International Premier League

ရော်နယ်လ်ဒိုကို မကျော်ရင်နေပါစေ ဖလားကိုပဲ ယူချင်တယ်ဆိုတဲ့ ဟာရီကိန်း

စပါးစ်နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုကတော့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက အင်္ဂလန်နဲ့ ယူရို ၂၀၂၀ အရယူဖို့ပဲ စိတ်အားထက်သန်နေပြီး ရွှေဖိနပ်ကို စိတ်မဝင်စားကြောင်း ပြောခဲ့ပါတယ်။ စပါးစ်တိုက်စစ်မှူးအနေနဲ့ ယူရိုမှာ နောက်ထပ် ၂ ဂိုးသာ သွင်းယူနိုင်ခဲ့မယ်ဆိုရင် နိုင်ငံအသင်းရဲ့ အဓိကပြိုင်ပွဲကြီးမှာ ၂ ခုဆက်တိုက် ဂိုးသွင်းဘုရင်ဖြစ်လာမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း သူက ၆ ဂိုးအထိသွင်းခဲ့ပြီး ရုရှားမြေမှာ ဂိုးသွင်းဘုရင်ဖြစ်ခဲ့သူဖြစ်ပေမယ့် လက်ရှိ ယူရိုမှာတော့ အုပ်စုအဆင့်တွေမှာ ရုန်းကန်ခဲ့ရပြီးတဲ့နောက် ရှံးထွက်အဆင့်တွေမှာတော့ ခြေပြန်တွေ့လာခဲ့ပြီး ၄ ဂိုးသွင်းယူထားသလို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပက်ထရစ် ရှစ်ခ်တို့ရဲ့ သွင်းဂိုး ၅ ဂိုးနောက်မှာ ရှိနေတာဖြစ်ပါတယ်။

ဒိန်းမတ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆီမီးဖိုင်နယ်ပွဲမှာ သုံးဂိုးစီဖြစ်နေခဲ့တဲ့ သူနဲ့ စတာလင်မှာ စတာလင်ရဲ့ ဂိုးရနိုင်ဖွယ် အခိုက်အတန့်က ကေယာရဲ့ Own Goal ဖြစ်သွားခဲ့ချိန်မှာ ကိန်းကတော့ ပင်နယ်တီလွဲခဲ့ပေမယ့် ပြန်ပိတ်သွင်းနိုင်ခဲ့ပြီး ၅ ဂိုးရှင် ရော်နယ်လ်ဒိုရဲ့ နောက်မှာ တစ်ပွဲအကျန် တစ်ဂိုးအကွာနဲ့ ရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်နိုင်ဖို့ ရောက်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မော်ရင်ညိုကတော့ သူ့ရဲ့ကစားသမားဟောင်းကို ပြိုင်ပွဲတစ်လျှောက်လုံး စကားပြောလာခဲ့ပြီဖြစ်ကြောင်းနဲ့ အသင်းနဲ့အတူ ဖလားရဖို့ပဲ သူက တွေးနေတာဖြစ်ကြောင်းကို Talk Sport မှာ “သူက ရွှေဖိနပ်ဆုကို စိတ်မဝင်စားဘူးထင်တယ်။ ကျွန်တော်ထင်တာတော့ သူသာ အင်္ဂလန်အသင်းက ဖလားရဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ခံစားလာခဲ့ရရင်၊ ဒါမှမဟုတ် မရနိုင်တော့ရင် သူက ရွှေဖိနပ်ဆုအတွက် ကြိုးစားပါလိမ့်မယ်”လို့ ပြောသွားခဲ့တာပါ။

“ကျွန်တော် သူတစ်ဂိုးမှ မသွင်းရသေးခင် အချိန်တုန်းက သူနဲ့ စကားပြောဖြစ်သေးတယ်။ သူက ပျော်နေတာဗျ။ အသင်းက နိုင်နေတာကြောင့်တဲ့။ သူကတော့ သွင်းဂိုးမဲ့နေတာကို မစိုးရိမ်ခဲ့ပါဘူး။ အဲ့အကြောင်းကို တကယ် စိတ်ကိုမဝင်စားတာဗျ” လို့ အင်္ဂလန်အသင်းခေါင်းဆောင်ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်အကြောင်း ပြောသွားခဲ့ပါသေးတယ်။

