International Match Report

မက်ဆီနဲ့ အာဂျင်တီးနားကို ကာကွယ်ပြီး ဖိုင်နယ်ပို့တဲ့ အာဆင်နယ်ထွက် မာတီနက်ဇ်

ကိုလံဘီယာအသင်းကို အာဂျင်တီးနားတို့ ဖြတ်ကျော်ခဲ့ရတဲ့ ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲကတော့ တော်တော်လေး စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ဆိုင်မှုတွေကို တွေ့မြင်ခဲ့ရပြီး ဟားမက်စ် ရိုဒရီးရက်ဇ်မပါတဲ့ ကော်ဖီစိုက်တောင်သူတွေက ပွဲရဲ့နောက်ဆုံးမိနစ်တွေအထိ တောင့်ခံသွားခဲ့တာလည်းဖြစ်ပါတယ်။

ဂိုးသမား အော့စ်ပီနာက ကပ္ပတိန်လက်ပတ်ကို ဆင်မြန်းပြီး အင်မတန် မူယာမာယာများတဲ့ ကွာဒရာဒိုက ကွင်းထဲက ဦးဆောင်ခဲ့ချိန်မှာ ဇွန်လအတွင်း နောက်ဆုံး ကစားထားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း နှစ်ဂိုးစီ သရေကျခဲ့ဖူးတဲ့ အာဂျင်တီးနားတို့ ထိုးဖောက်ရခက်ခဲ့ပြီး ကိုလံဘီယာတို့အနေနဲ့ ဘောလုံးမရချိန်တွေမှာ ဘောင်ထဲကနေ ပညာပြသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၄ မိနစ်မှာကတည်းက မက်ဆီတစ်ကိုယ်တော် ထိုးဖောက်ပြီး တင်ပေးတဲ့ ဘောလုံးကို လော်တာရို မာတီနက်ဇ်က မြေထောက်ခေါင်းတိုက်ခဲ့ပေမယ့် ဘေးထွက်သွားခဲ့လို့ စောစောစီးစီး အဖွင့်ဂိုးရနိုင်ခွင့်နဲ့ လွဲချော်ခဲ့ပြီး ပွဲချိန် ၇ မိနစ်မှာတော့ မက်ဆီကပဲ ဂိုးဧရိယာထဲအထိ ဆွဲယူပြီး ပြန်ချပေးတာကို မာတီနက်ဇ်က အနိမ့်ဘောကန်သွင်းခဲ့ရာမှာတော့ အာဂျင်တီးနားတို့ အဖွင့်ဂိုးစတင်ရရှိခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲ ကိုလံဘီယာဘက်က ကွာဒရာဒိုရဲ့ ကန်သွင်းချက်ကို ဂိုးသမား အီမီ မာတီနက်ဇ် ပိတ်ဆို့ကာကွယ်ခဲ့ရပြီး ပထမပိုင်းမှာ အာဂျင်တီးနားတို့ ခံစစ်သက်သက်ပဲ ဖြစ်နေခဲ့သလို တိုင်တစ်ကြိမ် ဘားတစ်ကြိမ်ထိခဲ့တာကလည်း သူတို့အတွက် သက်သာခဲ့ရပါတယ်။

