Premier League Transfer News

ဥရောပအသင်းကြီးတွေ ရန်ရှိနေတဲ့ လီဗာပူးလ်တို့ ဘယ်သူတွေကို စာချုပ်သစ်ချုပ်သွားမလဲ

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းကြီးတစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းအနေနဲ့ ပြည်တွင်းမှာ တခြားအသင်းကြီးတွေဆီ ကစားသမားတွေကို လက်လွှတ်ဆုံးရှုံးရမယ့် ပြဿနာမျိုး ရှိမနေပေမယ့် လူ့သဘာဝအရ အပြောင်းအလဲနဲ့ စွန့်စားခန်းကို လိုချင်ကြချိန်မှာ ဥရောပအသင်းကြီးတွေရဲ့ ရန်က ကစားသမားတွေကို ထိန်းသိမ်းဖို့တော့ ခေါင်းစားနေခဲ့ရတာပါ။

အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်နဲ့အတူ အဓိကတိုက်စစ်မှူးတွေဖြစ်ကြတဲ့ မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့ကိုလည်း ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့လို အသင်းတွေက ငွေမသုံးနိုင်လည်း ကစားသမားအလဲအထပ် ဥရောပအောင်မြင်မှုတွေ၊ ဆုဖလားအသစ်တွေနဲ့ စည်းရုံးသွားနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာကြောင့် သူတို့တွေရဲ့ စာချုပ်လက်ကျန်က နှစ်နှစ်အောက်ကို လျော့နည်းလာချိန်မှာ အရာရာကို ကိုယ့်ဘက်က ထိန်းချုပ်နိုင်ဖို့အတွက် သက်တမ်းတိုးနိုင်ဖို့က အရေးပါလာခဲ့ပါတယ်။

၁။ ဂျော်ဒန် ဟန်ဒါဆန်
လီဗာပူးလ်အသင်းခေါင်းဆောင်ဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် အသင်းကို ကူညီကစားနိုင်လို့ နာမည်ကြီးသူဖြစ်ပြီး စိတ်ဓာတ်နဲ့ တိုက်ရည်ခိုက်ရည်ကလည်း ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီနဲ့ အသလက်တီကို မက်ဒရစ်အသင်းတွေကို စိတ်ဝင်စားစေပါတယ်။ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူရဲ့ လက်ကျန် စာချုပ်ကို သက်တမ်းတိုးဖို့ ရှိနေပေမယ့် ၂၀၂၃ မှာ အသက် ၃၃ နှစ်အရွယ်ရှိမှာဖြစ်လို့ အန်းဖီးလ်ဘက်က စဉ်းစားနေဆဲပါ။

၂။ ဖာဘင်ညို
အသင်းရဲ့ အဓိက ခံစစ်စွမ်းဆောင်ရည်ပေးတဲ့ ကစားသမားဖြစ်ပြီး ကွင်းလယ်အဖျက်မှာရော ဗဟိုခံစစ်မှာပါ သက်တောင့်သက်သာ ကစားနိုင်တဲ့ ဘရာဇီးလ်သားဟာ ပြီးခဲ့တဲ့နှစ်က လီဗာပူးနောက်တန်းကို ဦးဆောင်ခဲ့သူပါ။ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ အသင်းရဲ့ နှလုံးသည်းပွတ်နေရာက ပါဝင်နေတဲ့ ကစားသမားမျိုးဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေကို သိမ်းပိုက်ရာမှာ အရေးပါခဲ့သလို အသက်အရွယ်အရလည်း အကောင်းဆုံး အနေအထားမှာ ရှိနေလို့ သက်တမ်းတိုးသွားဖို့ ပြင်ဆင်နေပါတယ်။

