International Match Report

ကတိတည်ခဲ့တဲ့ မက်ဆီရဲ့ အာဂျင်တီးနား ၄-၃ ကိုလံဘီယာ ပွဲအပြီး စိတ်ဝင်စားစရာ ၇ ချက်

ပေးထားတဲ့ ကတိကို တည်ခဲ့တဲ့ မက်ဆီ
ဘဝရဲ့အကြီးမားဆုံးအိပ်မက်က အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ဆုဖလားအောင်မြင်မှုရယူလိုခြင်းဖြစ်တယ်လို့ သူ့ရဲ့ဆာလောင်မှုကို ဝန်ခံခဲ့ပြီး မိမိတို့အသင်းအနေနဲ့ ကိုပါအမေရိကဖလားကို ရယူချိန်တန်ပြီလို့ ကြုံးဝါးထားတဲ့ လီယွန်နယ် မက်ဆီက ဒီနေ့ပွဲမှာလည်း တဂိုးဖန်တီးခဲ့ပြန်ပြီး အာဂျင်တီးနားအသင်းရဲ့ ပြိုင်ပွဲတလျှောက်သွင်းဂိုး ၁၁ ဂိုးမှာ ၄ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးကာ ဂိုးပါဝင်ပတ်သတ်မှု ၉ ကြိမ်အထိ ရှိခဲ့ပြီး ပေးထားတဲ့ကတိအတိုင်းတည်ဖို့ အသင်းကို ဖိုင်နယ်ပို့ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရင်ခုန်ရတော့မယ့် နေမာ Vs မက်ဆီတိုက်ပွဲ
လာမယ့် ဇူလိုင် ၁၀ ရက်နေ့၊ မာကာရာနာမှာ ကစားရတော့မယ့် ကိုပါအမေရိကဖလားရဲ့ ဗိုလ်လုပွဲကတော့ အားလုံးမျှော်လင့်ပြီး မြင်ချင်ကြတဲ့အတိုင်း ဖြစ်လာခဲ့ပြီး အစဥ်အလာကြီးမားတဲ့ ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ရဲ့ တောင်အမေရိက ရာဇဝင်ပြိုင်ဘက်အချင်းချင်း ဘယ်အသင်းက ဘယ်အသင်းကို နန်းချသွားနိုင်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ရာ ရှိလာခဲ့ပြီး မက်ဆီသိပ်ဆာလောင်မွတ်သိပ်နေတဲ့ နိုင်ငံတကာအောင်မြင်မှုကို သူသိပ်ချစ်မြတ်နိုးရပါတယ်ဆိုတဲ့ သူငယ်ချင်းကောင်းကြီး နေမာက ရပ်တန့်ဖို့ ဖြစ်လာမှာလားဆိုတာလည်း စောင့်ကြည့်ချင်စရာပါ။

ပြစ်ဒဏ် ၄၇ ​ကြိမ်အထိ ကျုးလွန်တဲ့ ကိုလံဘီယာ ပွဲကြမ်းနိုင်ခဲ့ပေမယ့်
ကိုပါအမေရိကဖလားရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ဥရုဂွေးအသင်းကို ကြံ့ခိုင်မှုအသားပေးဟန်နဲ့ ခပ်ကြမ်းကြမ်းဖျက်ထုတ်ကစားပြီး ဖြုတ်ချခဲ့သလို ပြစ်ဒဏ် ၁၇ ကြိမ်အထိ ကျုးလွန်ခဲ့ကာ ဆီမီးဖိုင်နယ်ကို တက်ရောက်လာခဲ့တဲ့ ကိုလံဘီယာအသင်းဟာ သူ့တို့ရဲ့မာကျောမှုနဲ့ အာဂျင်တီးနားတိုက်စစ်ကို မလှုပ်ရဲအောင် ထိန်းချုပ်သွားခဲ့ပြီး ပြစ်ဒဏ် ၄၇ ကြိမ်အထိ ပညာသားပါပါကျူးလွန်ခဲ့တာပါ။ အဝါကတ်လည်း အထိနည်းခဲ့တာကို တွေ့ရပြီး ကိုလံဘီယာတို့ပွဲကြမ်းနိုင်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ပင်နယ်တီအဆင့်မှာတော့ ကံကြမ္မာက ရှောင်ဖယ်ခဲ့တာပါ။

