Premier League

မထင်မှတ်ပဲ သာမန်ထက် ပိုထူးကဲတဲ့ပွဲ- ဂျာမနီ ၂-၂ ဟန်ဂေရီ ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ ၇ ချက်

အရန်ခုံထလာပြီး သူရဲကောင်းဖြစ်ခဲ့တဲ့ လီယွန် ဂေါ်ရက်ဇ်ကာ
ဒီနေ့မှာ ဂျာမနီရဲ့ လွတ်လွတ်ကျွတ်ကျွတ် အုပ်စုတက်ခွင့်ကို ကယ်တင်ပေးခဲ့တာက ဘိုင်ယန်ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာပါ။ သူက အေးလီးယန့်အရီနာကွင်းရဲ့ အိမ်ကွင်းပရိသတ်အားနဲ့ ရှေ့မှောက်မှာ သူရဲကောင်းကြီးဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၅၆ မိနစ်မှာ အရန်ခုံကထလာတဲ့ အသက် ၂၆ နှစ်သားဟာ ၈၄ မိနစ်မှာ ဂျာမနီကို ရမှတ် ၄ မှတ်နဲ့ အုပ်စုဒုတိယရစေမယ့် အဖိုးအတန်ဆုံး ချေပဂိုးကို ဟန်ဂေရီဂိုးပေါက်ထဲ ကန်သွင်းယူခဲ့ပြီး ဂျာမယ်လ် မူစီယာလာနဲ့အတူ ဧည့်သည်အသင်းရဲ့ ခံစစ်ကို ဖြိုချပစ်ခဲ့တာပါ။

ရှိသမျှအားနဲ့ တိုက်ခဲ့ပေမယ့် ရင်ကွဲခဲ့ရတဲ့ ဟန်ဂေရီ
ဟန်ဂေရီအသင်းက မျှော်လင့်ခံထားရတဲ့ အသင်းမျိုးမဟုတ်ခဲ့ဘဲ မရဏအုပ်စုမှာ ဖျက်မြင်းအသင်းအဆင့်တောင် သတ်မှတ်ခံထားရခြင်းမရှိဘဲ အောက်အသင်းအနေနဲ့သာ ယူရို ၂၀၂၀ ကို ဝင်တိုးခဲ့ပေမယ့် တကယ့်ကွင်းတွင်းထဲက ခြေစွမ်းမာကျောမှုကတော့ သြချလောက်စရာ ဖြစ်ခဲ့ပြီး အိမ်ကွင်း ပရိသတ်ထုအားကလည်း ကြောက်ခမန်းလိလိ ဖြစ်ခဲ့သလို ဒီနေ့အဝေးကွင်းပွဲမှာလည်း ရှိသမျှအားနဲ့ အကုန်ထုတ်တိုက်ခဲ့ပြီး ဂျာမနီကို အခက်တွေ့စေခဲ့တာကြောင့် ရမှတ် ၂ မှတ်နဲ့အတူ အိမ်ပြန်ရဖို့ နီးစပ်သလောက်ရှိခဲ့ချိန်မှာတောင် လေးစားဖွယ်ရာ အသင်းတသင်းအဖြစ် ရပ်တည်ပြနိုင်ခဲ့ပါတယ်။

ခံစစ်ကို ဘယ်လိုပြင်ဆင်မလဲ ယိုအာခင်မ် လို့ဗ်
၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံကြီးရဲ့ နည်းပြ ယိုအာခင်မ် လို့ဗ်ကတော့ ယူရိုဘုရင်ဖြစ်ဖို့ ပန်းတိုင်ထားရင်တော့ မာကျောလျက်နဲ့ များပြားနေတဲ့ ခံစစ်အပေါက်အပြဲတွေက ၁၆ သင်းရှုံးထွက်အဆင့်ကစလို့ မဖြစ်မနေ ပြင်ဆင်ရပါဦးမယ်။ တချက်မှ အမှားခံလို့မဖြစ်တဲ့ အခုလိုပွဲမှာ ဦးဆောင်ဂိုး ၂ ဂိုးက ဟမ်းမဲလ်ဦးဆောင်တဲ့ ဂျာမနီရဲ့ ခံစစ်ပုံပျက်မှုကနေ ပေးဆပ်လိုက်ရခြင်းပါ။ ဒုတိယဂိုးကို ကြည့်ရင် အတော်လေး ဖရိုဖရဲနိုင်ခဲ့တာကို တွေ့ရမှာပါ။

