Analysis International

ပြိုင်ပွဲကြီးတွေမှာ ဒုတိယအများဆုံး ဗိုလ်လုပွဲရောက်တဲ့ အာဇူရီ အီတလီ 1-1 စပိန်ပွဲအပြီး ပြောစရာ 7 ချက်

မိုးပြာရောင်ကောင်းကင်မှာ လင်းတဲ့ကြယ်က ဒွန်နာရမ်မာ
ဂျန်လွီဂျီ ဒွန်နာရမ်မာကတော့ အီတလီအသင်းနဲ့အတူ အောင်မြင်လာမယ့် ဂိုးသမားကောင်းတစ်ယောက်ဖြစ်ပြီး ချီးကျူးမှုတွေနဲ့လည်း ထိုက်တန်ပါတယ်။ ဒီညမှာတော့ ပင်နယ်တီအဆုံးအဖြတ်မှာ စပိန်တိုက်စစ်မှူး မိုရာတာရဲ့ ပင်နယ်တီကို လက်စွမ်းပြကာကွယ်ခဲ့ပြီး အသင်းကို ယူရို ၂၀၂၀ ဗိုလ်လုပွဲအရောက် ပို့ဆောင်ပေးခဲ့ပါတယ်။ ပြိုင်ပွဲတလျှောက် လက်စွမ်းကောင်းတွေ ပြသခဲ့သလို ပွဲချိန်အတွင်း ဒါနီ အိုလ်မိုရဲ့ ကန်ချက်ကိုလည်း လက်စွမ်းပြ ကာကွယ်သွားခဲ့ပြီး ဒီညမှာတော့ သူက အဇူရီတို့နဲ့အတူ ဝင်ဘလီမှာ တောက်ပခဲ့တဲ့ ကြယ်တစ်ပွင့်လည်း ဖြစ်ခဲ့ပါတယ်။

ဆယ်စုနှစ်တစ်ခုထိ လွှမ်းမိုးဦးမယ့် ပက်ဒရီ
ပက်ဒရီကတော့ တစ်ချိန်က ပေါက်ကွဲအားပြင်းတဲ့ အင်္ဂလန်က လူငယ်လေး ဝိန်းရွန်နီရဲ့ ယူရိုပြိုင်ပွဲတလျှောက် ရှုံးထွက်အဆင့်မှာ အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရတဲ့ စံချိန်ကို ၁၆ သင်း ရှုံးထွက်အဆင့်မှာ ချိုးဖျက်ခဲ့တဲ့ ချာတိတ်လေးပါ။ စိတ်မကောင်းစရာက ရှုံးထွက်အဆင့်မှာပဲ အသက်အငယ်ဆုံး ကိုယ့်ဂိုးကိုယ်သွင်းတဲ့သူလည်း ဖြစ်နေပြန်သလို ကမ္ဘာ့စံချိန်တင် အဝေးဆုံး Own Goal ပါ ဖြစ်နေခဲ့တာပါ။

ဂိုးသမား အူနိုင်း ဆီမွန်ကြောင့် နာမည်ပျက်ဖို့ နီးစပ်ခဲ့တဲ့ စပိန်သားလေးက အဲ့ဒီပွဲစဉ်မှာလည်း ခြေစွမ်းပြကစားခဲ့တော့ သူ့အပေါ် ဝေဖန်မှုတွေ မကျလာတော့ပါဘူး။ အသက် ၁၈ နှစ်လေးနဲ့တောင် ဗိုလ်လုပွဲအထိ ပို့ပေးတော့မလို ဖြစ်ခဲ့ရတဲ့အထိ ခြေစွမ်းပြခဲ့တဲ့ သူ့အတွက် သေချာတာကတော့ ဒီပုံအတိုင်းဆို လာမယ့် ဆယ်စုနှစ်တွေအထိ ကွင်းလယ်မှာ သူ့နာမည်က ကြီးစိုးနေဦးမှာပါပဲ။