“နောက်တစ်ခါမှာတော့ ၃ ဂိုးသွင်းယူပြီးတဲ့ အချိန်မှာ သူနဲ့ ဖုန်းထပ်ပြောဖြစ်သေးတယ်။ အဲ့ဒီအချိန်မှာတော့ သူ့ပျော်ရွှင်မှုတွေက နှစ်ဆတောင် ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ အသင်းက ဗိုလ်လုပွဲနဲ့ နီးလာလို့တဲ့ဗျာ။ သူက အဲ့ဒီအကြောင်းတစ်ခုပဲ တွေးနေတာ။ နိုင်ငံအသင်းနဲ့အတူ ဆုဖလားအရယူဖို့ပဲဖြစ်ပြီး သွင်းဂိုးတွေကို သူစိတ်မဝင်စားဘူးလေ…”

အဆုံးသတ်မှာတော့ ပေါ်တူဂီသားကြီးက “ကိန်းက အဲ့ဒါကို အရယူချင်နေတာ။ သူ့မှာ တစ်ဦးချင်းဆုတွေ အတော်လေးရှိနေပြီ။ သူလိုချင်တာ အဲ့ဒါတွေမဟုတ်ဘူး။ သူက အင်္ဂလန်နဲ့အတူ ယူရိုဖလားကို အရယူချင်တယ်။ အဲ့ဒါက သူ့စိတ်ထဲမှာ ရှိနေခဲ့တဲ့အရာပဲ”လို့ Talk Sport ကို ပြောသွားခဲ့ပါတယ်။

ကစားသမားဘဝ တစ်ဦးချင်း ဆုတံဆိပ်တွေကို စွမ်းဆောင်ရည်အလိုက် ရရှိခဲ့ဖူးပေမယ့် အသင်းလိုက် ဘာဆုမှ ဟုတ္တိပတ္တိ မရဖူးတဲ့ ဟာရီကိန်းအတွက် အလိုချင်ဆုံးက အသင်းလိုက်ဆုတွေဆိုတော့ သူရဲ့ အသင်းလိုက်အောင်မြင်မှု ဆုတံဆိပ်တွေကို ယူရိုဖလားကြီးနဲ့ အစပြုမလားဆိုတာကတော့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပါးစ္နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳကေတာ့ အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းက အဂၤလန္နဲ႔ ယူ႐ို ၂၀၂၀ အရယူဖို႔ပဲ စိတ္အားထက္သန္ေနၿပီး ေ႐ႊဖိနပ္ကို စိတ္မဝင္စားေၾကာင္း ေျပာခဲ့ပါတယ္။ စပါးစ္တိုက္စစ္မႉးအေနနဲ႔ ယူ႐ိုမွာ ေနာက္ထပ္ ၂ ဂိုးသာ သြင္းယူႏိုင္ခဲ့မယ္ဆိုရင္ ႏိုင္ငံအသင္းရဲ႕ အဓိကၿပိဳင္ပြဲႀကီးမွာ ၂ ခုဆက္တိုက္ ဂိုးသြင္းဘုရင္ျဖစ္လာမွာပါ။

ၿပီးခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလားမွာလည္း သူက ၆ ဂိုးအထိသြင္းခဲ့ၿပီး ႐ုရွားေျမမွာ ဂိုးသြင္းဘုရင္ျဖစ္ခဲ့သူျဖစ္ေပမယ့္ လက္ရွိ ယူ႐ိုမွာေတာ့ အုပ္စုအဆင့္ေတြမွာ ႐ုန္းကန္ခဲ့ရၿပီးတဲ့ေနာက္ ရွံးထြက္အဆင့္ေတြမွာေတာ့ ေျချပန္ေတြ႕လာခဲ့ၿပီး ၄ ဂိုးသြင္းယူထားသလို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ပက္ထရစ္ ရွစ္ခ္တို႔ရဲ႕ သြင္းဂိုး ၅ ဂိုးေနာက္မွာ ရွိေနတာျဖစ္ပါတယ္။