မူလာရဲ့ ဦးဆောင်မှုပျောက်ဆုံးနေလို့ တိုက်စစ်အလုပ်မဖြစ်ခဲ့
တိုက်စစ်မှူး သောမတ်စ် မူလာ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရချိန်မှာ ဂျာမန်တိုက်စစ်ရဲ့ တကယ့်ခေါင်းဆောင်မှုအားကို လွမ်းဆွတ်ရဖို့ ဖြစ်လာခဲ့ပြီး တကယ်လည်း လီရွိုင်း ဆာနေး၊ ခိုင်ဟာဗတ်ဇ်နဲ့ ဂနာဘရီတို့ရဲ့အတွဲအဖက်က နုနယ်မှုအပိုင်းမှာ အားနည်းချက်အဖြစ် မြင်တွေ့ခဲ့ရတယ်။ ဟန်ဂေရီခံစစ်ကို လောက်လောက်လားလား ခြိမ်းခြောက်နိုင်စွမ်း ပျောက်ဆုံးနေသလို မူလာရဲ့ ဘောလုံးဦးနှောက် မပါဝင်လာမှုက တသင်းလုံးကစားပုံမှာ သိသာထင်ရှားခဲ့တာပါ။

မရဏအုပ်စုကလွတ်ပေမယ့် ရာဇဝင်ရန်ဘက် အင်္ဂလန်နဲ့ တွေ့ဆုံမယ်
ဂျာမနီရဲ့အဖြစ်က ဒီပွဲကို အနိုင် ၃ မှတ် သိမ်းပိုက်နိုင်ရင် အင်္ဂလန်နဲ့ ထိပ်ထိုက်တွေ့မယ့် ရှူံးထွက်အဆင့်ကို အပြောင်းအလဲအနေနဲ့ ရှောင်နိုင်မှာဖြစ်ပေမယ့် သရေသာရခဲ့လို့ ပွဲကျပ်ကစားဖို့ဖြစ်လာခဲ့ရပါတယ်။ ဒါဟာ ဒီအုပ်စုရဲ့ ရသပေးစွမ်းမှုလည်းဖြစ်ခဲ့သလို ပွဲစဉ် ၆ ပွဲစလုံးဟာ ပျင်းရိငြီးငွေ့ရက်စရာ မရှိသလို စိတ်ပျက်စရာလည်း မရှိခဲ့ပါဘူး။ တဖက်မှာ တပြိုင်တည်း ကစားနေတဲ့ ပေါ်တူဂီနဲ့ ပြင်သစ်က သရေကျခဲ့လို့ မရဏအုပ်စုကလွတ်ပေမယ့် ရာဇဝင်ရန်ဘက် အင်္ဂလန်နဲ့ တွေ့ဆုံရမှာဖြစ်လို့ စိတ်လှုပ်ရှားစရာ အနေအထားကိုတော့ ခံစားရတော့မှာပါ။

ခြေစွမ်းမတည်ငြိမ်တဲ့ ရော်ဘင် ဂိုဆန်
ပေါ်တူဂီကို လေးဂိုးသွင်းပြီး ဂိုးပြတ်တီးတဲ့ပွဲမှာ အနိမ့်ဆုံး ၂ ဂိုးက သူ့ကြောင့် ရခဲ့တဲ့အထိ ခြေစွမ်းထက်ခဲ့တဲ့ ရော်ဘင် ဂိုဆန်က ဒီနေ့ပွဲမှာ ခြေငုပ်နေခဲ့တာကို တွေ့ရပြီး နည်းပြ ယိုအာခင်မ် လို့ဗ်အတွက်လည်း အခက်တွေ့စရာဖြစ်ခဲ့တယ်။ ဒါကြောင့် နောက်လာမယ့် အင်္ဂလန်နဲ့ပွဲမှာ လူစာရင်းကို သေချာရွေးဖို့လည်း လိုအပ်လာသလို ခံစစ်မှာ ၃ ယောက်စာ အလုပ်လုပ်ပြီး ကစားနေရတဲ့ မတ်ဟမ်းမဲလ်ရဲ့ဝန်ကိုလည်း လျှော့ချပေးရမှာပါ။

