Premier League

ခ်ဲလ္ဆီးနဲ႔ပြဲက ဂိုးသြင္းအၿပီးမွာ ေအာင္ပြဲခံခဲ့တာက အေမနဲ႔တုိင္ပင္ထားတာလို႔ ဆိုလိုက္တဲ့ လူငယ္တုိက္စစ္မွဴး

ခ်ဲလ္ဆီးအသင္းနဲ႔ အာဆင္နယ္အသင္းတုိ႔ စတမ္းဖို႔ဘရစ္ခ်္မွာ သေရက်တဲ့ ပြဲစဥ္မွာ ေအာင္ပြဲခံခဲ့တဲ့ လူငယ္တုိက္စစ္မွဴး ဂါဘရီယယ္လ္ မာတီနယ္လီက ကြင္းေထာင့္မွာ လက္ပုိက္ၿပီး ေအာင္ပြဲခံဖို႔ကို ပြဲမတုိင္ခင္တစ္ေန႔မွာ ညစာစားရင္း အေမနဲ႔ တိုင္ပင္ထားခဲ့တာလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ ဘရာဇီးလ္သားဟာ အာဆင္နယ္အသင္းရဲ႕ ဂိုးဧရိယာထိပ္ကေန ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးဧရိယာအတြင္းထဲအထိ ကြင္းရဲ႕ အစိတ္အပုိင္းေတာ္ေတာ္မ်ားမ်ားကို ေျပးလႊားခဲ့ရတာျဖစ္ၿပီး အသင္းအတြက္ ေခ်ပဂိုးကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ကန္သြင္းၿပီး ဂိုးသမား ကီပါ အာရီဇာဘာလာဂါကို ေက်ာ္ျဖတ္သြားႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီတုိက္စစ္မွဴး ကိုင္လ်န္ အမ္ဘာေပရဲ႕ ေအာင္ပြဲခံမွဳနဲ႔ တူေနခဲ့တယ္လုိ႔ တခ်ဳိ႕က ေျပာေနၾကတာေတြကိုေတာ့ မာတီနယ္လီက ဒါဟာ သူနဲ႔ အေမက ထူးျခားတဲ့ ပုံစံတစ္ခုနဲ႔ ေတြးထားခဲ့တာပဲျဖစ္ၿပီး အတိအက်ေတာ့ မတူေၾကာင္းနဲ႔ ျပင္သစ္သားရဲ႕ ပုံစံက လက္ဖ်ံေတြကို ၾကက္ေျခခတ္ၿပီး သူက ဒီလိုမဟုတ္ေၾကာင္းလည္း ဆုိပါတယ္။

“အဲ့ဒီပြဲမတုိင္ခင္ညက အေမက ညစာျပင္ေနတယ္။ ကၽြန္ေတာ္နဲ႔ အေဖကေတာ့ မီးဖိုခန္းထဲမွာေပါ့။ အဲ့ဒီမွာ ကၽြန္ေတာ္က ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဂိုးသြင္းႏုိင္မယ္လို႔ ထင္ေနေၾကာင္း သူတုိ႔ကို ေျပာခဲ့ၿပီး ဘယ္လိုေအာင္ပြဲခံရင္ ေကာင္းမလဲလို႔ အႀကံေတာင္းလိုက္ေတာ့ အေမက ဒီလိုလုပ္ပါလားလို႔ ဆုိခဲ့တာပါ”လို႔ မာတီနယ္လီက ရွင္းျပသြားပါတယ္။

ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဒီဂိုးကို သြင္းယူဖို႔ မာတီနယ္လီအေနနဲ႔ အကြာအေဝး ၆၇ ကုိက္ကို ၈.၄ စကၠန္႔အခ်ိန္အတြင္းမွာ ေျပးလႊားၿပီး ဂိုးသြင္းယူခဲ့တာလို႔ သိရၿပီး အာဆင္နယ္ပရိသတ္ေတြကေတာ့ ဒီဂိုးကို ဒီေန႔အထိ ေျပာမဆုံးဘဲျဖစ္ေနၾကသလို သူ႕ကိုလည္း အသင္းရဲ႕ အနာဂတ္တိုက္စစ္မွဴးအျဖစ္ ကာလၾကာရွည္ဆက္ရွိေနဖို႔ လုိလားေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ စတမ်းဖို့ဘရစ်ချ်မှာ သရေကျတဲ့ ပွဲစဉ်မှာ အောင်ပွဲခံခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီက ကွင်းထောင့်မှာ လက်ပိုက်ပြီး အောင်ပွဲခံဖို့ကို ပွဲမတိုင်ခင်တစ်နေ့မှာ ညစာစားရင်း အမေနဲ့ တိုင်ပင်ထားခဲ့တာလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ဘရာဇီးလ်သားဟာ အာဆင်နယ်အသင်းရဲ့ ဂိုးဧရိယာထိပ်ကနေ ချဲလ်ဆီးအသင်းရဲ့ ဂိုးဧရိယာအတွင်းထဲအထိ ကွင်းရဲ့ အစိတ်အပိုင်းတော်တော်များများကို ပြေးလွှားခဲ့ရတာဖြစ်ပြီး အသင်းအတွက် ချေပဂိုးကို တည်တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းပြီး ဂိုးသမား ကီပါ အာရီဇာဘာလာဂါကို ကျော်ဖြတ်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လျန် အမ်ဘာပေရဲ့ အောင်ပွဲခံမှုနဲ့ တူနေခဲ့တယ်လို့ တချို့က ပြောနေကြတာတွေကိုတော့ မာတီနယ်လီက ဒါဟာ သူနဲ့ အမေက ထူးခြားတဲ့ ပုံစံတစ်ခုနဲ့ တွေးထားခဲ့တာပဲဖြစ်ပြီး အတိအကျတော့ မတူကြောင်းနဲ့ ပြင်သစ်သားရဲ့ ပုံစံက လက်ဖျံတွေကို ကြက်ခြေခတ်ပြီး သူက ဒီလိုမဟုတ်ကြောင်းလည်း ဆိုပါတယ်။

“အဲ့ဒီပွဲမတိုင်ခင်ညက အမေက ညစာပြင်နေတယ်။ ကျွန်တော်နဲ့ အဖေကတော့ မီးဖိုခန်းထဲမှာပေါ့။ အဲ့ဒီမှာ ကျွန်တော်က ချဲလ်ဆီးနဲ့ပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ ထင်နေကြောင်း သူတို့ကို ပြောခဲ့ပြီး ဘယ်လိုအောင်ပွဲခံရင် ကောင်းမလဲလို့ အကြံတောင်းလိုက်တော့ အမေက ဒီလိုလုပ်ပါလားလို့ ဆိုခဲ့တာပါ”လို့ မာတီနယ်လီက ရှင်းပြသွားပါတယ်။

ချဲလ်ဆီးနဲ့ပွဲမှာ ဒီဂိုးကို သွင်းယူဖို့ မာတီနယ်လီအနေနဲ့ အကွာအဝေး ၆၇ ကိုက်ကို ၈.၄ စက္ကန့်အချိန်အတွင်းမှာ ပြေးလွှားပြီး ဂိုးသွင်းယူခဲ့တာလို့ သိရပြီး အာဆင်နယ်ပရိသတ်တွေကတော့ ဒီဂိုးကို ဒီနေ့အထိ ပြောမဆုံးဘဲဖြစ်နေကြသလို သူ့ကိုလည်း အသင်းရဲ့ အနာဂတ်တိုက်စစ်မှူးအဖြစ် ကာလကြာရှည်ဆက်ရှိနေဖို့ လိုလားနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.