Premier League

မန္ခ်က္စတာစီးတီးနဲ႔ ပရီးမီးယားလိဂ္ဖလားဟာ သူ႕အတြက္ အႀကီးမားဆုံးေအာင္ျမင္မွဳလို႔ မန္ခ်ီနီေျပာ

မန္ခ်က္စတာစီးတီးအသင္းကို ပရီးမီးယားလိဂ္ေခတ္မွာ ပထမဆုံးခ်န္ပီယံဆုကို ရယူေပးႏုိင္ခဲ့တဲ့ လက္ရွိအီတလီလက္ေရြးစင္နည္းျပ ေရာဘတ္တို မန္ခ်ီနီက ႏိုင္ငံရပ္ျခားမွာ အီတလီနည္းျပတစ္ေယာက္အဖို႔ ခ်န္ပီယံဆုရဖို႔ဟာ အလြန္အေရးပါတဲ့ ကိစၥျဖစ္ၿပီး ဒီဆုဖလားကို ကိုင္ေျမႇာက္ႏုိင္ခဲ့တာဟာ သူ႕နည္းျပဘဝရဲ႕ အႀကီးမားဆုံးေအာင္ျမင္မွဳအျဖစ္ ခံယူထားေၾကာင္းဆုိလုိက္ပါတယ္။

၂၀၀၉ ခုႏွစ္ ဒီဇင္ဘာမွာ မန္စီးတီးအသင္းကို နည္းျပ မာ့ခ္ ဟယူးခ်္လက္ကေန လႊဲေျပာင္းရယူခဲ့တဲ့ မန္ခ်ီနီဟာ အသင္းနဲ႔ ဆုဖလားမွတ္တမ္းကို ၂၀၁၀-၁၁ ရာသီမွာ စတင္ရရွိခဲ့တဲ့ ပထမဆုံးဖလားျဖစ္တဲ့ အက္ဖ္ေအဖလားနဲ႔ ဖြင့္လွစ္ႏုိင္ခဲ့ၿပီး ေနာက္တစ္ရာသီမွာေတာ့ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုရဲ႕ ေနာက္ဆုံးမိနစ္သြင္းဂိုးနဲ႔ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ႏုိင္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအသင္းနဲ႔ အဂၤလန္ေဘာလုံးေလာကကို ၄ ရာသီ ျဖတ္သန္းခဲ့တဲ့ မန္ခ်ီနီက Football Italia က ေမးျမန္းမွဳတစ္ခုျဖစ္တဲ့ နည္းျပဘဝ ေအာင္ျမင္မွဳေတြထဲမွာ ဘယ္ဟာက အႀကီးက်ယ္ဆုံးလဲဆုိတဲ့ ေမးခြန္းကို ၂၀၁၁-၁၂ ရာသီမွာ ရယူႏုိင္ခဲ့တဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုလို႔ အမွတ္တရ ေျဖၾကားခဲ့ပါတယ္။

“နည္းျပတစ္ေယာက္အျဖစ္ေတာ့ အျမင့္မားဆုံးေအာင္ျမင္မွဳကို ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ခဲ့တာလုိ႔ပဲ ခံယူထားပါတယ္။ အီတလီသား နည္းျပတစ္ေယာက္အဖို႔ ႏုိင္ငံရပ္ျခားမွာ ဆုဖလားေတြနဲ႔ တုိင္းတာခံရမွာျဖစ္လုိ႔ ရယူႏုိင္ဖို႔ အေရးႀကီးသလို အမွတ္ေပးခ်န္ပီယံဆုဆုိတာကေတာ့ အခ်ဳိေပၚ သကာေကာင္းလိုက္သလိုပဲေပါ့ဗ်ာ။ ၿပီးေတာ့ အဲ့ဒီဆုကို ေနာက္ဆုံးစကၠန္႔မွာ ကပ္ၿပီး ရယူႏုိင္ခဲ့လုိ႔ ပုိၿပီး ရင္ခုန္ခဲ့ရတာပါ”လို႔ မန္ခ်ီနီက ဆိုပါတယ္။