သာမန်ထက် ပိုထူးကဲတဲ့ပွဲ
ဒီပွဲရဲ့ ရလဒ်ဟာ ၂ သင်းစလုံးအတွက် နောက်တဆင့်တက်ဖို့ သေချာစေမယ့် နောက်ဆုံးအခွင့်အရေးဖြစ်လို့ မိုင်ကုန်ရုန်းခဲ့ကြပြီး အဒမ် ဇာလိုင်းရဲ့ ခပ်မိုက်မိုက် ခေါင်းတိုက်ချက်အပြီးမှာ ပွဲကဆူလာခဲ့ပြီး ဟန်ဂေရီက ဂျာမနီကို တောင့်ခံပြီး ကစားသွားခဲ့တယ်။ ခိုင်ဟာဗတ်ဇ်ရဲ့ ချေပဂိုးအပြီး အသက်ရှုချောင်ပြီး ခဏပေါ့ဆမိတဲ့ ဂျာမနီက ဦးဆောင်ဂိုးချက်ချင်းပြန်ပေးလိုက်ရပြီး နောက်ဆုံးမှာ အင်အားချင်းမမျှတဲ့ ဟန်ဂေရီကသာ လက်မြှောက်ခဲ့ရတာပါ။ သာမန်ထက် ပိုထူးကဲတဲ့ပွဲဖြစ်ပြီး ၄ နှစ်မှ တကြိမ်ဆိုတဲ့ ရုန်းအားမှာလည်း အသင်းကြီး အသင်းငယ် မခွဲခြားဘဲ အထူးပေါ်လွင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အရန္ခုံထလာၿပီး သူရဲေကာင္းျဖစ္ခဲ့တဲ့ လီယြန္ ေဂၚရက္ဇ္ကာ
ဒီေန႔မွာ ဂ်ာမနီရဲ႕ လြတ္လြတ္ကြၽတ္ကြၽတ္ အုပ္စုတက္ခြင့္ကို ကယ္တင္ေပးခဲ့တာက ဘိုင္ယန္ကြင္းလယ္လူ လီယြန္ ေဂၚရက္ဇ္ကာပါ။ သူက ေအးလီးယန႔္အရီနာကြင္းရဲ႕ အိမ္ကြင္းပရိသတ္အားနဲ႔ ေရွ႕ေမွာက္မွာ သူရဲေကာင္းႀကီးျဖစ္ခဲ့ပါတယ္။ ပြဲခ်ိန္ ၅၆ မိနစ္မွာ အရန္ခုံကထလာတဲ့ အသက္ ၂၆ ႏွစ္သားဟာ ၈၄ မိနစ္မွာ ဂ်ာမနီကို ရမွတ္ ၄ မွတ္နဲ႔ အုပ္စုဒုတိယရေစမယ့္ အဖိုးအတန္ဆုံး ေခ်ပဂိုးကို ဟန္ေဂရီဂိုးေပါက္ထဲ ကန္သြင္းယူခဲ့ၿပီး ဂ်ာမယ္လ္ မူစီယာလာနဲ႔အတူ ဧည့္သည္အသင္းရဲ႕ ခံစစ္ကို ၿဖိဳခ်ပစ္ခဲ့တာပါ။

ရွိသမွ်အားနဲ႔ တိုက္ခဲ့ေပမယ့္ ရင္ကြဲခဲ့ရတဲ့ ဟန္ေဂရီ
ဟန္ေဂရီအသင္းက ေမွ်ာ္လင့္ခံထားရတဲ့ အသင္းမ်ိဳးမဟုတ္ခဲ့ဘဲ မရဏအုပ္စုမွာ ဖ်က္ျမင္းအသင္းအဆင့္ေတာင္ သတ္မွတ္ခံထားရျခင္းမရွိဘဲ ေအာက္အသင္းအေနနဲ႔သာ ယူ႐ို ၂၀၂၀ ကို ဝင္တိုးခဲ့ေပမယ့္ တကယ့္ကြင္းတြင္းထဲက ေျခစြမ္းမာေက်ာမႈကေတာ့ ၾသခ်ေလာက္စရာ ျဖစ္ခဲ့ၿပီး အိမ္ကြင္း ပရိသတ္ထုအားကလည္း ေၾကာက္ခမန္းလိလိ ျဖစ္ခဲ့သလို ဒီေန႔အေဝးကြင္းပြဲမွာလည္း ရွိသမွ်အားနဲ႔ အကုန္ထုတ္တိုက္ခဲ့ၿပီး ဂ်ာမနီကို အခက္ေတြ႕ေစခဲ့တာေၾကာင့္ ရမွတ္ ၂ မွတ္နဲ႔အတူ အိမ္ျပန္ရဖို႔ နီးစပ္သေလာက္ရွိခဲ့ခ်ိန္မွာေတာင္ ေလးစားဖြယ္ရာ အသင္းတသင္းအျဖစ္ ရပ္တည္ျပႏိုင္ခဲ့ပါတယ္။

