Premier League

ဝင်ဘလီအောင်ပွဲမှာ နည်းပြဆောက်ဂိတ်ရဲ့ မိုးကုပ်စက်ဝိုင်းထဲက သူရဲကောင်း ၄ ဦး

ပြီးခဲ့တဲ့ညမှာတော့ အင်္ဂလန်အသင်းက ဒိန်းမတ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားပြီး အနိုင်ဂိုးရှင် ဟာရီကိန်းရဲ့ ၄ ဂိုးမြောက်သွင်းဂိုးနဲ့အတူ ယူရိုပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီး အစဥ်အလာကြီးမားတဲ့ ဂန္ထဝင်မြောက်အီတလီအသင်းနဲ့ ပက်ပင်းရင်ဆိုင်ရတော့မယ့်အချိန်မှာ အင်္ဂလန်တို့အတွက် ၁၉၆၆ ကမ္ဘာ့ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ၅၅ နှစ်အတွင်း ပထမဆုံးအကြိမ်ဗိုလ်လုပွဲမှာ သမိုင်းသစ်ကို ရေးထိုးဖို့ အဆင်သင့်ဖြစ်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာ သိပ်ကောင်းနေပြီဖြစ်ပါတယ်။

ရာဟင်းမ် စတာလင်
ဒိန်းမတ်နဲ့ ပွဲမှာ ဂိုးမရခဲ့ပေမယ့် စတာလင်ရဲ့ တိုက်စစ်မှာ ထည့်ဝင်မှုအားက မသေးပါဘူး။ အင်္ဂလန်ပရိသတ်တွေက လျှပ်စီးလို လျင်မြန်တဲ့ သူ့ရဲ့ကစားအားကို အားပါးတရ ရှိခဲ့ကြပြီး အင်္ဂလန်အသင်း တဂိုးရှုံးနေပြီး ဒိန်းမတ်ကို နောက်ကလိုက်ကစားချိန်မှာ ရခဲ့တဲ့ အခွင့်အရေးတကြိမ်ကိုတော့ ဖြုန်းတီးပစ်ခဲ့တာ တွေ့ရပေမယ့် ချေပဂိုးမှာတော့ သူ့ရဲ့ပါဝင်ပတ်သက်မှုက နည်းပြဆောက်ဂိတ်ကို ကျေနပ်စေခဲ့သလို ဝင်ဘလီညရဲ့ သူရဲကောင်းဖြစ်လာခဲ့ပါတယ်။

ဘူကာယို ဆာကာ
ဆာကာအကြောင်းပြောမယ်ဆိုရင်တော့ ဒီလူငယ်လေးက ယူကရိန်းနဲ့ပွဲကို ကစားခွင့်မရ​ပေမယ့် ဒီပွဲမှာတော့ ဆန်ချိုကို ကျော်ဖြတ်ပြီး နေရာပေးခံခဲ့ရပါတယ်။ အာဆင်နယ်ကြယ်ပွင့်လေးဟာ ​ဆောက်ဂိတ်ရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်မှာ အခန်းကဏ္ဍတခုအနေနဲ့ အရေးပါခဲ့ပြီး ကစားပုံအရလည်း ဒိန်းမတ်ကို ကောင်းကောင်းခြိမ်းခြောက်နိုင်ခဲ့ပြီး သူ့ရဲ့ဖြတ်တင်ဘောကနေတဆင့် ကေဂျာက ကိုယ့်ဂိုးကိုယ်သွင်းယူသွားမိခဲ့တာမို့ အသက် ၁၉ နှစ်အရွယ်နဲ့ ယူရိုဖိုင်နယ်ပွဲကြီးကို ဝင်နွှဲခွင့်ရတော့မလားလို့ ထင်ကြေးပေးခံထားရပါပြီ။

