International Match Report

ဆယ်ယောက်ကျန် ဆွစ်ကို ပင်နယ်တီမှာမှ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်တဲ့ စပိန်

စပိန်အသင်းဟာ ဒီနေ့ပွဲမှာ သူတို့ရဲ့ သုံးနေကျ လူစာရင်းကိုပဲ အနည်းငယ် ပြင်ဆင်လာခဲ့ပြီး ဘယ်နောက်ခံလူနေရာမှာ ဂျော်ဒီ အယ်လ်ဘာ ပါဝင်လာခဲ့သလို နောက်တန်းမှာတော့ ပေါ်တောရက်စ်ကို ပြန်လည်သုံးစွဲခဲ့ပြီး ကျန်တဲ့ ကစားသမား ၉ ယောက်ကိုတော့ အမာခံအဖြစ် ဆက်လက်ပွဲထုတ်လာခဲ့ပါတယ်။

ဆွစ်ဇာလန်ကတော့ အသင်းခေါင်းဆောင် ချာကာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်လို့ အားနည်းခဲ့ရပြီး ကပ္ပတိန်လက်ပတ်ကို ရှာကျီရီက လွှဲပြောင်းယူခဲ့ရသလို သူ့နေရာမှာတော့ မွန်ချန်ဂလာဘက်ချ်ရဲ့ ဇာကာရီးယားကို ထည့်သွင်းခဲ့ပြီး အသိဉာဏ်နဲ့ ဘောလုံးပေးပို့မှုပိုင်းတွေမှာ အတော်လေး အားနည်းခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၈ မိနစ်မှာပဲ စပိန်တို့ စောစောစီးစီး ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဘယ်နောက်ခံလူ အယ်လ်ဘာက ကန်သွင်းခဲ့ရာမှာ ဇာကာရီးယားနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ဒီနေ့ပွဲမှာ လက်စွမ်းပြနေခဲ့တဲ့ ဂိုးသမား ဆွမ်းမား မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။

ချာကာမပါတဲ့ ကွင်းလယ်က စပိန်ကို ယှဉ်ကစားဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ဘဲ ဘောလုံးပိုင်ဆိုင်မှုကို လုံးဝနီးပါး ပေးအပ်ထားခဲ့ရသလို ရှာကျီရီနဲ့ ဘယ်တောင်ပံက ဇူးမားတို့ ချိတ်ပြီး အမ်ဘိုလိုရဲ့ တိုးအားနဲ့ ကစားဖို့ ကြိုးစားခဲ့ပေမယ့် မွန်ချန်ဂလာဘက်ချ်တိုက်စစ်မှူးရဲ့ ပေါင်နောက်ကြောဒဏ်ရာက နည်းပြ ပက်ကိုဗစ်ရဲ့ Plan တွေကို ပျက်စီးစေခဲ့ပါတယ်။