လော်တာရို မာတီနက်ဇ်ရဲ့ အဖွင့်ဂိုးမှာ စံချိန်ချိုးခဲ့သူ
တိုက်စစ်မှူး လီယွန်နယ် မက်ဆီက အာဂျင်တီးနားအသင်းရဲ့ အဖွင့်ဂိုးမှာ လော်တာရို မာတီနက်ဇ်ကို ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့နောက်မှာတော့ ကိုပါအ​မေရိကပြိုင်ပွဲသမိုင်းရဲ့ စံချိန်သစ်တခုကို ရေးထိုးသွားခဲ့ပြီး ပြိုင်ပွဲကာလတခုအတွင်း ဂိုးအများဆုံးဖန်တီးနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။ ကိုလံဘီယာရဲ့ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုကို ၇ ကြိမ်ရင်ဆိုင်ရပြီး ခြေကျင်းဝတ်သွေးထွက်တဲ့အထိ ဖြစ်ခဲ့သလို အသက်အရွယ်နဲ့မလိုက်အောင် ရေကုန်ရေခမ်းထုတ်ကစားသွားခဲ့တယ်။ ပွဲချိန်မိနစ် ၈၀ က ဖရီးကစ်ကန်ချက်တကြိမ် တိုင်ထိထွက်ခဲ့တာက နှမြောစရာဖြစ်ခဲ့တယ်။ အာဂျင်တီးနားကို သရဖူဆောင်းပေးဖို့ ဘရာဇီးလ်နဲ့တပွဲကိုသာ ကျော်ဖြတ်ရတော့မှာပါ။

သူရဲကောင်းတယောက်အလား ဂိုးစောင့်နတ်သား မာတီနက်ဇ်
အက်စတန် ဗီလာအသင်းရဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်က ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆုရှင်ဖြစ်ခဲ့ပြီး အသင်းခေါင်းဆောင်မက်ဆီကိုယ်တိုင်က ဂုဏ်ပြုခဲ့ရတဲ့ သူရဲကောင်းအဖြစ် ဒီပွဲအပြီးမှာ မွေးဖွားလာခဲ့သလို အချိန်ပိုအပြီး တဖက်တဂိုးစီ သရေကျနေလို့ ပင်နယ်တီကန်သွင်းရာမှာ ကိုလံဘီယာရဲ့ ကန်ချက် ၃ လုံးကို ပီပီပြင်ပြင်ကာကွယ်ခဲ့ပြီး လက်သံပြောင်ခဲ့ရာမှာ အာဂျင်တီးနားအသင်းကို ကိုပါအမေရိကဖလားဗိုလ်လုပွဲရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့ပါတယ်။