ဒက်ကလန် ရိုက်စ်
ကွင်းလယ်မှာ ကယ်လ်ဗင် ဖီးလစ်နဲ့ အထိုင်ချပြီး အင်္ဂလန်ကို စုစည်းကျစ်လစ်အောင် ဗဟိုချက်ကနေ ဟန်ချက်ထိန်း​ပေးနေတဲ့ ရိုက်စ်က ဒီနေ့ပွဲမှာလည်း လုံးဝခြေမကျသွားတဲ့အပြင် တည်တည်ငြိမ်ငြိမ်နဲ့ ခြေစွမ်းထက်ခဲ့ပါတယ်။ ဒိန်းမတ်ကို တန်ပြန်တိုက်စစ်ဆင်တိုင်း ရိုက်စ်ရဲ့ ဘောလုံးလုယူမှုတွေကနေ အစပြုခဲ့တာပါ။

အကြိမ်ပေါင်းများစွာ ဘောလုံးပြန်ဆယ်ယူနိုင်ခဲ့ပြီး အင်္ဂလန်တိုက်စစ်ကို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးစွမ်းနိုင်ခဲ့သလို နည်းပြ​ဆောက်ဂိတ်က လိုအပ်သလို ပုံသွင်းနိုင်ခဲ့တဲ့ ကစားသမားတယောက်အဖြစ် သက်သေပြပြီး ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ကို စိတ်ဝင်စားမှု ပိုမြင့်တက်စေခဲ့တာကို တွေ့ရပါတယ်။

ဟာရီကိန်း
ယူရိုအဖွင့်ပိုင်းမှာ ခြေငုပ်နေလို့ ကိုပျောက်ကြီးလို့ လှောင်​ပြောင်ခံရပြီး အစောပိုင်းကာလဝေဖန်သံတွေကို ဆူပွက်စေခဲ့ပေမယ့် ကိန်းရဲ့ ပတ္တမြားမှန်လို့ နွံမနစ်တဲ့ခြေစွမ်းပိုင်းက အင်္ဂလန်ရဲ့ ရှုံးထွက်အဆင့် ၃ ပွဲဆက်မှာ ထင်ထင်ရှားရှား မြင်ခဲ့ရတာဖြစ်ပြီး သူမပါရင်တောင် အသင်းက ဖိုင်နယ်တက်နိုင်ပါ့မလားလို့တောင် ပြောင်းပြန်လှန်ပစ်နိုင်ခဲ့တာပါ။

အင်္ဂလန်ပရိသတ်တွေရဲ့ Coming Home မျှော်လင့်ချက်တွေကို အဆိုပါစပါးစ်တိုက်စစ်မှူးက အ​ဆုံးအဖြတ်သဖွယ် ယူဆောင်လာခဲ့ခြင်းဖြစ်တယ်လို့ အတပ်ဆိုနိုင်ဖွယ်ရာ ရှိနေပြီး လက်ရှိမှာ တဦးတည်း ၄ ဂိုးသွင်းထားတဲ့ ကိန်းက ဗိုလ်လုပွဲမှာ ဘယ်နှဂိုးလောက်ထပ်သွင်းယူနိုင်မလဲ၊ ရော်နယ်လ်ဒိုရဲ့ ၅ ဂိုးကို ကျော်ဖြတ်ပြီး ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်မလား၊ ပရီးမီးယားလိဂ်ရော ယူရိုမှာပါ နှစ်ထပ်ကွမ်းရွှေဖိနပ်ဆုရှင်အဖြစ် လပိုင်းအတွင်းရပ်တည်သွားနိုင်မလားဆိုတာကတော့ သူကိုယ်တိုင် အဖြေထုတ်ပြဖို့သာ ကျန်ရှိတော့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညမွာေတာ့ အဂၤလန္အသင္းက ဒိန္းမတ္အသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ကစားၿပီး အႏိုင္ဂိုးရွင္ ဟာရီကိန္းရဲ႕ ၄ ဂိုးေျမာက္သြင္းဂိုးနဲ႔အတူ ယူ႐ိုၿပိဳင္ပြဲႀကီးရဲ႕ ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့ၿပီး အစဥ္အလာႀကီးမားတဲ့ ဂႏၴဝင္ေျမာက္အီတလီအသင္းနဲ႔ ပက္ပင္းရင္ဆိုင္ရေတာ့မယ့္အခ်ိန္မွာ အဂၤလန္တို႔အတြက္ ၁၉၆၆ ကမာၻ႔ခ်န္ပီယံျဖစ္ၿပီးေနာက္ပိုင္း ၅၅ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ဗိုလ္လုပြဲမွာ သမိုင္းသစ္ကို ေရးထိုးဖို႔ အဆင္သင့္ျဖစ္ႏိုင္မလားဆိုတာကေတာ့ စိတ္ဝင္စားစရာ သိပ္ေကာင္းေနၿပီျဖစ္ပါတယ္။

