Analysis International Match Report

ပေါ်တူဂီ 2-2 ပြင်သစ် ပွဲအပြီး မှတ်မှတ်ရရပြောစရာ ရော်နယ်လ်ဒိုနဲ့ အချက် 7 ချက်

၁။ ၁၀၉ ဂိုးနဲ့ အားလုံးအထက်မှာ ရပ်တည်ပြနိုင်တော့မယ့် Ever Green ရော်နယ်လ်ဒို
ထာဝရစိမ်းလန်းနေတဲ့ ရော်နယ်လ်ဒိုအတွက် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိသလိုမျိုး ဘောလုံးလောကရဲ့ စံချိန်ဟောင်းတွေကို တခုပြီးတခု ရိုက်ချိုးလာခဲ့တာဟာ သူ မှတ်တမ်းမထိုးနိုင်တဲ့ ကမ္ဘာ့စံချိန်ရော ရှိပါသေးရဲ့လားလို့ အံ့သြချင်စရာပါ။ ပြင်သစ်အသင်းကို ပင်နယ်တီကနေတဆင့် ၂ ဂိုးသွင်းယူပြီး ယူရိုပြိုင်ပွဲမှာ သွင်းဂိုးပေါင်း ၁၄ ဂိုးရှိသွားခဲ့သလို ကမ္ဘာ့စံချိန်ဖြစ်တဲ့ အီရန်တိုက်စစ်မှူး အလီ ဒါယီရဲ့ ၁၀၉ ဂိုးစံချိန်ကိုလည်း လိုက်မီနိုင်ခဲ့ပြီဖြစ်ပြီး နောက်တစ်ဂိုး ထပ်သွင်းနိုင်တာနဲ့ ထာဝရရှင်သန်မယ့် လူသားဖြစ်လာတော့မှာပါ။

၂။ မော်ရင်ညိုကြောင့် ဖာနန်ဒက်စ် အရန်ခုံရောက်သွားခဲ့လေသလား
ဂျာမနီနဲ့ပွဲမှာ ပေါ်တူဂီအသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့ကာ ကွင်းထဲမှာ ရှိပေမယ့် ပျောက်ကြီးဖြစ်နေတယ်လို့ ဘရူနို ဖာနန်ဒက်စ်ကို ဝေဖန်ခဲ့တဲ့ မော်ရင်ညိုရဲ့စကား ပေါ်တူဂီနည်းပြ ဆန်းတို့စ်ကို သက်ရောက်မှုရှိခဲ့ပြီး ၂၆ နှစ်သား ကွင်းလယ်လူဟာ ဒီနေ့ပွဲမှာ အရန်ခုံအပို့ခံခဲ့ဏတယ်။ သူ့ရဲ့ဘောလုံးခံယူချက်က မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး သူမပါဝင်ချိန်မှာ အသင်းက ပိုတောင့်တင်းနေခဲ့တာလည်း တွေ့ရပါတယ်။

၃။ အင်္ဂလန်ကို ရှောင်လွဲနိုင်ခဲ့တဲ့ ပေါ်တူဂီ
လက်ရှိကမ္ဘာ့ချန်ပီယံနဲ့ လက်ရှိယူရိုဘုရင်တို့ ထိပ်တိုက်တွေ့ဆုံမှုမှာ ရော်နယ်လ်ဒိုရဲ့ ပင်နယ်တီဦးဆောင်ဂိုးကြောင့် ပေါ်တူဂီက ရမှတ် ၆ မှတ်ဆိုတဲ့ အနေအထားမှာ ပြင်သစ်က နောက်တဆင့်မှာ အင်္ဂလန်နဲ့ တွေ့ဆုံရမှာပါ။ ဒါပေမယ့် တကယ်တမ်း ၂ ဂိုးစီ သရေရလဒ်မှာ တတိယအကောင်းဆုံး အသင်းအနေနဲ့ နောက်တဆင့်ကို တက်သွားတဲ့ ပေါ်တူဂီက အင်္ဂလန်နဲ့ ထိပ်တိုက်ပွဲကို ထပ်မံရှောင်လွှဲနိုင်ခဲ့ပြီး အုပ်စုဒုတိယရတဲ့ ဂျာမနီကတော့ ၁၆ သင်းရှုံးထွက်မှာ အင်္ဂလန်ကို ရင်ဆိုင်ရတော့မှာပါ။

