Premier League Transfer News

အော်ဒီဂွါဒ်ကို လိုချင်လျှင်လို့ ကဗျာစပ်လိုက်တဲ့ ရီးရဲလ်ကြောင့် အာဆင်နယ်တို့ ရင်ဖိုခဲ့ရပြီလား

ဒီကနေ့မှာ အထက်တန်းကျောင်းတုန်းက “နှမထွေး မယ့်ကို လိုချင်လျှင်”ဆိုတဲ့ ကဗျာကို ပြန်သတိရမိတဲ့ အခိုက်အတန့်ကတော့ အာဆင်နယ်အသင်းဆီ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် မာတင် အော်ဒီဂွါဒ်ကို လိုချင်ရင် ဘယ်လိုမျိုး ဖန်တီးပေးရမယ်ဆိုတဲ့ တောင်းဆိုမှုကြောင့်ဖြစ်ခဲ့ပါတယ်။

နှမထွေးမယ့်ကို ဘယ်လိုတန်ဖိုးထားပြီး ရယူရမယ်ဆိုတာက တောင်တွင်း ရှင်ငြိမ်းမယ်က ကဗျာထဲမှာ သိမ်သိမ်မွေ့မွေ့ ပြောပြခဲ့ပေမယ့် ရီးရဲလ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ကတော့ ကဗျာမဆန်ဘဲ အာဆင်နယ်ကို ခပ်ကြမ်းကြမ်း တုံ့ပြန်လိုက်တာဖြစ်ပြီး သူတို့ရဲ့ နှလုံးသည်းပွတ်ကိုမှ ဆွဲထုတ်ယူဖို့ ဆန္ဒရှိနေတာပါ။

အော်ဒီဂွါဒ်ကို လိုချင်တယ်ဆိုရင် လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးနဲ့ အလိုက်ပေးပြီး ငွေကြေးထပ်ဆောင်းမှုနဲ့အတူ ခေါ်ယူမှ ဖြစ်နိုင်မယ်လို့ ဘာနေဗျူးဘက်က အာဆင်နယ်ရဲ့ တရစပ် ချဉ်းကပ်ဆွေးနွေးမှုတွေကို တုံ့ပြန်လိုက်တာဖြစ်ပြီး အဲဗာတန်နဲ့ ပရီးမီးယားလိဂ်မှာ ရှိခဲ့တုန်းက အနီးကပ်ကြည့်ခွင့်ရခဲ့တဲ့ နည်းပြ ကာလို အန်ဆယ်လော့တီက ကျပ်လွှတ်လိုက်တာလည်းဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အက်စတန်ဗီလာရဲ့ ပေါင် ၂၅ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချထားခဲ့တဲ့ အာဆင်နယ်အတွက် ရီးရဲလ်ဘက်က တောင်းဆိုမှုကတော့ ဘေးကျပ်နံကျပ်ဖြစ်စရာ ကြုံခဲ့ရပြီး တကယ်တမ်း လိုက်လျောခေါ်ယူခဲ့မယ်ဆိုရင်လည်း နော်ဝေသားနဲ့ အင်္ဂလန်သားကြားက အနာဂတ် အလားအလာတွေက ဝိဝါဒကွဲစရာဖြစ်လာခဲ့တာပါ။

အသက် ၂၂ ရှိပြီဖြစ်တဲ့ အော်ဒီဂွါဒ်ဟာ ကွင်းလယ်မှာ ဘောလုံးပေးပို့မှု ကောင်းမွန်ပေမယ့်လည်း အမြန်နှုန်းနဲ့ ကြံ့ခိုင်မှုပိုင်းမှာ အင်္ဂလန်မြေနဲ့ အသားကျပြီးဖြစ်တဲ့ စမစ်ရိုးလောက် မပြည့်စုံနိုင်တာဖြစ်ပြီး အတွေ့အကြုံပိုင်း ရင့်ကျက်ပေမယ့်လည်း ငွေကြေးရင်းနှီးမြှုပ်နှံမှုကို ခြေစွမ်းနဲ့ ပြန်လည်မပေးဆပ်နိုင်ခဲ့ရင်ဆိုတဲ့ ဖိအားကြီးက တွဲဖက်ပါလာမှာဖြစ်ပါတယ်။