ခံစစ္ကို ဘယ္လိုျပင္ဆင္မလဲ ယိုအာခင္မ္ လို႔ဗ္
၂၀၁၄ ကမာၻ႔ဖလားခ်န္ပီယံႀကီးရဲ႕ နည္းျပ ယိုအာခင္မ္ လို႔ဗ္ကေတာ့ ယူ႐ိုဘုရင္ျဖစ္ဖို႔ ပန္းတိုင္ထားရင္ေတာ့ မာေက်ာလ်က္နဲ႔ မ်ားျပားေနတဲ့ ခံစစ္အေပါက္အၿပဲေတြက ၁၆ သင္းရႈံးထြက္အဆင့္ကစလို႔ မျဖစ္မေန ျပင္ဆင္ရပါဦးမယ္။ တခ်က္မွ အမွားခံလို႔မျဖစ္တဲ့ အခုလိုပြဲမွာ ဦးေဆာင္ဂိုး ၂ ဂိုးက ဟမ္းမဲလ္ဦးေဆာင္တဲ့ ဂ်ာမနီရဲ႕ ခံစစ္ပုံပ်က္မႈကေန ေပးဆပ္လိုက္ရျခင္းပါ။ ဒုတိယဂိုးကို ၾကည့္ရင္ အေတာ္ေလး ဖ႐ိုဖရဲႏိုင္ခဲ့တာကို ေတြ႕ရမွာပါ။

မူလာရဲ႕ ဦးေဆာင္မႈေပ်ာက္ဆုံးေနလို႔ တိုက္စစ္အလုပ္မျဖစ္ခဲ့
တိုက္စစ္မႉး ေသာမတ္စ္ မူလာ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရခ်ိန္မွာ ဂ်ာမန္တိုက္စစ္ရဲ႕ တကယ့္ေခါင္းေဆာင္မႈအားကို လြမ္းဆြတ္ရဖို႔ ျဖစ္လာခဲ့ၿပီး တကယ္လည္း လီ႐ြိဳင္း ဆာေနး၊ ခိုင္ဟာဗတ္ဇ္နဲ႔ ဂနာဘရီတို႔ရဲ႕အတြဲအဖက္က ႏုနယ္မႈအပိုင္းမွာ အားနည္းခ်က္အျဖစ္ ျမင္ေတြ႕ခဲ့ရတယ္။ ဟန္ေဂရီခံစစ္ကို ေလာက္ေလာက္လားလား ၿခိမ္းေျခာက္ႏိုင္စြမ္း ေပ်ာက္ဆုံးေနသလို မူလာရဲ႕ ေဘာလုံးဦးေႏွာက္ မပါဝင္လာမႈက တသင္းလုံးကစားပုံမွာ သိသာထင္ရွားခဲ့တာပါ။