စပိန်တို့ရဲ့ ထိုးဖောက်ဂိုးသွင်းမှုတွေကို ဆွစ်ဇာလန်နောက်တန်းနဲ့ ဂိုးသမား ဆွမ်းမားတို့ ကာကွယ်နေခဲ့ရပြီး ကွင်းလယ်က အဖျက်သန်တဲ့ ဖရွိုင်လာနဲ့ ဇာကာရီးယားတို့ရဲ့ ပိတ်ဆို့မှုတွေကြောင့် ထင်သလောက်တော့ ခရီးပေါက်ခြင်းမရှိဘဲ ပထမပိုင်းက တစ်ဂိုး-ဂိုးမရှိပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းစစချင်းမှာတော့ စပိန်တို့ ဆာရာဘီးယားအစား ဒါနီ အိုလ်မိုကို လူစားလဲကစားခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ အလုပ်မဖြစ်တဲ့ မိုရာတာနေရာမှာ ဂျရတ် မိုရီနို ဝင်လာခဲ့ပါတယ်။ ဆွစ်ဇာလန်တို့ကလည်း ဘယ်ခြမ်းကနေ အဓိက ပြန်လည်ထိုးဖောက်ခဲ့ပေမယ့် တွဲလုံးတွေက အချိတ်အဆက် မမိခဲ့လို့ ချေပဂိုးနဲ့ ဝေးနေခဲ့ရတာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ လူစားဝင်ကစားသမား ဗားဂက်စ် ထိုးပေးလိုက်တဲ့ အနီးကပ်အနေအထားကနေ ဆွစ်ဇာလန်တောင်ပံသမား ဇူးဘားက ကန်ခွင့်ရခဲ့ပေမယ့် အပိုင်မဟုတ်တာကြောင့် ဂိုးသမား အူနိုင်း ဆီမွန် ပုတ်ထုတ်သွားနိုင်ခဲ့ပြီး စပိန်တို့ သက်သာခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၆၈ မိနစ်မှာတော့ စပိန်နောက်ခံလူနှစ်ဦးဖြစ်တဲ့ ပေါ်တောရက်စ်နဲ့ လာပေါ့တ်တို့ကြား နားလည်မှုလွဲသွားတဲ့ ဘောလုံးကို ကွင်းလယ်လူ ဖရွိုင်လာက ရယူပြီး ခင်းပေးခဲ့ရာမှာ ရှာကျီရီက ဂိုးသမား အူနိုင်း ဆီမွန်နဲ့ အနီးကပ်အနေအထားကနေ ပိတ်သွင်းနိုင်ခဲ့လို့ ဆွစ်ဇာလန်တို့ ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ အသင်းကြီးတွေကို မျက်နှာလုပ်နေကျ အင်္ဂလန်ဒိုင် မိုက်ကယ် အိုလီဗာက ဆွစ်ဇာလန်ကွင်းလယ်လူ ဖရွိုင်လာရဲ့ အဝါကတ်လောက်နဲ့ ပြီးရမယ့် ဖျက်ထုတ်မှုကို တိုက်ရိုက်အနီကတ်ပြသွားခဲ့ပြီး ဒီဖြစ်ရပ်မှာ ဘောလုံးကို ထိပြီးမှ နောက်က ပါလာတဲ့ ခြေထောက်နဲ့ ထိတာကို VAR ဒိုင် ခရစ္စ ကာဗန်းနားကပါ လျစ်လျူရှုခဲ့တာဖြစ်သလို ပရိသတ်တွေအနေနဲ့ ဒီနှစ်ဦး ကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်ပွဲတွေကို ကြည့်ဖူးသူတွေအနေနဲ့ စာအုပ်ကြီးအတိုင်း တိကျပြတ်သားစွာ ဂုဏ်ခံတတ်တာကိုလည်း တွေ့မြင်ဖူးကြမှာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဒဏ်ရာအနည်းငယ်ရှိနေတဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ ရှာကျီရီနဲ့ ဆာဖာရိုဗစ်ချ်တို့ကို ဂျီဘရီလ်ဆိုး၊ ဂါဗရာနိုဗစ်ချ်တို့နဲ့ လူစားလဲသွားခဲ့ပြီး စပိန်တို့ကတော့ ဖယ်ရန် တောရက်စ်နဲ့ ကိုကီအစား အိုယာဇာဘယ်လ်နဲ့ မားကို့စ် ယော်ရန်တေးတို့ကို ထည့်သွင်းပြီး ပွဲချိန်မိနစ် ၉၀ ပြည့်သွားခဲ့ပါတယ်။

အချိန်ပိုမှာ စပိန်တို့ ဖိကစားပေမယ့် တစ်သင်းလုံးဆင်းပြီး ဖျက်ထုတ်နေတဲ့ ဆွစ်ဇာလန်ခံစစ်နဲ့ ဂိုးသမား ဆွမ်းမားရဲ့ ကာကွယ်မှုတွေကြောင့် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး သတိကြီးကြီးနဲ့ ကစားခဲ့ကြပေမယ့် ပင်နယ်တီကန်ဖို့ကိုပဲ လူစားပြောင်းလဲမှုတွေနဲ့အတူ ပြင်ဆင်လာခဲ့ကြပါတယ်။

