Premier League

မန္ယူကို မေျပာင္းဘူးလို႔ ဟာရီကိန္း မျငင္းဘူးလို႔ဆုိၿပီး စပါးစ္ဘက္က ေပါင္သန္း ၂၀၀ သတ္မွတ္

ပရီးမီးယားလိဂ္ကေန လာမယ့္ရာသီမွာ ထြက္ခြာေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ ေတာ့တင္ဟမ္ေဟာ့စပါးစ္တုိက္စစ္မွဴး ဟာရီကိန္းအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ႏုိင္ေသးတယ္လုိ႔ သိရၿပီး သူ႕ရဲ႕အသင္းဘက္ကေတာ့ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္သန္း ၂၀၀ သတ္မွတ္လုိက္တယ္လို႔ သိရပါတယ္။

ၿဗိတိန္သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ေျမာက္လန္ဒန္အသင္းနဲ႔ ဆုဖလားတစ္ခုမွ ရယူႏုိင္ျခင္းမရွိေသးတဲ့ အဂၤလန္လက္ေရြးစင္ အသင္းေခါင္းေဆာင္အေနနဲ႔ ပရီးမီးယားလိဂ္ၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္ကို ေျပာင္းေရႊ႕ဖို႔ မစဥ္းစားဘူးဆုိတာ မဟုတ္ေၾကာင္းလည္း ပါဝင္လာခဲ့ပါတယ္။

ဒီရာသီမွာ ၿပဳိင္ပြဲစုံ ၂၅ ပြဲမွာ ၁၇ ဂိုးသြင္းထားတဲ့ အသက္ ၂၆ ႏွစ္အရြယ္ တုိက္စစ္မွဴးရဲ႕ အရည္အေသြးကိုေတာ့ ေမးခြန္းထုတ္စရာ မလိုဘဲ သူ႕ကို ေခၚယူမယ့္အသင္းေတြရဲ႕ နံပါတ္ ၉ တုိက္စစ္မွဴးပုံစံစစ္စစ္ကို တကယ္တမ္းသုံးစြဲၾကရဲ႕လားဆုိတာကိုပဲ ေမးခြန္းထုတ္ရမွာျဖစ္ၿပီး အံဝင္မယ့္ အသင္းကိုေတာ့ စိစစ္ေရြးခ်ယ္သြားႏုိင္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းေတာ့ ေလာေလာဆယ္ နံပါတ္ ၉ စစ္စစ္ေတြကို အသုံးမျပဳေပမယ့္ လာမယ့္ရာသီအတြက္ နံပါတ္ ၉ တစ္ဦးကို ျပန္လည္ရွာေဖြေနၿပီး သူတုိ႔ရဲ႕ အဝယ္စာရင္းမွာ ေဒါ့မြန္လူငယ္တုိက္စစ္မွဴး အာလင္း ဟားလန္းကို ထည့္သြင္းထားသလို ဟာရီကိန္းကိုလည္း ပုံရိပ္ျမင့္မားမွဳအရ ေဈးႀကီးေပးၿပီး ေခၚယူႏုိင္ေျခရွိပါတယ္။

ကြင္းသစ္ေဆာက္အၿပီးေနာက္မွာ ဘဏၰာေရးဆုိင္ရာ ခ်ိန္ညႇိမွဳေတြ လိုအပ္ေနတဲ့ စပါးစ္အသင္းဘက္က ေပါင္သန္း ၂၀၀ သတ္မွတ္ထားတဲ့ ဟာရီကိန္းကို အုိးလ္ထရက္ဖို႔ဒ္ကို ေခၚယူႏုိင္ခဲ့ရင္ ကမာၻအရပ္ရပ္က ပရိသတ္ေတြဆီကို ဂ်ာစီေရာင္းအားကလည္း ျမင့္တက္လာဦးမွာျဖစ္တဲ့အတြက္ ေဈးႀကီးေပးရလည္း ယူႏုိက္တက္အတြက္ေတာ့ ျပန္လည္ရရွိမယ့္ ဝင္ေငြေတြနဲ႔ ခုသာခံသာရွိႏုိင္မွာျဖစ္တယ္လုိ႔လည္း ခန္႔မွန္းရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကနေ လာမယ့်ရာသီမှာ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့နိုင်သေးတယ်လို့ သိရပြီး သူ့ရဲ့အသင်းဘက်ကတော့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၂၀၀ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ဗြိတိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်မှာတော့ မြောက်လန်ဒန်အသင်းနဲ့ ဆုဖလားတစ်ခုမှ ရယူနိုင်ခြင်းမရှိသေးတဲ့ အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ မစဉ်းစားဘူးဆိုတာ မဟုတ်ကြောင်းလည်း ပါဝင်လာခဲ့ပါတယ်။

ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၅ ပွဲမှာ ၁၇ ဂိုးသွင်းထားတဲ့ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးရဲ့ အရည်အသွေးကိုတော့ မေးခွန်းထုတ်စရာ မလိုဘဲ သူ့ကို ခေါ်ယူမယ့်အသင်းတွေရဲ့ နံပါတ် ၉ တိုက်စစ်မှူးပုံစံစစ်စစ်ကို တကယ်တမ်းသုံးစွဲကြရဲ့လားဆိုတာကိုပဲ မေးခွန်းထုတ်ရမှာဖြစ်ပြီး အံဝင်မယ့် အသင်းကိုတော့ စိစစ်ရွေးချယ်သွားနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းတော့ လောလောဆယ် နံပါတ် ၉ စစ်စစ်တွေကို အသုံးမပြုပေမယ့် လာမယ့်ရာသီအတွက် နံပါတ် ၉ တစ်ဦးကို ပြန်လည်ရှာဖွေနေပြီး သူတို့ရဲ့ အဝယ်စာရင်းမှာ ဒေါ့မွန်လူငယ်တိုက်စစ်မှူး အာလင်း ဟားလန်းကို ထည့်သွင်းထားသလို ဟာရီကိန်းကိုလည်း ပုံရိပ်မြင့်မားမှုအရ ဈေးကြီးပေးပြီး ခေါ်ယူနိုင်ခြေရှိပါတယ်။

ကွင်းသစ်ဆောက်အပြီးနောက်မှာ ဘဏ္ဏာရေးဆိုင်ရာ ချိန်ညှိမှုတွေ လိုအပ်နေတဲ့ စပါးစ်အသင်းဘက်က ပေါင်သန်း ၂၀၀ သတ်မှတ်ထားတဲ့ ဟာရီကိန်းကို အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ယူနိုင်ခဲ့ရင် ကမ္ဘာအရပ်ရပ်က ပရိသတ်တွေဆီကို ဂျာစီရောင်းအားကလည်း မြင့်တက်လာဦးမှာဖြစ်တဲ့အတွက် ဈေးကြီးပေးရလည်း ယူနိုက်တက်အတွက်တော့ ပြန်လည်ရရှိမယ့် ဝင်ငွေတွေနဲ့ ခုသာခံသာရှိနိုင်မှာဖြစ်တယ်လို့လည်း ခန့်မှန်းရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.