Premier League

ဘောလုံးရာသီသစ်မှာ ဖားလားငါးလား သက်သေပြရတော့မယ့် ကမ္ဘာကျော်နည်းပြကြီး ၅ ဦး

လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီသစ်ကတော့ အချိန်တလဝန်းကျင်အတွင်းမှာ ပြန်လည်စတင်တော့မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမား ပြုလုပ်ထားတဲ့ အသင်းကြီးတွေကတော့ နည်းပြတွေရဲ့ ထိုင်ခုံတွေ မလှုပ်လာဖို့ ထိုက်တန်တဲ့အောင်မြင်မှုနဲ့ စွမ်းဆောင်ရည်တွေကို မှတ်ကျောက်တင်ခံတော့မှာဖြစ်သလို ညောင်စေ့လောက် အောင်မြင်မှုတွေနဲ့ကတော့ လက်ရှိဘောလုံးလောကမှာ ဘယ်နည်းပြမှ ရာထူးမမြဲနိုင်တော့တာကိုလည်း တွေ့ရှိနေရပါတယ်။

ပက်ပ် ဂွာဒီယိုလာ
ပရီးမီးယားလိဂ်ဖလားနဲ့ ကာရာဘောင်းချန်ပီယံဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်အထိ တက်ခဲ့တဲ့ မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာကို ဒီစာရင်းထဲမှာ ထည့်ရတော့ အနည်းငယ်တော့ ပြောဆိုစရာရှိပေမယ့် သူသက်သေပြရမယ့် တခုတည်းသောအချက်က မန်စီးတီးနဲ့အတူ ရာသီသစ်မှာ အသင်းသမိုင်းရဲ့ ဦးဦးဖျားဖျား ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်မလားဆိုတာက သူ့နည်းပြဘဝဂုဏ်သိက္ခာအတွက် အဖြေတခုဖြစ်နေတာပါ။

မက်ဆီမီလီယာနို အယ်လီဂရီ
တကျော့ပြန် ဂျုဗင်တပ်စ်နည်းပြသစ်ဖြစ်လာခဲ့တဲ့ အယ်လီဂရီအတွက်တော့ စကူဒတ်တိုဖလားကို အင်တာမီလန်လက်ထဲထည့်ခဲ့ရတဲ့ ပုံရိပ်ကျဆင်းမှုကို ပြန်အရောင်တင်ပေးနိုင်မလားလို့ အဆုံးအဖြတ်ခံယူရမှာပါ။ ၂၀၁၉ မှာ အသင်းနဲ့ လမ်းခွဲခဲ့သလို ရော်နယ်လ်ဒို ပြန်အဆင်ပြေပါ့မလားဆိုတဲ့ မေးခွန်းတွေအတွက် တူရင်ကလပ်ကို အကြွင်းမဲ့သစ္စာရှိတဲ့ သူ့ရဲ့လုပ်ဆောင်မှုအသစ်တွေကို စောင့်ကြည်ချင်စရာဖြစ်ပါတယ်။

အိုလီ ဂန်းနား ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ယူရိုပါလိဂ်ဖိုင်နယ်အထိတက်နိုင်ခဲ့ပြီး ဗီလာရီးရဲလ်ကို ဒူးထောက်ခဲ့ရပြန်သလို ပရီးမီးယားလိဂ်မှာလည်း မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းရဲ့ နောက်က ကျော်တက်ခြင်းကို မရှုမလှခံရသလို အမှတ်ပေးဇယားမှာ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရပါတယ်။

ဒါက သူ့အနေနဲ့ ဝါနုတဲ့အတွေ့အကြုံအရ ပရီးမီးယားလိဂ်ဖလားနဲ့ မထိုက်တန်သေးတာကို တွေ့ခဲ့ရပြီး နာမည်ကြီးလူငယ်ကြယ်ပွင့်ဖြစ်တဲ့ ဆန်ချိုကို အားဖြည့်ထားတဲ့ ရာသီသစ်မှာတော့ ၂ ရာသီကြာ ကိုင်တွယ်ပြီးတဲ့ ယူနိုက်တက်နဲ့အတူ ဆုဖလားတစ်လုံး ကိုင်မြှောက်နိုင်ဖို့က သူ့ရဲ့အဓိကပစ်မှတ် ဖြစ်လာမှာပါ။

