Premier League Transfer News

19 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ လက်ရှိတိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ရောင်းထုတ်ပြီး ပြန်လည်အစားထိုးသွားဖို့ စီစဉ်နေချိန်မှာ ဘွန်ဒက်စ်လီဂါမှာ ဖရန့်ဖတ်အသင်းနဲ့ ခြေစွမ်းပြပြီး အာလင်း ဟားလန်းထက် တစ်ဂိုးအသာနဲ့ ၂၈ ဂိုး သွင်းယူခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး အန်ဒရေး ဆေးလ်ဗားကို ပေါင် ၃၄ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်နေ။

– ပြီးခဲ့တဲ့ အင်္ဂလန်နဲ့ ယူရို ၂၀၂၀ ပွဲစဉ်မှာ စကော့တလန်ခံစစ်ကနေ ခြေစွမ်းပြနိုင်ခဲ့တဲ့ နောက်ခံလူ ကီရန် တီယာနီအနေနဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ချုပ်တော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အသင်းကို ပြန်ရောက်ချိန်မှာ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းတစ်သောင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ ရှိနေ။

– ပြီးခဲ့တဲ့ ရာသီက ဆိုဈေး ပေါင် ၅၅ သန်းကို မတတ်နိုင်ခဲ့လို့ နောက်လှည့်ပြန်ခဲ့ရတဲ့ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါအတွက် ဒီရာသီသစ်မှာ ပြန်လည်ကြိုးစားနိုင်ဖို့ အခွင့်အရေးကောင်းနေပြီး ထက်ဝက်ဈေးလောက်နဲ့ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းကျော် ပေးချေပြီး ခေါ်ယူနိုင်ဖို့ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ဒီနွေရာသီ ခံစစ်အားဖြည့်မှုအစီအစဉ်ဟာ ဘရိုက်တန်ရဲ့ နောက်ခံလူ ဘန်ဝှိုက်နဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ရဲ့ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်တို့ကို ခေါ်ယူဖို့ဖြစ်ကြောင်း စကိုင်းပို့စ်သတင်းထောက် နစ်ခ် ရိုက်က အတည်ပြုသွားခဲ့ပြီး ခေါ်ယူဖို့ အခွင့်အရေးကောင်းရှိနေတယ်လို့လည်း ထုတ်ဖော်သွားခဲ့။

– ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အီတလီလက်ရွေးစင်အသင်းရဲ့ ညာတောင်ပံမှာ ခြေစွမ်းပြနေခဲ့တဲ့ ဒိုမီနီကို ဘယ်ရာဒီအတွက် ပြိုင်ပွဲထဲမှာ မြို့ခံပြိုင်ဘက် စပါးစ်နဲ့အတူ အာဆင်နယ်အသင်းလည်း ပါဝင်လာခဲ့ပြီး လီဗာပူးလ်နဲ့ လက်စတာတို့ကပါ စိတ်ဝင်စားနေခဲ့တဲ့ ဆာဆူအိုလို ကစားသမားအတွက် ယူရိုသန်း ၅၀ (ပေါင် ၄၃ သန်း) ကျသင့်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းကို လွှဲပြောင်းဝယ်ယူဖို့ ကြိုးစားနေခဲ့တဲ့ ဆွီဒင်လုပ်ငန်းရှင်သူဌေး ဒန်နီယယ်လ် အီယက်ခ်ဆီ လွှဲပြောင်းပေးရမှာကို စိုးရိမ်နေခဲ့တဲ့ ခရိုယန်ကီအုပ်စုအနေနဲ့ ဒီနွေရာသီမှာ အသင်းအတွက် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၂၀၀ ကျော် ထုတ်ပေးဖွယ် ရှိနေတယ်လို့ သတင်းထွက်လာခဲ့ပေမယ့် ပရိသတ်တွေကြားထဲမှာ တစ်ဝက်လောက်က မယုံကြည်ကြဘဲ လှောင်ပြောင်နေကြ။