၃။ နာဘီ ကီးတား
အသက် ၂၆ နှစ်အရွယ် ဂီနီကွင်းလယ်လူကို လီဗာပူးလ်ပရိသတ်တွေတောင်မှ အကဲမဖြတ်တတ်ပါဘူး။ ကြံ့ခိုင်မှု မတည်ငြိမ်သလို ဒဏ်ရာတွေက ရှင်းရှင်းလင်းလင်း မပျောက်ကင်းဘဲ ကစားနေတာက သူ့ရဲ့ ကွင်းတွင်း ခြေစွမ်းကိုပါ ထိခိုက်စေပါတယ်။ ကောင်းတဲ့နေ့မှာ မိုးပျံနေပြီး ဆိုးတဲ့နေ့မှာ ကွင်းထဲ ရှိရဲ့လားတောင် မေးယူရတဲ့ ကီးတားကို နည်းပြ ယာဂန် ကလော့ပ်ကတော့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှု တည်ငြိမ်ဖို့ သတိပေးထားပြီး စာချုပ်သက်တမ်းတိုးဖို့ထက် ဝယ်လက်ရှိရင် ရောင်းထုတ်သွားဖို့ပဲ ရှိနေတာပါ။

၄။ အဲလက်စ် အောက်ဇလိတ်-ချိမ်ဘာလိန်
အာဆင်နယ်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ချိမ်ဘာလိန်ဟာ အသင်းမှာ နည်းစနစ်ပိုင်းအရ တန်ဖိုးရှိသူဖြစ်ပြီး တစ်ထောင့်တစ်နေရာက အကျိုးပြုခဲ့သူဖြစ်ပါတယ်။ ဒဏ်ရာတွေနဲ့ နပမ်းလုံးနေရပေမယ့် ပါဝင်ကစားခွင့်ရတိုင်း ကြိုးစားတဲ့ ပုံစံက ပရိသတ်တွေဆီက ခွင့်လွှတ်မှုတွေ ရရှိစေပြီး ၂၀၂၀-၂၁ ရာသီကိုတော့ သူ့အနေနဲ့ သူ့ကိုယ်သူ မကျေနပ်ဘူးလို့ ဝန်ခံထားခဲ့တာပါ။ သူ့ရဲ့ အတွေ့အကြုံနဲ့ ငယ်မွေးခြံပေါက်ကစားသမားအဖြစ် သတ်မှတ်ခံရမှုက သက်တမ်းတိုးတဲ့ဘက်ကို ရောက်သွားဖို့တော့ များနေပါတယ်။

၅။ ချာဒန် ရှာကျီရီ
ဆွစ်ဇာလန်အသင်းမှာဆို ပုံမှန်ခြေစွမ်းပြလေ့ရှိတဲ့ တောင်ပံကစားသမားဟာ လီဗာပူးလ်ရဲ့ ညာတောင်ပံမှာတော့ ဆာလားကို မကျော်နိုင်သလို ကွင်းလယ်ကိုပါ ဆင်းကစားရတဲ့ နေ့တွေမှာလည်း ကံမကောင်းတဲ့နေ့တွေဆို ကာယအားသုံးတဲ့ ပြိုင်ဘက်တွေကြားမှာ နစ်မြုပ်တတ်ပါသေးတယ်။ စတုတ်ကနေ ပေါင် ၁၃ သန်းနဲ့ ရောက်လာအပြီးမှာ သူ့ရဲ့ နာမည်နဲ့ ကလပ်ရဲ့ ပေးနိုင်တဲ့ ကစားခွင့်က မမျှတဘဲဖြစ်နေပြီး ကမ်းလှမ်းမှုရှိတာနဲ့ ရောင်းချဖို့ ပြင်ဆင်နေသလို အလိုက်ပေးမှုတွေမှာပါ သုံးစွဲဖို့ မိုက်ကယ် အက်ဒ်ဝပ်က ကြံစည်နေပုံပါပဲ။