ရာဟင္းမ္ စတာလင္
ဒိန္းမတ္နဲ႔ ပြဲမွာ ဂိုးမရခဲ့ေပမယ့္ စတာလင္ရဲ႕ တိုက္စစ္မွာ ထည့္ဝင္မႈအားက မေသးပါဘူး။ အဂၤလန္ပရိသတ္ေတြက လွ်ပ္စီးလို လ်င္ျမန္တဲ့ သူ႔ရဲ႕ကစားအားကို အားပါးတရ ရွိခဲ့ၾကၿပီး အဂၤလန္အသင္း တဂိုးရႈံးေနၿပီး ဒိန္းမတ္ကို ေနာက္ကလိုက္ကစားခ်ိန္မွာ ရခဲ့တဲ့ အခြင့္အေရးတႀကိမ္ကိုေတာ့ ျဖဳန္းတီးပစ္ခဲ့တာ ေတြ႕ရေပမယ့္ ေခ်ပဂိုးမွာေတာ့ သူ႔ရဲ႕ပါဝင္ပတ္သက္မႈက နည္းျပေဆာက္ဂိတ္ကို ေက်နပ္ေစခဲ့သလို ဝင္ဘလီညရဲ႕ သူရဲေကာင္းျဖစ္လာခဲ့ပါတယ္။

ဘူကာယို ဆာကာ
ဆာကာအေၾကာင္းေျပာမယ္ဆိုရင္ေတာ့ ဒီလူငယ္ေလးက ယူကရိန္းနဲ႔ပြဲကို ကစားခြင့္မရ​ေပမယ့္ ဒီပြဲမွာေတာ့ ဆန္ခ်ိဳကို ေက်ာ္ျဖတ္ၿပီး ေနရာေပးခံခဲ့ရပါတယ္။ အာဆင္နယ္ၾကယ္ပြင့္ေလးဟာ ​ေဆာက္ဂိတ္ရဲ႕ ရဲရင့္တဲ့ ဆုံးျဖတ္ခ်က္မွာ အခန္းက႑တခုအေနနဲ႔ အေရးပါခဲ့ၿပီး ကစားပုံအရလည္း ဒိန္းမတ္ကို ေကာင္းေကာင္းၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး သူ႔ရဲ႕ျဖတ္တင္ေဘာကေနတဆင့္ ေကဂ်ာက ကိုယ့္ဂိုးကိုယ္သြင္းယူသြားမိခဲ့တာမို႔ အသက္ ၁၉ ႏွစ္အ႐ြယ္နဲ႔ ယူ႐ိုဖိုင္နယ္ပြဲႀကီးကို ဝင္ႏႊဲခြင့္ရေတာ့မလားလို႔ ထင္ေၾကးေပးခံထားရပါၿပီ။

