Premier League Transfer News

19 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ဆာဆူအိုလိုကွင်းလယ်လူ မာနူယယ် လိုကာတယ်လီအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ကို ပေးချေဖို့ အချိန်မရွေးအသင့်ပဲလို့ ပြောကြားထားခဲ့ပြီး အီတလီလက်ရွေးစင်နဲ့ ဂျူဗင်တပ်စ်တို့ ဇာတ်လမ်းပြတ်တာနဲ့ ခေါ်ယူသွားနိုင်ဖို့ ပြင်ဆင်နေ။

– အသင်းကို ခေါ်ယူဖို့ ဘရိုက်တန်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီဖြစ်တဲ့ နောက်ခံလူ ဘန်ဝှိုက်ကို သူ့ရဲ့ နွေရာသီ အားလပ်ရက်ကနေ ပြန်လာတဲ့အခါမှာ အာဆင်နယ်တို့ ဆေးစစ်မှာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၂၆ ရက်နောက်ပိုင်းဖြစ်နိုင်သလို တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနှစ်သောင်း ပေးချေဖို့ သဘောတူညီထား။

– အာဆင်နယ်အသင်းရဲ့ နောက်ထပ် လုပ်ဆောင်မယ့် အိမ်စာကတော့ ဟက်တာ ဘယ်လာရင်ကို နွေရာသီမှာ ဖြစ်တဲ့နည်းနဲ့ ရှင်းထုတ်ဖို့ဖြစ်ပြီး သူ့နေရာအတွက် နော့ဝစ်ချ်နောက်ခံလူ မက်စ် အာရွန်စ်ကို ပြန်လည်ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပြီး အသလက်တီကို မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေ။

– လိဒ်စ်ယူနိုက်တက်နဲ့ မန်စီးတီးနောက်ခံလူဟောင်း ဒန်နီမီးလ်စ်က အာဆင်နယ်အသင်းဆီ ဘန်ဝှိုက် ရောက်တော့မယ်ဆိုတာအတွက် အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလိုက်ပြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ သူ့ကို မခေါ်တာအတွက်လည်း ထူးဆန်းနေမိတယ်လို့ အသင်းတွေနဲ့ ကစားသမားကြား ကလိသွားခဲ့။

– ကွင်းလယ်လူ ဂရာနစ် ချာကာအနေနဲ့ ရိုးမားအသင်းကို ပြောင်းရွှေ့နိုင်ဖို့ ခြေလှမ်းက အဝေးကြီးမှာပဲ ရှိနေသေးတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး ယူရိုမှာ ခြေစွမ်းပြခဲ့တဲ့ ဆွစ်ဇာလန်သားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၂၀ မပေးဘူးဆိုရင် အာဆင်နယ်ဘက်က ပျော်ပျော်ကြီး ထိန်းသိမ်းသွားဖို့ရှိနေ။

– မာတင် အော်ဒီဂွါဒ်အတွက် ကွက်လပ်ပြန်ဖြစ်သွားခဲ့တဲ့ အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် နံပါတ် ၁၀ နေရာအတွက် နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ခေါင်းခဲနေရဆဲဖြစ်ပြီး သူ့ကို ပြန်လည်ခေါ်ယူဖို့နဲ့ လီယွန်ရဲ့ ဟူဆင်းမ် အောဝါကို ခေါ်ယူဖို့ မအောင်မြင်ခဲ့ရင် အာဆင်နယ်တို့ အနေနဲ့ အီမီးလ် စမစ်ရိုးကိုပဲ အားကိုးရဖို့ရှိနေ။

– လူငယ်တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်အနေနဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းအချို့နဲ့ ချိတ်ဆက်နေတယ်လို့ သိရပြီး ဘရိုက်တန်နဲ့ ခရစ္စတယ်လ်ပဲလေ့စ်တို့က ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေချိန်မှာ ဂရေဟမ် ပေါ့တာရဲ့ ကစားသမားတွေကို သဘောကျတဲ့ အာဆင်နယ် နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဘယ်လို ကုလားဖန်ထိုးမလဲ စောင့်ကြည့်ရဖို့ရှိလာ။