၆။ မိုဟာမက် ဆာလား
ခြေစွမ်းမကောင်းလည်း ဂိုးတွေ သွင်းနေတဲ့ အီဂျစ်သားကို ဆက်လက်ထိန်းသိမ်းဖို့က အန်းဖီးလ်ရဲ့ နံပါတ်တစ် အစီအစဉ်ဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်မှာ ရိုးသွားခဲ့တဲ့ စိန်ခေါ်မှုတွေကနေ ရုန်းထွက်ပြီး သူ့ရဲ့ အိပ်မက်တွေရှိရာ စပိန်မြေကို သွားဖို့က အသက် ၂၉ နှစ်အရွယ်ဟာ နောက်ဆုံးအခွင့်အရေး ဖြစ်နေနိုင်သလို ငွေကျပ်နေပေမယ့် ကစားသမားအလိုက်ပေးပြီး အရစ်ကျ ကမ်းလှမ်းလာနိုင်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ဆွဲဆောင်မှုတွေနဲ့ လီဗာပူးလ်တို့ကြား ရွေးချယ်ဖို့က ဆာလားရဲ့ ဆန္ဒပဲဖြစ်မှာပါ။

၇။ ရောဘတ်တို ဖာမီနို
ဖာမီနိုရဲ့ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းကတော့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တာပါ။ ဖန်တီးမှုဘက်နဲ့ ဆာလား၊ မာနေးတို့ကို အကျိုးပြုဖို့ဘက်ကို သိပ်ရောက်သွားခဲ့ပြီး Dummy Run နဲ့ ဧရိယာထဲ ပေးပို့မှုလောက်နဲ့သာ ကျေနပ်နေတဲ့ ဘရာဇီးလ်သားဟာ တစ်ရာသီလုံးမှာ ၄၈ ပွဲ ကစားခဲ့ရာမှာ ၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း နှစ်ရာသီဆက်ပြီး ဂဏန်းနှစ်လုံးကို မတက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒီယိုဂို ဂျိုတာရဲ့ နေရာခြိမ်းခြောက်မှုကိုပါ ခံနေရတဲ့ သူ့ကို သက်တမ်းတိုးဖို့ထက် ကမ်းလှမ်းမှုတွေကိုပဲ လီဗာပူးလ်တို့ အရင်စောင့်ကြည့်သွားမယ့်ပုံပါ။

၈။ ဆာဒီယို မာနေး
ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းကျဆင်းခဲ့မှုနဲ့ ကြံ့ခိုင်မှု မပြည့်တဲ့ ပုံစံက ဖာမီနိုလောက် မဆိုးပေမယ့် သိသာစပြုလာခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ပဲဖြစ်တဲ့ မာနေးဟာ တစ်ရာသီအတွင်းမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုးနဲ့ ဖန်တီးမှု ၈ ကြိမ်သာ ရယူနိုင်ခဲ့ပြီး ပရိသတ်တွေ မျှော်လင့်ထားတာထက် နိမ့်ပါးတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ချိန်မှာ လီဗာပူးလ်တို့အနေနဲ့ ရောင်းထုတ်ဖို့ကို ပိုစဉ်းစားနိုင်ပြီး လိုချင်တဲ့ အသင်းတွေနဲ့ ဆွေးနွေးလို့ကောင်းအောင်တော့ စာချုပ်သက်တမ်းကြိုတိုးထားဖွယ်ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးအသင္းႀကီးတစ္သင္းျဖစ္တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ျပည္တြင္းမွာ တျခားအသင္းႀကီးေတြဆီ ကစားသမားေတြကို လက္လႊတ္ဆုံးရႈံးရမယ့္ ျပႆနာမ်ိဳး ရွိမေနေပမယ့္ လူ႔သဘာဝအရ အေျပာင္းအလဲနဲ႔ စြန႔္စားခန္းကို လိုခ်င္ၾကခ်ိန္မွာ ဥေရာပအသင္းႀကီးေတြရဲ႕ ရန္က ကစားသမားေတြကို ထိန္းသိမ္းဖို႔ေတာ့ ေခါင္းစားေနခဲ့ရတာပါ။

အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔အတူ အဓိကတိုက္စစ္မႉးေတြျဖစ္ၾကတဲ့ မိုဟာမက္ ဆာလားနဲ႔ ဆာဒီယို မာေနးတို႔ကိုလည္း ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္တို႔လို အသင္းေတြက ေငြမသုံးႏိုင္လည္း ကစားသမားအလဲအထပ္ ဥေရာပေအာင္ျမင္မႈေတြ၊ ဆုဖလားအသစ္ေတြနဲ႔ စည္း႐ုံးသြားႏိုင္တဲ့ အေျခအေနနဲ႔ ႀကဳံေတြ႕ေနရတာေၾကာင့္ သူတို႔ေတြရဲ႕ စာခ်ဳပ္လက္က်န္က ႏွစ္ႏွစ္ေအာက္ကို ေလ်ာ့နည္းလာခ်ိန္မွာ အရာရာကို ကိုယ့္ဘက္က ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ သက္တမ္းတိုးႏိုင္ဖို႔က အေရးပါလာခဲ့ပါတယ္။

၁။ ေဂ်ာ္ဒန္ ဟန္ဒါဆန္
လီဗာပူးလ္အသင္းေခါင္းေဆာင္ဟာ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အသင္းကို ကူညီကစားႏိုင္လို႔ နာမည္ႀကီးသူျဖစ္ၿပီး စိတ္ဓာတ္နဲ႔ တိုက္ရည္ခိုက္ရည္ကလည္း ဂ်ဴဗင္တပ္စ္၊ ပီအက္စ္ဂ်ီနဲ႔ အသလက္တီကို မက္ဒရစ္အသင္းေတြကို စိတ္ဝင္စားေစပါတယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္ ကြင္းလယ္လူရဲ႕ လက္က်န္ စာခ်ဳပ္ကို သက္တမ္းတိုးဖို႔ ရွိေနေပမယ့္ ၂၀၂၃ မွာ အသက္ ၃၃ ႏွစ္အ႐ြယ္ရွိမွာျဖစ္လို႔ အန္းဖီးလ္ဘက္က စဥ္းစားေနဆဲပါ။

၂။ ဖာဘင္ညိဳ
အသင္းရဲ႕ အဓိက ခံစစ္စြမ္းေဆာင္ရည္ေပးတဲ့ ကစားသမားျဖစ္ၿပီး ကြင္းလယ္အဖ်က္မွာေရာ ဗဟိုခံစစ္မွာပါ သက္ေတာင့္သက္သာ ကစားႏိုင္တဲ့ ဘရာဇီးလ္သားဟာ ၿပီးခဲ့တဲ့ႏွစ္က လီဗာပူးေနာက္တန္းကို ဦးေဆာင္ခဲ့သူပါ။ အသက္ ၂၇ ႏွစ္အ႐ြယ္ ကစားသမားဟာ အသင္းရဲ႕ ႏွလုံးသည္းပြတ္ေနရာက ပါဝင္ေနတဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ဖလားေတြကို သိမ္းပိုက္ရာမွာ အေရးပါခဲ့သလို အသက္အ႐ြယ္အရလည္း အေကာင္းဆုံး အေနအထားမွာ ရွိေနလို႔ သက္တမ္းတိုးသြားဖို႔ ျပင္ဆင္ေနပါတယ္။

