Premier League
တစ်နေ့တာ ကရိုဏ်း။
UNICODE: ၁၅.၄.၂၀၂၀၊ ၁၃၈၁ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ ဗုဒ္ဓဟူးနေ့၊ ရက်ရာဇာ၊ ရှမ်းရက်။
တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၇:၅၀ အထိ တိထီ ၈ လုံး။ ကျော်လျှင် ၉ လုံး။ ၈ လုံးတွင် မတယုဂ်နှင့် ယာဇ်မီးယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့်အလုပ်များအတွက် ပူဇော်ဆုတောင်းမှုများ လုပ်ဆောင်ရန်ကောင်း။ ၉ လုံးတွင် လွှသွားယုဂ်၊ ထိရှစေလိုသည့်၊ ထင်ရှားစေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၂၂:၀၃ အထိ ဥတ္တရာသဋ္ဌ်နက္ခတ်။ ကျော်လျှင် သရဝဏ်နက္ခတ်။ ညနေ ၁၈:၃၀ အထိ သိဒ္ဓယုဂ်၊ ပြည့်စုံခြင်း၊ ကျွမ်းကျင်စွာဖြင့် အောင်မြင်ခြင်း၊ ဆန္ဒရှိသည့် အရာများအား စူးစိုက်လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သာဓျယုဂ်၊ အကြံဉာဏ်ကောင်းရခြင်း၊ အောင်မြင်ခြင်း၊ အဆက်အသွယ်ကောင်း ရရှိခြင်းတို့ကြောင့် အကျိုးအမြတ် အခွင့်အလမ်းများ ပွင့်လန်းမည်။
တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၇:၅၀ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
ညနေ ၁၇:၅၀ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ ကျော်လျှင် အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)