၄။ ရော်နယ်လ်ဒိုနဲ့အပြိုင် ၂ ဂိုးသွင်းတဲ့ ဘန်ဇီမာ
ကွင်းပြင်ပအရှုပ်အထွေးတွေကြောင့် လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေတဲ့ ကာရင်မ် ဘန်ဇီမာက အသက် ၃၃ နှစ်အရွယ်မှာ ယူရို ၂၀၂၀ မြင်ကွင်းထဲကို ပြန်ဝင်လာနိုင်ခဲ့ပြီး အုပ်စုအဖွင့် ၂ ပွဲမှာကတည်းက ဂိုးကံခေနေခဲ့တာဟာ တကယ့်အရေးအပါဆုံး အုပ်စုအပိတ်ပွဲမှာတော့ ဂိုးလာဘ်ပွင့်ခဲ့ပြီး အသင်းအတွက် ချေပဂိုးရော ဦးဆောင်ဂိုးပါ တကိုယ်တော် ၂ ဂိုးဆက်တိုက် သွင်းယူကာ အကျိုးပြုသွားခဲ့တာပါ။

၅။ တိုက်ဆိုင်မှုထက် ပိုပြန်ပြီလား
ယူရို ၂၀၁၆ က ပေါ်တူဂီအသင်းချန်ပီယံဖြစ်ခဲ့တဲ့ ဇာတ်ညွှန်းဟောင်းက အခုလိုပဲ အကောင်းဆုံးတတိယအသင်းအနေနဲ့ နောက်တဆင့်ကို တက်ရောင်နိုင်ခဲ့ခြင်းကနေ ဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ယူပြီး ဇာတာတက်ခဲ့တာပါ။ အဲဒီနှစ်က အုပ်စုနောက်ဆုံးပွဲမှာ သရေကျခဲ့တာက ဒီနေ့မှာ တထပ်တည်းပြန်ဖြစ်ခဲ့သလို ရော်နယ်လ်ဒို ၂ ဂိုးသွင်းတာခြင်းလည်း တူညီနေပြန်တာပါ။ တိုက်ဆိုင်မှုတွေဆိုတာထက် ရော်နယ်လ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီက ကံကြမ္မာကို တကျော့ပြန် ဇာတ်ညွှန်းရေးဦးမလား စောင့်ကြည့်ရမှာပါ။

၆။ နောက်ဆုံးမိနစ်အထိ ရသစုံပေးခဲ့တဲ့ မရဏအုပ်စု
ဒီအုပ်စု F မှာ ဟန်ဂေရီအသင်းက မျှော်လင့်ခံထားရတဲ့အတိုင်း အိမ်ပြန်ခဲ့ရပေမယ့် ဂုဏ်ငယ်စရာ မရှိခဲ့တဲ့ ခြေစွမ်းနဲ့ ကြောက်ခမန်းလိလိ ပရိသတ်ထုအားပေးမှုကို မြင်တွေ့ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ ၃ သင်းပတ်လည် အားပြိုင်မှုမှာ ပေါ်တူဂီက ၁ မှတ်သာရခဲ့ပြီး ဂျာမနီက ၃ မှတ်၊ ပြင်သစ်က ၄ မှတ်အထိ ယူနိုင်ခဲ့တာကို တွေ့ရသလို မရဏအုပ်စုတွင်း အကျပ်အတည်းမှာ ၃ သင်းစလုံး နောက်တဆင့်တက်သွားနိုင်ခဲ့တာပါ။

