La Liga Premier League

ဝါရင့္ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကို ေခၚယူသြားဖို႔ နီးစပ္ေနတဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းနည္းျပ ဇီနီဒန္း ဇီဒန္းအေနနဲ႔ သူ႕ရဲ႕ကြင္းလယ္အဖ်က္ပုိင္းမွာ အလွည့္က်သုံးစြဲႏိုင္မယ့္ ခံစစ္ပိုင္း ကၽြမ္းက်င္သူမ်ဳိး နည္းပါးေနတဲ့ ျပႆနာကို ေျဖရွင္းတဲ့ အေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ဝါရင္ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကို လာမယ့္အေျပာင္းအေရႊ႕ကာလမွာ ေခၚယူဖို႔ စီစဥ္ေနၿပီျဖစ္ပါတယ္။

မက္ဒရစ္သားေတြရဲ႕ ကြင္းလယ္မွာ ဘရာဇီးလ္ကစားသမား ကာစီမီ႐ို မပါဝင္ႏုိင္ရင္ အသင္းအေနနဲ႔ ႐ုန္းကန္ရေလ့ရွိၿပီး ဒီေနရာအတြက္ တုိနီ ခ႐ူးစ္၊ လူကာ မုိဒရစ္နဲ႔ ဖက္ဒါရီကို ဗယ္လ္ဗာဒီတုိ႔ဟာ ျဖည့္ဆည္းမေပးႏုိင္ဘဲ ရွိေနၿပီး ကစားပုံလည္း က်ဆင္းသြားေလ့ရွိတတ္တာကို ျပင္သစ္သားနည္းျပအေနနဲ႔ ကာကြယ္သြားခ်င္ေနတာလည္းျဖစ္ပါတယ္။

လက္ရွိရာသီမွာ ကာစီမီ႐ုိအေနနဲ႔ ရီးရဲလ္မက္ဒရစ္အတြက္ ပြဲတုိင္းပါဝင္ကစားေနရၿပီး အနားယူဖို႔ အခြင့္အေရးမရွိသလို ျဖစ္ေနတာေၾကာင့္ သူ႕ရဲ႕ ပြဲပန္းမွဳကို ကာကြယ္ေပးႏုိင္မယ့္ ကြန္ေတကို ဇီဒန္းက အလိုရွိေနတာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဘက္ကလည္း လူငယ္ေတြနဲ႔ ေသြးသစ္ေလာင္းဖို႔ စီစဥ္ေနခ်ိန္မွာ အေရာင္းအဝယ္ျဖစ္လာဖို႔ ရွိပါတယ္။

ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔လည္း ကြင္းလယ္မွာ ဝက္စ္ဟမ္းယူႏိုက္တက္ရဲ႕ ဒက္ကလန္ ႐ိုက္စ္ကို လာမယ့္ရာသီမွာ ေခၚယူသြားဖို႔ မ်ားေနၿပီး ကြန္ေတကိုေတာ့ ဒီအတြက္ အသုံးစရိတ္ကာမိေအာင္ ေရာင္းခ်သြားဖို႔ ရွိေနသလို ကစားသမားအေနနဲ႔လည္း ေျပာင္းေရႊ႕ဖို႔ စိတ္ဝင္စားႏုိင္ပါတယ္။

ရီးရဲလ္မက္ဒရစ္အေနနဲ႔ ကြင္းလယ္အဖ်က္ေနရာအတြက္ ကြန္ေတအပါအဝင္ ျပင္သစ္သား ၃ ဦးကို ပစ္မွတ္ထားေနတယ္လို႔ လိုင္လီအသင္းရဲ႕ ဘူဘာကာရီ ဆူမာေရးနဲ႔ ရင္းေနးအသင္းရဲ႕ အီဒူရာဒို ကာမာဗင္ဂါတုိ႔လည္း ေစာင့္ၾကည့္ေနေသးၿပီး ကြန္ေတကေတာ့ အသက္အရြယ္၊ တန္ေၾကး၊ အေတြ႕အႀကဳံေတြအရ အဆင္အေျပဆုံးျဖစ္ႏုိင္လုိ႔ အေျပာင္းအေရႊ႕ျဖစ္ေပၚဖို႔ ခန္႔မွန္းေနၾကတယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီနီဒန်း ဇီဒန်းအနေနဲ့ သူ့ရဲ့ကွင်းလယ်အဖျက်ပိုင်းမှာ အလှည့်ကျသုံးစွဲနိုင်မယ့် ခံစစ်ပိုင်း ကျွမ်းကျင်သူမျိုး နည်းပါးနေတဲ့ ပြဿနာကို ဖြေရှင်းတဲ့ အနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ဝါရင်ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို လာမယ့်အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

မက်ဒရစ်သားတွေရဲ့ ကွင်းလယ်မှာ ဘရာဇီးလ်ကစားသမား ကာစီမီရို မပါဝင်နိုင်ရင် အသင်းအနေနဲ့ ရုန်းကန်ရလေ့ရှိပြီး ဒီနေရာအတွက် တိုနီ ခရူးစ်၊ လူကာ မိုဒရစ်နဲ့ ဖက်ဒါရီကို ဗယ်လ်ဗာဒီတို့ဟာ ဖြည့်ဆည်းမပေးနိုင်ဘဲ ရှိနေပြီး ကစားပုံလည်း ကျဆင်းသွားလေ့ရှိတတ်တာကို ပြင်သစ်သားနည်းပြအနေနဲ့ ကာကွယ်သွားချင်နေတာလည်းဖြစ်ပါတယ်။

လက်ရှိရာသီမှာ ကာစီမီရိုအနေနဲ့ ရီးရဲလ်မက်ဒရစ်အတွက် ပွဲတိုင်းပါဝင်ကစားနေရပြီး အနားယူဖို့ အခွင့်အရေးမရှိသလို ဖြစ်နေတာကြောင့် သူ့ရဲ့ ပွဲပန်းမှုကို ကာကွယ်ပေးနိုင်မယ့် ကွန်တေကို ဇီဒန်းက အလိုရှိနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းဘက်ကလည်း လူငယ်တွေနဲ့ သွေးသစ်လောင်းဖို့ စီစဉ်နေချိန်မှာ အရောင်းအဝယ်ဖြစ်လာဖို့ ရှိပါတယ်။

ချဲလ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ်အနေနဲ့လည်း ကွင်းလယ်မှာ ဝက်စ်ဟမ်းယူနိုက်တက်ရဲ့ ဒက်ကလန် ရိုက်စ်ကို လာမယ့်ရာသီမှာ ခေါ်ယူသွားဖို့ များနေပြီး ကွန်တေကိုတော့ ဒီအတွက် အသုံးစရိတ်ကာမိအောင် ရောင်းချသွားဖို့ ရှိနေသလို ကစားသမားအနေနဲ့လည်း ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်အနေနဲ့ ကွင်းလယ်အဖျက်နေရာအတွက် ကွန်တေအပါအဝင် ပြင်သစ်သား ၃ ဦးကို ပစ်မှတ်ထားနေတယ်လို့ လိုင်လီအသင်းရဲ့ ဘူဘာကာရီ ဆူမာရေးနဲ့ ရင်းနေးအသင်းရဲ့ အီဒူရာဒို ကာမာဗင်ဂါတို့လည်း စောင့်ကြည့်နေသေးပြီး ကွန်တေကတော့ အသက်အရွယ်၊ တန်ကြေး၊ အတွေ့အကြုံတွေအရ အဆင်အပြေဆုံးဖြစ်နိုင်လို့ အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ ခန့်မှန်းနေကြတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.