Premier League

5 Jul နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းများ စုစည်းမှု

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရွန်းကို ပေါင် ၄၅သန်းနဲ့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လိုက်ကြောင်း စကိုင်းအီတာလီယာသတင်းက ဖော်ပြသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်ရဲ့ ဆန္ဒမှာ တနှစ်စာချုပ်သာ ကျန်ရှိတော့တဲ့ ပြင်သစ်သားရဲ့ ပြောင်းရွှေ့ကြေးအတွက် ယူရိုသန်း ၆၀ အထိ အလိုရှိနေ။

ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့တော့မယ့် ပေါလ် ပေါ့ဘာနေရာမှာ ရေရှည်အစားထိုးသွားမယ်လို့ ယူဆခံထားရတဲ့ ရင်းနေးကွင်းလယ်လူ လူငယ်ကြယ်ပွင့်လေး အက်ဒွာဒို ကာမာဗင်ဂါကို ယူနိုက်တက်ဘက်က တောက်လျှောက်ချိတ်ဆက်နေတယ်လို့ သိရပြီး အသက် ၁၈ နှစ်အရွယ် ပြင်သစ်သားကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ ခိုင်လုံတဲ့သတင်းရင်းမြစ်တခုဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့။

အိုးထရက်ဖို့မြေကို Coming Home အနေနဲ့ အိမ်ပြန်လာတော့မယ်လို့ အကြီးအကျယ်မျှော်လင့်ခံထားရတဲ့ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သစ်ကိစ္စ ကမ်းလှမ်းစကားပြောဆိုခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေ မကြားချင်တဲ့ သတင်းတခုဖြစ်လာခဲ့ပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ရဲ့ စည်းရုံးမှုအရ တူရင်မြေမှာ ၂၀၂၃ အထိ ဆက်နေသွားဖွယ်ရှိ။

ဆန်ချိုကို ခေါ်ယူအပြီး ဗဟိုခံစစ်မှုးတဦးနဲ့ ကွင်းလယ်လူတဦးကို အရဝယ်ယူဖို့ အားစိုက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝုဗ်စ်ကွင်းလယ်လူ ရူဘင် နာဗက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့အပြိုင်လုရဖွယ်ရှိနေပြီး ပေါ်တူဂီသားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နဲ့ သဘောတူညီရယူနိုင်ဖွယ်ရှိနေ။

Whoscored ဝက်ဘ်ဆိုက်က ထုတ်ပြန်တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကြီးရဲ့ ကွာတားဖိုင်နယ်အဆင့် အကောင်းဆုံးလူစာရင်း XI မှာ အင်္ဂလန်အသင်းအတွက် ကစားပေးနေတဲ့ ယူနိုက်တက်ကစားသမား ၃ ဦးအထိ ပါဝင်လာခဲ့ခြင်းဖြစ်ပြီး ဟာရိ မက်ဂွိုင်းယား၊ လုခ်ရှောနဲ့ ဂျေဒန် ဆန်ချိုတို့ ရွေးချယ်ခံခဲ့ရကြောင်းသိရ။

ပြင်သစ်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်ကနေ အိမ်ပြန်ခဲ့ရပေမယ့် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ ယူရို ၂၀၂၀ ပြိုင်ပွဲကြီးရဲ့ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ဝိန်းရွန်နီက ချီးကျူးသွားခဲ့ပြီး ယူနိုက်တက်အသင်းအနေနဲ့ ပြင်သစ်သားကို အမြော်အမြင်ရှိရှိ သုံးစွဲတတ်ဖို့ လိုအပ်နေသလို သူနဲ့ အံအဝင်ဆုံးနေရာက အန်ဂိုလို ကွန်တေနဲ့ တွဲဖက်ကစားခဲ့တဲ့ ကွင်းလယ်ထောက်တိုင်နေရာဖြစ်တယ်လို့ အကြုံပြုသွားခဲ့။

အီတလီကလာတဲ့သတင်းတွေအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်တာမီလန်ကွင်းလယ်လူ မာဆယ်လို ဘရိုဇိုဗစ်ကို တော့တမ်ဟမ် ဟော့ စပါးစ်အသင်းက ပေါင် ၂၅ သန်းနဲ့ ချိတ်ဆက်နေချိန်မှာ ယူနိုက်တက်အသင်းက ကြားဝင်လာခဲ့တယ်လို့ သိရပြီး စီးရီးအေချန်ပီယံဖြစ်ထားတဲ့ ကစားသမားကို မြောက်လန်ဒန်ကို ကျော်ဖြတ်ပြီး ခေါ်ယူသွားဖို့ ခပ်သွက်သွက် လှုပ်ရှားနေ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုင်းယတ်စ်အသင်းကနေ ရောက်ရှိလာပြီး ချောင်ထိုးခံထားရတဲ့ ဒတ်ချ်ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ကို ဒီနွေမှာ ပြန်လည်ရှင်းထုတ်တော့မယ်လို့ သိရပြီး သူ့ကို စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ရရှိထားချိန်မှာ ပေါင် ၂ သန်းနဲ့ တရာသီအငှားသာ ခေါ်ယူသွားဖွယ်ရှိနေ။