ဒီအချိန်မှာ အသက်တစ်နှစ်ခွဲ ငယ်ရွယ်တဲ့ ခရွိုင်ဒန် ဒီဘရိုင်းနားကတော့ ငယ်မွေးခြံပေါက် အင်္ဂလန်သားဖြစ်ခြင်း၊ ကွင်းလယ်ရော တောင်ပံမှာပါ ပိုမိုတိုးတက်လာနိုင်သေးခြင်း၊ လူဖြူတစ်ယောက်ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပုံရိပ်မြင့်မားလာတာနဲ့အမျှ ဒိုင်တွေရဲ့ မျက်နှာသာပေးမှုကို ရရှိနိုင်ခြင်းစတဲ့ အနာဂတ်အတွက် ပိုမိုကောင်းမွန်နိုင်တဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားတာကြောင့် လက်လွှတ်ဖို့တော့ မိုက်မဲလွန်းရာကျနေမှာပါ။

ဒါကြောင့် ပေါင်သန်း ၆၀ လောက် အနည်းဆုံးကျသင့်နိုင်တဲ့ အော်ဒီဂွါဒ်ကို ခေါ်ယူဖို့အတွက် ငွေကြေးပမာဏကို လျော့ကျအောင် စမစ်ရိုးနဲ့ အလိုက်ပေးရမယ်ဆိုတာဟာ စဉ်းစားတတ်တဲ့ ဦးနှောက်ရှိသူတိုင်းအတွက်တော့ ရှေ့ဆက်မတိုးသင့်တဲ့ အခြေအနေဖြစ်နေတာမို့ အာဆင်နယ်တို့ နောက်ပြန်လှည့်ပြီး ဘယ်လိုပုံစံနဲ့ ကွင်းလယ်တိုက်စစ်ကို အားဖြည့်သွားမလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီကေန႔မွာ အထက္တန္းေက်ာင္းတုန္းက “ႏွမေထြး မယ့္ကို လိုခ်င္လွ်င္”ဆိုတဲ့ ကဗ်ာကို ျပန္သတိရမိတဲ့ အခိုက္အတန႔္ကေတာ့ အာဆင္နယ္အသင္းဆီ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ မာတင္ ေအာ္ဒီဂြါဒ္ကို လိုခ်င္ရင္ ဘယ္လိုမ်ိဳး ဖန္တီးေပးရမယ္ဆိုတဲ့ ေတာင္းဆိုမႈေၾကာင့္ျဖစ္ခဲ့ပါတယ္။

ႏွမေထြးမယ့္ကို ဘယ္လိုတန္ဖိုးထားၿပီး ရယူရမယ္ဆိုတာက ေတာင္တြင္း ရွင္ၿငိမ္းမယ္က ကဗ်ာထဲမွာ သိမ္သိမ္ေမြ႕ေမြ႕ ေျပာျပခဲ့ေပမယ့္ ရီးရဲလ္ဥကၠဌ ဖေလာ္ရင္တီႏို ပီရက္ဇ္ကေတာ့ ကဗ်ာမဆန္ဘဲ အာဆင္နယ္ကို ခပ္ၾကမ္းၾကမ္း တုံ႔ျပန္လိုက္တာျဖစ္ၿပီး သူတို႔ရဲ႕ ႏွလုံးသည္းပြတ္ကိုမွ ဆြဲထုတ္ယူဖို႔ ဆႏၵရွိေနတာပါ။