အစောပိုင်းအဖွင့်ဂိုးတွေနဲ့ အကျိုးပေးတဲ့ အာဂျင်တီးနား
အာဂျင်တီးနားအသင်းရဲ့ အလေ့အထတခုလို ဖြစ်လာခဲ့တဲ့ကိစ္စတခုက နောက်ဆုံးကစားထားတဲ့ ၉ ပွဲဆက်မှာ အသင်းရဲ့ အဖွင့်ဦး​ဆောင်ဂိုးကို စောစောစီးစီးသွင်းယူထားခဲ့နိုင်ခြင်းပါ။ ဒါက ဒီနေ့လို သိပ်အရေးကြီးတဲ့ ဆီမီးဖိုင်နယ်အဆုံးအဖြတ်ပွဲစဥ်မှာ ကောင်းကောင်းအကျိုးပြုခဲ့ပြီး မက်ဆီနဲ့ လော်တာရို မာတီနက်ဇ်တို့ရဲ့ အတွဲအဖက်ကနေ ဂိုးစောစော ရခဲ့တယ်။ ကိုပါအမေရိက ၂၀၂၁ ပြိုင်ပွဲတလျှောက် ၆ ပွဲကစားအပြီးမှာ ၄ ပွဲက ပွဲအစ ၁၅ မိနစ်အတွင်း အဖွင့်ဂိုးရခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ပွဲကြီးတိုးတဲ့ ပေါ်တိုတိုက်စစ်မှူး
ကိုလံဘီယာအသင်းရဲ့ အသက် ၂၄ နှစ်အရွယ် ပေါ်တိုတိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်ဟာ အသင်းအတွက် ချေပဂိုးကို ၆၁ မိနစ်မှာ သွင်းယူနိင်ခဲ့သလို ဒီဂိုးက သိပ်ပြီး လှပပြောင်မြောင်တာကိုလည်း တွေ့ခဲ့ရပါတယ်။ အာဂျင်တီးနားကို ဒုက္ခအပေးနိုင်ဆုံးနဲ့ အခြိမ်းခြောက်နိုင်ဆုံးကစားသမားအဖြစ်လည်း ပွဲကြီးတိုးတဲ့ ခြေစွမ်းအဆင့်မျိုးကို ပြသခဲ့ပြီး လက်ရှိချန်ပီယံဘရာဇီးလ်ကိုလည်း အုပ်စုအဆင့်မှာ အသင်းရဲ့ဦးဆောင်ဂိုးသွင်းပြီး ထိုးနှက်ခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပးထားတဲ့ ကတိကို တည္ခဲ့တဲ့ မက္ဆီ
ဘဝရဲ႕အႀကီးမားဆုံးအိပ္မက္က အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းနဲ႔ ဆုဖလားေအာင္ျမင္မႈရယူလိုျခင္းျဖစ္တယ္လို႔ သူ႔ရဲ႕ဆာေလာင္မႈကို ဝန္ခံခဲ့ၿပီး မိမိတို႔အသင္းအေနနဲ႔ ကိုပါအေမရိကဖလားကို ရယူခ်ိန္တန္ၿပီလို႔ ႀကဳံးဝါးထားတဲ့ လီယြန္နယ္ မက္ဆီက ဒီေန႔ပြဲမွာလည္း တဂိုးဖန္တီးခဲ့ျပန္ၿပီး အာဂ်င္တီးနားအသင္းရဲ႕ ၿပိဳင္ပြဲတေလွ်ာက္သြင္းဂိုး ၁၁ ဂိုးမွာ ၄ ဂိုးသြင္း၊ ၅ ဂိုးဖန္တီးကာ ဂိုးပါဝင္ပတ္သတ္မႈ ၉ ႀကိမ္အထိ ရွိခဲ့ၿပီး ေပးထားတဲ့ကတိအတိုင္းတည္ဖို႔ အသင္းကို ဖိုင္နယ္ပို႔ေပးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ရင္ခုန္ရေတာ့မယ့္ ေနမာ Vs မက္ဆီတိုက္ပြဲ
လာမယ့္ ဇူလိုင္ ၁၀ ရက္ေန႔၊ မာကာရာနာမွာ ကစားရေတာ့မယ့္ ကိုပါအေမရိကဖလားရဲ႕ ဗိုလ္လုပြဲကေတာ့ အားလုံးေမွ်ာ္လင့္ၿပီး ျမင္ခ်င္ၾကတဲ့အတိုင္း ျဖစ္လာခဲ့ၿပီး အစဥ္အလာႀကီးမားတဲ့ ဘရာဇီးလ္နဲ႔ အာဂ်င္တီးနားတို႔ရဲ႕ ေတာင္အေမရိက ရာဇဝင္ၿပိဳင္ဘက္အခ်င္းခ်င္း ဘယ္အသင္းက ဘယ္အသင္းကို နန္းခ်သြားႏိုင္မလဲဆိုတာ စိတ္လႈပ္ရွားဖြယ္ရာ ရွိလာခဲ့ၿပီး မက္ဆီသိပ္ဆာေလာင္မြတ္သိပ္ေနတဲ့ ႏိုင္ငံတကာေအာင္ျမင္မႈကို သူသိပ္ခ်စ္ျမတ္ႏိုးရပါတယ္ဆိုတဲ့ သူငယ္ခ်င္းေကာင္းႀကီး ေနမာက ရပ္တန္႔ဖို႔ ျဖစ္လာမွာလားဆိုတာလည္း ေစာင့္ၾကည့္ခ်င္စရာပါ။