ပထမပိုင်းပြီးခါနီးမှာ မက်ဆီရဲ့ ထောင့်ကန်ဘောကနေ နီကိုလတ်စ် ဂွန်ဇာလက်စ် ခေါင်းတိုက်သွင်းခဲ့ပေမယ့် ဂိုးသမား အော့စ်ပီနာ ကာကွယ်နိုင်ခဲ့လို့ နောက်တစ်ဂိုးရခွင့်နဲ့ လွဲချော်ခဲ့ပြီး အာဂျင်တီးနားတို့က ကိုလံဘီယာတို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ကိုလံဘီယာတို့ရဲ့ နောက်ဆုံးထွက် ကြယ်ပွင့်တိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်က တော်တော်လေး ခြေစွမ်းပြလာခဲ့တာကြောင့် အာဂျင်တီးနားနောက်တန်းက တော်တော်လေး ပြိုလဲနေခဲ့ပြီး ချေပဂိုးရဖို့ တင်ကစားလာတဲ့ တစ်ဖက်တိုက်စစ်ကို အော့တာမန်ဒီတို့အုပ်စု မထိန်းနိုင်ဘဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ ကိုလံဘီယာကွင်းခြမ်းက ပြစ်ဒဏ်ဘောကို ကွင်းလယ်လူ ကာဒိုနာ ကန်တင်ပေးခဲ့ရာမှာ အာဂျင်တီးနားခံစစ်က အငိုက်မိသွားခဲ့ပြီး ဘယ်ခြမ်းက လူးဝစ် ဒီယက်ဇ်ဆီအရောက်မှာ ပေါ်တိုတိုက်စစ်မှူးက တစ်ဖက်နောက်ခံလူ ပက်ဇယ်လာ အတင်းလိုက်တွန်းနေတဲ့ ကြားကနေ လဲမကျခင်မှာ ဂိုးသမား မာတီနက်ဇ်ရဲ့ ဘေးကို ကန်သွင်းပြီး ချေပဂိုး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားတို့ ပြန်လည်တိုက်စစ်ဆင်လာခဲ့ပေမယ့် ဒီမာရီယာကတော့ ထိထိရောက်ရောက် တိုက်စစ်မဆင်နိုင်ခဲ့ဘဲ ပွဲချိန် ၇၃ မိနစ်မှာတော့ ကိုလံဘီယာခံစစ် အပေးမှားတာကို သူကပဲ ဖြတ်ယူပြီး ဂိုးသမားကိုပါ ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ပြန်ခင်းပေးလိုက်တဲ့ ဘောလုံးကို လော်တာရို မာတီနက်ဇ်က နောက်ခံလူတစ်ဉီးသာရှိတော့တဲ့ ဂိုးပေါက်ရဲ့ အလယ်တည့်တည့်ကို ကန်ပြီး အားလုံးကို စိတ်ပျက်စေခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာ မက်ဆီရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး အဆုံးသတ်မှုက တိုင်ထိထွက်ခဲ့လို့ ကံခေနေခဲ့သလို နာကျင်အချိန်ပိုအထိ ဖိကစားတဲ့ အာဂျင်တီးနားနဲ့ ကောင်တာချောင်းတဲ့ ကိုလံဘီယာတို့ တစ်ဖက်နဲ့တစ်ဖက် အကြိတ်နယ်ရှိခဲ့ပေမယ့် ပွဲချိန်အတွင်း အဖြေမပေါ်ခဲ့တာကြောင့် အချိန်ပိုမရှိတဲ့ ကိုပါအမေရိကရဲ့ လက်ရှိစည်းမျဉ်းအရ ပင်နယ်တီ ကန်သွင်းခဲ့ရပါတယ်။

စတင်ကန်သွင်းရာမှာ ကိုလံဘီယာဘက် ကွာဒရာဒိုနဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီတို့ အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပြီး ဒုတိယ ပင်နယ်တီတွေမှာတော့ ဒေဗင်ဆန် ဆန်းချက်ဇ်ရဲ့ ကန်ချက်ကို အီမီ မာတီနက်ဇ် ကာကွယ်သွားနိုင်ခဲ့ပြီး အူဒီးနီးစ်ရဲ့ ရိုဒရီဂို ဒီပေါလ်ကတော့ မိုးပေါ် ထောင်ကန်မိခဲ့လို့ တစ်ဂိုးစီ ဖြစ်နေခဲ့ပါတယ်။

တတိယမြောက်ကို ကိုလံဘီယာဘက်က အဲဗာတန်နောက်ခံလူ ယယ်ရီ မီနာ ထပ်ကန်ရာမှာတော့ ပရီးမီးယားလိဂ်နောက်ခံလူနှစ်ဦး ဆက်တိုက်ကို မာတီနက်ဇ်က ကာကွယ်နိုင်ခဲ့ပြီး အာဂျင်တီးနားဘက်ကတော့ ကွင်းလယ်လူ လီယန်ဒရို ပါရေးဒက်စ်က ဝင်အောင်ကန်နိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