၇။ ယူရို ၂ ကြိမ်ကနေ ၃ ကြိမ်ချန်ပီယံဖြစ်လာနိုင်မလား
ကမ္ဘာ့ဖလားအောင်မြင်မှုအပြီး ယူရိုချန်ပီယံအဖြစ် ဆက်လက်ဗိုလ်ဝင်ခံခဲ့ဖူးတဲ့ ဇီဒန်းတို့ရဲ့ တခေတ်ကို ပေါ့ဘာတို့အုပ်စု အသက်သွင်းနိုင်မလားဆိုတာ နည်းပြ ဒေးရွှမ့်စ်ကိုလည်း မူတည်နေတာပါ။ သူ့အနေနဲ့ ယူရို ၂၀၂၀ ရဲ့ ချန်ပီယံလိဂ်အဖြစ် သေချာပေါက် သတ်မှတ်ခံထားရချိန်မှာ ဘယ်လ်ဂျီယမ်နဲ့အပြိုင် တစ်ပြေးနေတာဖြစ်ပြီး ယူဆခံထားရတဲ့အတိုင်း လက်တွေ့ကျကျ သက်သေပြဖို့ ယူရို ၃ ကြိမ်ချန်ပီယံအသင်းကြီး ဖြစ်လာဖို့ လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်းဟာ ပန်းတိုင်ကို ရောက်လာနိုင်မလား စောင့်ကြည့်ရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ ၁၀၉ ဂိုးနဲ႔ အားလုံးအထက္မွာ ရပ္တည္ျပႏိုင္ေတာ့မယ့္ Ever Green ေရာ္နယ္လ္ဒို
ထာဝရစိမ္းလန္းေနတဲ့ ေရာ္နယ္လ္ဒိုအတြက္ မျဖစ္ႏိုင္ဘူးဆိုတာ ဘာမွမရွိသလိုမ်ိဳး ေဘာလုံးေလာကရဲ႕ စံခ်ိန္ေဟာင္းေတြကို တခုၿပီးတခု ႐ိုက္ခ်ိဳးလာခဲ့တာဟာ သူ မွတ္တမ္းမထိုးႏိုင္တဲ့ ကမာၻ႔စံခ်ိန္ေရာ ရွိပါေသးရဲ႕လားလို႔ အံ့ၾသခ်င္စရာပါ။ ျပင္သစ္အသင္းကို ပင္နယ္တီကေနတဆင့္ ၂ ဂိုးသြင္းယူၿပီး ယူ႐ိုၿပိဳင္ပြဲမွာ သြင္းဂိုးေပါင္း ၁၄ ဂိုးရွိသြားခဲ့သလို ကမာၻ႔စံခ်ိန္ျဖစ္တဲ့ အီရန္တိုက္စစ္မႉး အလီ ဒါယီရဲ႕ ၁၀၉ ဂိုးစံခ်ိန္ကိုလည္း လိုက္မီႏိုင္ခဲ့ၿပီျဖစ္ၿပီး ေနာက္တစ္ဂိုး ထပ္သြင္းႏိုင္တာနဲ႔ ထာဝရရွင္သန္မယ့္ လူသားျဖစ္လာေတာ့မွာပါ။

၂။ ေမာ္ရင္ညိဳေၾကာင့္ ဖာနန္ဒက္စ္ အရန္ခုံေရာက္သြားခဲ့ေလသလား
ဂ်ာမနီနဲ႔ပြဲမွာ ေပၚတူဂီအသင္းအတြက္ ပြဲထြက္ကစားခြင့္ရခဲ့ကာ ကြင္းထဲမွာ ရွိေပမယ့္ ေပ်ာက္ႀကီးျဖစ္ေနတယ္လို႔ ဘ႐ူႏို ဖာနန္ဒက္စ္ကို ေဝဖန္ခဲ့တဲ့ ေမာ္ရင္ညိဳရဲ႕စကား ေပၚတူဂီနည္းျပ ဆန္းတို႔စ္ကို သက္ေရာက္မႈရွိခဲ့ၿပီး ၂၆ ႏွစ္သား ကြင္းလယ္လူဟာ ဒီေန႔ပြဲမွာ အရန္ခုံအပို႔ခံခဲ့ဏတယ္။ သူ႔ရဲ႕ေဘာလုံးခံယူခ်က္က ေမးခြန္းထုတ္စရာျဖစ္ခဲ့ၿပီး သူမပါဝင္ခ်ိန္မွာ အသင္းက ပိုေတာင့္တင္းေနခဲ့တာလည္း ေတြ႕ရပါတယ္။

