Premier League

လာမယ့္ရာသီ ပရီးမီးယားလိဂ္မွာ အျငင္းပြားဖြယ္အရာေတြထဲက စည္းမ်ဥ္းသုံးခုကို ျပင္ဆင္ဖို႔ရွိေန

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ FA ၊ ပရီးမီးယားလိဂ္နဲ႔ ႏုိင္ငံတကာေဘာလုံးအဖြဲ႕ခ်ဳပ္မ်ားဘုတ္အဖြဲ႕ IFAB တုိ႔အေနနဲ႔ လာမယ့္ရာသီ ပရီးမီးယားလိဂ္မွာ လက္ရွိႀကဳံေတြ႕ေနခဲ့ရတဲ့ အျငင္းပြားဖြယ္ေတြထဲက စည္းမ်ဥ္းသုံးခုကို ျပင္ဆင္သြားဖို႔ရွိေနၿပီး VAR ၊ လက္ထိေဘာနဲ႔ ပင္နယ္တီ ကန္သြင္းမွဳေတြ ျဖစ္တယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ကြင္းေတြအေနနဲ႔ ကြင္းေဘးေမာ္နီတာ (Pitchside Monitor)ကို မျဖစ္မေန တပ္ဆင္ထားရမွာျဖစ္ၿပီး ဒိုင္လူႀကီးေတြအေနနဲ႔ VAR အဆုံးအျဖတ္ကို မရယူခင္ ဒီေမာ္နီတာကေန ကိုယ္တုိင္ၾကည့္ရွဳၿပီးမွ ဒိုင္အဖြဲ႕နဲ႔ တုိင္ပင္ေဆြးေႏြးရမွာျဖစ္ၿပီး ေနာက္ဆုံး အဆုံးအျဖတ္ကို ခ်မွတ္သူဟာ ဒိုင္လူႀကီးပဲ ျဖစ္ရမယ္လို႔ ပထမစည္းမ်ဥ္းက အဆုိျပဳခဲ့ပါတယ္။

ဒုတိယစည္းမ်ဥ္းကေတာ့ ပင္နယ္တီဧရိယာထဲက လက္ထိေဘာေတြျဖစ္ၿပီး ဒီထဲက ပင္နယ္တီ မေပးမယ့္ လက္ထိေဘာေတြကို တိတိက်က် အတည္ျပဳခဲ့တာျဖစ္ပါတယ္။ ရွင္းလင္းခ်က္မွာေတာ့ ေရွာင္လႊဲဖို႔ခက္တဲ့ အနီးကပ္လက္ထိေဘာေတြကို ပင္နယ္တီ မေပးဘူးဆုိရာမွာ အကယ္၍ ဒီလက္ထိေဘာဟာ ဂိုးဝင္ႏုိင္ေျခကို တုိက္႐ိုက္အက်ဳိးသက္ေရာက္ခဲ့ရင္ေတာ့ အက်ဳံးဝင္မွာ မဟုတ္ဘဲ ပင္နယ္တီအျဖစ္ သတ္မွတ္မယ္လို႔ ဆုိပါတယ္။

ေနာက္ဆုံးစည္းမ်ဥ္းကေတာ့ ပင္နယ္တီဧရိယာထဲက လွဳပ္ရွားမွဳေတြျဖစ္ၿပီး ဂိုးသမားအေနနဲ႔ ပင္နယ္တီ ကာကြယ္ရာမွာ ဂိုးစည္းရဲ႕ အေရွ႕ကို ထြက္လာခဲ့ရင္ ျပန္လည္ကန္သြင္းဖို႔ ဆုံးျဖတ္ခ်က္ကိုေတာ့ ဒီရာသီမွာ ဂိုးဝင္ခဲ့ရင္နဲ႔ ဂိုးေပါက္လြဲေခ်ာ္ခဲ့ရင္ ျပန္ကန္စရာမလုိဘဲ ဂိုးသမားက ကာကြယ္မွဳတစ္ခုတည္းအတြက္သာ ျပန္ကန္ဖို႔ရွိတယ္လို႔ ေျပာင္းလဲသတ္မွတ္ခဲ့ပါတယ္။