ျပစ္ဒဏ္ ၄၇ ​ႀကိမ္အထိ က်ဳးလြန္တဲ့ ကိုလံဘီယာ ပြဲၾကမ္းႏိုင္ခဲ့ေပမယ့္
ကိုပါအေမရိကဖလားရဲ႕ ကြာတားဖိုင္နယ္အဆင့္မွာ ဥ႐ုေဂြးအသင္းကို ႀကံ့ခိုင္မႈအသားေပးဟန္နဲ႔ ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္ကစားၿပီး ျဖဳတ္ခ်ခဲ့သလို ျပစ္ဒဏ္ ၁၇ ႀကိမ္အထိ က်ဳးလြန္ခဲ့ကာ ဆီမီးဖိုင္နယ္ကို တက္ေရာက္လာခဲ့တဲ့ ကိုလံဘီယာအသင္းဟာ သူ႔တို႔ရဲ႕မာေက်ာမႈနဲ႔ အာဂ်င္တီးနားတိုက္စစ္ကို မလႈပ္ရဲေအာင္ ထိန္းခ်ဳပ္သြားခဲ့ၿပီး ျပစ္ဒဏ္ ၄၇ ႀကိမ္အထိ ပညာသားပါပါက်ဴးလြန္ခဲ့တာပါ။ အဝါကတ္လည္း အထိနည္းခဲ့တာကို ေတြ႕ရၿပီး ကိုလံဘီယာတို႔ပြဲၾကမ္းႏိုင္ခဲ့တယ္လို႔ ဆိုႏိုင္ေပမယ့္ ပင္နယ္တီအဆင့္မွာေတာ့ ကံၾကမၼာက ေရွာင္ဖယ္ခဲ့တာပါ။

ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ အဖြင့္ဂိုးမွာ စံခ်ိန္ခ်ိဳးခဲ့သူ
တိုက္စစ္မႉး လီယြန္နယ္ မက္ဆီက အာဂ်င္တီးနားအသင္းရဲ႕ အဖြင့္ဂိုးမွာ ေလာ္တာ႐ို မာတီနက္ဇ္ကို ဂိုးဖန္တီးမႈျပဳလုပ္ခဲ့တဲ့ေနာက္မွာေတာ့ ကိုပါအ​ေမရိကၿပိဳင္ပြဲသမိုင္းရဲ႕ စံခ်ိန္သစ္တခုကို ေရးထိုးသြားခဲ့ၿပီး ၿပိဳင္ပြဲကာလတခုအတြင္း ဂိုးအမ်ားဆုံးဖန္တီးႏိုင္တဲ့ ကစားသမားအျဖစ္ မွတ္တမ္းဝင္ေစခဲ့ပါတယ္။ ကိုလံဘီယာရဲ႕ ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္မႈကို ၇ ႀကိမ္ရင္ဆိုင္ရၿပီး ေျခက်င္းဝတ္ေသြးထြက္တဲ့အထိ ျဖစ္ခဲ့သလို အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ေရကုန္ေရခမ္းထုတ္ကစားသြားခဲ့တယ္။ ပြဲခ်ိန္မိနစ္ ၈၀ က ဖရီးကစ္ကန္ခ်က္တႀကိမ္ တိုင္ထိထြက္ခဲ့တာက ႏွေျမာစရာျဖစ္ခဲ့တယ္။ အာဂ်င္တီးနားကို သရဖူေဆာင္းေပးဖို႔ ဘရာဇီးလ္နဲ႔တပြဲကိုသာ ေက်ာ္ျဖတ္ရေတာ့မွာပါ။

