La Liga Premier League

အက္သလက္တီကိုကြင္းလယ္လူနဲ႔ ပုဂၢဳိလ္ေရးေဆြးေႏြးေနတဲ့ မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ဦးစားေပးပစ္မွတ္တစ္ခုျဖစ္တဲ့ အက္သလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို ေခၚယူႏုိင္ဖို႔ ႀကဳိးစားေနရာမွာ ကစားသမားနဲ႔ ပုဂၢဳိလ္ေရးဆုိင္ရာအခ်က္အလက္ေတြကို ေဆြးေႏြးေနၿပီး လက္ရွိလုပ္ခေငြထက္ တစ္ပတ္ကို ေပါင္ရွစ္ေသာင္းခြဲ ပုိေပးမယ္ဆိုၿပီး ကမ္းလွမ္းခဲ့တယ္လုိ႔ သိရပါတယ္။

အက္သလက္တီကိုအသင္းနဲ႔ ၂၀၂၆ ခုႏွစ္အထိ စာခ်ဳပ္ရွိေနေပမယ့္ ေနာက္ဆုံးလစာေငြ ညႇိႏွဳိင္းမွဳမွာ သေဘာတူညီမွဳမရခဲ့တဲ့ အသက္ ၂၅ ႏွစ္အရြယ္ စပိန္ကြင္းလယ္လူဟာ အသင္းမွာ တစ္ပတ္ကို ေပါင္တစ္သိန္းေက်ာ္ရရွိေနသူလည္းျဖစ္ၿပီး စာခ်ဳပ္ေလ်ာ္ေၾကးအျဖစ္ေတာ့ ေပါင္ ၁၃၅ သန္း ထည့္သြင္းထားခဲ့သူလည္းျဖစ္ပါတယ္။

သည္ဆန္းသတင္းစာရဲ႕ အဆိုအရေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဆာအူးလ္အတြက္ ေျပာင္းေရႊ႕ေၾကးကိုေတာ့ ေပါင္သန္း ၇၀ ကေန စတင္ကမ္းလွမ္းဖို႔ စီစဥ္ထားၿပီး ကစားသမားအတြက္ကိုေတာ့ တစ္ပတ္အတြက္ အေျခခံလုပ္ခ ေပါင္ႏွစ္သိန္းနဲ႔ ညႇိႏွဳိင္းထားတယ္လို႔ဆုိၿပီး ဒီသတင္းအရေတာ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာလည္း အသင္းက ထြက္ခြာႏုိင္ေျခမ်ားလာခဲ့ပါတယ္။

လီဗာပူးလ္အသင္းကို အန္းဖီးလ္ကြင္းမွာ အေဝးကြင္းႏုိင္ပြဲနဲ႔ ျဖဳတ္မခ်ခင္က သူတို႔ေတြကို ဖိအားဝင္သြားေအာင္ တစ္လုံးတည္းေသာအႏုိင္ဂိုးနဲ႔ ပထမအေက်ာ့ အိမ္ကြင္းမွာ ဦးေဆာင္ေပးႏိုင္ခဲ့တဲ့ ဆာအူးလ္ရဲ႕ စြမ္းေဆာင္ရည္ကလည္း ခါးသီးတဲ့ ၿပဳိင္ဘက္အသင္းကို ေလွာင္ေျပာင္ခ်င္ေနတဲ့ ယူႏိုက္တက္ ပရိသတ္ေတြအတြက္ေတာ့ ေက်နပ္စရာလည္းျဖစ္ေနႏုိင္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ရည္မွန္းခ်က္ႀကီးမားတဲ့ အစီအစဥ္ေတြကို ဇန္နဝါရီအေျပာင္းအေရႊ႕ကာလကတည္းက ဆက္တိုက္ ျမင္ေတြ႕ေနခဲ့ရၿပီး အသင္းကို ေအာင္ျမင္ခဲ့တုန္းက ပုံစံမ်ဳိး ရရွိေအာင္ ျပန္လည္တည္ေဆာက္ေနရာမွာ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအေနနဲ႔လည္း အသင္းမွာ ခပ္ၾကာၾကာဆက္ရွိဖို႔ ျဖစ္ႏုိင္ၿပီး ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္ကေတာ့ ေငြေၾကးအျပည့္အစုံထုတ္ေပးသြားမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ဦးစားပေးပစ်မှတ်တစ်ခုဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေရာမှာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို ဆွေးနွေးနေပြီး လက်ရှိလုပ်ခငွေထက် တစ်ပတ်ကို ပေါင်ရှစ်သောင်းခွဲ ပိုပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အက်သလက်တီကိုအသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ရှိနေပေမယ့် နောက်ဆုံးလစာငွေ ညှိနှိုင်းမှုမှာ သဘောတူညီမှုမရခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် စပိန်ကွင်းလယ်လူဟာ အသင်းမှာ တစ်ပတ်ကို ပေါင်တစ်သိန်းကျော်ရရှိနေသူလည်းဖြစ်ပြီး စာချုပ်လျော်ကြေးအဖြစ်တော့ ပေါင် ၁၃၅ သန်း ထည့်သွင်းထားခဲ့သူလည်းဖြစ်ပါတယ်။

သည်ဆန်းသတင်းစာရဲ့ အဆိုအရတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆာအူးလ်အတွက် ပြောင်းရွှေ့ကြေးကိုတော့ ပေါင်သန်း ၇၀ ကနေ စတင်ကမ်းလှမ်းဖို့ စီစဉ်ထားပြီး ကစားသမားအတွက်ကိုတော့ တစ်ပတ်အတွက် အခြေခံလုပ်ခ ပေါင်နှစ်သိန်းနဲ့ ညှိနှိုင်းထားတယ်လို့ဆိုပြီး ဒီသတင်းအရတော့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာလည်း အသင်းက ထွက်ခွာနိုင်ခြေများလာခဲ့ပါတယ်။

လီဗာပူးလ်အသင်းကို အန်းဖီးလ်ကွင်းမှာ အဝေးကွင်းနိုင်ပွဲနဲ့ ဖြုတ်မချခင်က သူတို့တွေကို ဖိအားဝင်သွားအောင် တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ ပထမအကျော့ အိမ်ကွင်းမှာ ဦးဆောင်ပေးနိုင်ခဲ့တဲ့ ဆာအူးလ်ရဲ့ စွမ်းဆောင်ရည်ကလည်း ခါးသီးတဲ့ ပြိုင်ဘက်အသင်းကို လှောင်ပြောင်ချင်နေတဲ့ ယူနိုက်တက် ပရိသတ်တွေအတွက်တော့ ကျေနပ်စရာလည်းဖြစ်နေနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရည်မှန်းချက်ကြီးမားတဲ့ အစီအစဉ်တွေကို ဇန်နဝါရီအပြောင်းအရွှေ့ကာလကတည်းက ဆက်တိုက် မြင်တွေ့နေခဲ့ရပြီး အသင်းကို အောင်မြင်ခဲ့တုန်းက ပုံစံမျိုး ရရှိအောင် ပြန်လည်တည်ဆောက်နေရာမှာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့လည်း အသင်းမှာ ခပ်ကြာကြာဆက်ရှိဖို့ ဖြစ်နိုင်ပြီး ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်ကတော့ ငွေကြေးအပြည့်အစုံထုတ်ပေးသွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.