La Liga Premier League Serie A

“ထာဝရအကောင်းဆုံးကစားသမား GOAT ကိုရွေးပါဆိုရင် ကျွန်တော့်အတွက်တော့ CR7” လို့ပြောလိုက်တဲ့ ဒါးလော့

ကစားသမားဘဝ နေဝင်ချိန်မရောက်ခင်မှာ ဘယ်သူက ထာဝရအကောင်းဆုံးကစားသမားလဲဆိုတဲ့ ငြင်းခုန်မှုတွေကို ထပ်မံဖန်တီးခဲ့ပြန်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ တိုက်ပွဲက ယူနိုက်တက်ညာနောက်ခံလူ ဒီယိုဂို ဒါးလော့ဆီ မေးခွန်းတခုအနေနဲ့ ရောက်ရှိလာခဲ့ပြီး သူကတော့ သူ့အမြင်ကို ခပ်ရှင်းရှင်းပြတ်ပြတ်သာ ဖြေကြားသွားခဲ့ပါတယ်။

Onefootball ရဲ့ မေးမြန်းမှုမှာ ဒါးလော့ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကသာ ထာဝရအကောင်းဆုံးကစားသမားဖြစ်ကြောင်း တဲ့တိုးဖြေသွားခဲ့သလို ပေါ်တူဂီတနိုင်ငံတည်းသား အသင်းဖော်ဖြစ်နေတာကြောင့် သံယောဇဥ်ကိုထောက်ပြီး ရွေးချယ်ခြင်းမဟုတ်ဘဲ ပေါ်တူဂီနိုင်ငံသားချင်းဖြစ်နေလို့ ကြိုက်တာမဟုတ်၊ တကယ်ကြိုးစားလို့… တကယ်တော်လို့ ​ကြိုက်တာဆိုတဲ့ ယူနိုက်တက်လူငယ်လေးရဲ့စကားက နားရှင်းစေခဲ့ပါတယ်။

သူ့အနေနဲ့ ရော်နယ်ဒိုဟာ ​ကြိုးစားမှုရဲ့ ပြယုဂ်အဖြစ် ခံယူထားကြောင်း ချီးကျူးသွားခဲ့ပြီး ပရော်ဖက်ရှင်နယ်ပီသလွန်းတဲ့ သူ့ရဲ့စိတ်ဓာတ်မာထန်မှု အထူးအတုယူစရာဖြစ်ခဲ့ကြောင်း ဖွင့်ဟသွားခဲ့သလို ဆယ်စုနှစ်တခုကျော်တိုင်အောင် မက်ဆီလား၊ ရော်နယ်လ်ဒိုလားလို့ ငြင်းခုန်နေကြတဲ့ ဘောလုံးကမ္ဘာကြီးမှာ ဘလွန်ဒေါ ၅ ဆုရှင် ပေါ်တူဂီ GOAT ကြီးဘက်ကနေသာ ရပ်တည်သွားခဲ့တာပါ။

“ထာဝရအကောင်းဆုံးကစားသမား GOAT ကိုရွေးပါဆိုရင် ကျွန်တော့်အတွက်တော့ CR7 ပေါ့ဗျာ။ လူမှန်းသိတတ်စကတည်းက ရော်နယ်လ်ဒိုကို စွဲလန်းသွားပါတယ်။ ပေါ်တူဂီသားချင်းဖြစ်နေလို့၊ ဒါမှမဟုတ် သူ့ရဲ့ကစားဟန်ကြောင့် ကြိုက်မိတာမဟုတ်ပါဘူး။ သူ့ရဲ့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားမှုကို အဓိကကြိုက်နှစ်သက်ခဲ့လို့ ကျွန်တော်ရဲ့ စံပြပုဂ္ဂိုလ်လို့ ပြောချင်တာပါ”

“ပြီးပြည့်စုံတဲ့ အားကစားသမား၊ ပြီးပြည့်စုံတဲ့ ဘောလုံးသမားကို ခင်ဗျားရွေးချယ်မယ်ဆိုရင်တော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတဦးတည်းသာ ရှိပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ဘောလုံးကစားချင်စိတ်က သူ့ကြောင့် ဖြစ်တည်လာတာပါ။ ကလေးဘဝတည်းက လွှမ်းမိုးခဲ့တယ်။ ”