– မြို့ခံ အင်အားကြီးကလပ်တွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတွေက စိတ်ဝင်စားပြီး စောင့်ကြည့်နေတဲ့ ပရီးမီးယားလိဂ်တန်းတက် ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှူး အိုင်ဗန် တုန်နီအတွက် ရောင်းချဖို့ စိတ်ကူးမရှိဘူးလို့ ပျားတွေရဲ့ နည်းပြ သောမတ်စ် ဖရန့်ခ်က ပြောကြားလိုက်ပြီး သူ့ရဲ့ ချန်ပီယံရှစ်မှာ ၃၁ ဂိုးရခဲ့တဲ့ ခြေစွမ်းကို လန်ဒန်ကလပ်အသင်းတော်တော်များများက သဘောကျပြီး ခေါ်ယူလိုနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ချာကာ ထွက်ခွာသွားနိုင်တဲ့ နေရာအတွက် သူနဲ့ ကစားပုံဆင်တူပြီး ပြီးခဲ့တဲ့ ရာသီက နယ်သာလန်ပထမတန်းပြိုင်ပွဲမှာ ၁၅ ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ AZ အယ်လ်ကမာအသင်းခေါင်းဆောင် ဖရီးကစ်စပယ်ရှယ်လစ် ကွင်းလယ်လူ တွန်း ကို့ပ်မိန်နာစ်နဲ့ ပြန်လည်အစားထိုးဖို့ စိတ်ဝင်စားနေ။

– အသင်းမှာ အလက်ဇန်းဒါး လာကာဇက်နဲ့ တွဲကစားရတာ ကောင်းမွန်ကြောင်း လူသစ်ဘယ်နောက်ခံလူ နူနို တာဗာရက်စ်က ချီးကျူးထားခဲ့ပေမယ့် အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ပြင်သစ်တိုက်စစ်မှူးကို ရောင်းထုတ်ပြီး လူသစ်အစားထိုးသွားဖို့ကိုပဲ ဆုံးဖြတ်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ဆာဆူအိုလိုကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၄၀ ကို ေပးေခ်ဖို႔ အခ်ိန္မေ႐ြးအသင့္ပဲလို႔ ေျပာၾကားထားခဲ့ၿပီး အီတလီလက္ေ႐ြးစင္နဲ႔ ဂ်ဴဗင္တပ္စ္တို႔ ဇာတ္လမ္းျပတ္တာနဲ႔ ေခၚယူသြားႏိုင္ဖို႔ ျပင္ဆင္ေန။

– အသင္းကို ေခၚယူဖို႔ ဘ႐ိုက္တန္အသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ ရခဲ့ၿပီျဖစ္တဲ့ ေနာက္ခံလူ ဘန္ဝႈိက္ကို သူ႔ရဲ႕ ေႏြရာသီ အားလပ္ရက္ကေန ျပန္လာတဲ့အခါမွာ အာဆင္နယ္တို႔ ေဆးစစ္မွာျဖစ္ၿပီး လာမယ့္ ဇူလိုင္လ ၂၆ ရက္ေနာက္ပိုင္းျဖစ္ႏိုင္သလို တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းႏွစ္ေသာင္း ေပးေခ်ဖို႔ သေဘာတူညီထား။

– အာဆင္နယ္အသင္းရဲ႕ ေနာက္ထပ္ လုပ္ေဆာင္မယ့္ အိမ္စာကေတာ့ ဟက္တာ ဘယ္လာရင္ကို ေႏြရာသီမွာ ျဖစ္တဲ့နည္းနဲ႔ ရွင္းထုတ္ဖို႔ျဖစ္ၿပီး သူ႔ေနရာအတြက္ ေနာ့ဝစ္ခ်္ေနာက္ခံလူ မက္စ္ အာ႐ြန္စ္ကို ျပန္လည္ေခၚယူသြားဖို႔ ပစ္မွတ္ထားေနၿပီး အသလက္တီကို မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ရဖို႔ရွိေန။

– လိဒ္စ္ယူႏိုက္တက္နဲ႔ မန္စီးတီးေနာက္ခံလူေဟာင္း ဒန္နီမီးလ္စ္က အာဆင္နယ္အသင္းဆီ ဘန္ဝႈိက္ ေရာက္ေတာ့မယ္ဆိုတာအတြက္ အံ့အားသင့္မိေၾကာင္း ဝန္ခံေျပာၾကားလိုက္ၿပီး မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ သူ႔ကို မေခၚတာအတြက္လည္း ထူးဆန္းေနမိတယ္လို႔ အသင္းေတြနဲ႔ ကစားသမားၾကား ကလိသြားခဲ့။

