Premier League

အန္တရာယ်ကြီးတဲ့ ဒူးဒဏ်ရာဆိုးကြီးနဲ့ ရော်နယ်ဒိုအတွက် စပါယ်တွေ လွယ်လွယ်ပွင့်ခဲ့ရတာ မဟုတ်ဘူး

ဆိုရှယ် မီဒီယာစာမျက်နှာကနေတဆင့် ပျံံ့နှံ့လာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ သတင်းဆိုးတခုကတော့ အတော်လေးအံ့အားဖွယ်ကောင်းခဲ့ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ၅ ဂိုးသွင်းယူထားတဲ့ ပေါ်တူဂီတိုက်စစ်မှူးကြီးဟာ ၂၀၁၄ ခုနှစ်ကတည်းက ဒူးအရွတ်ကြောစုတ်ပြတ်တဲ့ ဒဏ်ရာကို ခံစားခဲ့ရကြောင်းသိရပြီး ဒါဟာ အားကစားအတွက် သူ့ရဲ့ဒူးကို အလွန်အကျွံအသုံးပြုမှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်တချက်ကတော့ ဒီဒဏ်ရာအမျိုးအစားဟာ ရော်နယ်လ်ဒိုအတွက် ကုသလို့မရနိုင်တဲ့ ‘Tendinosis’ ဆိုတဲ့ ဒူးအရွတ်ပိုင်းယိုယွင်းမှုဝေဒနာဖြစ်ပြီး ဒူးကို ဆက်လက်အသုံးပြုလေလေ ဒဏ်ရာအခြေအနေပိုဆိုးလေလေဆိုတဲ့ အနေအထားကို အန္တရာယ်ကြီးစွာ ကြုံတွေ့ရဖွယ်ရှိနေလို့ ဒါဟာ သာမန်ဒဏ်ရာမျိုးမဟုတ်ကြောင်း သိရှိရတာပါ။

အသက် ၃၆ နှစ်သားဟာ ၂၀၁၄ ခုနှစ်ကစလို့ လက်ရှိ ၂၀၂၁ အထိ ၇ နှစ်အတွင်းမှာ သူ့ရဲ့ဒူးအရွတ်ကို ဂရုတစိုက်လေ့ကျင့်ပြုစုခဲ့ရပြီး ကစားဟန်ကိုလည်း ပြောင်းလဲပစ်ခဲ့ရပါတယ်။ ဒီလိုဒဏ်ရာမျိုးနဲ့ ကွင်းထဲမှာ ကြိုးကြိုးကုတ်ကုတ် ဝင်ကစားနေခဲ့တဲ့ GOAT ကြီးဟာ ၇ နှစ်အတွင်းမှာ လာလီဂါဖလား ၂ လုံး၊ ချန်ပီယံလိဂ်ဖလား ၄ လုံးနဲ့ စီးရီးအေးဖလားကိုပါ အရယူပြီး ဆွတ်ခူးနိုင်ခဲ့သေးတာပါ။

ဒါ့အပြင် ဒဏ်ရာကိုပိုက်ပြီး ကစားရတဲ့ အဆိုပါ ၇ နှစ်အတွင်း ပေါ်တူဂီနဲ့အတူ ယူရိုဖလားချန်ပီယံဖြစ်ခဲ့သလို နေရှင်းလိဂ်ဖလားမှာလည်း ဗိုလ်ဝင်ခံခဲ့တဲ့အပြင် တဦးချင်းအောင်မြင်မှုအရ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေရဲ့ ဘလွန်ဒေါဆုရှင်အဖြစ် ၃ ကြိမ်တိုင်တိုင် အမြင့်မားဆုံး ရပ်တည်ပြခဲ့သလို ဒဏ်ရာပြဿနာကို ​စဥ်ဆက်မပြတ်​ကြိုးစားအားထုတ်ခြင်း၊ ဇွဲသန်သန်နဲ့ မရပ်မနား စိန်ခေါ်နိုင်ခြင်းတွေနဲ့အတူ လုပ်အားနဲ့ ကျော်ဖြတ်ပြပြီး သူ့ကိုယ်သူသက်သေပြခဲ့တာပါ။

ဒါဟာ ရော်နယ်လ်ဒိုနဲ့ ပတ်သက်ရင်တော့ လူသိနည်းနေတဲ့ အကြောင်းတရပ်ဖြစ်ပြီး သူ့ကိုစံချိန်လူသားအဖြစ် မှတ်တမ်းဝင်စေခဲ့ခြင်းက တော်ရိလျော်ရိ စိတ်အင်အား၊ အလုပ်လုပ်အားတွေနဲ့ ရရှိခဲ့တာမဟုတ်ဘူးလို့ ဆိုနိုင်သလို ကမ္ဘာ့နံပါတ် ၁ ဖြစ်ချင်သူရဲ့ တကယ့်ကမ္ဘာ့နံပါတ်တစ်အဆင့်နဲ့ ထိုက်ထိုက်တန်တန်ရှိလှတဲ့ အသီးအပွင့်ကောင်းတွေကို စားသုံးနိုင်ခဲ့ခြင်းကိုလည်း မြင်တွေ့ရမှာပါ။