ေအာ္ဒီဂြါဒ္ကို လိုခ်င္တယ္ဆိုရင္ လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးနဲ႔ အလိုက္ေပးၿပီး ေငြေၾကးထပ္ေဆာင္းမႈနဲ႔အတူ ေခၚယူမွ ျဖစ္ႏိုင္မယ္လို႔ ဘာေနဗ်ဴးဘက္က အာဆင္နယ္ရဲ႕ တရစပ္ ခ်ဥ္းကပ္ေဆြးေႏြးမႈေတြကို တုံ႔ျပန္လိုက္တာျဖစ္ၿပီး အဲဗာတန္နဲ႔ ပရီးမီးယားလိဂ္မွာ ရွိခဲ့တုန္းက အနီးကပ္ၾကည့္ခြင့္ရခဲ့တဲ့ နည္းျပ ကာလို အန္ဆယ္ေလာ့တီက က်ပ္လႊတ္လိုက္တာလည္းျဖစ္ႏိုင္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက အက္စတန္ဗီလာရဲ႕ ေပါင္ ၂၅ သန္းတန္ ကမ္းလွမ္းမႈကို ပယ္ခ်ထားခဲ့တဲ့ အာဆင္နယ္အတြက္ ရီးရဲလ္ဘက္က ေတာင္းဆိုမႈကေတာ့ ေဘးက်ပ္နံက်ပ္ျဖစ္စရာ ႀကဳံခဲ့ရၿပီး တကယ္တမ္း လိုက္ေလ်ာေခၚယူခဲ့မယ္ဆိုရင္လည္း ေနာ္ေဝသားနဲ႔ အဂၤလန္သားၾကားက အနာဂတ္ အလားအလာေတြက ဝိဝါဒကြဲစရာျဖစ္လာခဲ့တာပါ။

အသက္ ၂၂ ရွိၿပီျဖစ္တဲ့ ေအာ္ဒီဂြါဒ္ဟာ ကြင္းလယ္မွာ ေဘာလုံးေပးပို႔မႈ ေကာင္းမြန္ေပမယ့္လည္း အျမန္ႏႈန္းနဲ႔ ႀကံ့ခိုင္မႈပိုင္းမွာ အဂၤလန္ေျမနဲ႔ အသားက်ၿပီးျဖစ္တဲ့ စမစ္႐ိုးေလာက္ မျပည့္စုံႏိုင္တာျဖစ္ၿပီး အေတြ႕အႀကဳံပိုင္း ရင့္က်က္ေပမယ့္လည္း ေငြေၾကးရင္းႏွီးျမႇဳပ္ႏွံမႈကို ေျခစြမ္းနဲ႔ ျပန္လည္မေပးဆပ္ႏိုင္ခဲ့ရင္ဆိုတဲ့ ဖိအားႀကီးက တြဲဖက္ပါလာမွာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ အသက္တစ္ႏွစ္ခြဲ ငယ္႐ြယ္တဲ့ ခ႐ြိဳင္ဒန္ ဒီဘ႐ိုင္းနားကေတာ့ ငယ္ေမြးၿခံေပါက္ အဂၤလန္သားျဖစ္ျခင္း၊ ကြင္းလယ္ေရာ ေတာင္ပံမွာပါ ပိုမိုတိုးတက္လာႏိုင္ေသးျခင္း၊ လူျဖဴတစ္ေယာက္ျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ပုံရိပ္ျမင့္မားလာတာနဲ႔အမွ် ဒိုင္ေတြရဲ႕ မ်က္ႏွာသာေပးမႈကို ရရွိႏိုင္ျခင္းစတဲ့ အနာဂတ္အတြက္ ပိုမိုေကာင္းမြန္ႏိုင္တဲ့ အလားအလာေတြကို ပိုင္ဆိုင္ထားတာေၾကာင့္ လက္လႊတ္ဖို႔ေတာ့ မိုက္မဲလြန္းရာက်ေနမွာပါ။

ဒါေၾကာင့္ ေပါင္သန္း ၆၀ ေလာက္ အနည္းဆုံးက်သင့္ႏိုင္တဲ့ ေအာ္ဒီဂြါဒ္ကို ေခၚယူဖို႔အတြက္ ေငြေၾကးပမာဏကို ေလ်ာ့က်ေအာင္ စမစ္႐ိုးနဲ႔ အလိုက္ေပးရမယ္ဆိုတာဟာ စဥ္းစားတတ္တဲ့ ဦးေႏွာက္ရွိသူတိုင္းအတြက္ေတာ့ ေရွ႕ဆက္မတိုးသင့္တဲ့ အေျခအေနျဖစ္ေနတာမို႔ အာဆင္နယ္တို႔ ေနာက္ျပန္လွည့္ၿပီး ဘယ္လိုပုံစံနဲ႔ ကြင္းလယ္တိုက္စစ္ကို အားျဖည့္သြားမလဲဆိုတာကိုပဲ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.