သူရဲေကာင္းတေယာက္အလား ဂိုးေစာင့္နတ္သား မာတီနက္ဇ္
အက္စတန္ ဗီလာအသင္းရဲ႕ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္က ဒီေန႔ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုရွင္ျဖစ္ခဲ့ၿပီး အသင္းေခါင္းေဆာင္မက္ဆီကိုယ္တိုင္က ဂုဏ္ျပဳခဲ့ရတဲ့ သူရဲေကာင္းအျဖစ္ ဒီပြဲအၿပီးမွာ ေမြးဖြားလာခဲ့သလို အခ်ိန္ပိုအၿပီး တဖက္တဂိုးစီ သေရက်ေနလို႔ ပင္နယ္တီကန္သြင္းရာမွာ ကိုလံဘီယာရဲ႕ ကန္ခ်က္ ၃ လုံးကို ပီပီျပင္ျပင္ကာကြယ္ခဲ့ၿပီး လက္သံေျပာင္ခဲ့ရာမွာ အာဂ်င္တီးနားအသင္းကို ကိုပါအေမရိကဖလားဗိုလ္လုပြဲေရာက္ေအာင္ ဆြဲတင္ေပးႏိုင္ခဲ့ပါတယ္။

အေစာပိုင္းအဖြင့္ဂိုးေတြနဲ႔ အက်ိဳးေပးတဲ့ အာဂ်င္တီးနား
အာဂ်င္တီးနားအသင္းရဲ႕ အေလ့အထတခုလို ျဖစ္လာခဲ့တဲ့ကိစၥတခုက ေနာက္ဆုံးကစားထားတဲ့ ၉ ပြဲဆက္မွာ အသင္းရဲ႕ အဖြင့္ဦး​ေဆာင္ဂိုးကို ေစာေစာစီးစီးသြင္းယူထားခဲ့ႏိုင္ျခင္းပါ။ ဒါက ဒီေန႔လို သိပ္အေရးႀကီးတဲ့ ဆီမီးဖိုင္နယ္အဆုံးအျဖတ္ပြဲစဥ္မွာ ေကာင္းေကာင္းအက်ိဳးျပဳခဲ့ၿပီး မက္ဆီနဲ႔ ေလာ္တာ႐ို မာတီနက္ဇ္တို႔ရဲ႕ အတြဲအဖက္ကေန ဂိုးေစာေစာ ရခဲ့တယ္။ ကိုပါအေမရိက ၂၀၂၁ ၿပိဳင္ပြဲတေလွ်ာက္ ၆ ပြဲကစားအၿပီးမွာ ၄ ပြဲက ပြဲအစ ၁၅ မိနစ္အတြင္း အဖြင့္ဂိုးရခဲ့ျခင္းလည္း ျဖစ္ပါတယ္။

ပြဲႀကီးတိုးတဲ့ ေပၚတိုတိုက္စစ္မႉး
ကိုလံဘီယာအသင္းရဲ႕ အသက္ ၂၄ ႏွစ္အ႐ြယ္ ေပၚတိုတိုက္စစ္မႉး လူးဝစ္ ဒီယက္ဇ္ဟာ အသင္းအတြက္ ေခ်ပဂိုးကို ၆၁ မိနစ္မွာ သြင္းယူနိင္ခဲ့သလို ဒီဂိုးက သိပ္ၿပီး လွပေျပာင္ေျမာင္တာကိုလည္း ေတြ႕ခဲ့ရပါတယ္။ အာဂ်င္တီးနားကို ဒုကၡအေပးႏိုင္ဆုံးနဲ႔ အၿခိမ္းေျခာက္ႏိုင္ဆုံးကစားသမားအျဖစ္လည္း ပြဲႀကီးတိုးတဲ့ ေျခစြမ္းအဆင့္မ်ိဳးကို ျပသခဲ့ၿပီး လက္ရွိခ်န္ပီယံဘရာဇီးလ္ကိုလည္း အုပ္စုအဆင့္မွာ အသင္းရဲ႕ဦးေဆာင္ဂိုးသြင္းၿပီး ထိုးႏွက္ခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.