ဒဏ်ရာရဲ့သဘောသဘာဝအရ ကစားသက်ကြာမြင့်လေလေ၊ ပွဲပိုကစားလေ ဒူးအရွတ်ပိုစုတ်ပြဲလေလေဆိုတဲ့ ဒဏ်ရာအခြေအနေဆိုးကိုပါ ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တာက သာမန်ကစားသမားတွေအတွက်တော့ လုပ်နိုင်ဖွယ်ရာ မလွယ်ကူတာလည်း ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုလို စိတ်ဓာတ်ပိုင်းခွန်အားပိုင်းကို အာဂျင်တီးနားအသင်းကနေ အနားယူမယ်တကဲကဲလုပ်ခဲ့ဖူးတဲ့ မက်ဆီရဲ့ စိတ်ပိုင်းပျော့ညံ့နေမှုက လိုက်မမီနိုင်တာလည်း ထည့်ပြောစရာဖြစ်လာဦးမယ့် အချက်တခုပါ။

နိုင်လိုစိတ်ပြင်းပြသလို ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ပြီး ဂိုးဆာလောင်နေတဲ့ ဂိုးသွင်းမုဆိုးတဦးအဖြစ် ပီပီပြင်ပြင်ပြောင်းလဲလာခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ အောင်မြင်မှုတွေက မက်ဆီပရိသတ်တွေအမြင်မှာတော့ မျက်စိစပ်စရာ ရှိနေပေမယ့် လိုရာပန်းတိုင်ကို မရောက်ရောက်အောင် သွား​နေတဲ့ သူ့ရဲ့ရှုထောင့်နဲ့ အလုပ်ကြိုးစားနိုင်စွမ်းက ဘယ်လောက်ထိ ခက်ခဲနိုင်မလဲဆိုတာကို တွေးဆဆင်ခြင်နိုင်လည်းဖြစ်ကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဆိုရွယ္ မီဒီယာစာမ်က္ႏွာကေနတဆင့္ ပ်ံံ့ႏွံ႔လာခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ သတင္းဆိုးတခုကေတာ့ အေတာ္ေလးအံ့အားဖြယ္ေကာင္းခဲ့ၿပီး ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ၅ ဂိုးသြင္းယူထားတဲ့ ေပၚတူဂီတိုက္စစ္မႉးႀကီးဟာ ၂၀၁၄ ခုႏွစ္ကတည္းက ဒူးအ႐ြတ္ေၾကာစုတ္ျပတ္တဲ့ ဒဏ္ရာကို ခံစားခဲ့ရေၾကာင္းသိရၿပီး ဒါဟာ အားကစားအတြက္ သူ႔ရဲ႕ဒူးကို အလြန္အကြၽံအသုံးျပဳမႈေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္။

ေနာက္တခ်က္ကေတာ့ ဒီဒဏ္ရာအမ်ိဳးအစားဟာ ေရာ္နယ္လ္ဒိုအတြက္ ကုသလို႔မရႏိုင္တဲ့ ‘Tendinosis’ ဆိုတဲ့ ဒူးအ႐ြတ္ပိုင္းယိုယြင္းမႈေဝဒနာျဖစ္ၿပီး ဒူးကို ဆက္လက္အသုံးျပဳေလေလ ဒဏ္ရာအေျခအေနပိုဆိုးေလေလဆိုတဲ့ အေနအထားကို အႏၲရာယ္ႀကီးစြာ ႀကဳံေတြ႕ရဖြယ္ရွိေနလို႔ ဒါဟာ သာမန္ဒဏ္ရာမ်ိဳးမဟုတ္ေၾကာင္း သိရွိရတာပါ။

အသက္ ၃၆ ႏွစ္သားဟာ ၂၀၁၄ ခုႏွစ္ကစလို႔ လက္ရွိ ၂၀၂၁ အထိ ၇ ႏွစ္အတြင္းမွာ သူ႔ရဲ႕ဒူးအ႐ြတ္ကို ဂ႐ုတစိုက္ေလ့က်င့္ျပဳစုခဲ့ရၿပီး ကစားဟန္ကိုလည္း ေျပာင္းလဲပစ္ခဲ့ရပါတယ္။ ဒီလိုဒဏ္ရာမ်ိဳးနဲ႔ ကြင္းထဲမွာ ႀကိဳးႀကိဳးကုတ္ကုတ္ ဝင္ကစားေနခဲ့တဲ့ GOAT ႀကီးဟာ ၇ ႏွစ္အတြင္းမွာ လာလီဂါဖလား ၂ လုံး၊ ခ်န္ပီယံလိဂ္ဖလား ၄ လုံးနဲ႔ စီးရီးေအးဖလားကိုပါ အရယူၿပီး ဆြတ္ခူးႏိုင္ခဲ့ေသးတာပါ။

