Premier League Transfer News

21 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ကင်းထောက်အဖွဲ့ဝင်တွေရဲ့ အကူအညီတွေနဲ့ မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူနေတယ်လို့ နည်းပြ မီခယ်လ် အာတီတာက ပြောကြားလိုက်ပြီး ၂၁ နှစ်သားတွေဖြစ်ကြတဲ့ နူနို တာဗာရက်စ်နဲ့ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါတို့ကို ခေါ်ယူအပြီးမှာ အသင်းကို ခေါင်းဆောင်မှုပေးနိုင်တဲ့ ကစားသမားကောင်းတွေကို ထပ်မံခေါ်ယူမယ်လို့ ဆိုသွားခဲ့။

– ကွင်းလယ်လူ မာနူယယ် လိုကာတယ်လီအတွက် ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားအလိုက်ပေးကမ်းလှမ်းမှုကို ဆာဆူအိုလိုဘက်က လက်ခံလိုက်တယ်လို့ သိရပြီး အာဆင်နယ်တို့အနေနဲ့ ဝုလ်ဗ်စ်ကွင်းလယ်လူ ရူဘင် နီဗက်စ်အတွက်ပဲ ပြောင်းလဲကြိုးစားရဖို့ဖြစ်လာ။

– အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ချာကာအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိနိုင်ဖို့ နီးစပ်နေပြီလို့ သိရပြီး အသက် ၂၉ နှစ်အရွယ် ဆွစ်ဇာလန်အသင်းခေါင်းဆောင်အနေနဲ့ လာမယ့် အပတ်ထဲမှာ စခန်းသွင်းလေ့ကျင့်မယ့် ရိုးမားအသင်းရဲ့ ပေါ်တူဂီ ထရိန်နင်ကို လိုက်ပါနိုင်ဖွယ်ရှိနေတယ်လို့ ဆိုနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ နံပါတ် ၁ ဂိုးသမားနေရာကို ပေးအပ်ဖို့အတွက် ဘာစီလိုနာအသင်းရဲ့ နီတိုကို စိတ်ဝင်စားနေပြီး ဝက်စ်ဘရွန်းအသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ဂိုးသမား ဆမ် ဂျွန်စတုန်းစ်ကိုလည်း စောင့်ကြည့်နေသလို နှစ်ဦးစလုံးအနေနဲ့ လက်ရှိဂိုးသမား ဘန်းဒ် လီနိုကို အရန်ခုံ ပို့ပစ်နိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြ။

– အင်္ဂလန်အသင်းနဲ့ ယူရို ၂၀၂၀ မှာ တစ်မိနစ်မှ ကစားခဲ့ရခြင်း မရှိပေမယ့် နောက်ခံလူ ဘန်ဝှိုက်အနေနဲ့ သူ့ရဲ့ နွေရာသီ အားလပ်ရက်ကနေ စောစောစီးစီး ပြန်လာပြီး အာဆင်နယ်နဲ့ စာချုပ်ဖို့အတွက် ရက်ကို ရှေ့တိုးသွားမှာ မဟုတ်ကြောင်းနဲ့ ဒီလ ၂၆ ရက်နေ့ကသာ အစောဆုံး ဖြစ်နိုင်ကြောင်း သိရ။

– အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းတွေက စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ဟာ ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တာကြောင့် ထုတ်ရောင်းဖို့ပဲ ရှိနေပြီး သတ်မှတ်ဈေး ပေါင်သန်း ၄၀ ကို များတယ်လို့ ဆိုနေကြချိန်မှာ ဆယ်သန်းလောက် ထပ်မံလျှော့ချသွားဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ လက်ရှိအနေအထားနဲ့ အချိုအချောင် ပစ်မှတ်တွေကို လိုက်လံခေါ်ယူနေမှုမှာ ကျေနပ်မနေသင့်ဘဲ အသင်းအတွက် ထိထိရောက်ရောက် အကျိုးပြုနိုင်မယ့် လက်စတာစီးတီးကွင်းလယ်ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆန်ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ရရှိဖို့ ကြိုးစားသင့်တယ်လို့ ပရိသတ်တွေ တောင်းဆိုခဲ့ကြ။

– အာဆင်နယ်အသင်းအနေနဲ့ ဒီနွေရာသီမှာ အသင်းရဲ့ အရန်ဂိုးသမား အဲလက်စ် ရူနာဆန်ကို ရှင်းထုတ်သွားဖို့ စီစဉ်နေပြီး လစ်လပ်သွားမယ့် နေရာအတွက် ဖူလ်ဟမ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာခဲ့တဲ့ ဂိုးသမား မားကပ်စ် ဘက်တီနယ်လီကို ခေါ်ယူလိုနေ။

– လီဗာပူးလ်အသင်းနဲ့အပြိုင် အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဟူဆင်းမ် အောဝါအတွက် လီယွန်အသင်းဘက်က မူလသတ်မှတ်ဈေး ယူရိုသန်း ၂၀ အစား ယူရိုသန်း ၃၀ အထိ တိုးမြှင့်သတ်မှတ်လိုက်မှုကြောင့် ပရိသတ်တွေ ဒေါသထွက်နေကြပြီး ရှုံ့ချည်နှပ်ချည်လုပ်တတ်တဲ့ အသင်းနဲ့ ဆက်ဆံမှု မပြုလုပ်ဖို့များလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ကင္းေထာက္အဖြဲ႕ဝင္ေတြရဲ႕ အကူအညီေတြနဲ႔ မွန္ကန္တဲ့ ကစားသမားေတြကို ေခၚယူေနတယ္လို႔ နည္းျပ မီခယ္လ္ အာတီတာက ေျပာၾကားလိုက္ၿပီး ၂၁ ႏွစ္သားေတြျဖစ္ၾကတဲ့ ႏူႏို တာဗာရက္စ္နဲ႔ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါတို႔ကို ေခၚယူအၿပီးမွာ အသင္းကို ေခါင္းေဆာင္မႈေပးႏိုင္တဲ့ ကစားသမားေကာင္းေတြကို ထပ္မံေခၚယူမယ္လို႔ ဆိုသြားခဲ့။

– ကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီအတြက္ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ကစားသမားအလိုက္ေပးကမ္းလွမ္းမႈကို ဆာဆူအိုလိုဘက္က လက္ခံလိုက္တယ္လို႔ သိရၿပီး အာဆင္နယ္တို႔အေနနဲ႔ ဝုလ္ဗ္စ္ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္အတြက္ပဲ ေျပာင္းလဲႀကိဳးစားရဖို႔ျဖစ္လာ။

– အာဆင္နယ္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာအတြက္ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ ရရွိႏိုင္ဖို႔ နီးစပ္ေနၿပီလို႔ သိရၿပီး အသက္ ၂၉ ႏွစ္အ႐ြယ္ ဆြစ္ဇာလန္အသင္းေခါင္းေဆာင္အေနနဲ႔ လာမယ့္ အပတ္ထဲမွာ စခန္းသြင္းေလ့က်င့္မယ့္ ႐ိုးမားအသင္းရဲ႕ ေပၚတူဂီ ထရိန္နင္ကို လိုက္ပါႏိုင္ဖြယ္ရွိေနတယ္လို႔ ဆိုေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ နံပါတ္ ၁ ဂိုးသမားေနရာကို ေပးအပ္ဖို႔အတြက္ ဘာစီလိုနာအသင္းရဲ႕ နီတိုကို စိတ္ဝင္စားေနၿပီး ဝက္စ္ဘ႐ြန္းအသင္းကေန ထြက္ခြာဖို႔ စဥ္းစားေနတဲ့ ဂိုးသမား ဆမ္ ဂြၽန္စတုန္းစ္ကိုလည္း ေစာင့္ၾကည့္ေနသလို ႏွစ္ဦးစလုံးအေနနဲ႔ လက္ရွိဂိုးသမား ဘန္းဒ္ လီႏိုကို အရန္ခုံ ပို႔ပစ္ႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းေနၾက။

– အဂၤလန္အသင္းနဲ႔ ယူ႐ို ၂၀၂၀ မွာ တစ္မိနစ္မွ ကစားခဲ့ရျခင္း မရွိေပမယ့္ ေနာက္ခံလူ ဘန္ဝႈိက္အေနနဲ႔ သူ႔ရဲ႕ ေႏြရာသီ အားလပ္ရက္ကေန ေစာေစာစီးစီး ျပန္လာၿပီး အာဆင္နယ္နဲ႔ စာခ်ဳပ္ဖို႔အတြက္ ရက္ကို ေရွ႕တိုးသြားမွာ မဟုတ္ေၾကာင္းနဲ႔ ဒီလ ၂၆ ရက္ေန႔ကသာ အေစာဆုံး ျဖစ္ႏိုင္ေၾကာင္း သိရ။

– အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းေတြက စိတ္ဝင္စားေနတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ဟာ ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ အစီအစဥ္ေတြထဲမွာ မပါဝင္တာေၾကာင့္ ထုတ္ေရာင္းဖို႔ပဲ ရွိေနၿပီး သတ္မွတ္ေဈး ေပါင္သန္း ၄၀ ကို မ်ားတယ္လို႔ ဆိုေနၾကခ်ိန္မွာ ဆယ္သန္းေလာက္ ထပ္မံေလွ်ာ့ခ်သြားဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိအေနအထားနဲ႔ အခ်ိဳအေခ်ာင္ ပစ္မွတ္ေတြကို လိုက္လံေခၚယူေနမႈမွာ ေက်နပ္မေနသင့္ဘဲ အသင္းအတြက္ ထိထိေရာက္ေရာက္ အက်ိဳးျပဳႏိုင္မယ့္ လက္စတာစီးတီးကြင္းလယ္ဖန္တီးရွင္ ဂ်ိမ္းစ္ မက္ဒီဆန္ကို ဘယ္နည္းနဲ႔ျဖစ္ျဖစ္ ရရွိဖို႔ ႀကိဳးစားသင့္တယ္လို႔ ပရိသတ္ေတြ ေတာင္းဆိုခဲ့ၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ဒီေႏြရာသီမွာ အသင္းရဲ႕ အရန္ဂိုးသမား အဲလက္စ္ ႐ူနာဆန္ကို ရွင္းထုတ္သြားဖို႔ စီစဥ္ေနၿပီး လစ္လပ္သြားမယ့္ ေနရာအတြက္ ဖူလ္ဟမ္အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာလာခဲ့တဲ့ ဂိုးသမား မားကပ္စ္ ဘက္တီနယ္လီကို ေခၚယူလိုေန။

– လီဗာပူးလ္အသင္းနဲ႔အၿပိဳင္ အာဆင္နယ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါအတြက္ လီယြန္အသင္းဘက္က မူလသတ္မွတ္ေဈး ယူ႐ိုသန္း ၂၀ အစား ယူ႐ိုသန္း ၃၀ အထိ တိုးျမႇင့္သတ္မွတ္လိုက္မႈေၾကာင့္ ပရိသတ္ေတြ ေဒါသထြက္ေနၾကၿပီး ရႈံ႕ခ်ည္ႏွပ္ခ်ည္လုပ္တတ္တဲ့ အသင္းနဲ႔ ဆက္ဆံမႈ မျပဳလုပ္ဖို႔မ်ားလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.