၃။ နာဘီ ကီးတား
အသက္ ၂၆ ႏွစ္အ႐ြယ္ ဂီနီကြင္းလယ္လူကို လီဗာပူးလ္ပရိသတ္ေတြေတာင္မွ အကဲမျဖတ္တတ္ပါဘူး။ ႀကံ့ခိုင္မႈ မတည္ၿငိမ္သလို ဒဏ္ရာေတြက ရွင္းရွင္းလင္းလင္း မေပ်ာက္ကင္းဘဲ ကစားေနတာက သူ႔ရဲ႕ ကြင္းတြင္း ေျခစြမ္းကိုပါ ထိခိုက္ေစပါတယ္။ ေကာင္းတဲ့ေန႔မွာ မိုးပ်ံေနၿပီး ဆိုးတဲ့ေန႔မွာ ကြင္းထဲ ရွိရဲ႕လားေတာင္ ေမးယူရတဲ့ ကီးတားကို နည္းျပ ယာဂန္ ကေလာ့ပ္ကေတာ့ ေျခစြမ္းနဲ႔ ႀကံ့ခိုင္မႈ တည္ၿငိမ္ဖို႔ သတိေပးထားၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔ထက္ ဝယ္လက္ရွိရင္ ေရာင္းထုတ္သြားဖို႔ပဲ ရွိေနတာပါ။

၄။ အဲလက္စ္ ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္
အာဆင္နယ္အသင္းကေန ေပါင္ ၃၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ခ်ိမ္ဘာလိန္ဟာ အသင္းမွာ နည္းစနစ္ပိုင္းအရ တန္ဖိုးရွိသူျဖစ္ၿပီး တစ္ေထာင့္တစ္ေနရာက အက်ိဳးျပဳခဲ့သူျဖစ္ပါတယ္။ ဒဏ္ရာေတြနဲ႔ နပမ္းလုံးေနရေပမယ့္ ပါဝင္ကစားခြင့္ရတိုင္း ႀကိဳးစားတဲ့ ပုံစံက ပရိသတ္ေတြဆီက ခြင့္လႊတ္မႈေတြ ရရွိေစၿပီး ၂၀၂၀-၂၁ ရာသီကိုေတာ့ သူ႔အေနနဲ႔ သူ႔ကိုယ္သူ မေက်နပ္ဘူးလို႔ ဝန္ခံထားခဲ့တာပါ။ သူ႔ရဲ႕ အေတြ႕အႀကဳံနဲ႔ ငယ္ေမြးၿခံေပါက္ကစားသမားအျဖစ္ သတ္မွတ္ခံရမႈက သက္တမ္းတိုးတဲ့ဘက္ကို ေရာက္သြားဖို႔ေတာ့ မ်ားေနပါတယ္။

၅။ ခ်ာဒန္ ရွာက်ီရီ
ဆြစ္ဇာလန္အသင္းမွာဆို ပုံမွန္ေျခစြမ္းျပေလ့ရွိတဲ့ ေတာင္ပံကစားသမားဟာ လီဗာပူးလ္ရဲ႕ ညာေတာင္ပံမွာေတာ့ ဆာလားကို မေက်ာ္ႏိုင္သလို ကြင္းလယ္ကိုပါ ဆင္းကစားရတဲ့ ေန႔ေတြမွာလည္း ကံမေကာင္းတဲ့ေန႔ေတြဆို ကာယအားသုံးတဲ့ ၿပိဳင္ဘက္ေတြၾကားမွာ နစ္ျမဳပ္တတ္ပါေသးတယ္။ စတုတ္ကေန ေပါင္ ၁၃ သန္းနဲ႔ ေရာက္လာအၿပီးမွာ သူ႔ရဲ႕ နာမည္နဲ႔ ကလပ္ရဲ႕ ေပးႏိုင္တဲ့ ကစားခြင့္က မမွ်တဘဲျဖစ္ေနၿပီး ကမ္းလွမ္းမႈရွိတာနဲ႔ ေရာင္းခ်ဖို႔ ျပင္ဆင္ေနသလို အလိုက္ေပးမႈေတြမွာပါ သုံးစြဲဖို႔ မိုက္ကယ္ အက္ဒ္ဝပ္က ႀကံစည္ေနပုံပါပဲ။

