La Liga Premier League Transfer News

ဆူပါဗီလိန် ပီရက်ဇ်ကြောင့် မျက်ရည်ကျခဲ့တဲ့ လူကြမ်းကြီး ရာမို့စ်ရဲ့ အနာဂတ် ဘယ်မှာလဲ

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၆၇၁ ပွဲကစားပြီး ၁၀၁ ဂိုးသွင်းယူခဲ့သလို တော်ဝင်အသင်းကြီးရဲ့ ဥရောပချန်ပီယံလိဂ် ၁၃ ကြိမ် ချန်ပီယံစံချိန်ရှင်ဆိုတဲ့ သမိုင်းမှတ်တမ်းမှာ ၄ ကြိမ်အထိ ဆုဖလားကိုင်မြှောက်ခဲ့တဲ့ အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ဟာ ဘာနေဗျူးနဲ့ အနာဂတ်ကို ရပ်တန့်ခဲ့ရပြီး နှုတ်ဆက်လမ်းခွဲဖြစ်ခဲ့ပါၿပီ။

စပိန်သားကြီးအတွက် နှုတ်ဆက်ပွဲကျင်းပခဲ့ပြီး အသင်းနဲ့ တရားဝင်လမ်းခွဲကြောင်း ကြေငြာခဲ့ချိန်မှာ ရာမို့စ်ရဲ့ နှုတ်ထွက်စကားတွေက ကြေကွဲဆို့နင့်စရာဖြစ်ခဲ့ပြီး သူ့ကိုမုန်းတီးတဲ့ ပြိုင်ဘက်ပရိသတ်တွေအတွက်တောင်မှ မျက်ရည်ဝဲစရာဖြစ်ခဲ့ရတယ်။ ရာမို့စ်ကိုယ်တိုင် ဖြေမဆည်နိုင်အောင်ဖြစ်ပြီး မျက်ရည်တွေ ကျဆင်းနေခဲ့တာက ဝမ်းနည်းစရာအတိပါ။

“ကျွန်တော်ပထမဆုံးပြောချင်တာက ဒီအသင်းကို ကျွန်တော် ဘယ်တုန်းကမှ မစွန့်ခွာချင်ဘူးဆိုတာပါ။ အသင်းမှာ ဆက်နေချင်ခဲ့တာပါ။ အသင်းက လစာ ၁၀ ရာခိုင်နှုန်းလျှော့ယူပြီး တနှစ်ထပ်နေဖို့ ကမ်းလှမ်းတယ်။ ကျွန်တော်က ၂ နှစ် ဆက်နေချင်တာပါ။ ကျွန်တော့်မိသားစုရဲ့ အရေးအတွက်ပါ”

“ငွေကြောင့်မဟုတ်ပေမယ့် ကျွန်တော် တနှစ်စာချုပ်ကို ငြင်းလိုက်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်တော်ဆက်ကစားမယ်ဆိုပြီး အိုကေလို့ လက်ခံလိုက်ချိန်မှာတော့ စာချုပ်သက်တမ်းတိုးချိန်က ကုန်ဆုံးသွားပါပြီတဲ့။ ဆိုလိုတာက သူတို့ ကျွန်တော့်ကို ဆက်မလိုချင်တော့ပါဘူး။ ကျွန်တော်ကို ဆက်နေစေချင်ရင် သူတို့လုပ်ပေးနိုင်တာတွေ အများကြီးရှိနေမှာပါ”လို့ ကန်ထုတ်ခံခဲ့ရကြောင်းကို ဝမ်းနည်းပက်လက် ထုတ်ဖော်သွားခဲ့ပါတယ်။

“ဒါပေမယ့် ကျွန်တော် သူတို့ဆုံးဖြတ်ချက်ကို လေးစားမှုရှိစွာနဲ့ပဲ အသင်းကနေ ထွက်ခွာပါမယ်။ အတော်လေးအံ့အားသင့်ရတဲ့အဖြစ်ပါ”လို့ ရာမို့စ်ရဲ့ ပြောစကားမှာ ရီးရဲလ်အသင်းရဲ့ ဆုံးဖြတ်ချက်က အတော်လေးဝေဖန်စရာ ဖြစ်ခဲ့သလို ရော်နယ်လ်ဒိုလို ကစားသမားမျိုးကို လေးစားမှုမရှိခဲ့တဲ့ ဓာတ်ပြားဟောင်းဇာတ်လမ်းကြီးအတိုင်း အသင်းရဲ့ အာဏာရှင် ဖလော်ရင်တီနို ပီရက်ဇ်က ကပြသွားခဲ့တာပါ။