စတုတ္ထမြောက်ကန်သွင်းမှုတွေမှာတော့ ကိုလံဘီယာဘက် တိုက်စစ်မှူး ဘော်ဟာရဲ့ ကန်သွင်းမှုက မာတီနက်ဇ်ကို လှည့်စားနိုင်ခဲ့သလို အာဂျင်တီးနားဘက်ကတော့ လော်တာရို မာတီနက်ဇ်က တည်တည်ငြိမ်ငြိမ်နဲ့ ဂိုးသမား အော့စ်ပီနာကို ကျော်ဖြတ်ကန်သွင်းယူနိုင်ခဲ့ပါတယ်။

နောက်ဆုံး ငါးလုံးမြောက် ပင်နယ်တီကိုတော့ ကိုလံဘီယာရဲ့ ကာဒိုနာ ကန်သွင်းရာမှာ မာတီနက်ဇ်ကပဲ ကာကွယ်နိုင်ခဲ့ပြီး တိုက်ဆိုင်တာတော့ သူ့ရဲ့ ဘယ်ဘက်ကို ကန်သွင်းတဲ့ သုံးလုံးစလုံးကို ကာကွယ်သွားနိုင်ခဲ့တာလည်းဖြစ်သလို အာဂျင်တီးနားတို့ကို ကိုပါအမေရိကရဲ့ ဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့တာပါ။

ဒီပွဲရဲ့ သူရဲကောင်းကတော့ ထင်မှတ်မထားတဲ့ အီမီလီယာနို မာတီနက်ဇ်ဖြစ်လာခဲ့ပြီး ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သလို လာမယ့် ဇူလိုင်လ ၁ဝ ရက်နေ့ည ၉ နာရီ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှာ ကမ္ဘာ့အကောင်းဆုံးထဲက နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ နေမာတို့ ထိပ်တိုက်တွေ့ကြမယ့် အိမ်ရှင် ဘရာဇီးလ်နဲ့ ဖိုင်နယ်ကို ကစားရတော့မှာဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကိုလံဘီယာအသင္းကို အာဂ်င္တီးနားတို႔ ျဖတ္ေက်ာ္ခဲ့ရတဲ့ ကိုပါအေမရိက ဆီမီးဖိုင္နယ္ပြဲကေတာ့ ေတာ္ေတာ္ေလး စိတ္လႈပ္ရွားစရာေကာင္းတဲ့ ၿပိဳင္ဆိုင္မႈေတြကို ေတြ႕ျမင္ခဲ့ရၿပီး ဟားမက္စ္ ႐ိုဒရီးရက္ဇ္မပါတဲ့ ေကာ္ဖီေတာင္သူေတြက ပြဲရဲ႕ေနာက္ဆုံးမိနစ္ေတြအထိ ေတာင့္ခံသြားခဲ့တာလည္းျဖစ္ပါတယ္။

ဂိုးသမား ေအာ့စ္ပီနာက ကပၸတိန္လက္ပတ္ကို ဆင္ျမန္းၿပီး အင္မတန္ မူယာမာယာမ်ားတဲ့ ကြာဒရာဒိုက ကြင္းထဲက ဦးေဆာင္ခဲ့ခ်ိန္မွာ အုပ္စုတြင္းမွာလည္း ႏွစ္ဂိုးစီ သေရက်ခဲ့ဖူးတဲ့ အာဂ်င္တီးနားတို႔ ထိုးေဖာက္ရခက္ခဲ့ၿပီး ကိုလံဘီယာတို႔အေနနဲ႔ ေဘာလုံးမရခ်ိန္ေတြမွာ ေဘာင္ထဲကေန ပညာျပသြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက မက္ဆီတစ္ကိုယ္ေတာ္ ထိုးေဖာက္ၿပီး တင္ေပးတဲ့ ေဘာလုံးကို ေလာ္တာ႐ို မာတီနက္ဇ္က ေျမေထာက္ေခါင္းတိုက္ခဲ့ေပမယ့္ ေဘးထြက္သြားခဲ့လို႔ ေစာေစာစီးစီး အဖြင့္ဂိုးရႏိုင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ၿပီး ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ မက္ဆီကပဲ ဂိုးဧရိယာထဲအထိ ဆြဲယူၿပီး ျပန္ခ်ေပးတာကို မာတီနက္ဇ္က အနိမ့္ေဘာကန္သြင္းခဲ့ရာမွာေတာ့ အာဂ်င္တီးနားတို႔ အဖြင့္ဂိုးစတင္ရရွိခဲ့ပါတယ္။