ဒီစည္းမ်ဥ္းထဲမွာ ပါဝင္တဲ့ ေနာက္တစ္ခ်က္ကေတာ့ ပင္နယ္တီကန္သြင္းစဥ္မွာ ဂိုးဧရိယာထဲကို ဝင္လာတဲ့ ကစားသမားေတြ ရွိခဲ့ရင္ ပင္နယ္တီကို ျပန္လည္ကန္သြင္းရမွာျဖစ္ၿပီး တိက်တဲ့ ရွင္းလင္းမွဳအေနနဲ႔ ဂိုးဝင္သည္ျဖစ္ေစ မဝင္သည္ျဖစ္ေစ ျပန္လည္ကန္သြင္းရမွာျဖစ္တယ္လို႔ ပရီးမီးယားလိဂ္၊ FA နဲ႔ IFAB က ထုတ္ျပန္ထားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၊ ပရီးမီးယားလိဂ်နဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်များဘုတ်အဖွဲ့ IFAB တို့အနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ လက်ရှိကြုံတွေ့နေခဲ့ရတဲ့ အငြင်းပွားဖွယ်တွေထဲက စည်းမျဉ်းသုံးခုကို ပြင်ဆင်သွားဖို့ရှိနေပြီး VAR ၊ လက်ထိဘောနဲ့ ပင်နယ်တီ ကန်သွင်းမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကွင်းတွေအနေနဲ့ ကွင်းဘေးမော်နီတာ (Pitchside Monitor)ကို မဖြစ်မနေ တပ်ဆင်ထားရမှာဖြစ်ပြီး ဒိုင်လူကြီးတွေအနေနဲ့ VAR အဆုံးအဖြတ်ကို မရယူခင် ဒီမော်နီတာကနေ ကိုယ်တိုင်ကြည့်ရှုပြီးမှ ဒိုင်အဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးရမှာဖြစ်ပြီး နောက်ဆုံး အဆုံးအဖြတ်ကို ချမှတ်သူဟာ ဒိုင်လူကြီးပဲ ဖြစ်ရမယ်လို့ ပထမစည်းမျဉ်းက အဆိုပြုခဲ့ပါတယ်။

ဒုတိယစည်းမျဉ်းကတော့ ပင်နယ်တီဧရိယာထဲက လက်ထိဘောတွေဖြစ်ပြီး ဒီထဲက ပင်နယ်တီ မပေးမယ့် လက်ထိဘောတွေကို တိတိကျကျ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ရှင်းလင်းချက်မှာတော့ ရှောင်လွှဲဖို့ခက်တဲ့ အနီးကပ်လက်ထိဘောတွေကို ပင်နယ်တီ မပေးဘူးဆိုရာမှာ အကယ်၍ ဒီလက်ထိဘောဟာ ဂိုးဝင်နိုင်ခြေကို တိုက်ရိုက်အကျိုးသက်ရောက်ခဲ့ရင်တော့ အကျုံးဝင်မှာ မဟုတ်ဘဲ ပင်နယ်တီအဖြစ် သတ်မှတ်မယ်လို့ ဆိုပါတယ်။

နောက်ဆုံးစည်းမျဉ်းကတော့ ပင်နယ်တီဧရိယာထဲက လှုပ်ရှားမှုတွေဖြစ်ပြီး ဂိုးသမားအနေနဲ့ ပင်နယ်တီ ကာကွယ်ရာမှာ ဂိုးစည်းရဲ့ အရှေ့ကို ထွက်လာခဲ့ရင် ပြန်လည်ကန်သွင်းဖို့ ဆုံးဖြတ်ချက်ကိုတော့ ဒီရာသီမှာ ဂိုးဝင်ခဲ့ရင်နဲ့ ဂိုးပေါက်လွဲချော်ခဲ့ရင် ပြန်ကန်စရာမလိုဘဲ ဂိုးသမားက ကာကွယ်မှုတစ်ခုတည်းအတွက်သာ ပြန်ကန်ဖို့ရှိတယ်လို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

ဒီစည်းမျဉ်းထဲမှာ ပါဝင်တဲ့ နောက်တစ်ချက်ကတော့ ပင်နယ်တီကန်သွင်းစဉ်မှာ ဂိုးဧရိယာထဲကို ဝင်လာတဲ့ ကစားသမားတွေ ရှိခဲ့ရင် ပင်နယ်တီကို ပြန်လည်ကန်သွင်းရမှာဖြစ်ပြီး တိကျတဲ့ ရှင်းလင်းမှုအနေနဲ့ ဂိုးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ပြန်လည်ကန်သွင်းရမှာဖြစ်တယ်လို့ ပရီးမီးယားလိဂ်၊ FA နဲ့ IFAB က ထုတ်ပြန်ထားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.