Premier League

19 Jun နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ချဲလ်ဆီးအသင်းရဲ့နောက်ခံလူ မာ့ခ် ဂွယ်ဟီကို ခရစ္စတယ်ပဲလေ့စ်အသင်းက ပေါင် ၁၈ သန်းဝန်းကျင်နဲ့ ခေါ်ယူလိုက်ကြောင်း သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း ပရိသတ်များက အသင်းရဲ့လူငယ်ကြယ်ပွင့်ကို လွယ်လွယ်လက်လွှတ်လို့ဆိုပြီး လူမှုကွန်ယက်တွေပေါ်မှာ ပေါက်ကွဲနေကြ။

ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ အသင်းနဲ့ စာချုပ်သစ်မချုပ်တော့ကြောင်း အသိပေးပြီးနောက်မှာ အပြောင်းအရွှေ့ဆို လူလည်ကျတတ်တဲ့ တူရင်ကလပ်က အာလင်း ဟာလန်းဘက် လှည့်လာတာကြောင့် ချဲလ်ဆီးအသင်းအတွက် နော်ဝေးသားကို ခေါ်ယူဖို့ ခက်ခဲလာနိုင်ကြောင်း ဝေဖန်နေကြ။

လီဗာပူးလ်အသင်းရဲ့ ၁၆ နှစ်အရွယ်ကစားသမား အီသန် အန်းနစ်ကို ချဲလ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကော့ဘ်ဟမ်းမှာ တွေ့ခဲ့ရလို့ လန်ဒန်ခြင်္သေ့ပြာတို့အနေနဲ့ ခြေစွမ်းထက်လူငယ်ကစားသမားတစ်ယောက်ကို အရခေါ်ယူနိုင်ခဲ့ပြီလားဆိုတာ စိတ်ဝင်စားစရာဖြစ်လာ။

ချဲလ်ဆီးအသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ကင်းစလီ ကိုမွန်ကို ခေါ်ယူဖို့အတွက် ဂျာမန်ဘီလူးတို့ အရင်နှစ်တွေကတည်းက အလိုရှိနေခဲ့တဲ့ အသင်းရဲ့တောင်ပံကစားသမား ကာလမ် ဟတ်ဒ်ဆန်-အိုဒွိုင်းနဲ့ ငွေကြေးတစ်ရပ်ပါ အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ ရှိနေကြောင်းသိရ။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးရဲ့ အေးဂျင့် ပလီနီ ဇာဟာဗီနဲ့ ဆက်‌ဆံရေးကောင်းမွန်တဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျကြောင့် ပိုလန်သားကို စတန်းဖို့ဒ်ဘရစ်ဂ်ျမြေက ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ အရောက်ခေါ်နိုင်မယ်လို့ ယုံကြည်နေကြ။

ပွဲဦးထွက်ရာသီမှာ ထင်သလောက် အလုပ်မဖြစ်ခဲ့တဲ့အပြင် အပိုင်ဂိုးသွင်းခွင့်အများအပြားကို ဒိုင်ခံဖြုန်းတီးခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာကို ရောင်းထုတ်ဖို့အတွက် ချဲလ်ဆီးအသင်းအနေနဲ့ စဉ်းစားနေပြီး အာလင်း ဟာလန်းကို ခေါ်ယူဖို့အတွက် ဂျာမန်သားကိုပါ ထည့်သွင်းပြီး ငွေကြေးတစ်ရပ်နဲ့ ကမ်းလှမ်းဖို့ ရှိနေကြောင်းသိရ။

ချဲလ်ဆီးကွင်းလယ်လူ ကွန်နာ ဂယ်လက်ဂါကို အသင်းက အငှားသာ စေလွှတ်ချင်နေပြီး လက်ရှိမှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ နယူးကာဆယ် ယူနိုက်တက်အသင်းတို့က ၂၁ နှစ်အရွယ် အင်္ဂလန်သားလေးကို အငှားနဲ့ ခေါ်ယူဖို့အတွက် ချိတ်ဆက်နေကြကြောင်း သတင်းတွေထွက်လာ။

ချဲလ်ဆီးအသင်းအနေနဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းဆီ ပေါင်သန်း ၄၀ နဲ့ ရောင်းချဖို့အတွက် နီးစပ်နေကြောင်း သတင်းတွေထွက်လာခဲ့ပြီးနောက်ပိုင်း လန်ဒန်ခြင်္သေ့ပြာပရိသတ်တွေက မြို့ခံပြိုင်ဘက်ကလွဲရင် တခြားအသင်းကိုရောင်းဖို့ လူမှုကွန်ယက်များပေါ်မှာ တိုက်တွန်းနေကြ။