ပင်နယ်တီမှာ စပိန်ရဲ့ ဆာဂျီယို ဘူးစကွက်စ် စလွဲလို့ ဆွစ်ဇာလန်တို့ သာပြီထင်ပေမယ့် ထင်သလိုမဖြစ်ခဲ့ဘဲ ကွင်းထဲမှာ ဝါရင့်ကစားသမား နည်းပါးနေချိန်မှာ ဂါဗရာနိုဗစ်ချ်ကလွဲလို့ ကျန်တဲ့သူတွေ ဝင်အောင်မကန်နိုင်ခဲ့သလို စပိန်ဘက်က ရိုဒရီ ထပ်မံလွဲချော်ပေမယ့် အိုလ်မို၊ မိုရီနိုနဲ့ အိုယာဇာဘယ်လ်တို့ ဝင်အောင်ကန်သွားနိုင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးနဲ့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။

ဂိုးသမား အူနိုင်း ဆီမွန်ကတော့ ပင်နယ်တီမှာ သူ့ရဲ့ တစ်ဖက်ကန်သွင်းသူကို အာရုံနောက်အောင် လှုပ်ရှားပြတဲ့ ဂိုးဖမ်းပုံက အောင်မြင်ခဲ့ပြီး ရှားနဲ့ အာကန်ဂျီရဲ့ ပင်နယ်တီနှစ်လုံးကို ကာကွယ်နိုင်ခဲ့ချိန်မှာ ပြီးခဲ့တဲ့ပွဲက Own Goal အရိပ်မည်းအောက်က လွတ်မြောက်နိုင်ခဲ့ပြီဖြစ်ပြီး စပိန်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်ကစားရမယ့် လန်ဒန်၊ ဝင်ဘလီကွင်းဆီ ပထမဆုံးအသင်းအဖြစ် ခရီးနှင်ရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပိန္အသင္းဟာ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ သုံးေနက် လူစာရင္းကိုပဲ အနည္းငယ္ ျပင္ဆင္လာခဲ့ၿပီး ဘယ္ေနာက္ခံလူေနရာမွာ ေဂ်ာ္ဒီ အယ္လ္ဘာ ပါဝင္လာခဲ့သလို ေနာက္တန္းမွာေတာ့ ေပၚေတာရက္စ္ကို ျပန္လည္သုံးစြဲခဲ့ၿပီး က်န္တဲ့ ကစားသမား ၉ ေယာက္ကိုေတာ့ အမာခံအျဖစ္ ဆက္လက္ပြဲထုတ္လာခဲ့ပါတယ္။

ဆြစ္ဇာလန္ကေတာ့ အသင္းေခါင္းေဆာင္ ခ်ာကာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ မပါဝင္ႏိုင္လို႔ အားနည္းခဲ့ရၿပီး ကပၸတိန္လက္ပတ္ကို ရွာက်ီရီက လႊဲေျပာင္းယူခဲ့ရသလို သူ႔ေနရာမွာေတာ့ မြန္ခ်န္ဂလာဘက္ခ်္ရဲ႕ ဇာကာရီးယားကို ထည့္သြင္းခဲ့ၿပီး အသိဉာဏ္နဲ႔ ေဘာလုံးေပးပို႔မႈပိုင္းေတြမွာ အေတာ္ေလး အားနည္းခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာပဲ စပိန္တို႔ ေစာေစာစီးစီး ဦးေဆာင္ဂိုး ရရွိသြားခဲ့ၿပီး ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ဘယ္ေနာက္ခံလူ အယ္လ္ဘာက ကန္သြင္းခဲ့ရာမွာ ဇာကာရီးယားနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ ဒီေန႔ပြဲမွာ လက္စြမ္းျပေနခဲ့တဲ့ ဂိုးသမား ဆြမ္းမား မတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာပါ။

ခ်ာကာမပါတဲ့ ကြင္းလယ္က စပိန္ကို ယွဥ္ကစားဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ခဲ့ဘဲ ေဘာလုံးပိုင္ဆိုင္မႈကို လုံးဝနီးပါး ေပးအပ္ထားခဲ့ရသလို ရွာက်ီရီနဲ႔ ဘယ္ေတာင္ပံက ဇူးမားတို႔ ခ်ိတ္ၿပီး အမ္ဘိုလိုရဲ႕ တိုးအားနဲ႔ ကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ မြန္ခ်န္ဂလာဘက္ခ်္တိုက္စစ္မႉးရဲ႕ ေပါင္ေနာက္ေၾကာဒဏ္ရာက နည္းျပ ပက္ကိုဗစ္ရဲ႕ Plan ေတြကို ပ်က္စီးေစခဲ့ပါတယ္။