အင်္ဂလန်မှာ ဂိုးပေါက်တွေ့ပြန်တဲ့ ခီယေဆာ
ဝင်ဘလီမြေမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဖက်ဒရီကိုနဲ့ သူ့ဖခင် အန်ရီကို ခီယေဆာတို့ကတော့ ယူရိုပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး သားအဖအနေနဲ့ စံချိန်ပါ တင်နိုင်ခဲ့ပါတယ်။ ယူရို ၂၀၂၀ ရဲ့ ရှုံးထွက်အဆင့်တုန်းက ဝင်ဘလီမှာပဲကန်ခဲ့တဲ့ ဩစတြီးယားနဲ့ ပွဲစဉ်မှာလည်း ဖက်ဒရီကိုအနေနဲ့ သွင်းဂိုးတစ်ဂိုး ရခဲ့ပါသေးတယ်။ အန်ရီကိုအတွက်တော့ ကံဆိုးခဲ့ပြီး ပွဲအပြီးမှာ ချက်ကို ရှုံးနိမ့်ခဲ့သလို အုပ်စုကနေပါ လှည့်ပြန်ခဲ့ရပေမယ့် ဖက်ဒရီကိုကတော့ အရေးပါတဲ့ ဂိုးတွေပဲ သွင်းယူခဲ့တာဖြစ်လို့ သူ့အဖေလို မဟုတ်ဘဲ ကံကောင်းနေဆဲပါ။

ဆီမီးဖိုင်နယ်အဆင့်မှာ ပထမဆုံး ရှုံးဖူးသွားတဲ့ စပိန်
အယ်လ်ဗာရို မိုရာတာရဲ့ ချေပဂိုးနဲ့အတူ အချိန်ပိုထိ ခရီးဆက်ခဲ့တဲ့ စပိန်က အချိန်ပို ပြီးဆုံးချိန်မှာလည်း သရေကျခဲ့လို့ ပင်နယ်တီအထိ ရောက်ခဲ့တယ်။ ပင်နယ်တီမှာတော့ ပထမဆုံးကန်တဲ့ ဒါနီ အိုလ်မို မဝင်ခဲ့ပေမယ့် ဂျရတ် မိုရီနိုနဲ့ သီယာဂို အယ်လ်ကန်တာရာတို့ ပင်နယ်တီကိုယ်စီ အဝင်သွင်းကြတော့ စပိန်အသင်းတော့ နောက်တစ်ဆင့်တက်တော့မယ်လို့ မျှော်လင့်စရာ ဖြစ်လာခဲ့တယ်။

အဲ့ဒီလိုဖြစ်လာခါမှပဲ ချေပဂိုးသွင်းပြီး ဒီအထိ ဆွဲခေါ်လာခဲ့တဲ့ မိုရာတာက ပင်နယ်တီ မဝင်ဘဲနဲ့ အသင်းလည်း ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ရတယ်။ ဒီရှုံးနိမ့်မှုကတော့ စပိန်ရဲ့ သမိုင်းတစ်လျှောက် ပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ်တက်တိုင်း ဗိုလ်လုပွဲ အရောက်လှမ်းနိုင်ခဲ့တဲ့ စံချိန်လည်း ကျိုးပျက်စေခဲ့တဲ့ ပွဲလည်းဖြစ်သွားခဲ့တာပါ။

ပြိုင်ပွဲကြီးမှာ ဗိုလ်လုပွဲ ၁၀ ကြိမ်ရောက် အီတလီ
ယူရိုမှာ အုပ်စု ၃ ပွဲစလုံး အနိုင်ရခဲ့တဲ့ အီတလီက ချန်ပီယံဆုအတွက်ပါ ရေပန်းစားလာခဲ့သလို ဆက်တိုက်ဆိုသလိုပဲ ဩစတြီးယားနဲ့ ဘယ်လ်ဂျီယမ်တို့ကိုလည်း ဖြုတ်ချပစ်ခဲ့နိုင်ပါတယ်။ အခု စပိန်ကိုပါ ဖြုတ်ချလိုက်အပြီးမှာတော့ ဗိုလ်လုပွဲဆီ တက်ရောက်သွားခဲ့ပြီး ပြိုင်ပွဲကြီးတွေမှာ ကစားရမယ့် ၁၀ ကြိမ်မြောက် ဗိုလ်လုပွဲလည်း ဖြစ်လာခဲ့တာပါ။ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲနှစ်ခုတည်းကိုသာ ကြည့်မယ်ဆိုရင် ဥရောပမှာ သူ့ထက် ပိုအောင်မြင်တာဆိုလို့ ၁၄ ကြိမ်နဲ့ ဂျာမနီပဲ ကျန်‌တော့တာပါ။