ပါဘလို ဇာဘလီတာ၊ အီဒင္ ဂ်က္ကို၊ ဆာဂ်ီယို အေဂြ႐ိုတုိ႔ရဲ႕ သြင္းဂိုးေတြနဲ႔ QPR အသင္းကို အႏုိင္ရၿပီး စီးတီးတုိ႔အတြက္ ပထမဆုံး ပရီးမီးယားလိဂ္ဖလားကို ရယူေပးခဲ့တဲ့ မန္ခ်ီနီက သူ႕ရဲ႕ကစားသမားဘဝ အျမင့္ဆုံးေအာင္ျမင္မွဳကိုေတာ့ ဆမ့္ဒိုးရီးယားအသင္းနဲ႔ ၁၉၉၀-၉၁ ရာသီက ရရွိခဲ့တဲ့ စီးရီးေအဖလားကုိ ေရြးခ်ယ္သြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ်ခေတ်မှာ ပထမဆုံးချန်ပီယံဆုကို ရယူပေးနိုင်ခဲ့တဲ့ လက်ရှိအီတလီလက်ရွေးစင်နည်းပြ ရောဘတ်တို မန်ချီနီက နိုင်ငံရပ်ခြားမှာ အီတလီနည်းပြတစ်ယောက်အဖို့ ချန်ပီယံဆုရဖို့ဟာ အလွန်အရေးပါတဲ့ ကိစ္စဖြစ်ပြီး ဒီဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဟာ သူ့နည်းပြဘဝရဲ့ အကြီးမားဆုံးအောင်မြင်မှုအဖြစ် ခံယူထားကြောင်းဆိုလိုက်ပါတယ်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာမှာ မန်စီးတီးအသင်းကို နည်းပြ မာ့ခ် ဟယူးချ်လက်ကနေ လွှဲပြောင်းရယူခဲ့တဲ့ မန်ချီနီဟာ အသင်းနဲ့ ဆုဖလားမှတ်တမ်းကို ၂၀၁၀-၁၁ ရာသီမှာ စတင်ရရှိခဲ့တဲ့ ပထမဆုံးဖလားဖြစ်တဲ့ အက်ဖ်အေဖလားနဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး နောက်တစ်ရာသီမှာတော့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ အင်္ဂလန်ဘောလုံးလောကကို ၄ ရာသီ ဖြတ်သန်းခဲ့တဲ့ မန်ချီနီက Football Italia က မေးမြန်းမှုတစ်ခုဖြစ်တဲ့ နည်းပြဘဝ အောင်မြင်မှုတွေထဲမှာ ဘယ်ဟာက အကြီးကျယ်ဆုံးလဲဆိုတဲ့ မေးခွန်းကို ၂၀၁၁-၁၂ ရာသီမှာ ရယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုလို့ အမှတ်တရ ဖြေကြားခဲ့ပါတယ်။

“နည်းပြတစ်ယောက်အဖြစ်တော့ အမြင့်မားဆုံးအောင်မြင်မှုကို ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တာလို့ပဲ ခံယူထားပါတယ်။ အီတလီသား နည်းပြတစ်ယောက်အဖို့ နိုင်ငံရပ်ခြားမှာ ဆုဖလားတွေနဲ့ တိုင်းတာခံရမှာဖြစ်လို့ ရယူနိုင်ဖို့ အရေးကြီးသလို အမှတ်ပေးချန်ပီယံဆုဆိုတာကတော့ အချိုပေါ် သကာကောင်းလိုက်သလိုပဲပေါ့ဗျာ။ ပြီးတော့ အဲ့ဒီဆုကို နောက်ဆုံးစက္ကန့်မှာ ကပ်ပြီး ရယူနိုင်ခဲ့လို့ ပိုပြီး ရင်ခုန်ခဲ့ရတာပါ”လို့ မန်ချီနီက ဆိုပါတယ်။

ပါဘလို ဇာဘလီတာ၊ အီဒင် ဂျက်ကို၊ ဆာဂျီယို အဂွေရိုတို့ရဲ့ သွင်းဂိုးတွေနဲ့ QPR အသင်းကို အနိုင်ရပြီး စီးတီးတို့အတွက် ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့တဲ့ မန်ချီနီက သူ့ရဲ့ကစားသမားဘဝ အမြင့်ဆုံးအောင်မြင်မှုကိုတော့ ဆမ့်ဒိုးရီးယားအသင်းနဲ့ ၁၉၉၀-၉၁ ရာသီက ရရှိခဲ့တဲ့ စီးရီးအေဖလားကို ရွေးချယ်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWERS
SPORTS A2Z.