မန်ချက်စတာယူနိုက်တက်ရဲ့ အိုးထရက်ဖို့မြေကိုသာ စိတ်အားထက်သန်စွာ ပြောင်းရွှေ့လိုနေတယ်လို့ အဆိုပြုခံထားရတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ယူရို ၂၀၂၀ ပြိုင်ပွဲကြီးအပြီးမှာ နည်းပြဆိုးလ်ရှားက အပြီးသတ်ညှိနှိုင်းနိုင်မယ်လို့ ယုံကြည်နေပြီး ပေါင်သန်း ၁၀၀ ခေါ်ဈေးကို အလျှော့အတင်း ကြိုးစားသွားကြည့်ဖွယ်ရှိနေချိန်မှာ ရီယို ဖာဒီနန်ကလည်း ယူနိုက်တက်ရဲ့အနာဂတ်မှာ အင်္ဂလန်သားကို မဖြစ်မနေလိုအပ်တယ်လို့ တိုက်တွန်းသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရီးရဲလ္မက္ဒရစ္ဗဟိုခံစစ္မႉး ရာ​ေဖးလ္ ဗာ႐ြန္းကို ေပါင္ ၄၅သန္းနဲ႔ ပထမဆုံးအႀကိမ္အျဖစ္ တရားဝင္ကမ္းလွမ္းမႈ ျပဳလုပ္လိုက္ေၾကာင္း စကိုင္းအီတာလီယာသတင္းက ေဖာ္ျပသြားခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ဥကၠဌ ပီရက္ဇ္ရဲ႕ ဆႏၵမွာ တႏွစ္စာခ်ဳပ္သာ က်န္ရွိေတာ့တဲ့ ျပင္သစ္သားရဲ႕ ​ေျပာင္းေ႐ႊ႕ေၾကးအတြက္ ယူ႐ိုသန္း ၆၀ အထိ အလိုရွိေန။

ဂ်ဴဗင္တပ္စ္ဆီ ေျပာင္းေ႐ႊ႕ေတာ့မယ့္ ေပါလ္ ေပါ့ဘာေနရာမွာ ေရရွည္အစားထိုးသြားမယ္လို႔ ယူဆခံထားရတဲ့ ရင္းေနးကြင္းလယ္လူ လူငယ္ၾကယ္ပြင့္ေလး အက္ဒြာဒို ကာမာဗင္ဂါကို ယူႏိုက္တက္ဘက္က ေတာက္ေလွ်ာက္ခ်ိတ္ဆက္ေနတယ္လို႔ သိရၿပီး အသက္ ၁၈ ႏွစ္အ႐ြယ္ ျပင္သစ္သားကို ေပါင္ ၂၅ သန္းနဲ႔ ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီလို႔ ခိုင္လုံတဲ့သတင္းရင္းျမစ္တခုျဖစ္တဲ့ ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳသြားခဲ့။

အိုးထရက္ဖို႔ေျမကို Coming Home အေနနဲ႔ အိမ္ျပန္လာေတာ့မယ္လို႔ အႀကီးအက်ယ္ေမွ်ာ္လင့္ခံထားရတဲ့ GOAT ႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စာခ်ဳပ္သစ္ကိစၥ ကမ္းလွမ္းစကားေျပာဆိုခဲ့တာ​ေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြ မၾကားခ်င္တဲ့ သတင္းတခုျဖစ္လာခဲ့ၿပီး သူ႔ရဲ႕ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ခ်္မန္ဒက္စ္ရဲ႕ စည္း႐ုံးမႈအရ တူရင္ေျမမွာ ၂၀၂၃ အထိ ဆက္ေနသြားဖြယ္ရွိ။

ဆန္ခ်ိဳကို ေခၚယူအၿပီး ဗဟိုခံစစ္မႈးတဦးနဲ႔ ကြင္းလယ္လူတဦးကို အရဝယ္ယူဖို႔ အားစိုက္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဝုဗ္စ္ကြင္းလယ္လူ ႐ူဘင္ နာဗက္စ္ကို ေခၚယူဖို႔ အာဆင္နယ္အသင္းနဲ႔အၿပိဳင္လုရဖြယ္ရွိေနၿပီး ေပၚတူဂီသားအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၄၀ နဲ႔ သေဘာတူညီရယူႏိုင္ဖြယ္ရွိေန။

