Bundesliga La Liga Premier League

အူပါမီကာႏုိကို ေခၚယူသြားလိုတဲ့အသင္းေတြထဲ မန္ခ်က္စတာစီးတီးပါဝင္လာ

RB လုိက္ပ္ဇစ္အသင္းကေန ေႏြရာသီမွာ ထြက္ခြာဖို႔ မ်ားေနတဲ့ ေနာက္ခံလူ ဒါယို အူပါမီကာႏုိကို ေခၚယူဖို႔ စိတ္ဝင္စားေနၾကတဲ့ ဥေရာပ အသင္းႀကီးေတြထဲမွာ မန္ခ်က္စတာစီးတီးအေနနဲ႔ ေနာက္ဆုံးထပ္တုိးလာတဲ့အသင္းအျဖစ္ ပါဝင္လာခဲ့ၿပီး နည္းျပ ပက္ ဂြါဒီယိုလာရဲ႕ ေတာင္းဆုိမွဳအတြက္ ေခၚယူသြားဖို႔ ရွိေနပါတယ္။

ဒီရာသီကုန္မွာ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၁၇ သန္း ထပ္မံေလ်ာ့က်လာမွာျဖစ္တဲ့ အူပါမီကာႏိုဟာ အသင္းကေန ထြက္ခြာဖို႔ နီးစပ္ေနသူျဖစ္ၿပီး သူ႕ကို ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္၊ အာဆင္နယ္နဲ႔ မန္ခ်က္စတာၿမဳိ႕ခံၿပဳိင္ဘက္ေတြျဖစ္ၾကတဲ့ စီးတီးနဲ႔ ယူႏုိက္တက္တုိ႔ႏွစ္သင္းက အလိုရွိေနၾကတယ္လို႔ ေနာက္ဆုံး သတင္းေတြအရ သိရပါတယ္။

အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ဖို႔ စိတ္ဝင္စားေၾကာင္း ျပသဖူးခဲ့တဲ့ အူပါမီကာႏိုအတြက္ ပရီးမီးယားလိဂ္က တျခားအသင္းေတြရဲ႕ ကမ္းလွမ္းမွဳကလည္း စိတ္ဝင္စားစရာျဖစ္ေနႏုိင္ၿပီး မန္စီးတီးကေတာ့ သူတုိ႔ရဲ႕ ပထမပစ္မွတ္ အင္တာမီလန္ေနာက္ခံလူ မီလန္ ရွကရီညာရဲ႕ ေစ်းႏွဳန္းသတ္မွတ္ခ်က္ ေပါင္သန္း ၈၀ ကို မေပးခ်င္တဲ့အတြက္ ျပင္သစ္သားဘက္ လွည့္ခဲ့တာလည္းျဖစ္ႏိုင္ပါတယ္။

လက္ရွိ မန္စီးတီးခံစစ္ပုိင္းမွာ အသင္းေခါင္းေဆာင္ေဟာင္း ဗင္းဆင့္ ကြန္ပနီထြက္ခြာသြားခဲ့ၿပီးကတည္းက မာေက်ာမွဳ မရွိေတာ့သလို အေတြ႕အႀကဳံနည္းပါးမွဳ၊ မတည္ၿငိမ္မွဳေတြနဲ႔ ရင္ဆုိင္ေနရၿပီး ေအာ္တာမန္ဒီနဲ႔ စတုန္းဟာ ဂြါဒီယိုလာရဲ႕ စိတ္ႀကဳိက္ေနာက္ခံလူေတြ မဟုတ္တဲ့အျပင္ ဦးစားေပး လာေပါ့တ္ရဲ႕ ႀကံ့ခိုင္မွဳကို ျပန္လည္ရွာေဖြေနခ်ိန္မွာ ကြင္းလယ္အဖ်က္ကစားသမားေတြပါ ေနာက္တန္းဆင္းကစားရတဲ့အထိ ႐ုန္းကန္ေနခဲ့ရတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ ဂြါဒီယိုလာအေနနဲ႔ လာမယ့္အေျပာင္းအေရႊ႕မွာ ေပါင္ ၅၂ သန္းဝန္းက်င္နဲ႔ ေခၚယူႏုိင္မယ့္ ျပင္သစ္ယူ-၂၁ ေနာက္ခံလူအတြက္ ႀကဳိးစားသြားဖို႔ ရွိေနၿပီး တျခားအသင္းေတြနဲ႔ အၿပဳိင္ေခၚယူသြားရႏုိင္ေပမယ့္ ဘဏၰာေရးဆုိင္ရာ ျပႆနာတစ္မ်ဳိးမဟုတ္တစ္မ်ဳိးရွိေနတဲ့ ၿပဳိင္ဘက္ အသင္းေတြထက္ လက္ဦးမွဳ ရယူသြားႏုိင္ဖို႔လည္း ေရပန္းစားေနတယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: RB လိုက်ပ်ဇစ်အသင်းကနေ နွေရာသီမှာ ထွက်ခွာဖို့ များနေတဲ့ နောက်ခံလူ ဒါယို အူပါမီကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ဥရောပ အသင်းကြီးတွေထဲမှာ မန်ချက်စတာစီးတီးအနေနဲ့ နောက်ဆုံးထပ်တိုးလာတဲ့အသင်းအဖြစ် ပါဝင်လာခဲ့ပြီး နည်းပြ ပက် ဂွါဒီယိုလာရဲ့ တောင်းဆိုမှုအတွက် ခေါ်ယူသွားဖို့ ရှိနေပါတယ်။