– အီတလီအပြောင်းအရွှေ့ ကျွမ်းကျင်သူကြီး ဖာဘရီဇီယို ရိုမာနိုက အာဆင်နယ်အသင်းအတွက် လက်စတာကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ဟာ ဦးစားပစ်မှတ် မဟုတ်ဘဲ စောင့်ကြည့်နေတဲ့ အဆင့်မှာသာရှိပြီး ရီးရဲလ်မက်ဒရစ်ရဲ့ မာတင် အော်ဒီဂွါဒ်ကို ခေါ်ယူဖို့ အဆင်ပြေတာနဲ့ မေ့ပစ်မယ့်အရာလို့ ပြောကြားသွားခဲ့။

– ဆောက်သမ်တန်အသင်းကနေ စာချုပ်ကုန်ဆုံးခဲ့တဲ့ ဘယ်နောက်ခံလူ ရိုင်ယန် ဘာထရန်ကို ခေါ်ယူဖို့ကိစ္စကို ဆက်လက်ကြိုးစားဖို့ မရှိဘဲ အဆုံးသတ်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုကို အာဆင်နယ်ပရိသတ်တွေက ဝမ်းသာနေကြပြီး လူအိုခြေကျနဲ့ ချဲလ်ဆီး အပယ်ခံတွေကို ဒီရာသီမှာ မြင်ရဖို့ မရှိတော့ဘူးလို့ ခနဲ့ခဲ့ကြ။

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာအတွက် ပြောင်းရွှေ့ကြေးကို လျှော့ချပေးခြင်းမရှိဘဲ ဆုပ်ကိုင်ထားတဲ့ ဗျူဟာက အလုပ်ဖြစ်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး ရိုးမားနည်းပြ ဂျိုဆေး မော်ရင်ညိုအနေနဲ့ သူ့ရဲ့ အလိုရှိမှုကို ဟန်မဆောင်နိုင်တော့ဘဲ သတ်မှတ်ဈေး ယူရိုသန်း ၂၀ ပေးချေရတော့မယ်လို့ ဆိုနေကြ။

– ဒိန်းမတ်ကလပ်အသင်း နော့စ်ဂျဲလန်းက ပေါ်ထွက်လာခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ဆမ်ဒိုးရီးယားအသင်းမှာ ခြေစွမ်းပြမှုနဲ့အတူ ယူရို ၂၀၂၀ မှာ လက်ရွေးစင်အသင်းအတွက် ခရစ္စတီယန် အဲရစ်ဆန် မပါချိန်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကွင်းလယ်လူ မစ်ခယ်လ် ဒမ်းစ်ဂါ့ဒ်ကို ခေါ်ယူဖို့ အာဆင်နယ်ပရိသတ်တွေ တောင်းဆိုခဲ့ကြ။

– ဘရာဇီးလ်အိုလံပစ်အသင်းကနေ ဂါဘရီယယ်လ် မာတီနယ်လီကို ချန်လှပ်ခဲ့မှုဟာ အာဆင်နယ်အသင်းအတွက် သတင်းကောင်း ဖြစ်နိုင်ပေမယ့် ပရိသတ်တွေကတော့ နည်းပြ မီခယ်လ် အာတီတာကို အပြစ်တင်နေကြပြီး သူ့ရဲ့ နေရာမပေးမှုဟာ ခြေစွမ်း ကျဆင်းခဲ့တဲ့ လူငယ်တိုက်စစ်မှူးရဲ့ နိုင်ငံကိုယ်စားပြုခွင့်ကို ထိခိုက်စေခဲ့တယ်လို့ ဝေဖန်ခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိတိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ေရာင္းထုတ္ၿပီး ျပန္လည္အစားထိုးသြားဖို႔ စီစဥ္ေနခ်ိန္မွာ ဘြန္ဒက္စ္လီဂါမွာ ဖရန႔္ဖတ္အသင္းနဲ႔ ေျခစြမ္းျပၿပီး အာလင္း ဟားလန္းထက္ တစ္ဂိုးအသာနဲ႔ ၂၈ ဂိုး သြင္းယူခဲ့တဲ့ ေပၚတူဂီတိုက္စစ္မႉး အန္ဒေရး ေဆးလ္ဗားကို ေပါင္ ၃၄ သန္းနဲ႔ ေခၚယူႏိုင္ဖို႔ ခ်ဥ္းကပ္ေန။