ဒါ့အျပင္ ဒဏ္ရာကိုပိုက္ၿပီး ကစားရတဲ့ အဆိုပါ ၇ ႏွစ္အတြင္း ေပၚတူဂီနဲ႔အတူ ယူ႐ိုဖလားခ်န္ပီယံျဖစ္ခဲ့သလို ေနရွင္းလိဂ္ဖလားမွာလည္း ဗိုလ္ဝင္ခံခဲ့တဲ့အျပင္ တဦးခ်င္းေအာင္ျမင္မႈအရ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇ ခုႏွစ္ေတြရဲ႕ ဘလြန္ေဒါဆုရွင္အျဖစ္ ၃ ႀကိမ္တိုင္တိုင္ အျမင့္မားဆုံး ရပ္တည္ျပခဲ့သလို ဒဏ္ရာျပႆနာကို ​စဥ္ဆက္မျပတ္​ႀကိဳးစားအားထုတ္ျခင္း၊ ဇြဲသန္သန္နဲ႔ မရပ္မနား စိန္ေခၚႏိုင္ျခင္းေတြနဲ႔အတူ လုပ္အားနဲ႔ ေက်ာ္ျဖတ္ျပၿပီး သူ႔ကိုယ္သူသက္ေသျပခဲ့တာပါ။

ဒါဟာ ေရာ္နယ္လ္ဒိုနဲ႔ ပတ္သက္ရင္ေတာ့ လူသိနည္းေနတဲ့ အေၾကာင္းတရပ္ျဖစ္ၿပီး သူ႔ကိုစံခ်ိန္လူသားအျဖစ္ မွတ္တမ္းဝင္ေစခဲ့ျခင္းက ေတာ္ရိေလ်ာ္ရိ စိတ္အင္အား၊ အလုပ္လုပ္အားေတြနဲ႔ ရရွိခဲ့တာမဟုတ္ဘူးလို႔ ဆိုႏိုင္သလို ကမာၻ႔နံပါတ္ ၁ ျဖစ္ခ်င္သူရဲ႕ တကယ့္ကမာၻ႔နံပါတ္တစ္အဆင့္နဲ႔ ထိုက္ထိုက္တန္တန္ရွိလွတဲ့ အသီးအပြင့္ေကာင္းေတြကို စားသုံးႏိုင္ခဲ့ျခင္းကိုလည္း ျမင္ေတြ႕ရမွာပါ။

ဒဏ္ရာရဲ႕သေဘာသဘာဝအရ ကစားသက္ၾကာျမင့္ေလေလ၊ ပြဲပိုကစားေလ ဒူးအ႐ြတ္ပိုစုတ္ၿပဲေလေလဆိုတဲ့ ဒဏ္ရာအေျခအေနဆိုးကိုပါ ေကာင္းေကာင္းကိုင္တြယ္ႏိုင္ခဲ့တာက သာမန္ကစားသမားေတြအတြက္ေတာ့ လုပ္ႏိုင္ဖြယ္ရာ မလြယ္ကူတာလည္း ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုလို စိတ္ဓာတ္ပိုင္းခြန္အားပိုင္းကို အာဂ်င္တီးနားအသင္းကေန အနားယူမယ္တကဲကဲလုပ္ခဲ့ဖူးတဲ့ မက္ဆီရဲ႕ စိတ္ပိုင္းေပ်ာ့ညံ့ေနမႈက လိုက္မမီႏိုင္တာလည္း ထည့္ေျပာစရာျဖစ္လာဦးမယ့္ အခ်က္တခုပါ။

ႏိုင္လိုစိတ္ျပင္းျပသလို ၿပိဳင္ဆိုင္လိုစိတ္ျပင္းထန္ၿပီး ဂိုးဆာေလာင္ေနတဲ့ ဂိုးသြင္းမုဆိုးတဦးအျဖစ္ ပီပီျပင္ျပင္ေျပာင္းလဲလာခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ ေအာင္ျမင္မႈေတြက မက္ဆီပရိသတ္ေတြအျမင္မွာေတာ့ မ်က္စိစပ္စရာ ရွိေနေပမယ့္ လိုရာပန္းတိုင္ကို မေရာက္ေရာက္ေအာင္ သြား​ေနတဲ့ သူ႔ရဲ႕ရႈေထာင့္နဲ႔ အလုပ္ႀကိဳးစားႏိုင္စြမ္းက ဘယ္ေလာက္ထိ ခက္ခဲႏိုင္မလဲဆိုတာကို ေတြးဆဆင္ျခင္ႏိုင္လည္းျဖစ္ေၾကာင္း တင္ဆက္ေပးပါရေစ။