“ကျွန်တော် သူ့လို ကြိုးစားချင်တယ်။ ကိုယ်ပိုင်လမ်းကို ဖောက်ချင်တယ်။ ဒါ့အပြင် သူ့အကြောင်းကိုလည်း အနီးကပ်သိခွင့်ရချင်ပါသေးတယ်။ သူလုပ်ပြနေတဲ့အရာတွေဟာ ဘယ်လောက်တောင် မယုံကြည်နိုင်ဖွယ်ကောင်းသလဲဆိုတာကို အနီးကပ်ကြည့်ခွင့်ရချင်ပါသေးတယ်။” လို့ ဒါးလော့က သူ့ရဲ့အမြင်ကို ပြောပြသွားခဲ့ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ တွဲကစားထားဖူးတဲ့ ကစားသမားတွေထဲက အကောင်းဆုံးကိုရွေးပါဆိုရင် ယူနိုက်တက်ကွင်းလယ်လူ ဟွမ်မာတာကို ရွေးချယ်မယ်လို့ အံ့အားသင့်ဖွယ်ရာဖြေကြားခဲ့သလို “ကျွန်တော့်အနေနဲ့တော့ ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ချင်ပါသေးတယ်။ ဒါ့ထက် ပိုကောင်းမယ့်ခံစားချက်ဆိုတာ ရှိတော့မယ်​တောင် မထင်ပါဘူး” လို့ သူ့ရဲ့ အနာဂတ်မှာ အတောင့်တဆုံးဆုဖလားကိုလည်း ​ပြောပြလာခဲ့တာကို တွေ့ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ကစားသမားဘဝ ေနဝင္ခ်ိန္မေရာက္ခင္မွာ ဘယ္သူက ထာဝရအေကာင္းဆုံးကစားသမားလဲဆိုတဲ့ ျငင္းခုန္မႈေတြကို ထပ္မံဖန္တီးခဲ့ျပန္တဲ့ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရဲ႕ တိုက္ပြဲက ယူႏိုက္တက္ညာေနာက္ခံလူ ဒီယိုဂို ဒါးေလာ့ဆီ ေမးခြန္းတခုအေနနဲ႔ ေရာက္ရွိလာခဲ့ၿပီး သူကေတာ့ သူ႔အျမင္ကို ခပ္ရွင္းရွင္းျပတ္ျပတ္သာ ေျဖၾကားသြားခဲ့ပါတယ္။

Onefootball ရဲ႕ ေမးျမန္းမႈမွာ ဒါးေလာ့ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကသာ ထာဝရအေကာင္းဆုံးကစားသမားျဖစ္ေၾကာင္း တဲ့တိုးေျဖသြားခဲ့သလို ေပၚတူဂီတႏိုင္ငံတည္းသား အသင္းေဖာ္ျဖစ္ေနတာေၾကာင့္ သံေယာဇဥ္ကိုေထာက္ၿပီး ေ႐ြးခ်ယ္ျခင္းမဟုတ္ဘဲ ေပၚတူဂီႏိုင္ငံသားခ်င္းျဖစ္ေနလို႔ ႀကိဳက္တာမဟုတ္၊ တကယ္ႀကိဳးစားလို႔… တကယ္ေတာ္လို႔ ​ႀကိဳက္တာဆိုတဲ့ ယူႏိုက္တက္လူငယ္ေလးရဲ႕စကားက နားရွင္းေစခဲ့ပါတယ္။

သူ႔အေနနဲ႔ ေရာ္နယ္ဒိုဟာ ​ႀကိဳးစားမႈရဲ႕ ျပယုဂ္အျဖစ္ ခံယူထားေၾကာင္း ခ်ီးက်ဴးသြားခဲ့ၿပီး ပေရာ္ဖက္ရွင္နယ္ပီသလြန္းတဲ့ သူ႔ရဲ႕စိတ္ဓာတ္မာထန္မႈ အထူးအတုယူစရာျဖစ္ခဲ့ေၾကာင္း ဖြင့္ဟသြားခဲ့သလို ဆယ္စုႏွစ္တခုေက်ာ္တိုင္ေအာင္ မက္ဆီလား၊ ေရာ္နယ္လ္ဒိုလားလို႔ ျငင္းခုန္ေနၾကတဲ့ ေဘာလုံးကမာၻႀကီးမွာ ဘလြန္ေဒါ ၅ ဆုရွင္ ေပၚတူဂီ GOAT ႀကီးဘက္ကေနသာ ရပ္တည္သြားခဲ့တာပါ။