စပိန္တို႔ရဲ႕ ထိုးေဖာက္ဂိုးသြင္းမႈေတြကို ဆြစ္ဇာလန္ေနာက္တန္းနဲ႔ ဂိုးသမား ဆြမ္းမားတို႔ ကာကြယ္ေနခဲ့ရၿပီး ကြင္းလယ္က အဖ်က္သန္တဲ့ ဖ႐ြိဳင္လာနဲ႔ ဇာကာရီးယားတို႔ရဲ႕ ပိတ္ဆို႔မႈေတြေၾကာင့္ ထင္သေလာက္ေတာ့ ခရီးေပါက္ျခင္းမရွိဘဲ ပထမပိုင္းက တစ္ဂိုး-ဂိုးမရွိပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းစစခ်င္းမွာေတာ့ စပိန္တို႔ ဆာရာဘီးယားအစား ဒါနီ အိုလ္မိုကို လူစားလဲကစားခဲ့ၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ အလုပ္မျဖစ္တဲ့ မိုရာတာေနရာမွာ ဂ်ရတ္ မိုရီႏို ဝင္လာခဲ့ပါတယ္။ ဆြစ္ဇာလန္တို႔ကလည္း ဘယ္ျခမ္းကေန အဓိက ျပန္လည္ထိုးေဖာက္ခဲ့ေပမယ့္ တြဲလုံးေတြက အခ်ိတ္အဆက္ မမိခဲ့လို႔ ေခ်ပဂိုးနဲ႔ ေဝးေနခဲ့ရတာပါ။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ လူစားဝင္ကစားသမား ဗားဂက္စ္ ထိုးေပးလိုက္တဲ့ အနီးကပ္အေနအထားကေန ဆြစ္ဇာလန္ေတာင္ပံသမား ဇူးဘားက ကန္ခြင့္ရခဲ့ေပမယ့္ အပိုင္မဟုတ္တာေၾကာင့္ ဂိုးသမား အူႏိုင္း ဆီမြန္ ပုတ္ထုတ္သြားႏိုင္ခဲ့ၿပီး စပိန္တို႔ သက္သာခဲ့ရပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ စပိန္ေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ ေပၚေတာရက္စ္နဲ႔ လာေပါ့တ္တို႔ၾကား နားလည္မႈလြဲသြားတဲ့ ေဘာလုံးကို ကြင္းလယ္လူ ဖ႐ြိဳင္လာက ရယူၿပီး ခင္းေပးခဲ့ရာမွာ ရွာက်ီရီက ဂိုးသမား အူႏိုင္း ဆီမြန္နဲ႔ အနီးကပ္အေနအထားကေန ပိတ္သြင္းႏိုင္ခဲ့လို႔ ဆြစ္ဇာလန္တို႔ ေခ်ပဂိုး ျပန္လည္ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ အသင္းႀကီးေတြကို မ်က္ႏွာလုပ္ေနက် အဂၤလန္ဒိုင္ မိုက္ကယ္ အိုလီဗာက ဆြစ္ဇာလန္ကြင္းလယ္လူ ဖ႐ြိဳင္လာရဲ႕ အဝါကတ္ေလာက္နဲ႔ ၿပီးရမယ့္ ဖ်က္ထုတ္မႈကို တိုက္႐ိုက္အနီကတ္ျပသြားခဲ့ၿပီး ဒီျဖစ္ရပ္မွာ ေဘာလုံးကို ထိၿပီးမွ ေနာက္က ပါလာတဲ့ ေျခေထာက္နဲ႔ ထိတာကို VAR ဒိုင္ ခရစၥ ကာဗန္းနားကပါ လ်စ္လ်ဴရႈခဲ့တာျဖစ္သလို ပရိသတ္ေတြအေနနဲ႔ ဒီႏွစ္ဦး ကိုင္တြယ္တဲ့ ပရီးမီးယားလိဂ္ပြဲေတြကို ၾကည့္ဖူးသူေတြအေနနဲ႔ စာအုပ္ႀကီးအတိုင္း တိက်ျပတ္သားစြာ ဂုဏ္ခံတတ္တာကိုလည္း ေတြ႕ျမင္ဖူးၾကမွာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဒဏ္ရာအနည္းငယ္ရွိေနတဲ့ ကစားသမားႏွစ္ဦးျဖစ္တဲ့ ရွာက်ီရီနဲ႔ ဆာဖာ႐ိုဗစ္ခ်္တို႔ကို ဂ်ီဘရီလ္ဆိုး၊ ဂါဗရာႏိုဗစ္ခ်္တို႔နဲ႔ လူစားလဲသြားခဲ့ၿပီး စပိန္တို႔ကေတာ့ ဖယ္ရန္ ေတာရက္စ္နဲ႔ ကိုကီအစား အိုယာဇာဘယ္လ္နဲ႔ မားကို႔စ္ ေယာ္ရန္ေတးတို႔ကို ထည့္သြင္းၿပီး ပြဲခ်ိန္မိနစ္ ၉၀ ျပည့္သြားခဲ့ပါတယ္။

