အီဒါဆန္ မိုေရးစ္
၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလတုန္းက လီဗာပူးလ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ မန္ခ်က္စတာစီးတီးဂိုးသမား အီဒါဆန္ မိုရာေအးစ္ရဲ႕ ဦးေခါင္းက ႀကိဳးၾကာနီတို႔ရဲ႕ ေတာင္ပံကစားသမား ဆာဒီယို မာေနးရဲ႕ ေျခေထာက္နဲ႔ထိခိုက္မိၿပီး ဒဏ္ရာအျပင္းအထန္ရခဲ့သလို ဘရာဇီးလ္သားကေတာ့ ဦးေခါင္းမွာ ေသြးေတြထြက္ၿပီး လဲက်ေနခဲ့တာပါ။

မာေနးကေတာ့ တိုက္႐ိုက္အနီကတ္ျပခံခဲ့ရၿပီး ကံေကာင္းစြာနဲ႔ပဲ အီဒါဆန္ကေတာ့ အသက္အႏၲရာယ္မစိုးရိမ္ခဲ့ရေပမယ့္ ေခါင္းမွာေတာ့ ၈ ခ်က္ခ်ဳပ္လိုက္ရသလို ေနာက္တစ္ပတ္အၾကာမွာေတာ့ ဦးေခါင္းအကာအကြယ္တပ္ၿပီး ပြဲကစားႏိုင္ခဲ့တဲ့အထိ အေျခအေနေကာင္းမြန္လာခဲ့ပါတယ္။

၃။ ေဒးဗစ္ ေအာ့စ္ပီနာ
၂၀၁၉ တုန္းက နာပိုလီနဲ႔ အူဒီးနီးစ္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ စီးရီးေအပြဲစဥ္တစ္ခုမွာ နာပိုလီဂိုးသမား ေဒးဗစ္ ေအာ့စ္ပီနာက အူဒီးနီးစ္တိုက္စစ္မႉး အီဂနားစီယို ပူဆက္တိုနဲ႔ ပြဲခ်ိန္ ၇ မိနစ္မွာတင္ ထိခိုက္မိခဲ့ၿပီး ကိုလံဘီယာသားႀကီးရဲ႕ ေခါင္းမွာ ထိခိုက္မႈႀကီးမားခဲ့ေပမယ့္ ပြဲခ်ိန္ ၄၄ မိနစ္အထိ ဒဏ္ရာနဲ႔ ကစားခဲ့ေသးၿပီး ပြဲတြင္းမွာေတာ့ တျဖည္းျဖည္း အာ႐ုံေဝဝါးလာခဲ့တာပါ။

ပထမပိုင္းၿပီးခါနီးမွာေတာ့ သတိလြတ္သြားခဲ့ၿပီး အေျခအေနမဟန္တာေၾကာင့္ နီးစပ္တဲ့ ေဆး႐ုံကို အလ်င္အျမန္ပို႔လိုက္ရတဲ့အထိ ႀကဳံခဲ့ရတာလည္းျဖစ္ပါတယ္။ ေဆး႐ုံမွာ ရက္သတၱပတ္အနည္းငယ္အနားယူဖို႔ ဆရာဝန္က အႀကံျပဳခဲ့လို႔ ေလးပတ္နီးပါး အနားယူခဲ့ၿပီးမွ ျမက္ခင္းစိမ္းထက္ကို ျပန္လာခဲ့ပါတယ္။

၂။ ဖာနန္ဒို ေတာရက္စ္
ဖာနန္ဒို ေတာရက္စ္ကေတာ့ ၂၀၁၇ တုန္းက အသလက္တီကိုမက္ဒရစ္အသင္းနဲ႔ ဒီပို႔တီဗို လာကို႐ူညာအသင္းတို႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ေခါင္းခုန္တိုက္ရင္း ၿပိဳင္ဘက္ေနာက္ခံလူနဲ႔ ထိခိုက္မိခဲ့ၿပီး ျပန္အက်မွာ မ်က္ႏွာနဲ႔ တည့္တည့္က်ခဲ့သလို က်က်ျခင္း မလႈပ္မယွက္နဲ႔ ၿငိမ္သက္သြားခဲ့တာပါ။

သူ႔ကို ေရွးဦးသူနာျပဳနည္းနဲ႔ အသက္ရႉေအာင္ အသင္းေဖာ္ေတြက ကူညီေပးခဲ့ၾကၿပီး တခ်ိဳ႕အသင္းေဖာ္ေတြဆို မ်က္ရည္ပါက်ခဲ့ရတာပါ။ အေရးေပၚကားနဲ႔ နီးစပ္ရာေဆး႐ုံေပၚတင္ေပးခဲ့ရခ်ိန္မွာ စပိန္သားလည္း သတိလြတ္ၿပီး စကားေတြေျပာေနခဲ့သလို တစ္ပတ္အၾကာမွာေတာ့ ေလ့က်င့္ေရးကြင္းကို ျပန္ေရာက္လာခဲ့ပါတယ္။

၁။ ပီတာခ်က္
ေဘာလုံးေလာကရဲ႕ ေၾကာက္စရာအေကာင္းဆုံး ဒဏ္ရာေတြထဲက တစ္ခုျဖစ္ၿပီး ၂၀၀၆ ခုႏွစ္တုန္းက ခ်ဲလ္ဆီးအသင္းနဲ႔ ရက္ဒင္းအသင္းတို႔ ကစားခဲ့တဲ့ပြဲမွာ ခ်ဲလ္ဆီးဂိုးသမား ပီတာခ်က္က ရက္ဒင္းကစားမသား စတက္ဖန္ ဟန႔္နဲ႔ ထိခိုက္မိၿပီး ဦးေခါင္းခြံက်ိဳးတဲ့ဒဏ္ရာ ရခဲ့ပါတယ္။

တစ္ႏွစ္ေလာက္ အနားယူရမယ္လို႔ ဆရာဝန္ကေျပာခဲ့ေပမယ့္ ခ်က္ကေတာ့ ၃ လတည္းနဲ႔ ျမက္ခင္းစိမ္းထက္ကို ျပန္လာခဲ့ၿပီး ဦးေခါင္းအကာအကြယ္နဲ႔ပဲ ကစားသမားဘဝက အနားယူတဲ့အထိ ကစားသြားခဲ့သလို ဆုဖလားမ်ားစြာ ရယူသြားခဲ့ၿပီး စံခ်ိန္အခ်ိဳ႕လည္း တင္ခဲ့တဲ့အထိ လက္စြမ္းျပခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.