Whoscored ဝက္ဘ္ဆိုက္က ထုတ္ျပန္တဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲႀကီးရဲ႕ ကြာတားဖိုင္နယ္အဆင့္ အေကာင္းဆုံးလူစာရင္း XI မွာ အဂၤလန္အသင္းအတြက္ ကစားေပးေနတဲ့ ယူႏိုက္တက္ကစားသမား ၃ ဦးအထိ ပါဝင္လာခဲ့ျခင္းျဖစ္ၿပီး ဟာရိ မက္ဂြိဳင္းယား၊ လုခ္ေရွာနဲ႔ ေဂ်ဒန္ ဆန္ခ်ိဳတို႔ ေ႐ြးခ်ယ္ခံခဲ့ရေၾကာင္းသိရ။

ျပင္သစ္အသင္းဟာ ၁၆ သင္းရႈံးထြက္အဆင့္ကေန အိမ္ျပန္ခဲ့ရေပမယ့္ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲႀကီးရဲ႕ အေကာင္းဆုံးကစားသမားျဖစ္တယ္လို႔ ဝိန္း႐ြန္နီက ခ်ီးက်ဴးသြားခဲ့ၿပီး ယူႏိုက္တက္အသင္းအေနနဲ႔ ျပင္သစ္သားကို အေျမာ္အျမင္ရွိရွိ သုံးစြဲတတ္ဖို႔ လိုအပ္ေနသလို သူနဲ႔ အံအဝင္ဆုံးေနရာက အန္ဂိုလို ကြန္ေတနဲ႔ တြဲဖက္ကစားခဲ့တဲ့ ကြင္းလယ္ေထာက္တိုင္ေနရာျဖစ္တယ္လို႔ အႀကဳံျပဳသြားခဲ့။

အီတလီကလာတဲ့သတင္းေတြအရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အင္တာမီလန္ကြင္းလယ္လူ မာဆယ္လို ဘ႐ိုဇိုဗစ္ကို ေတာ့တမ္ဟမ္ ေဟာ့ စပါးစ္အသင္းက ေပါင္ ၂၅ သန္းနဲ႔ ခ်ိတ္ဆက္ေနခ်ိန္မွာ ယူႏိုက္တက္အသင္းက ၾကားဝင္လာခဲ့တယ္လို႔ သိရၿပီး စီးရီးေအခ်န္ပီယံျဖစ္ထားတဲ့ ကစားသမားကို ေျမာက္လန္ဒန္ကို ေက်ာ္ျဖတ္ၿပီး ေခၚယူသြားဖို႔ ခပ္သြက္သြက္ လႈပ္ရွားေန။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အိုင္းယတ္စ္အသင္းကေန ေရာက္ရွိလာၿပီး ေခ်ာင္ထိုးခံထားရတဲ့ ဒတ္ခ်္ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ကို ဒီေႏြမွာ ျပန္လည္ရွင္းထုတ္ေတာ့မယ္လို႔ သိရၿပီး သူ႔ကို စိတ္ဝင္စားေနတဲ့ ရီးရဲလ္မက္ဒရစ္ရဲ႕ ကမ္းလွမ္းမႈကို ရရွိထားခ်ိန္မွာ ေပါင္ ၂ သန္းနဲ႔ တရာသီအငွားသာ ေခၚယူသြားဖြယ္ရွိေန။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အိုးထရက္ဖို႔ေျမကိုသာ စိတ္အားထက္သန္စြာ ေျပာင္းေ႐ႊ႕လိုေနတယ္လို႔ အဆိုျပဳခံထားရတဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲႀကီးအၿပီးမွာ နည္းျပဆိုးလ္ရွားက အၿပီးသတ္ညႇိႏႈိင္းႏိုင္မယ္လို႔ ယုံၾကည္ေနၿပီး ေပါင္သန္း ၁၀၀ ေခၚေစ်းကို အေလွ်ာ့အတင္း ႀကိဳးစားသြားၾကည့္ဖြယ္ရွိေနခ်ိန္မွာ ရီယို ဖာဒီနန္ကလည္း ယူႏိုက္တက္ရဲ႕အနာဂတ္မွာ အဂၤလန္သားကို မျဖစ္မေနလိုအပ္တယ္လို႔ တိုက္တြန္းသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.