ခ်က္ခ်င္းဆိုသလိုပဲ ကိုလံဘီယာဘက္က ကြာဒရာဒိုရဲ႕ ကန္သြင္းခ်က္ကို ဂိုးသမား အီမီ မာတီနက္ဇ္ ပိတ္ဆို႔ကာကြယ္ခဲ့ရၿပီး ပထမပိုင္းမွာ အာဂ်င္တီးနားတို႔ ခံစစ္သက္သက္ပဲ ျဖစ္ေနခဲ့သလို တိုင္တစ္ႀကိမ္ ဘားတစ္ႀကိမ္ထိခဲ့တာကလည္း သူတို႔အတြက္ သက္သာခဲ့ရပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ မက္ဆီရဲ႕ ေထာင့္ကန္ေဘာကေန နီကိုလတ္စ္ ဂြန္ဇာလက္စ္ ေခါင္းတိုက္သြင္းခဲ့ေပမယ့္ ဂိုးသမား ေအာ့စ္ပီနာ ကာကြယ္ႏိုင္ခဲ့လို႔ ေနာက္တစ္ဂိုးရခြင့္နဲ႔ လြဲေခ်ာ္ခဲ့ၿပီး အာဂ်င္တီးနားတို႔က ကိုလံဘီယာတို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ကိုလံဘီယာတို႔ရဲ႕ ေနာက္ဆုံးထြက္ ၾကယ္ပြင့္တိုက္စစ္မႉး လူးဝစ္ ဒီယက္ဇ္က ေတာ္ေတာ္ေလး ေျခစြမ္းျပလာခဲ့တာေၾကာင့္ အာဂ်င္တီးနားေနာက္တန္းက ေတာ္ေတာ္ေလး ၿပိဳလဲေနခဲ့ၿပီး ေခ်ပဂိုးရဖို႔ တင္ကစားလာတဲ့ တစ္ဖက္တိုက္စစ္ကို ေအာ့တာမန္ဒီတို႔အုပ္စု မထိန္းႏိုင္ဘဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ကိုလံဘီယာကြင္းျခမ္းက ျပစ္ဒဏ္ေဘာကို ကြင္းလယ္လူ ကာဒိုနာ ကန္တင္ေပးခဲ့ရာမွာ အာဂ်င္တီးနားခံစစ္က အငိုက္မိသြားခဲ့ၿပီး ဘယ္ျခမ္းက လူးဝစ္ ဒီယက္ဇ္ဆီအေရာက္မွာ ေပၚတိုတိုက္စစ္မႉးက တစ္ဖက္ေနာက္ခံလူ ပက္ဇယ္လာ အတင္းလိုက္တြန္းေနတဲ့ ၾကားကေန လဲမက်ခင္မွာ ဂိုးသမား မာတီနက္ဇ္ရဲ႕ ေဘးကို ကန္သြင္းၿပီး ေခ်ပဂိုး ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားတို႔ ျပန္လည္တိုက္စစ္ဆင္လာခဲ့ေပမယ့္ ဒီမာရီယာကေတာ့ ထိထိေရာက္ေရာက္ တိုက္စစ္မဆင္ႏိုင္ခဲ့ဘဲ ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ကိုလံဘီယာခံစစ္ အေပးမွားတာကို သူကပဲ ျဖတ္ယူၿပီး ဂိုးသမားကိုပါ ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ ျပန္ခင္းေပးလိုက္တဲ့ ေဘာလုံးကို ေလာ္တာ႐ို မာတီနက္ဇ္က ေနာက္ခံလူတစ္ဉီးသာရွိေတာ့တဲ့ ဂိုးေပါက္ရဲ႕ အလယ္တည့္တည့္ကို ကန္ၿပီး အားလုံးကို စိတ္ပ်က္ေစခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာ မက္ဆီရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး အဆုံးသတ္မႈက တိုင္ထိထြက္ခဲ့လို႔ ကံေခေနခဲ့သလို နာက်င္အခ်ိန္ပိုအထိ ဖိကစားတဲ့ အာဂ်င္တီးနားနဲ႔ ေကာင္တာေခ်ာင္းတဲ့ ကိုလံဘီယာတို႔ တစ္ဖက္နဲ႔တစ္ဖက္ အႀကိတ္နယ္ရွိခဲ့ေပမယ့္ ပြဲခ်ိန္အတြင္း အေျဖမေပၚခဲ့တာေၾကာင့္ အခ်ိန္ပိုမရွိတဲ့ ကိုပါအေမရိကရဲ႕ လက္ရွိစည္းမ်ဥ္းအရ ပင္နယ္တီ ကန္သြင္းခဲ့ရပါတယ္။