– ကြင္းလယ္လူ ဂရာနစ္ ခ်ာကာအေနနဲ႔ ႐ိုးမားအသင္းကို ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ ေျခလွမ္းက အေဝးႀကီးမွာပဲ ရွိေနေသးတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး ယူ႐ိုမွာ ေျခစြမ္းျပခဲ့တဲ့ ဆြစ္ဇာလန္သားအတြက္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ယူ႐ိုသန္း ၂၀ မေပးဘူးဆိုရင္ အာဆင္နယ္ဘက္က ေပ်ာ္ေပ်ာ္ႀကီး ထိန္းသိမ္းသြားဖို႔ရွိေန။

– မာတင္ ေအာ္ဒီဂြါဒ္အတြက္ ကြက္လပ္ျပန္ျဖစ္သြားခဲ့တဲ့ အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ နံပါတ္ ၁၀ ေနရာအတြက္ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ေခါင္းခဲေနရဆဲျဖစ္ၿပီး သူ႔ကို ျပန္လည္ေခၚယူဖို႔နဲ႔ လီယြန္ရဲ႕ ဟူဆင္းမ္ ေအာဝါကို ေခၚယူဖို႔ မေအာင္ျမင္ခဲ့ရင္ အာဆင္နယ္တို႔ အေနနဲ႔ အီမီးလ္ စမစ္႐ိုးကိုပဲ အားကိုးရဖို႔ရွိေန။

– လူငယ္ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္အေနနဲ႔ ပရီးမီးယားလိဂ္ကလပ္အသင္းအခ်ိဳ႕နဲ႔ ခ်ိတ္ဆက္ေနတယ္လို႔ သိရၿပီး ဘ႐ိုက္တန္နဲ႔ ခရစၥတယ္လ္ပဲေလ့စ္တို႔က ေခၚယူႏိုင္ဖို႔ အေျခအေနေကာင္းေနခ်ိန္မွာ ဂေရဟမ္ ေပါ့တာရဲ႕ ကစားသမားေတြကို သေဘာက်တဲ့ အာဆင္နယ္ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ဘယ္လို ကုလားဖန္ထိုးမလဲ ေစာင့္ၾကည့္ရဖို႔ရွိလာ။

– ၿမိဳ႕ခံ အင္အားႀကီးကလပ္ေတြျဖစ္ၾကတဲ့ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးအသင္းေတြက စိတ္ဝင္စားၿပီး ေစာင့္ၾကည့္ေနတဲ့ ပရီးမီးယားလိဂ္တန္းတက္ ဘရန႔္ဖို႔ဒ္အသင္းတိုက္စစ္မႉး အိုင္ဗန္ တုန္နီအတြက္ ေရာင္းခ်ဖို႔ စိတ္ကူးမရွိဘူးလို႔ ပ်ားေတြရဲ႕ နည္းျပ ေသာမတ္စ္ ဖရန႔္ခ္က ေျပာၾကားလိုက္ၿပီး သူ႔ရဲ႕ ခ်န္ပီယံရွစ္မွာ ၃၁ ဂိုးရခဲ့တဲ့ ေျခစြမ္းကို လန္ဒန္ကလပ္အသင္းေတာ္ေတာ္မ်ားမ်ားက သေဘာက်ၿပီး ေခၚယူလိုေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ခ်ာကာ ထြက္ခြာသြားႏိုင္တဲ့ ေနရာအတြက္ သူနဲ႔ ကစားပုံဆင္တူၿပီး ၿပီးခဲ့တဲ့ ရာသီက နယ္သာလန္ပထမတန္းၿပိဳင္ပြဲမွာ ၁၅ ဂိုး သြင္းယူေပးႏိုင္ခဲ့တဲ့ AZ အယ္လ္ကမာအသင္းေခါင္းေဆာင္ ဖရီးကစ္စပယ္ရွယ္လစ္ ကြင္းလယ္လူ တြန္း ကို႔ပ္မိန္နာစ္နဲ႔ ျပန္လည္အစားထိုးဖို႔ စိတ္ဝင္စားေန။

– အသင္းမွာ အလက္ဇန္းဒါး လာကာဇက္နဲ႔ တြဲကစားရတာ ေကာင္းမြန္ေၾကာင္း လူသစ္ဘယ္ေနာက္ခံလူ ႏူႏို တာဗာရက္စ္က ခ်ီးက်ဴးထားခဲ့ေပမယ့္ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ျပင္သစ္တိုက္စစ္မႉးကို ေရာင္းထုတ္ၿပီး လူသစ္အစားထိုးသြားဖို႔ကိုပဲ ဆုံးျဖတ္ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.