စပိန်ရဲ့ ယူရိုစံချိန်ရှင် ဂိုးသွင်းအများဆုံး မိုရာတာ
ပင်နယ်တီဝင်ဝင် မဝင်ဝင် စပိန်ကို ဒီပွဲမှာ နောက်ဆုံးအချိန်အထိ အသက်ဆက်စေမယ့် ချေပဂိုး၊ အုပ်စုပွဲစဉ်တုန်းက ပိုလန်ကို တစ်ဂိုး၊ ရှုံးထွက်တုန်းက ခရိုအေးရှားကို သွင်းခဲ့တဲ့ဂိုး အပါအဝင် ယူရိုသမိုင်းတစ်လျှောက် သွင်းဂိုးမှာ ၆ ဂိုးအထိ ရှိသွားခဲ့ပြီး နာမည်ကျော် တိုက်စစ်မှူးဟောင်း ဖာနန်ဒို တောရက်စ်ရဲ့ ၅ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ မိုရာတာဟာ ယူရို ၂၀၁၆ မှာလည်း ၃ ဂိုး သွင်းယူခဲ့သူလည်း ဖြစ်ပါတယ်။

စပိန်နဲ့မှ ရေစက်ကြီးမားလွန်းသူကြီး ခေးလီနီ
အီတလီအသင်းရဲ့ ခံစစ်ကျောက်ဆောင်ကြီး ဂျော်ဂျို ခေးလီနီကတော့ ဒီပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့တယ်။ ပွဲအပြီးမှာ တူညီတဲ့ ပြိုင်ဘက်အသင်းနဲ့ ယူရိုသမိုင်းတစ်လျှောက် ၅ ကြိမ်အထိ ရင်ဆိုင်ဖူးတဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။ စပိန်အသင်းနဲ့ ယူရို ၂၀၀၈ မှာ တစ်ကြိမ်၊ ယူရို ၂၀၁၂ မှာ နှစ်ကြိမ်အဖြစ် အုပ်စုပွဲစဉ်နဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့တာနဲ့ ယူရို ၂၀၁၆ က တစ်ကြိမ် အပါအဝင် အခုတစ်ခါနဲ့ဆို ၅ ကြိမ်ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မိုးျပာေရာင္ေကာင္းကင္မွာ လင္းတဲ့ၾကယ္က ဒြန္နာရမ္မာ
ဂ်န္လြီဂ်ီ ဒြန္နာရမ္မာကေတာ့ အီတလီအသင္းနဲ႔အတူ ေအာင္ျမင္လာမယ့္ ဂိုးသမားေကာင္းတစ္ေယာက္ျဖစ္ၿပီး ခ်ီးက်ဴးမႈေတြနဲ႔လည္း ထိုက္တန္ပါတယ္။ ဒီညမွာေတာ့ ပင္နယ္တီအဆုံးအျဖတ္မွာ စပိန္တိုက္စစ္မႉး မိုရာတာရဲ႕ ပင္နယ္တီကို လက္စြမ္းျပကာကြယ္ခဲ့ၿပီး အသင္းကို ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲအေရာက္ ပို႔ေဆာင္ေပးခဲ့ပါတယ္။ ၿပိဳင္ပြဲတေလွ်ာက္ လက္စြမ္းေကာင္းေတြ ျပသခဲ့သလို ပြဲခ်ိန္အတြင္း ဒါနီ အိုလ္မိုရဲ႕ ကန္ခ်က္ကိုလည္း လက္စြမ္းျပ ကာကြယ္သြားခဲ့ၿပီး ဒီညမွာေတာ့ သူက အဇူရီတို႔နဲ႔အတူ ဝင္ဘလီမွာ ေတာက္ပခဲ့တဲ့ ၾကယ္တစ္ပြင့္လည္း ျဖစ္ခဲ့ပါတယ္။

ဆယ္စုႏွစ္တစ္ခုထိ လႊမ္းမိုးဦးမယ့္ ပက္ဒရီ
ပက္ဒရီကေတာ့ တစ္ခ်ိန္က ေပါက္ကြဲအားျပင္းတဲ့ အဂၤလန္က လူငယ္ေလး ဝိန္း႐ြန္နီရဲ႕ ယူ႐ိုၿပိဳင္ပြဲတေလွ်ာက္ ရႈံးထြက္အဆင့္မွာ အသက္အငယ္ဆုံး ပြဲထြက္ခြင့္ရတဲ့ စံခ်ိန္ကို ၁၆ သင္း ရႈံးထြက္အဆင့္မွာ ခ်ိဳးဖ်က္ခဲ့တဲ့ ခ်ာတိတ္ေလးပါ။ စိတ္မေကာင္းစရာက ရႈံးထြက္အဆင့္မွာပဲ အသက္အငယ္ဆုံး ကိုယ့္ဂိုးကိုယ္သြင္းတဲ့သူလည္း ျဖစ္ေနျပန္သလို ကမာၻ႔စံခ်ိန္တင္ အေဝးဆုံး Own Goal ပါ ျဖစ္ေနခဲ့တာပါ။