စတင္ကန္သြင္းရာမွာ ကိုလံဘီယာဘက္ ကြာဒရာဒိုနဲ႔ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီတို႔ အမွားအယြင္းမရွိ ကန္သြင္းႏိုင္ခဲ့ၿပီး ဒုတိယ ပင္နယ္တီေတြမွာေတာ့ ေဒဗင္ဆန္ ဆန္းခ်က္ဇ္ရဲ႕ ကန္ခ်က္ကို အီမီ မာတီနက္ဇ္ ကာကြယ္သြားႏိုင္ခဲ့ၿပီး အူဒီးနီးစ္ရဲ႕ ႐ိုဒရီဂို ဒီေပါလ္ကေတာ့ မိုးေပၚ ေထာင္ကန္မိခဲ့လို႔ တစ္ဂိုးစီ ျဖစ္ေနခဲ့ပါတယ္။

တတိယေျမာက္ကို ကိုလံဘီယာဘက္က အဲဗာတန္ေနာက္ခံလူ ယယ္ရီ မီနာ ထပ္ကန္ရာမွာေတာ့ ပရီးမီးယားလိဂ္ေနာက္ခံလူႏွစ္ဦး ဆက္တိုက္ကို မာတီနက္ဇ္က ကာကြယ္ႏိုင္ခဲ့ၿပီး အာဂ်င္တီးနားဘက္ကေတာ့ ကြင္းလယ္လူ လီယန္ဒ႐ို ပါေရးဒက္စ္က ဝင္ေအာင္ကန္ႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

စတုတၳေျမာက္ကန္သြင္းမႈေတြမွာေတာ့ ကိုလံဘီယာဘက္ တိုက္စစ္မႉး ေဘာ္ဟာရဲ႕ ကန္သြင္းမႈက မာတီနက္ဇ္ကို လွည့္စားႏိုင္ခဲ့သလို အာဂ်င္တီးနားဘက္ကေတာ့ ေလာ္တာ႐ို မာတီနက္ဇ္က တည္တည္ၿငိမ္ၿငိမ္နဲ႔ ဂိုးသမား ေအာ့စ္ပီနာကို ေက်ာ္ျဖတ္ကန္သြင္းယူႏိုင္ခဲ့ပါတယ္။

ေနာက္ဆုံး ငါးလုံးေျမာက္ ပင္နယ္တီကိုေတာ့ ကိုလံဘီယာရဲ႕ ကာဒိုနာ ကန္သြင္းရာမွာ မာတီနက္ဇ္ကပဲ ကာကြယ္ႏိုင္ခဲ့ၿပီး တိုက္ဆိုင္တာေတာ့ သူ႔ရဲ႕ ဘယ္ဘက္ကို ကန္သြင္းတဲ့ သုံးလုံးစလုံးကို ကာကြယ္သြားႏိုင္ခဲ့တာလည္းျဖစ္သလို အာဂ်င္တီးနားတို႔ကို ကိုပါအေမရိကရဲ႕ ဗိုလ္လုပြဲကို ပို႔ေဆာင္ေပးႏိုင္ခဲ့တာပါ။

ဒီပြဲရဲ႕ သူရဲေကာင္းကေတာ့ ထင္မွတ္မထားတဲ့ အီမီလီယာႏို မာတီနက္ဇ္ျဖစ္လာခဲ့ၿပီး ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိခဲ့သလို လာမယ့္ ဇူလိုင္လ ၁ဝ ရက္ေန႔ည ၉ နာရီ၊ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၆ နာရီခြဲမွာ ကမာၻ႔အေကာင္းဆုံးထဲက ႏွစ္ဦးျဖစ္တဲ့ မက္ဆီနဲ႔ ေနမာတို႔ ထိပ္တိုက္ေတြ႕ၾကမယ့္ အိမ္ရွင္ ဘရာဇီးလ္နဲ႔ ဖိုင္နယ္ကို ကစားရေတာ့မွာျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.