ချဲလ်ဆီးအသင်းရဲ့ လူငယ်နောက်ခံလူ တီနို လစ်ဗရာမန်တိုကို ခေါ်ယူချင်တဲ့အသင်းတွေထဲ အက်စတန်ဗီလာအသင်းပါ ပါဝင်လာခဲ့ပြီး ဘရိုက်တန်၊ ဆောက်သမ်ပ်တန်နဲ့ အေစီမီလန်အသင်းတို့ကပါ စိတ်ဝင်စားနေတဲ့ သူ့ကို ပေါင် ၅ သိန်းဝန်းကျင်နဲ့ဆို ခေါ်ယူနိုင်မယ်လို့ ခန့်မှန်းနေကြ။

ထိပ်တန်းတိုက်စစ်မှူး ရှာဖွေနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ၃၃ ဂိုးအထိ သွင်းယူခဲ့တဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနီကို ခေါ်ယူဖို့အတွက် မျက်စိကျလာခဲ့ပြီး အသင်းပြောင်းသွားတဲ့ အိုလီဗီးယေး ဂျီရူးနဲ့ အသင်းကထွက်ခွာမယ့် တမ်မီ အေဘရာဟမ်တို့နေရာမှာ အစားထိုးဖို့ စီစဉ်နေကြောင်းသိရ။

ချဲလ်ဆီးအသင်းရဲ့အဓိကပစ်မှတ် အာလင်း ဟာလန်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အကြိုသဘောတူညီမှု ရယူထားပြီလို့ သတင်းတွေထွက်လာတာကြောင့် လန်ဒန်ခြင်္သေ့ပြာတို့အနေနဲ့ အင်တာမီလန်တိုက်စစ်မှူး ရိုမဲလူ လူကာကူးကို မြှားဦးလှည့်လာပြီး မီလန်မြို့ခံအသင်းဘက်ကလည်း ဆွေးနွေးဖို့ အသင့်ရှိနေကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGY:

ခ်ဲလ္ဆီးအသင္းရဲ႕ေနာက္ခံလူ မာ့ခ္ ဂြယ္ဟီကို ခရစၥတယ္ပဲေလ့စ္အသင္းက ေပါင္ ၁၈ သန္းဝန္းက်င္နဲ႔ ေခၚယူလိုက္ေၾကာင္း သတင္းေတြထြက္ေပၚလာၿပီးေနာက္ပိုင္း ပရိသတ္မ်ားက အသင္းရဲ႕လူငယ္ၾကယ္ပြင့္ကို လြယ္လြယ္လက္လႊတ္လို႔ဆိုၿပီး လူမႈကြန္ယက္ေတြေပၚမွာ ေပါက္ကြဲေနၾက။

ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ေတာ့ေၾကာင္း အသိေပးၿပီးေနာက္မွာ အေျပာင္းအေ႐ႊ႕ဆို လူလည္က်တတ္တဲ့ တူရင္ကလပ္က အာလင္း ဟာလန္းဘက္ လွည့္လာတာေၾကာင့္ ခ်ဲလ္ဆီးအသင္းအတြက္ ေနာ္ေဝးသားကို ေခၚယူဖို႔ ခက္ခဲလာႏိုင္ေၾကာင္း ေဝဖန္ေနၾက။

လီဗာပူးလ္အသင္းရဲ႕ ၁၆ ႏွစ္အ႐ြယ္ကစားသမား အီသန္ အန္းနစ္ကို ခ်ဲလ္ဆီးအသင္းရဲ႕ ေလ့က်င့္ေရးကြင္းျဖစ္တဲ့ ေကာ့ဘ္ဟမ္းမွာ ေတြ႕ခဲ့ရလို႔ လန္ဒန္ျခေသၤ့ျပာတို႔အေနနဲ႔ ေျခစြမ္းထက္လူငယ္ကစားသမားတစ္ေယာက္ကို အရေခၚယူႏိုင္ခဲ့ၿပီလားဆိုတာ စိတ္ဝင္စားစရာျဖစ္လာ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ကင္းစလီ ကိုမြန္ကို ေခၚယူဖို႔အတြက္ ဂ်ာမန္ဘီလူးတို႔ အရင္ႏွစ္ေတြကတည္းက အလိုရွိေနခဲ့တဲ့ အသင္းရဲ႕ေတာင္ပံကစားသမား ကာလမ္ ဟတ္ဒ္ဆန္-အိုဒြိဳင္းနဲ႔ ေငြေၾကးတစ္ရပ္ပါ အလိုက္ေပးၿပီး ကမ္းလွမ္းသြားဖို႔ ရွိေနေၾကာင္းသိရ။