မီခယ်လ် အာတီတာ
၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ အာဆင်နယ်နည်းပြသစ်အဖြစ် တာဝန်ယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီမှာတော့ အာဆင်နယ်အသင်းအတွက် ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပတန်းမဝင်တဲ့ အတွေ့အကြုံဆိုးကို ရရှိခဲ့တဲ့ အာတီတာအတွက် ၁၈ လ ကြာမြင့်ချိန်မှာ FA ဖလားတလုံးအောင်မြင်မှုက မလုံလောက်တော့ဘဲ အဆင့် ၈ နဲ့သာ ရပ်တည်ခဲ့ရပြီးနောက် သူ့ရဲ့ရာသီသစ်မှာ ဂန်းနားတို့ရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုပြန်အဖတ်ဆယ်နိုင်မလဲဆိုတာကို ဖိအားတနင့်တပိုးနဲ့ သက်သေပြရဖို့ ရှိနေပါတယ်။

ဂျိုဆေး မော်ရင်ညို
ရိုးမားနည်းပြသစ်ဖြစ်လာတဲ့ မော်ရင်ညိုက စပါးစ်အသင်းမှာ သဲထဲရေသွန်သလို ကျဆုံးမှုကို ခွာချပြီးနောက် စပယ်ရှယ်ဝမ်းစစ်စစ် ပြန်လာပြီလို့ ကြွေးကြော်ထားတာဖြစ်ပြီး အပြောနဲ့ အလုပ်ညီမလားဆိုတဲ့ မေးခွန်းတွေကို ဖိတ်ခေါ်သွားခဲ့ပါတယ်။ ဒီနေရာမှာ ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်တို့လို တဆင့်နိမ့်အသင်းမျိုးတွေနဲ့ အောင်မြင်မှုသရဖူ စိုက်ထူးခဲ့ဖူးတဲ့ သမိုင်းကြောင်းကို ရောမမြေမှာ အသစ်တဖန်ပြန်လည်ရေးထိုးနိုင်မလားလို့ အသည်းတယားယား ဖြစ်စေတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လာမယ့္ ၂၀၂၁-၂၀၂၂ ေဘာလုံးရာသီသစ္ကေတာ့ အခ်ိန္တလဝန္းက်င္အတြင္းမွာ ျပန္လည္စတင္ေတာ့မွာျဖစ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ႀကီးႀကီးမားမား ျပဳလုပ္ထားတဲ့ အသင္းႀကီးေတြကေတာ့ နည္းျပေတြရဲ႕ ထိုင္ခုံေတြ မလႈပ္လာဖို႔ ထိုက္တန္တဲ့ေအာင္ျမင္မႈနဲ႔ စြမ္းေဆာင္ရည္ေတြကို မွတ္ေက်ာက္တင္ခံေတာ့မွာျဖစ္သလို ေညာင္ေစ့ေလာက္ ေအာင္ျမင္မႈေတြနဲ႔ကေတာ့ လက္ရွိေဘာလုံးေလာကမွာ ဘယ္နည္းျပမွ ရာထူးမၿမဲႏိုင္ေတာ့တာကိုလည္း ေတြ႕ရွိေနရပါတယ္။

ပက္ပ္ ဂြာဒီယိုလာ
ပရီးမီးယားလိဂ္ဖလားနဲ႔ ကာရာေဘာင္းခ်န္ပီယံျဖစ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဖိုင္နယ္အထိ တက္ခဲ့တဲ့ မန္စီးတီးနည္းျပ ပပ္ဂြာဒီယိုလာကို ဒီစာရင္းထဲမွာ ထည့္ရေတာ့ အနည္းငယ္ေတာ့ ေျပာဆိုစရာရွိေပမယ့္ သူသက္ေသျပရမယ့္ တခုတည္းေသာအခ်က္က မန္စီးတီးနဲ႔အတူ ရာသီသစ္မွာ အသင္းသမိုင္းရဲ႕ ဦးဦးဖ်ားဖ်ား ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္မလားဆိုတာက သူ႔နည္းျပဘဝဂုဏ္သိကၡာအတြက္ အေျဖတခုျဖစ္ေနတာပါ။

မက္ဆီမီလီယာႏို အယ္လီဂရီ
တေက်ာ့ျပန္ ဂ်ဳဗင္တပ္စ္နည္းျပသစ္ျဖစ္လာခဲ့တဲ့ အယ္လီဂရီအတြက္ေတာ့ စကူဒတ္တိုဖလားကို အင္တာမီလန္လက္ထဲထည့္ခဲ့ရတဲ့ ပုံရိပ္က်ဆင္းမႈကို ျပန္အေရာင္တင္ေပးႏိုင္မလားလို႔ အဆုံးအျဖတ္ခံယူရမွာပါ။ ၂၀၁၉ မွာ အသင္းနဲ႔ လမ္းခြဲခဲ့သလို ေရာ္နယ္လ္ဒို ျပန္အဆင္ေျပပါ့မလားဆိုတဲ့ ေမးခြန္းေတြအတြက္ တူရင္ကလပ္ကို အႂကြင္းမဲ့သစၥာရွိတဲ့ သူ႔ရဲ႕လုပ္ေဆာင္မႈအသစ္ေတြကို ေစာင့္ၾကည္ခ်င္စရာျဖစ္ပါတယ္။

