Premier League

လီဗာပူးလ္မွာ အလြန္ေပ်ာ္ရႊင္ေနေၾကာင္းေျပာလုိက္တဲ့ ဂိုးသမား အက္ဒရီယန္

လီဗာပူးလ္အသင္းကို ဒီရာသီအစမွာ ဝက္စ္ဟမ္းယူႏုိက္တက္အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးၿပီးခ်ိန္မွာ အသင္းလက္မဲ့ျဖစ္ေနရာကေန ေရာက္ရွိလာခဲ့တဲ့ ဂိုးသမား အက္ဒရီယန္ ဆန္မီဂဲလ္ ဒဲလ္ကတ္စတီလိုက သူ႕အေနနဲ႔ ဒီအသင္းကို ေရာက္ရွိလာခဲ့ၿပီး ကစားရတာ အလြန္ကို ေပ်ာ္ရႊင္ရေၾကာင္း ေျပာၾကားလုိက္ပါတယ္။

ဦးစားေပးဂိုးသမား အယ္လစ္ဆန္ ဘက္ကာရဲ႕ ဝါရင့္အရန္ဂိုးသမားအျဖစ္ ေခၚယူထားခဲ့တဲ့ အက္ဒရီယန္အေနနဲ႔ လာမယ့္ရာသီကုန္မွာ စပိန္ျပန္ဖို႔နဲ႔ အသင္းမွာ ဒုတိယရာသီအျဖစ္ ဆက္ကစားဖို႔ ေရြးခ်ယ္ရမယ့္ အေျခအေနမွာ အသက္ ၃၃ ႏွစ္သားႀကီးက သူဆက္ရွိေနႏုိင္တဲ့ သေဘာမ်ဳိး ဆုိခဲ့တာပါ။

အသင္းကို ေရာက္ရွိလာခဲ့ၿပီး ပထမဆုံး ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္မွာပဲ ေဘာလုံးထိန္းသိမ္းဖို႔ ႀကဳိးစားရာက ဒဏ္ရာရရွိသြားခဲ့တဲ့ အယ္လစ္ဆန္ေနရာမွာ လူစားဝင္ကစားခြင့္ရခဲ့တဲ့ အက္ဒရီယန္ဟာ ဒီပြဲကိုေတာ့ Clean Sheet နဲ႔ မဖြင့္ႏုိင္ခဲ့ဘဲ ေနာ့ဝစ္ခ်္တိုက္စစ္မွဴး တီးမူး ပူကီရဲ႕ ေခ်ပဂိုးတစ္ဂိုးကို ခြင့္ျပဳခဲ့ရသူလည္းျဖစ္ပါတယ္။

“ဒီအသင္းက ကၽြန္ေတာ့္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြထက္ အမ်ားႀကီးပုိလြန္တဲ့အသင္းပါ။ ဒီကို ေရာက္လာခဲ့တာဟာ လုံးဝက အေကာင္းဆုံး အေျခအေနမွာ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ကို ခ်ႏုိင္ခဲ့တာပါပဲ။ ဒီလိုမ်ဳိး ကမာၻ႔အေကာင္းဆုံးအသင္းတစ္သင္းမွာ ကစားခြင့္ရခဲ့တဲ့အတြက္လည္း အရမ္းေပ်ာ္မိၿပီး အယ္လီဆန္နဲ႔လည္း အေကာင္းဆုံး ၿပဳိင္ဆုိင္ေနရတာကို ေက်နပ္မိသလို ဒါက အသင္းအတြက္ေရာ နည္းျပအတြက္ပါ ေကာင္းမြန္တဲ့ အေနအထားလည္းျဖစ္ပါတယ္”လို႔ အက္ဒရီယန္က ေျပာၾကားသြားပါတယ္။