၆။ မိုဟာမက္ ဆာလား
ေျခစြမ္းမေကာင္းလည္း ဂိုးေတြ သြင္းေနတဲ့ အီဂ်စ္သားကို ဆက္လက္ထိန္းသိမ္းဖို႔က အန္းဖီးလ္ရဲ႕ နံပါတ္တစ္ အစီအစဥ္ျဖစ္ပါတယ္။ ဒါေပမယ့္ အဂၤလန္မွာ ႐ိုးသြားခဲ့တဲ့ စိန္ေခၚမႈေတြကေန ႐ုန္းထြက္ၿပီး သူ႔ရဲ႕ အိပ္မက္ေတြရွိရာ စပိန္ေျမကို သြားဖို႔က အသက္ ၂၉ ႏွစ္အ႐ြယ္ဟာ ေနာက္ဆုံးအခြင့္အေရး ျဖစ္ေနႏိုင္သလို ေငြက်ပ္ေနေပမယ့္ ကစားသမားအလိုက္ေပးၿပီး အရစ္က် ကမ္းလွမ္းလာႏိုင္တဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ ဆြဲေဆာင္မႈေတြနဲ႔ လီဗာပူးလ္တို႔ၾကား ေ႐ြးခ်ယ္ဖို႔က ဆာလားရဲ႕ ဆႏၵပဲျဖစ္မွာပါ။

၇။ ေရာဘတ္တို ဖာမီႏို
ဖာမီႏိုရဲ႕ ၿပီးခဲ့တဲ့ ရာသီက ေျခစြမ္းကေတာ့ ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့တာပါ။ ဖန္တီးမႈဘက္နဲ႔ ဆာလား၊ မာေနးတို႔ကို အက်ိဳးျပဳဖို႔ဘက္ကို သိပ္ေရာက္သြားခဲ့ၿပီး Dummy Run နဲ႔ ဧရိယာထဲ ေပးပို႔မႈေလာက္နဲ႔သာ ေက်နပ္ေနတဲ့ ဘရာဇီးလ္သားဟာ တစ္ရာသီလုံးမွာ ၄၈ ပြဲ ကစားခဲ့ရာမွာ ၉ ဂိုးသာ သြင္းယူႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာလည္း ႏွစ္ရာသီဆက္ၿပီး ဂဏန္းႏွစ္လုံးကို မတက္ႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒီယိုဂို ဂ်ိဳတာရဲ႕ ေနရာၿခိမ္းေျခာက္မႈကိုပါ ခံေနရတဲ့ သူ႔ကို သက္တမ္းတိုးဖို႔ထက္ ကမ္းလွမ္းမႈေတြကိုပဲ လီဗာပူးလ္တို႔ အရင္ေစာင့္ၾကည့္သြားမယ့္ပုံပါ။

၈။ ဆာဒီယို မာေနး
ၿပီးခဲ့တဲ့ ရာသီမွာ ေျခစြမ္းက်ဆင္းခဲ့မႈနဲ႔ ႀကံ့ခိုင္မႈ မျပည့္တဲ့ ပုံစံက ဖာမီႏိုေလာက္ မဆိုးေပမယ့္ သိသာစျပဳလာခဲ့ပါတယ္။ အသက္ ၂၉ ႏွစ္အ႐ြယ္ပဲျဖစ္တဲ့ မာေနးဟာ တစ္ရာသီအတြင္းမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၁၁ ဂိုးနဲ႔ ဖန္တီးမႈ ၈ ႀကိမ္သာ ရယူႏိုင္ခဲ့ၿပီး ပရိသတ္ေတြ ေမွ်ာ္လင့္ထားတာထက္ နိမ့္ပါးတဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့ခ်ိန္မွာ လီဗာပူးလ္တို႔အေနနဲ႔ ေရာင္းထုတ္ဖို႔ကို ပိုစဥ္းစားႏိုင္ၿပီး လိုခ်င္တဲ့ အသင္းေတြနဲ႔ ေဆြးေႏြးလို႔ေကာင္းေအာင္ေတာ့ စာခ်ဳပ္သက္တမ္းႀကိဳတိုးထားဖြယ္ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.