၃။ အဂၤလန္ကို ေရွာင္လြဲႏိုင္ခဲ့တဲ့ ေပၚတူဂီ
လက္ရွိကမာၻ႔ခ်န္ပီယံနဲ႔ လက္ရွိယူ႐ိုဘုရင္တို႔ ထိပ္တိုက္ေတြ႕ဆုံမႈမွာ ေရာ္နယ္လ္ဒိုရဲ႕ ပင္နယ္တီဦးေဆာင္ဂိုးေၾကာင့္ ေပၚတူဂီက ရမွတ္ ၆ မွတ္ဆိုတဲ့ အေနအထားမွာ ျပင္သစ္က ေနာက္တဆင့္မွာ အဂၤလန္နဲ႔ ေတြ႕ဆုံရမွာပါ။ ဒါေပမယ့္ တကယ္တမ္း ၂ ဂိုးစီ သေရရလဒ္မွာ တတိယအေကာင္းဆုံး အသင္းအေနနဲ႔ ေနာက္တဆင့္ကို တက္သြားတဲ့ ေပၚတူဂီက အဂၤလန္နဲ႔ ထိပ္တိုက္ပြဲကို ထပ္မံေရွာင္လႊဲႏိုင္ခဲ့ၿပီး အုပ္စုဒုတိယရတဲ့ ဂ်ာမနီကေတာ့ ၁၆ သင္းရႈံးထြက္မွာ အဂၤလန္ကို ရင္ဆိုင္ရေတာ့မွာပါ။

၄။ ေရာ္နယ္လ္ဒိုနဲ႔အၿပိဳင္ ၂ ဂိုးသြင္းတဲ့ ဘန္ဇီမာ
ကြင္းျပင္ပအရႈပ္အေထြးေတြေၾကာင့္ လက္ေ႐ြးစင္အသင္းနဲ႔ ေဝးကြာေနတဲ့ ကာရင္မ္ ဘန္ဇီမာက အသက္ ၃၃ ႏွစ္အ႐ြယ္မွာ ယူ႐ို ၂၀၂၀ ျမင္ကြင္းထဲကို ျပန္ဝင္လာႏိုင္ခဲ့ၿပီး အုပ္စုအဖြင့္ ၂ ပြဲမွာကတည္းက ဂိုးကံေခေနခဲ့တာဟာ တကယ့္အေရးအပါဆုံး အုပ္စုအပိတ္ပြဲမွာေတာ့ ဂိုးလာဘ္ပြင့္ခဲ့ၿပီး အသင္းအတြက္ ေခ်ပဂိုးေရာ ဦးေဆာင္ဂိုးပါ တကိုယ္ေတာ္ ၂ ဂိုးဆက္တိုက္ သြင္းယူကာ အက်ိဳးျပဳသြားခဲ့တာပါ။