– ၿပီးခဲ့တဲ့ အဂၤလန္နဲ႔ ယူ႐ို ၂၀၂၀ ပြဲစဥ္မွာ စေကာ့တလန္ခံစစ္ကေန ေျခစြမ္းျပႏိုင္ခဲ့တဲ့ ေနာက္ခံလူ ကီရန္ တီယာနီအေနနဲ႔ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ေတာ့မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အသင္းကို ျပန္ေရာက္ခ်ိန္မွာ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းတစ္ေသာင္းနဲ႔ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ရွိေန။

– ၿပီးခဲ့တဲ့ ရာသီက ဆိုေဈး ေပါင္ ၅၅ သန္းကို မတတ္ႏိုင္ခဲ့လို႔ ေနာက္လွည့္ျပန္ခဲ့ရတဲ့ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါအတြက္ ဒီရာသီသစ္မွာ ျပန္လည္ႀကိဳးစားႏိုင္ဖို႔ အခြင့္အေရးေကာင္းေနၿပီး ထက္ဝက္ေဈးေလာက္နဲ႔ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းေက်ာ္ ေပးေခ်ၿပီး ေခၚယူႏိုင္ဖို႔ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ဒီေႏြရာသီ ခံစစ္အားျဖည့္မႈအစီအစဥ္ဟာ ဘ႐ိုက္တန္ရဲ႕ ေနာက္ခံလူ ဘန္ဝႈိက္နဲ႔ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ရဲ႕ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္တို႔ကို ေခၚယူဖို႔ျဖစ္ေၾကာင္း စကိုင္းပို႔စ္သတင္းေထာက္ နစ္ခ္ ႐ိုက္က အတည္ျပဳသြားခဲ့ၿပီး ေခၚယူဖို႔ အခြင့္အေရးေကာင္းရွိေနတယ္လို႔လည္း ထုတ္ေဖာ္သြားခဲ့။

– ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဝင္ အီတလီလက္ေ႐ြးစင္အသင္းရဲ႕ ညာေတာင္ပံမွာ ေျခစြမ္းျပေနခဲ့တဲ့ ဒိုမီနီကို ဘယ္ရာဒီအတြက္ ၿပိဳင္ပြဲထဲမွာ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္နဲ႔အတူ အာဆင္နယ္အသင္းလည္း ပါဝင္လာခဲ့ၿပီး လီဗာပူးလ္နဲ႔ လက္စတာတို႔ကပါ စိတ္ဝင္စားေနခဲ့တဲ့ ဆာဆူအိုလို ကစားသမားအတြက္ ယူ႐ိုသန္း ၅၀ (ေပါင္ ၄၃ သန္း) က်သင့္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းကို လႊဲေျပာင္းဝယ္ယူဖို႔ ႀကိဳးစားေနခဲ့တဲ့ ဆြီဒင္လုပ္ငန္းရွင္သူေဌး ဒန္နီယယ္လ္ အီယက္ခ္ဆီ လႊဲေျပာင္းေပးရမွာကို စိုးရိမ္ေနခဲ့တဲ့ ခ႐ိုယန္ကီအုပ္စုအေနနဲ႔ ဒီေႏြရာသီမွာ အသင္းအတြက္ အေျပာင္းအေ႐ႊ႕အသုံးစရိတ္ ေပါင္သန္း ၂၀၀ ေက်ာ္ ထုတ္ေပးဖြယ္ ရွိေနတယ္လို႔ သတင္းထြက္လာခဲ့ေပမယ့္ ပရိသတ္ေတြၾကားထဲမွာ တစ္ဝက္ေလာက္က မယုံၾကည္ၾကဘဲ ေလွာင္ေျပာင္ေနၾက။

– အီတလီအေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူႀကီး ဖာဘရီဇီယို ႐ိုမာႏိုက အာဆင္နယ္အသင္းအတြက္ လက္စတာကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္ဟာ ဦးစားပစ္မွတ္ မဟုတ္ဘဲ ေစာင့္ၾကည့္ေနတဲ့ အဆင့္မွာသာရွိၿပီး ရီးရဲလ္မက္ဒရစ္ရဲ႕ မာတင္ ေအာ္ဒီဂြါဒ္ကို ေခၚယူဖို႔ အဆင္ေျပတာနဲ႔ ေမ့ပစ္မယ့္အရာလို႔ ေျပာၾကားသြားခဲ့။

– ေဆာက္သမ္တန္အသင္းကေန စာခ်ဳပ္ကုန္ဆုံးခဲ့တဲ့ ဘယ္ေနာက္ခံလူ ႐ိုင္ယန္ ဘာထရန္ကို ေခၚယူဖို႔ကိစၥကို ဆက္လက္ႀကိဳးစားဖို႔ မရွိဘဲ အဆုံးသတ္လိုက္ၿပီဆိုတဲ့ သတင္းေတြ ထြက္ေပၚလာမႈကို အာဆင္နယ္ပရိသတ္ေတြက ဝမ္းသာေနၾကၿပီး လူအိုေျခက်နဲ႔ ခ်ဲလ္ဆီး အပယ္ခံေတြကို ဒီရာသီမွာ ျမင္ရဖို႔ မရွိေတာ့ဘူးလို႔ ခနဲ႔ခဲ့ၾက။

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေလွ်ာ့ခ်ေပးျခင္းမရွိဘဲ ဆုပ္ကိုင္ထားတဲ့ ဗ်ဴဟာက အလုပ္ျဖစ္ခဲ့ၿပီလို႔ ဆိုရမွာျဖစ္ၿပီး ႐ိုးမားနည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳအေနနဲ႔ သူ႔ရဲ႕ အလိုရွိမႈကို ဟန္မေဆာင္ႏိုင္ေတာ့ဘဲ သတ္မွတ္ေဈး ယူ႐ိုသန္း ၂၀ ေပးေခ်ရေတာ့မယ္လို႔ ဆိုေနၾက။

– ဒိန္းမတ္ကလပ္အသင္း ေနာ့စ္ဂ်ဲလန္းက ေပၚထြက္လာခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီက ဆမ္ဒိုးရီးယားအသင္းမွာ ေျခစြမ္းျပမႈနဲ႔အတူ ယူ႐ို ၂၀၂၀ မွာ လက္ေ႐ြးစင္အသင္းအတြက္ ခရစၥတီယန္ အဲရစ္ဆန္ မပါခ်ိန္မွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ လူငယ္ကြင္းလယ္လူ မစ္ခယ္လ္ ဒမ္းစ္ဂါ့ဒ္ကို ေခၚယူဖို႔ အာဆင္နယ္ပရိသတ္ေတြ ေတာင္းဆိုခဲ့ၾက။

– ဘရာဇီးလ္အိုလံပစ္အသင္းကေန ဂါဘရီယယ္လ္ မာတီနယ္လီကို ခ်န္လွပ္ခဲ့မႈဟာ အာဆင္နယ္အသင္းအတြက္ သတင္းေကာင္း ျဖစ္ႏိုင္ေပမယ့္ ပရိသတ္ေတြကေတာ့ နည္းျပ မီခယ္လ္ အာတီတာကို အျပစ္တင္ေနၾကၿပီး သူ႔ရဲ႕ ေနရာမေပးမႈဟာ ေျခစြမ္း က်ဆင္းခဲ့တဲ့ လူငယ္တိုက္စစ္မႉးရဲ႕ ႏိုင္ငံကိုယ္စားျပဳခြင့္ကို ထိခိုက္ေစခဲ့တယ္လို႔ ေဝဖန္ခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.