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးရဲ႕ ေအးဂ်င့္ ပလီနီ ဇာဟာဗီနဲ႔ ဆက္‌ဆံေရးေကာင္းမြန္တဲ့ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ္်ေၾကာင့္ ပိုလန္သားကို စတန္းဖို႔ဒ္ဘရစ္ဂ္်ေျမက ေပါင္သန္း ၅၀ ဝန္းက်င္နဲ႔ အေရာက္ေခၚႏိုင္မယ္လို႔ ယုံၾကည္ေနၾက။

ပြဲဦးထြက္ရာသီမွာ ထင္သေလာက္ အလုပ္မျဖစ္ခဲ့တဲ့အျပင္ အပိုင္ဂိုးသြင္းခြင့္အမ်ားအျပားကို ဒိုင္ခံျဖဳန္းတီးခဲ့တဲ့ တိုက္စစ္မႉး တီမို ဗာနာကို ေရာင္းထုတ္ဖို႔အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ စဥ္းစားေနၿပီး အာလင္း ဟာလန္းကို ေခၚယူဖို႔အတြက္ ဂ်ာမန္သားကိုပါ ထည့္သြင္းၿပီး ေငြေၾကးတစ္ရပ္နဲ႔ ကမ္းလွမ္းဖို႔ ရွိေနေၾကာင္းသိရ။

ခ်ဲလ္ဆီးကြင္းလယ္လူ ကြန္နာ ဂယ္လက္ဂါကို အသင္းက အငွားသာ ေစလႊတ္ခ်င္ေနၿပီး လက္ရွိမွာေတာ့ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ နယူးကာဆယ္ ယူႏိုက္တက္အသင္းတို႔က ၂၁ ႏွစ္အ႐ြယ္ အဂၤလန္သားေလးကို အငွားနဲ႔ ေခၚယူဖို႔အတြက္ ခ်ိတ္ဆက္ေနၾကေၾကာင္း သတင္းေတြထြက္လာ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္အသင္းဆီ ေပါင္သန္း ၄၀ နဲ႔ ေရာင္းခ်ဖို႔အတြက္ နီးစပ္ေနေၾကာင္း သတင္းေတြထြက္လာခဲ့ၿပီးေနာက္ပိုင္း လန္ဒန္ျခေသၤ့ျပာပရိသတ္ေတြက ၿမိဳ႕ခံၿပိဳင္ဘက္ကလြဲရင္ တျခားအသင္းကိုေရာင္းဖို႔ လူမႈကြန္ယက္မ်ားေပၚမွာ တိုက္တြန္းေနၾက။

ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ေနာက္ခံလူ တီႏို လစ္ဗရာမန္တိုကို ေခၚယူခ်င္တဲ့အသင္းေတြထဲ အက္စတန္ဗီလာအသင္းပါ ပါဝင္လာခဲ့ၿပီး ဘ႐ိုက္တန္၊ ေဆာက္သမ္ပ္တန္နဲ႔ ေအစီမီလန္အသင္းတို႔ကပါ စိတ္ဝင္စားေနတဲ့ သူ႔ကို ေပါင္ ၅ သိန္းဝန္းက်င္နဲ႔ဆို ေခၚယူႏိုင္မယ္လို႔ ခန႔္မွန္းေနၾက။

ထိပ္တန္းတိုက္စစ္မႉး ရွာေဖြေနတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက ၃၃ ဂိုးအထိ သြင္းယူခဲ့တဲ့ ဘရန႔္ဖို႔ဒ္တိုက္စစ္မႉး အိုင္ဗန္ တိုနီကို ေခၚယူဖို႔အတြက္ မ်က္စိက်လာခဲ့ၿပီး အသင္းေျပာင္းသြားတဲ့ အိုလီဗီးေယး ဂ်ီ႐ူးနဲ႔ အသင္းကထြက္ခြာမယ့္ တမ္မီ ေအဘရာဟမ္တို႔ေနရာမွာ အစားထိုးဖို႔ စီစဥ္ေနေၾကာင္းသိရ။

ခ်ဲလ္ဆီးအသင္းရဲ႕အဓိကပစ္မွတ္ အာလင္း ဟာလန္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အႀကိဳသေဘာတူညီမႈ ရယူထားၿပီလို႔ သတင္းေတြထြက္လာတာေၾကာင့္ လန္ဒန္ျခေသၤ့ျပာတို႔အေနနဲ႔ အင္တာမီလန္တိုက္စစ္မႉး ႐ိုမဲလူ လူကာကူးကို ျမႇားဦးလွည့္လာၿပီး မီလန္ၿမိဳ႕ခံအသင္းဘက္ကလည္း ေဆြးေႏြးဖို႔ အသင့္ရွိေနေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.