မရဏအုပ္စုကလြတ္ေပမယ့္ ရာဇဝင္ရန္ဘက္ အဂၤလန္နဲ႔ ေတြ႕ဆုံမယ္
ဂ်ာမနီရဲ႕အျဖစ္က ဒီပြဲကို အႏိုင္ ၃ မွတ္ သိမ္းပိုက္ႏိုင္ရင္ အဂၤလန္နဲ႔ ထိပ္ထိုက္ေတြ႕မယ့္ ရႉံးထြက္အဆင့္ကို အေျပာင္းအလဲအေနနဲ႔ ေရွာင္ႏိုင္မွာျဖစ္ေပမယ့္ သေရသာရခဲ့လို႔ ပြဲက်ပ္ကစားဖို႔ျဖစ္လာခဲ့ရပါတယ္။ ဒါဟာ ဒီအုပ္စုရဲ႕ ရသေပးစြမ္းမႈလည္းျဖစ္ခဲ့သလို ပြဲစဥ္ ၆ ပြဲစလုံးဟာ ပ်င္းရိၿငီးေငြ႕ရက္စရာ မရွိသလို စိတ္ပ်က္စရာလည္း မရွိခဲ့ပါဘူး။ တဖက္မွာ တၿပိဳင္တည္း ကစားေနတဲ့ ေပၚတူဂီနဲ႔ ျပင္သစ္က သေရက်ခဲ့လို႔ မရဏအုပ္စုကလြတ္ေပမယ့္ ရာဇဝင္ရန္ဘက္ အဂၤလန္နဲ႔ ေတြ႕ဆုံရမွာျဖစ္လို႔ စိတ္လႈပ္ရွားစရာ အေနအထားကိုေတာ့ ခံစားရေတာ့မွာပါ။

ေျခစြမ္းမတည္ၿငိမ္တဲ့ ေရာ္ဘင္ ဂိုဆန္
ေပၚတူဂီကို ေလးဂိုးသြင္းၿပီး ဂိုးျပတ္တီးတဲ့ပြဲမွာ အနိမ့္ဆုံး ၂ ဂိုးက သူ႔ေၾကာင့္ ရခဲ့တဲ့အထိ ေျခစြမ္းထက္ခဲ့တဲ့ ေရာ္ဘင္ ဂိုဆန္က ဒီေန႔ပြဲမွာ ေျခငုပ္ေနခဲ့တာကို ေတြ႕ရၿပီး နည္းျပ ယိုအာခင္မ္ လို႔ဗ္အတြက္လည္း အခက္ေတြ႕စရာျဖစ္ခဲ့တယ္။ ဒါေၾကာင့္ ေနာက္လာမယ့္ အဂၤလန္နဲ႔ပြဲမွာ လူစာရင္းကို ေသခ်ာေ႐ြးဖို႔လည္း လိုအပ္လာသလို ခံစစ္မွာ ၃ ေယာက္စာ အလုပ္လုပ္ၿပီး ကစားေနရတဲ့ မတ္ဟမ္းမဲလ္ရဲ႕ဝန္ကိုလည္း ေလွ်ာ့ခ်ေပးရမွာပါ။

သာမန္ထက္ ပိုထူးကဲတဲ့ပြဲ
ဒီပြဲရဲ႕ ရလဒ္ဟာ ၂ သင္းစလုံးအတြက္ ေနာက္တဆင့္တက္ဖို႔ ေသခ်ာေစမယ့္ ေနာက္ဆုံးအခြင့္အေရးျဖစ္လို႔ မိုင္ကုန္႐ုန္းခဲ့ၾကၿပီး အဒမ္ ဇာလိုင္းရဲ႕ ခပ္မိုက္မိုက္ ေခါင္းတိုက္ခ်က္အၿပီးမွာ ပြဲကဆူလာခဲ့ၿပီး ဟန္ေဂရီက ဂ်ာမနီကို ေတာင့္ခံၿပီး ကစားသြားခဲ့တယ္။ ခိုင္ဟာဗတ္ဇ္ရဲ႕ ေခ်ပဂိုးအၿပီး အသက္ရႈေခ်ာင္ၿပီး ခဏေပါ့ဆမိတဲ့ ဂ်ာမနီက ဦးေဆာင္ဂိုးခ်က္ခ်င္းျပန္ေပးလိုက္ရၿပီး ေနာက္ဆုံးမွာ အင္အားခ်င္းမမွ်တဲ့ ဟန္ေဂရီကသာ လက္ေျမႇာက္ခဲ့ရတာပါ။ သာမန္ထက္ ပိုထူးကဲတဲ့ပြဲျဖစ္ၿပီး ၄ ႏွစ္မွ တႀကိမ္ဆိုတဲ့ ႐ုန္းအားမွာလည္း အသင္းႀကီး အသင္းငယ္ မခြဲျခားဘဲ အထူးေပၚလြင္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.