ဒက္ကလန္ ႐ိုက္စ္
ကြင္းလယ္မွာ ကယ္လ္ဗင္ ဖီးလစ္နဲ႔ အထိုင္ခ်ၿပီး အဂၤလန္ကို စုစည္းက်စ္လစ္ေအာင္ ဗဟိုခ်က္ကေန ဟန္ခ်က္ထိန္း​ေပးေနတဲ့ ႐ိုက္စ္က ဒီေန႔ပြဲမွာလည္း လုံးဝေျခမက်သြားတဲ့အျပင္ တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျခစြမ္းထက္ခဲ့ပါတယ္။ ဒိန္းမတ္ကို တန္ျပန္တိုက္စစ္ဆင္တိုင္း ႐ိုက္စ္ရဲ႕ ေဘာလုံးလုယူမႈေတြကေန အစျပဳခဲ့တာပါ။

အႀကိမ္ေပါင္းမ်ားစြာ ေဘာလုံးျပန္ဆယ္ယူႏိုင္ခဲ့ၿပီး အဂၤလန္တိုက္စစ္ကို လြတ္လြတ္လပ္လပ္ ကစားခြင့္ေပးစြမ္းႏိုင္ခဲ့သလို နည္းျပ​ေဆာက္ဂိတ္က လိုအပ္သလို ပုံသြင္းႏိုင္ခဲ့တဲ့ ကစားသမားတေယာက္အျဖစ္ သက္ေသျပၿပီး ယူႏိုက္တက္နဲ႔ ခ်ယ္လ္ဆီးတို႔ကို စိတ္ဝင္စားမႈ ပိုျမင့္တက္ေစခဲ့တာကို ေတြ႕ရပါတယ္။

ဟာရီကိန္း
ယူ႐ိုအဖြင့္ပိုင္းမွာ ေျခငုပ္ေနလို႔ ကိုေပ်ာက္ႀကီးလို႔ ေလွာင္​ေျပာင္ခံရၿပီး အေစာပိုင္းကာလေဝဖန္သံေတြကို ဆူပြက္ေစခဲ့ေပမယ့္ ကိန္းရဲ႕ ပတၱျမားမွန္လို႔ ႏြံမနစ္တဲ့ေျခစြမ္းပိုင္းက အဂၤလန္ရဲ႕ ရႈံးထြက္အဆင့္ ၃ ပြဲဆက္မွာ ထင္ထင္ရွားရွား ျမင္ခဲ့ရတာျဖစ္ၿပီး သူမပါရင္ေတာင္ အသင္းက ဖိုင္နယ္တက္ႏိုင္ပါ့မလားလို႔ေတာင္ ေျပာင္းျပန္လွန္ပစ္ႏိုင္ခဲ့တာပါ။

အဂၤလန္ပရိသတ္ေတြရဲ႕ Coming Home ေမွ်ာ္လင့္ခ်က္ေတြကို အဆိုပါစပါးစ္တိုက္စစ္မႉးက အ​ဆုံးအျဖတ္သဖြယ္ ယူေဆာင္လာခဲ့ျခင္းျဖစ္တယ္လို႔ အတပ္ဆိုႏိုင္ဖြယ္ရာ ရွိေနၿပီး လက္ရွိမွာ တဦးတည္း ၄ ဂိုးသြင္းထားတဲ့ ကိန္းက ဗိုလ္လုပြဲမွာ ဘယ္ႏွဂိုးေလာက္ထပ္သြင္းယူႏိုင္မလဲ၊ ေရာ္နယ္လ္ဒိုရဲ႕ ၅ ဂိုးကို ေက်ာ္ျဖတ္ၿပီး ေ႐ႊဖိနပ္ဆုကို သိမ္းပိုက္ႏိုင္မလား၊ ပရီးမီးယားလိဂ္ေရာ ယူ႐ိုမွာပါ ႏွစ္ထပ္ကြမ္းေ႐ႊဖိနပ္ဆုရွင္အျဖစ္ လပိုင္းအတြင္းရပ္တည္သြားႏိုင္မလားဆိုတာကေတာ့ သူကိုယ္တိုင္ အေျဖထုတ္ျပဖို႔သာ က်န္ရွိေတာ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.