အိုလီ ဂန္းနား ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ယူ႐ိုပါလိဂ္ဖိုင္နယ္အထိတက္ႏိုင္ခဲ့ၿပီး ဗီလာရီးရဲလ္ကို ဒူးေထာက္ခဲ့ရျပန္သလို ပရီးမီးယားလိဂ္မွာလည္း ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေနာက္က ေက်ာ္တက္ျခင္းကို မရႈမလွခံရသလို အမွတ္ေပးဇယားမွာ ဒုတိယေနရာနဲ႔ ေက်နပ္ခဲ့ရပါတယ္။

ဒါက သူ႔အေနနဲ႔ ဝါႏုတဲ့အေတြ႕အႀကဳံအရ ပရီးမီးယားလိဂ္ဖလားနဲ႔ မထိုက္တန္ေသးတာကို ေတြ႕ခဲ့ရၿပီး နာမည္ႀကီးလူငယ္ၾကယ္ပြင့္ျဖစ္တဲ့ ဆန္ခ်ိဳကို အားျဖည့္ထားတဲ့ ရာသီသစ္မွာေတာ့ ၂ ရာသီၾကာ ကိုင္တြယ္ၿပီးတဲ့ ယူႏိုက္တက္နဲ႔အတူ ဆုဖလားတစ္လုံး ကိုင္ေျမႇာက္ႏိုင္ဖို႔က သူ႔ရဲ႕အဓိကပစ္မွတ္ ျဖစ္လာမွာပါ။

မီခယ္လ္ အာတီတာ
၂၀၁၉ ခုႏွစ္ ဒီဇင္ဘာမွာ အာဆင္နယ္နည္းျပသစ္အျဖစ္ တာဝန္ယူခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ရာသီမွာေတာ့ အာဆင္နယ္အသင္းအတြက္ ၂၆ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ဥေရာပတန္းမဝင္တဲ့ အေတြ႕အႀကဳံဆိုးကို ရရွိခဲ့တဲ့ အာတီတာအတြက္ ၁၈ လ ၾကာျမင့္ခ်ိန္မွာ FA ဖလားတလုံးေအာင္ျမင္မႈက မလုံေလာက္ေတာ့ဘဲ အဆင့္ ၈ နဲ႔သာ ရပ္တည္ခဲ့ရၿပီးေနာက္ သူ႔ရဲ႕ရာသီသစ္မွာ ဂန္းနားတို႔ရဲ႕ ဂုဏ္သိကၡာကို ဘယ္လိုျပန္အဖတ္ဆယ္ႏိုင္မလဲဆိုတာကို ဖိအားတနင့္တပိုးနဲ႔ သက္ေသျပရဖို႔ ရွိေနပါတယ္။

ဂ်ိဳေဆး ေမာ္ရင္ညိဳ
႐ိုးမားနည္းျပသစ္ျဖစ္လာတဲ့ ေမာ္ရင္ညိဳက စပါးစ္အသင္းမွာ သဲထဲေရသြန္သလို က်ဆုံးမႈကို ခြာခ်ၿပီးေနာက္ စပယ္ရွယ္ဝမ္းစစ္စစ္ ျပန္လာၿပီလို႔ ေႂကြးေၾကာ္ထားတာျဖစ္ၿပီး အေျပာနဲ႔ အလုပ္ညီမလားဆိုတဲ့ ေမးခြန္းေတြကို ဖိတ္ေခၚသြားခဲ့ပါတယ္။ ဒီေနရာမွာ ေပၚတို၊ ခ်ယ္လ္ဆီး၊ အင္တာမီလန္တို႔လို တဆင့္နိမ့္အသင္းမ်ိဳးေတြနဲ႔ ေအာင္ျမင္မႈသရဖူ စိုက္ထူးခဲ့ဖူးတဲ့ သမိုင္းေၾကာင္းကို ေရာမေျမမွာ အသစ္တဖန္ျပန္လည္ေရးထိုးႏိုင္မလားလို႔ အသည္းတယားယား ျဖစ္ေစတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.