အခ်ိန္ပိုမွာ စပိန္တို႔ ဖိကစားေပမယ့္ တစ္သင္းလုံးဆင္းၿပီး ဖ်က္ထုတ္ေနတဲ့ ဆြစ္ဇာလန္ခံစစ္နဲ႔ ဂိုးသမား ဆြမ္းမားရဲ႕ ကာကြယ္မႈေတြေၾကာင့္ ဂိုးထပ္မသြင္းႏိုင္ေတာ့ဘဲ ဒုတိယပိုင္းမွာေတာ့ ႏွစ္သင္းစလုံး သတိႀကီးႀကီးနဲ႔ ကစားခဲ့ၾကေပမယ့္ ပင္နယ္တီကန္ဖို႔ကိုပဲ လူစားေျပာင္းလဲမႈေတြနဲ႔အတူ ျပင္ဆင္လာခဲ့ၾကပါတယ္။

ပင္နယ္တီမွာ စပိန္ရဲ႕ ဆာဂ်ီယို ဘူးစကြက္စ္ စလြဲလို႔ ဆြစ္ဇာလန္တို႔ သာၿပီထင္ေပမယ့္ ထင္သလိုမျဖစ္ခဲ့ဘဲ ကြင္းထဲမွာ ဝါရင့္ကစားသမား နည္းပါးေနခ်ိန္မွာ ဂါဗရာႏိုဗစ္ခ်္ကလြဲလို႔ က်န္တဲ့သူေတြ ဝင္ေအာင္မကန္ႏိုင္ခဲ့သလို စပိန္ဘက္က ႐ိုဒရီ ထပ္မံလြဲေခ်ာ္ေပမယ့္ အိုလ္မို၊ မိုရီႏိုနဲ႔ အိုယာဇာဘယ္လ္တို႔ ဝင္ေအာင္ကန္သြားႏိုင္ခဲ့လို႔ သုံးဂိုး-တစ္ဂိုးနဲ႔ ေနာက္တစ္ဆင့္တက္ခဲ့ပါတယ္။

ဂိုးသမား အူႏိုင္း ဆီမြန္ကေတာ့ ပင္နယ္တီမွာ သူ႔ရဲ႕ တစ္ဖက္ကန္သြင္းသူကို အာ႐ုံေနာက္ေအာင္ လႈပ္ရွားျပတဲ့ ဂိုးဖမ္းပုံက ေအာင္ျမင္ခဲ့ၿပီး ရွားနဲ႔ အာကန္ဂ်ီရဲ႕ ပင္နယ္တီႏွစ္လုံးကို ကာကြယ္ႏိုင္ခဲ့ခ်ိန္မွာ ၿပီးခဲ့တဲ့ပြဲက Own Goal အရိပ္မည္းေအာက္က လြတ္ေျမာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး စပိန္အသင္းအေနနဲ႔ ဆီမီးဖိုင္နယ္ကစားရမယ့္ လန္ဒန္၊ ဝင္ဘလီကြင္းဆီ ပထမဆုံးအသင္းအျဖစ္ ခရီးႏွင္ရေတာ့မွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.