ဒိန္းမတ္နဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ဆီမီးဖိုင္နယ္ပြဲမွာ သုံးဂိုးစီျဖစ္ေနခဲ့တဲ့ သူနဲ႔ စတာလင္မွာ စတာလင္ရဲ႕ ဂိုးရႏိုင္ဖြယ္ အခိုက္အတန႔္က ေကယာရဲ႕ Own Goal ျဖစ္သြားခဲ့ခ်ိန္မွာ ကိန္းကေတာ့ ပင္နယ္တီလြဲခဲ့ေပမယ့္ ျပန္ပိတ္သြင္းႏိုင္ခဲ့ၿပီး ၅ ဂိုးရွင္ ေရာ္နယ္လ္ဒိုရဲ႕ ေနာက္မွာ တစ္ပြဲအက်န္ တစ္ဂိုးအကြာနဲ႔ ေ႐ႊဖိနပ္ဆုအတြက္ ၿပိဳင္ဆိုင္ႏိုင္ဖို႔ ေရာက္လာႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေမာ္ရင္ညိဳကေတာ့ သူ႔ရဲ႕ကစားသမားေဟာင္းကို ၿပိဳင္ပြဲတစ္ေလွ်ာက္လုံး စကားေျပာလာခဲ့ၿပီျဖစ္ေၾကာင္းနဲ႔ အသင္းနဲ႔အတူ ဖလားရဖို႔ပဲ သူက ေတြးေနတာျဖစ္ေၾကာင္းကို Talk Sport မွာ “သူက ေ႐ႊဖိနပ္ဆုကို စိတ္မဝင္စားဘူးထင္တယ္။ ကြၽန္ေတာ္ထင္တာေတာ့ သူသာ အဂၤလန္အသင္းက ဖလားရဖို႔ အခြင့္အေရး မရွိေတာ့ဘူးလို႔ ခံစားလာခဲ့ရရင္၊ ဒါမွမဟုတ္ မရႏိုင္ေတာ့ရင္ သူက ေ႐ႊဖိနပ္ဆုအတြက္ ႀကိဳးစားပါလိမ့္မယ္”လို႔ ေျပာသြားခဲ့တာပါ။

“ကြၽန္ေတာ္ သူတစ္ဂိုးမွ မသြင္းရေသးခင္ အခ်ိန္တုန္းက သူနဲ႔ စကားေျပာျဖစ္ေသးတယ္။ သူက ေပ်ာ္ေနတာဗ်။ အသင္းက ႏိုင္ေနတာေၾကာင့္တဲ့။ သူကေတာ့ သြင္းဂိုးမဲ့ေနတာကို မစိုးရိမ္ခဲ့ပါဘူး။ အဲ့အေၾကာင္းကို တကယ္ စိတ္ကိုမဝင္စားတာဗ်” လို႔ အဂၤလန္အသင္းေခါင္းေဆာင္ရဲ႕ စိတ္ဓာတ္နဲ႔ ခံယူခ်က္အေၾကာင္း ေျပာသြားခဲ့ပါေသးတယ္။

“ေနာက္တစ္ခါမွာေတာ့ ၃ ဂိုးသြင္းယူၿပီးတဲ့ အခ်ိန္မွာ သူနဲ႔ ဖုန္းထပ္ေျပာျဖစ္ေသးတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူ႔ေပ်ာ္႐ႊင္မႈေတြက ႏွစ္ဆေတာင္ ျဖစ္ေနၿပီ။ ဘာလို႔လဲဆိုေတာ့ အသင္းက ဗိုလ္လုပြဲနဲ႔ နီးလာလို႔တဲ့ဗ်ာ။ သူက အဲ့ဒီအေၾကာင္းတစ္ခုပဲ ေတြးေနတာ။ ႏိုင္ငံအသင္းနဲ႔အတူ ဆုဖလားအရယူဖို႔ပဲျဖစ္ၿပီး သြင္းဂိုးေတြကို သူစိတ္မဝင္စားဘူးေလ…”

အဆုံးသတ္မွာေတာ့ ေပၚတူဂီသားႀကီးက “ကိန္းက အဲ့ဒါကို အရယူခ်င္ေနတာ။ သူ႔မွာ တစ္ဦးခ်င္းဆုေတြ အေတာ္ေလးရွိေနၿပီ။ သူလိုခ်င္တာ အဲ့ဒါေတြမဟုတ္ဘူး။ သူက အဂၤလန္နဲ႔အတူ ယူ႐ိုဖလားကို အရယူခ်င္တယ္။ အဲ့ဒါက သူ႔စိတ္ထဲမွာ ရွိေနခဲ့တဲ့အရာပဲ”လို႔ Talk Sport ကို ေျပာသြားခဲ့ပါတယ္။

ကစားသမားဘဝ တစ္ဦးခ်င္း ဆုတံဆိပ္ေတြကို စြမ္းေဆာင္ရည္အလိုက္ ရရွိခဲ့ဖူးေပမယ့္ အသင္းလိုက္ ဘာဆုမွ ဟုတၱိပတၱိ မရဖူးတဲ့ ဟာရီကိန္းအတြက္ အလိုခ်င္ဆုံးက အသင္းလိုက္ဆုေတြဆိုေတာ့ သူရဲ႕ အသင္းလိုက္ေအာင္ျမင္မႈ ဆုတံဆိပ္ေတြကို ယူ႐ိုဖလားႀကီးနဲ႔ အစျပဳမလားဆိုတာကေတာ့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.