ရော်နယ်လ်ဒို မထွက်ခွာခင်က ရီးရဲလ်နည်းပြ ဇီဒန်းက ကြိုတင်နှုတ်ထွက်ခဲ့သလို အခုတခါ ရာမို့စ်ကို မစွန့်ပစ်ခင်မှာလည်း သူက နည်းပြရာထူးကို ကြိုတင်စွန့်လွှတ်ခဲ့ခြင်းဟာလည်း တိုက်ဆိုင်မှုတခုဆိုတာထက် ပိုနေခဲ့ပြီး ရာမို့စ်ကတော့ သူ့ကို ကမ်းလှမ်းလာတဲ့ အသင်းကြီးများစွာရဲ့ ဖုန်းကောလ်တွေကို ရရှိထားကြောင်း တစ်ပါတည်း ထုတ်ဖော်ဝန်ခံသွားခဲ့ပါသေးတယ်။

“ဘဝက ရှေ့ကိုပဲ ဆက်သွားရမှာ ဓမ္မတာပါ။ ကျွန်တော့်ဘဝရဲ့ ခေတ်တခေတ်က ဆုံးခန်းတိုင်ခဲ့ပါပြီ။ နောက်ထပ်ခေတ်သစ်တခုကို စတင်ရပါတော့မယ်။ အခုလို အချိန်မျိုးမှာ အသင်းသစ်တွေအကြောင်း ပြောမနေသင့်ဘူးဆိုတာ သိပေမယ့် ကျွန်တော့်အနာဂတ်အတွက် သင့်တော်မှန်ကန်တဲ့ အသင်းသစ်ကို ရှာဖွေသွားမှာပါ”လို့ ဆီဗီးလ်နယ်သားကြီးက ပြောသွားခဲ့တာပါ။

ရာမို့စ်ရဲ့ ဝန်ခံမှုအပြီးမှာတော့ သူ့ရဲ့အနာဂတ်ဟာ ဘာလဲ ဘယ်လဲလို့ မေးခွန်းတွေအတွက် သူ့ကို အာသာငမ်းငမ်း လိုချင်နေကြတဲ့ ပရီးမီးယားလိဂ် အသင်းကြီးတွေဟာ အဖြေတခုဖြစ်လာဖို့ ရှိနေပြီး ဥရောပထိပ်တန်းအသင်းတွေထဲက ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်နဲ့ PSG အသင်းတို့ကလည်း သူတို့အသင်းမှာ ရာမို့စ်ရဲ့အနာဂတ်ကို အလိုရှိနေကြောင်း သိရပါတယ်။

လက်ရှိရေပန်းအစားဆုံးအဖြစ်တော့ လက်ရှိ ချန်ပီယံလိဂ်ဘုရင် ချယ်လ်ဆီးအသင်းက ရာမို့စ်ကို အမိအရ ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက တစ်ပြေးနေချိန်မှာ ရာမို့စ်ရဲ့ ထုတ်ဖော်မှုအရ သူ့ရဲ့ ငယ်ဘဝကလပ်ဖြစ်တဲ့ ဆီဗီလာအသင်းနဲ့ ပြန်လည်ပူးပေါင်းလိုတဲ့ ဆန္ဒကိုလည်း အရိပ်အမြွက်သိခဲ့ရပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ကိုတော့ ပြတ်ပြတ်သားသား ငြင်းဆန်ပယ်ချထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၆၇၁ ပြဲကစားၿပီး ၁၀၁ ဂိုးသြင္းယူခဲ့သလို ေတာ္ဝင္အသင္းႀကီးရဲ႕ ဥေရာပခ်န္ပီယံလိဂ္ ၁၃ ႀကိမ္ ခ်န္ပီယံစံခ်ိန္ရွင္ဆိုတဲ့ သမိုင္းမွတ္တမ္းမွာ ၄ ႀကိမ္အထိ ဆုဖလားကိုင္ေျမႇာက္ခဲ့တဲ့ အသင္းေခါင္းေဆာင္ ဆာဂ်ီယို ရာမို႔စ္ဟာ ဘာေနဗ်ဴးနဲ႔ အနာဂတ္ကို ရပ္တန႔္ခဲ့ရၿပီး ႏႈတ္ဆက္လမ္းခြဲျဖစ္ခဲ့ပါၿပီ။