ဂိုးသမား အူႏိုင္း ဆီမြန္ေၾကာင့္ နာမည္ပ်က္ဖို႔ နီးစပ္ခဲ့တဲ့ စပိန္သားေလးက အဲ့ဒီပြဲစဥ္မွာလည္း ေျခစြမ္းျပကစားခဲ့ေတာ့ သူ႔အေပၚ ေဝဖန္မႈေတြ မက်လာေတာ့ပါဘူး။ အသက္ ၁၈ ႏွစ္ေလးနဲ႔ေတာင္ ဗိုလ္လုပြဲအထိ ပို႔ေပးေတာ့မလို ျဖစ္ခဲ့ရတဲ့အထိ ေျခစြမ္းျပခဲ့တဲ့ သူ႔အတြက္ ေသခ်ာတာကေတာ့ ဒီပုံအတိုင္းဆို လာမယ့္ ဆယ္စုႏွစ္ေတြအထိ ကြင္းလယ္မွာ သူ႔နာမည္က ႀကီးစိုးေနဦးမွာပါပဲ။

အဂၤလန္မွာ ဂိုးေပါက္ေတြ႕ျပန္တဲ့ ခီေယဆာ
ဝင္ဘလီေျမမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ ဖက္ဒရီကိုနဲ႔ သူ႔ဖခင္ အန္ရီကို ခီေယဆာတို႔ကေတာ့ ယူ႐ိုၿပိဳင္ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံး သားအဖအေနနဲ႔ စံခ်ိန္ပါ တင္ႏိုင္ခဲ့ပါတယ္။ ယူ႐ို ၂၀၂၀ ရဲ႕ ရႈံးထြက္အဆင့္တုန္းက ဝင္ဘလီမွာပဲကန္ခဲ့တဲ့ ဩစႀတီးယားနဲ႔ ပြဲစဥ္မွာလည္း ဖက္ဒရီကိုအေနနဲ႔ သြင္းဂိုးတစ္ဂိုး ရခဲ့ပါေသးတယ္။ အန္ရီကိုအတြက္ေတာ့ ကံဆိုးခဲ့ၿပီး ပြဲအၿပီးမွာ ခ်က္ကို ရႈံးနိမ့္ခဲ့သလို အုပ္စုကေနပါ လွည့္ျပန္ခဲ့ရေပမယ့္ ဖက္ဒရီကိုကေတာ့ အေရးပါတဲ့ ဂိုးေတြပဲ သြင္းယူခဲ့တာျဖစ္လို႔ သူ႔အေဖလို မဟုတ္ဘဲ ကံေကာင္းေနဆဲပါ။

ဆီမီးဖိုင္နယ္အဆင့္မွာ ပထမဆုံး ရႈံးဖူးသြားတဲ့ စပိန္
အယ္လ္ဗာ႐ို မိုရာတာရဲ႕ ေခ်ပဂိုးနဲ႔အတူ အခ်ိန္ပိုထိ ခရီးဆက္ခဲ့တဲ့ စပိန္က အခ်ိန္ပို ၿပီးဆုံးခ်ိန္မွာလည္း သေရက်ခဲ့လို႔ ပင္နယ္တီအထိ ေရာက္ခဲ့တယ္။ ပင္နယ္တီမွာေတာ့ ပထမဆုံးကန္တဲ့ ဒါနီ အိုလ္မို မဝင္ခဲ့ေပမယ့္ ဂ်ရတ္ မိုရီႏိုနဲ႔ သီယာဂို အယ္လ္ကန္တာရာတို႔ ပင္နယ္တီကိုယ္စီ အဝင္သြင္းၾကေတာ့ စပိန္အသင္းေတာ့ ေနာက္တစ္ဆင့္တက္ေတာ့မယ္လို႔ ေမွ်ာ္လင့္စရာ ျဖစ္လာခဲ့တယ္။

အဲ့ဒီလိုျဖစ္လာခါမွပဲ ေခ်ပဂိုးသြင္းၿပီး ဒီအထိ ဆြဲေခၚလာခဲ့တဲ့ မိုရာတာက ပင္နယ္တီ မဝင္ဘဲနဲ႔ အသင္းလည္း ဆီမီးဖိုင္နယ္မွာ ရႈံးနိမ့္ခဲ့ရတယ္။ ဒီရႈံးနိမ့္မႈကေတာ့ စပိန္ရဲ႕ သမိုင္းတစ္ေလွ်ာက္ ၿပိဳင္ပြဲႀကီးေတြမွာ ဆီမီးဖိုင္နယ္တက္တိုင္း ဗိုလ္လုပြဲ အေရာက္လွမ္းႏိုင္ခဲ့တဲ့ စံခ်ိန္လည္း က်ိဳးပ်က္ေစခဲ့တဲ့ ပြဲလည္းျဖစ္သြားခဲ့တာပါ။