ဒီရာသီကုန်မှာ စာချုပ်လျော်ကြေး ပေါင် ၁၇ သန်း ထပ်မံလျော့ကျလာမှာဖြစ်တဲ့ အူပါမီကာနိုဟာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေသူဖြစ်ပြီး သူ့ကို ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်နဲ့ မန်ချက်စတာမြို့ခံပြိုင်ဘက်တွေဖြစ်ကြတဲ့ စီးတီးနဲ့ ယူနိုက်တက်တို့နှစ်သင်းက အလိုရှိနေကြတယ်လို့ နောက်ဆုံး သတင်းတွေအရ သိရပါတယ်။

အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း ပြသဖူးခဲ့တဲ့ အူပါမီကာနိုအတွက် ပရီးမီးယားလိဂ်က တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုကလည်း စိတ်ဝင်စားစရာဖြစ်နေနိုင်ပြီး မန်စီးတီးကတော့ သူတို့ရဲ့ ပထမပစ်မှတ် အင်တာမီလန်နောက်ခံလူ မီလန် ရှကရီညာရဲ့ ဈေးနှုန်းသတ်မှတ်ချက် ပေါင်သန်း ၈၀ ကို မပေးချင်တဲ့အတွက် ပြင်သစ်သားဘက် လှည့်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။

လက်ရှိ မန်စီးတီးခံစစ်ပိုင်းမှာ အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွန်ပနီထွက်ခွာသွားခဲ့ပြီးကတည်းက မာကျောမှု မရှိတော့သလို အတွေ့အကြုံနည်းပါးမှု၊ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အော်တာမန်ဒီနဲ့ စတုန်းဟာ ဂွါဒီယိုလာရဲ့ စိတ်ကြိုက်နောက်ခံလူတွေ မဟုတ်တဲ့အပြင် ဦးစားပေး လာပေါ့တ်ရဲ့ ကြံ့ခိုင်မှုကို ပြန်လည်ရှာဖွေနေချိန်မှာ ကွင်းလယ်အဖျက်ကစားသမားတွေပါ နောက်တန်းဆင်းကစားရတဲ့အထိ ရုန်းကန်နေခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဂွါဒီယိုလာအနေနဲ့ လာမယ့်အပြောင်းအရွှေ့မှာ ပေါင် ၅၂ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ့် ပြင်သစ်ယူ-၂၁ နောက်ခံလူအတွက် ကြိုးစားသွားဖို့ ရှိနေပြီး တခြားအသင်းတွေနဲ့ အပြိုင်ခေါ်ယူသွားရနိုင်ပေမယ့် ဘဏ္ဏာရေးဆိုင်ရာ ပြဿနာတစ်မျိုးမဟုတ်တစ်မျိုးရှိနေတဲ့ ပြိုင်ဘက် အသင်းတွေထက် လက်ဦးမှု ရယူသွားနိုင်ဖို့လည်း ရေပန်းစားနေတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.