အက္ဒရီယန္ရဲ႕ ဒီလိုေျပာၾကားခဲ့တာဟာ လီဗာပူးလ္ပရိသတ္ေတြအတြက္ ဘယ္လိုခံစားရမယ္ဆုိတာကိုေတာ့ မသိဘဲ ၿပဳိင္ပြဲႏွစ္ခုကေန ဆက္တိုက္ထြက္ခြာေစမယ့္ အမွားေတြကို က်ဴးလြန္ခဲ့တဲ့ ဂိုးသမားကို တခ်ဳိ႕ပရိသတ္ေတြက ျပင္းထန္တဲ့ ျပစ္တင္မွဳေတြ ျပဳလုပ္ထားခဲ့ၿပီး ဒီရာသီမွာ ၁၈ ပြဲကစားထားတဲ့ ဂိုးသမားအေနနဲ႔ အသင္းနဲ႔ ၂၀၂၁ အထိ စာခ်ဳပ္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းကို ဒီရာသီအစမှာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးချိန်မှာ အသင်းလက်မဲ့ဖြစ်နေရာကနေ ရောက်ရှိလာခဲ့တဲ့ ဂိုးသမား အက်ဒရီယန် ဆန်မီဂဲလ် ဒဲလ်ကတ်စတီလိုက သူ့အနေနဲ့ ဒီအသင်းကို ရောက်ရှိလာခဲ့ပြီး ကစားရတာ အလွန်ကို ပျော်ရွှင်ရကြောင်း ပြောကြားလိုက်ပါတယ်။

ဦးစားပေးဂိုးသမား အယ်လစ်ဆန် ဘက်ကာရဲ့ ဝါရင့်အရန်ဂိုးသမားအဖြစ် ခေါ်ယူထားခဲ့တဲ့ အက်ဒရီယန်အနေနဲ့ လာမယ့်ရာသီကုန်မှာ စပိန်ပြန်ဖို့နဲ့ အသင်းမှာ ဒုတိယရာသီအဖြစ် ဆက်ကစားဖို့ ရွေးချယ်ရမယ့် အခြေအနေမှာ အသက် ၃၃ နှစ်သားကြီးက သူဆက်ရှိနေနိုင်တဲ့ သဘောမျိုး ဆိုခဲ့တာပါ။

အသင်းကို ရောက်ရှိလာခဲ့ပြီး ပထမဆုံး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာပဲ ဘောလုံးထိန်းသိမ်းဖို့ ကြိုးစားရာက ဒဏ်ရာရရှိသွားခဲ့တဲ့ အယ်လစ်ဆန်နေရာမှာ လူစားဝင်ကစားခွင့်ရခဲ့တဲ့ အက်ဒရီယန်ဟာ ဒီပွဲကိုတော့ Clean Sheet နဲ့ မဖွင့်နိုင်ခဲ့ဘဲ နော့ဝစ်ချ်တိုက်စစ်မှူး တီးမူး ပူကီရဲ့ ချေပဂိုးတစ်ဂိုးကို ခွင့်ပြုခဲ့ရသူလည်းဖြစ်ပါတယ်။

“ဒီအသင်းက ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေထက် အများကြီးပိုလွန်တဲ့အသင်းပါ။ ဒီကို ရောက်လာခဲ့တာဟာ လုံးဝက အကောင်းဆုံး အခြေအနေမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာပါပဲ။ ဒီလိုမျိုး ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းမှာ ကစားခွင့်ရခဲ့တဲ့အတွက်လည်း အရမ်းပျော်မိပြီး အယ်လီဆန်နဲ့လည်း အကောင်းဆုံး ပြိုင်ဆိုင်နေရတာကို ကျေနပ်မိသလို ဒါက အသင်းအတွက်ရော နည်းပြအတွက်ပါ ကောင်းမွန်တဲ့ အနေအထားလည်းဖြစ်ပါတယ်”လို့ အက်ဒရီယန်က ပြောကြားသွားပါတယ်။

အက်ဒရီယန်ရဲ့ ဒီလိုပြောကြားခဲ့တာဟာ လီဗာပူးလ်ပရိသတ်တွေအတွက် ဘယ်လိုခံစားရမယ်ဆိုတာကိုတော့ မသိဘဲ ပြိုင်ပွဲနှစ်ခုကနေ ဆက်တိုက်ထွက်ခွာစေမယ့် အမှားတွေကို ကျူးလွန်ခဲ့တဲ့ ဂိုးသမားကို တချို့ပရိသတ်တွေက ပြင်းထန်တဲ့ ပြစ်တင်မှုတွေ ပြုလုပ်ထားခဲ့ပြီး ဒီရာသီမှာ ၁၈ ပွဲကစားထားတဲ့ ဂိုးသမားအနေနဲ့ အသင်းနဲ့ ၂၀၂၁ အထိ စာချုပ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.