ၿပိဳင္ပြဲႀကီးမွာ ဗိုလ္လုပြဲ ၁၀ ႀကိမ္ေရာက္ အီတလီ
ယူ႐ိုမွာ အုပ္စု ၃ ပြဲစလုံး အႏိုင္ရခဲ့တဲ့ အီတလီက ခ်န္ပီယံဆုအတြက္ပါ ေရပန္းစားလာခဲ့သလို ဆက္တိုက္ဆိုသလိုပဲ ဩစႀတီးယားနဲ႔ ဘယ္လ္ဂ်ီယမ္တို႔ကိုလည္း ျဖဳတ္ခ်ပစ္ခဲ့ႏိုင္ပါတယ္။ အခု စပိန္ကိုပါ ျဖဳတ္ခ်လိုက္အၿပီးမွာေတာ့ ဗိုလ္လုပြဲဆီ တက္ေရာက္သြားခဲ့ၿပီး ၿပိဳင္ပြဲႀကီးေတြမွာ ကစားရမယ့္ ၁၀ ႀကိမ္ေျမာက္ ဗိုလ္လုပြဲလည္း ျဖစ္လာခဲ့တာပါ။ ကမာၻ႔ဖလားနဲ႔ ယူ႐ိုၿပိဳင္ပြဲႏွစ္ခုတည္းကိုသာ ၾကည့္မယ္ဆိုရင္ ဥေရာပမွာ သူ႔ထက္ ပိုေအာင္ျမင္တာဆိုလို႔ ၁၄ ႀကိမ္နဲ႔ ဂ်ာမနီပဲ က်န္‌ေတာ့တာပါ။

စပိန္ရဲ႕ ယူ႐ိုစံခ်ိန္ရွင္ ဂိုးသြင္းအမ်ားဆုံး မိုရာတာ
ပင္နယ္တီဝင္ဝင္ မဝင္ဝင္ စပိန္ကို ဒီပြဲမွာ ေနာက္ဆုံးအခ်ိန္အထိ အသက္ဆက္ေစမယ့္ ေခ်ပဂိုး၊ အုပ္စုပြဲစဥ္တုန္းက ပိုလန္ကို တစ္ဂိုး၊ ရႈံးထြက္တုန္းက ခ႐ိုေအးရွားကို သြင္းခဲ့တဲ့ဂိုး အပါအဝင္ ယူ႐ိုသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးမွာ ၆ ဂိုးအထိ ရွိသြားခဲ့ၿပီး နာမည္ေက်ာ္ တိုက္စစ္မႉးေဟာင္း ဖာနန္ဒို ေတာရက္စ္ရဲ႕ ၅ ဂိုးကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ မိုရာတာဟာ ယူ႐ို ၂၀၁၆ မွာလည္း ၃ ဂိုး သြင္းယူခဲ့သူလည္း ျဖစ္ပါတယ္။

စပိန္နဲ႔မွ ေရစက္ႀကီးမားလြန္းသူႀကီး ေခးလီနီ
အီတလီအသင္းရဲ႕ ခံစစ္ေက်ာက္ေဆာင္ႀကီး ေဂ်ာ္ဂ်ိဳ ေခးလီနီကေတာ့ ဒီပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခဲ့တယ္။ ပြဲအၿပီးမွာ တူညီတဲ့ ၿပိဳင္ဘက္အသင္းနဲ႔ ယူ႐ိုသမိုင္းတစ္ေလွ်ာက္ ၅ ႀကိမ္အထိ ရင္ဆိုင္ဖူးတဲ့ ပထမဆုံး ကစားသမား ျဖစ္လာခဲ့တာပါ။ စပိန္အသင္းနဲ႔ ယူ႐ို ၂၀၀၈ မွာ တစ္ႀကိမ္၊ ယူ႐ို ၂၀၁၂ မွာ ႏွစ္ႀကိမ္အျဖစ္ အုပ္စုပြဲစဥ္နဲ႔ ဗိုလ္လုပြဲမွာ ေတြ႕ဆုံခဲ့တာနဲ႔ ယူ႐ို ၂၀၁၆ က တစ္ႀကိမ္ အပါအဝင္ အခုတစ္ခါနဲ႔ဆို ၅ ႀကိမ္ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.