“ထာဝရအေကာင္းဆုံးကစားသမား GOAT ကိုေ႐ြးပါဆိုရင္ ကြၽန္ေတာ့္အတြက္ေတာ့ CR7 ေပါ့ဗ်ာ။ လူမွန္းသိတတ္စကတည္းက ေရာ္နယ္လ္ဒိုကို စြဲလန္းသြားပါတယ္။ ေပၚတူဂီသားခ်င္းျဖစ္ေနလို႔၊ ဒါမွမဟုတ္ သူ႔ရဲ႕ကစားဟန္ေၾကာင့္ ႀကိဳက္မိတာမဟုတ္ပါဘူး။ သူ႔ရဲ႕ ျပင္းျပင္းထန္ထန္ အလုပ္ႀကိဳးစားမႈကို အဓိကႀကိဳက္ႏွစ္သက္ခဲ့လို႔ ကြၽန္ေတာ္ရဲ႕ စံျပပုဂၢိဳလ္လို႔ ေျပာခ်င္တာပါ”

“ၿပီးျပည့္စုံတဲ့ အားကစားသမား၊ ၿပီးျပည့္စုံတဲ့ ေဘာလုံးသမားကို ခင္ဗ်ားေ႐ြးခ်ယ္မယ္ဆိုရင္ေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတဦးတည္းသာ ရွိပါလိမ့္မယ္။ ကြၽန္ေတာ့္ရဲ႕ ေဘာလုံးကစားခ်င္စိတ္က သူ႔ေၾကာင့္ ျဖစ္တည္လာတာပါ။ ကေလးဘဝတည္းက လႊမ္းမိုးခဲ့တယ္။ ”

“ကြၽန္ေတာ္ သူ႔လို ႀကိဳးစားခ်င္တယ္။ ကိုယ္ပိုင္လမ္းကို ေဖာက္ခ်င္တယ္။ ဒါ့အျပင္ သူ႔အေၾကာင္းကိုလည္း အနီးကပ္သိခြင့္ရခ်င္ပါေသးတယ္။ သူလုပ္ျပေနတဲ့အရာေတြဟာ ဘယ္ေလာက္ေတာင္ မယုံၾကည္ႏိုင္ဖြယ္ေကာင္းသလဲဆိုတာကို အနီးကပ္ၾကည့္ခြင့္ရခ်င္ပါေသးတယ္။” လို႔ ဒါးေလာ့က သူ႔ရဲ႕အျမင္ကို ေျပာျပသြားခဲ့ပါတယ္။

ဒါ့အျပင္ သူ႔အေနနဲ႔ တြဲကစားထားဖူးတဲ့ ကစားသမားေတြထဲက အေကာင္းဆုံးကိုေ႐ြးပါဆိုရင္ ယူႏိုက္တက္ကြင္းလယ္လူ ဟြမ္မာတာကို ေ႐ြးခ်ယ္မယ္လို႔ အံ့အားသင့္ဖြယ္ရာေျဖၾကားခဲ့သလို “ကြၽန္ေတာ့္အေနနဲ႔ေတာ့ ေပၚတူဂီအသင္းနဲ႔အတူ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခ်င္ပါေသးတယ္။ ဒါ့ထက္ ပိုေကာင္းမယ့္ခံစားခ်က္ဆိုတာ ရွိေတာ့မယ္​ေတာင္ မထင္ပါဘူး” လို႔ သူ႔ရဲ႕ အနာဂတ္မွာ အေတာင့္တဆုံးဆုဖလားကိုလည္း ​ေျပာျပလာခဲ့တာကို ေတြ႕ရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.