၅။ တိုက္ဆိုင္မႈထက္ ပိုျပန္ၿပီလား
ယူ႐ို ၂၀၁၆ က ေပၚတူဂီအသင္းခ်န္ပီယံျဖစ္ခဲ့တဲ့ ဇာတ္ၫႊန္းေဟာင္းက အခုလိုပဲ အေကာင္းဆုံးတတိယအသင္းအေနနဲ႔ ေနာက္တဆင့္ကို တက္ေရာင္ႏိုင္ခဲ့ျခင္းကေန ဗိုလ္လုပြဲမွာ ျပင္သစ္ကို အႏိုင္ယူၿပီး ဇာတာတက္ခဲ့တာပါ။ အဲဒီႏွစ္က အုပ္စုေနာက္ဆုံးပြဲမွာ သေရက်ခဲ့တာက ဒီေန႔မွာ တထပ္တည္းျပန္ျဖစ္ခဲ့သလို ေရာ္နယ္လ္ဒို ၂ ဂိုးသြင္းတာျခင္းလည္း တူညီေနျပန္တာပါ။ တိုက္ဆိုင္မႈေတြဆိုတာထက္ ေရာ္နယ္လ္ဒိုဦးေဆာင္တဲ့ ေပၚတူဂီက ကံၾကမၼာကို တေက်ာ့ျပန္ ဇာတ္ၫႊန္းေရးဦးမလား ေစာင့္ၾကည့္ရမွာပါ။

၆။ ေနာက္ဆုံးမိနစ္အထိ ရသစုံေပးခဲ့တဲ့ မရဏအုပ္စု
ဒီအုပ္စု F မွာ ဟန္ေဂရီအသင္းက ေမွ်ာ္လင့္ခံထားရတဲ့အတိုင္း အိမ္ျပန္ခဲ့ရေပမယ့္ ဂုဏ္ငယ္စရာ မရွိခဲ့တဲ့ ေျခစြမ္းနဲ႔ ေၾကာက္ခမန္းလိလိ ပရိသတ္ထုအားေပးမႈကို ျမင္ေတြ႕ခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ ျပင္သစ္၊ ဂ်ာမနီ၊ ေပၚတူဂီ ၃ သင္းပတ္လည္ အားၿပိဳင္မႈမွာ ေပၚတူဂီက ၁ မွတ္သာရခဲ့ၿပီး ဂ်ာမနီက ၃ မွတ္၊ ျပင္သစ္က ၄ မွတ္အထိ ယူႏိုင္ခဲ့တာကို ေတြ႕ရသလို မရဏအုပ္စုတြင္း အက်ပ္အတည္းမွာ ၃ သင္းစလုံး ေနာက္တဆင့္တက္သြားႏိုင္ခဲ့တာပါ။

၇။ ယူ႐ို ၂ ႀကိမ္ကေန ၃ ႀကိမ္ခ်န္ပီယံျဖစ္လာႏိုင္မလား
ကမာၻ႔ဖလားေအာင္ျမင္မႈအၿပီး ယူ႐ိုခ်န္ပီယံအျဖစ္ ဆက္လက္ဗိုလ္ဝင္ခံခဲ့ဖူးတဲ့ ဇီဒန္းတို႔ရဲ႕ တေခတ္ကို ေပါ့ဘာတို႔အုပ္စု အသက္သြင္းႏိုင္မလားဆိုတာ နည္းျပ ေဒး႐ႊမ့္စ္ကိုလည္း မူတည္ေနတာပါ။ သူ႔အေနနဲ႔ ယူ႐ို ၂၀၂၀ ရဲ႕ ခ်န္ပီယံလိဂ္အျဖစ္ ေသခ်ာေပါက္ သတ္မွတ္ခံထားရခ်ိန္မွာ ဘယ္လ္ဂ်ီယမ္နဲ႔အၿပိဳင္ တစ္ေျပးေနတာျဖစ္ၿပီး ယူဆခံထားရတဲ့အတိုင္း လက္ေတြ႕က်က် သက္ေသျပဖို႔ ယူ႐ို ၃ ႀကိမ္ခ်န္ပီယံအသင္းႀကီး ျဖစ္လာဖို႔ လက္ရွိ ကမာၻ႔အေကာင္းဆုံးအသင္းဟာ ပန္းတိုင္ကို ေရာက္လာႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.