စပိန္သားႀကီးအတြက္ ႏႈတ္ဆက္ပြဲက်င္းပခဲ့ၿပီး အသင္းနဲ႔ တရားဝင္လမ္းခြဲေၾကာင္း ေၾကျငာခဲ့ခ်ိန္မွာ ရာမို႔စ္ရဲ႕ ႏႈတ္ထြက္စကားေတြက ေၾကကြဲဆို႔နင့္စရာျဖစ္ခဲ့ၿပီး သူ႔ကိုမုန္းတီးတဲ့ ၿပိဳင္ဘက္ပရိသတ္ေတြအတြက္ေတာင္မွ မ်က္ရည္ဝဲစရာျဖစ္ခဲ့ရတယ္။ ရာမို႔စ္ကိုယ္တိုင္ ေျဖမဆည္ႏိုင္ေအာင္ျဖစ္ၿပီး မ်က္ရည္ေတြ က်ဆင္းေနခဲ့တာက ဝမ္းနည္းစရာအတိပါ။

“ကြၽန္ေတာ္ပထမဆုံးေျပာခ်င္တာက ဒီအသင္းကို ကြၽန္ေတာ္ ဘယ္တုန္းကမွ မစြန႔္ခြာခ်င္ဘူးဆိုတာပါ။ အသင္းမွာ ဆက္ေနခ်င္ခဲ့တာပါ။ အသင္းက လစာ ၁၀ ရာခိုင္ႏႈန္းေလွ်ာ့ယူၿပီး တႏွစ္ထပ္ေနဖို႔ ကမ္းလွမ္းတယ္။ ကြၽန္ေတာ္က ၂ ႏွစ္ ဆက္ေနခ်င္တာပါ။ ကြၽန္ေတာ့္မိသားစုရဲ႕ အေရးအတြက္ပါ”

“ေငြေၾကာင့္မဟုတ္ေပမယ့္ ကြၽန္ေတာ္ တႏွစ္စာခ်ဳပ္ကို ျငင္းလိုက္တယ္။ ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ဆက္ကစားမယ္ဆိုၿပီး အိုေကလို႔ လက္ခံလိုက္ခ်ိန္မွာေတာ့ စာခ်ဳပ္သက္တမ္းတိုးခ်ိန္က ကုန္ဆုံးသြားပါၿပီတဲ့။ ဆိုလိုတာက သူတို႔ ကြၽန္ေတာ့္ကို ဆက္မလိုခ်င္ေတာ့ပါဘူး။ ကြၽန္ေတာ္ကို ဆက္ေနေစခ်င္ရင္ သူတို႔လုပ္ေပးႏိုင္တာေတြ အမ်ားႀကီးရွိေနမွာပါ”လို႔ ကန္ထုတ္ခံခဲ့ရေၾကာင္းကို ဝမ္းနည္းပက္လက္ ထုတ္ေဖာ္သြားခဲ့ပါတယ္။

“ဒါေပမယ့္ ကြၽန္ေတာ္ သူတို႔ဆုံးျဖတ္ခ်က္ကို ေလးစားမႈရွိစြာနဲ႔ပဲ အသင္းကေန ထြက္ခြာပါမယ္။ အေတာ္ေလးအံ့အားသင့္ရတဲ့အျဖစ္ပါ”လို႔ ရာမို႔စ္ရဲ႕ ေျပာစကားမွာ ရီးရဲလ္အသင္းရဲ႕ ဆုံးျဖတ္ခ်က္က အေတာ္ေလးေဝဖန္စရာ ျဖစ္ခဲ့သလို ေရာ္နယ္လ္ဒိုလို ကစားသမားမ်ိဳးကို ေလးစားမႈမရွိခဲ့တဲ့ ဓာတ္ျပားေဟာင္းဇာတ္လမ္းႀကီးအတိုင္း အသင္းရဲ႕ အာဏာရွင္ ဖေလာ္ရင္တီႏို ပီရက္ဇ္က ကျပသြားခဲ့တာပါ။

ေရာ္နယ္လ္ဒို မထြက္ခြာခင္က ရီးရဲလ္နည္းျပ ဇီဒန္းက ႀကိဳတင္ႏႈတ္ထြက္ခဲ့သလို အခုတခါ ရာမို႔စ္ကို မစြန႔္ပစ္ခင္မွာလည္း သူက နည္းျပရာထူးကို ႀကိဳတင္စြန႔္လႊတ္ခဲ့ျခင္းဟာလည္း တိုက္ဆိုင္မႈတခုဆိုတာထက္ ပိုေနခဲ့ၿပီး ရာမို႔စ္ကေတာ့ သူ႔ကို ကမ္းလွမ္းလာတဲ့ အသင္းႀကီးမ်ားစြာရဲ႕ ဖုန္းေကာလ္ေတြကို ရရွိထားေၾကာင္း တစ္ပါတည္း ထုတ္ေဖာ္ဝန္ခံသြားခဲ့ပါေသးတယ္။

“ဘဝက ေရွ႕ကိုပဲ ဆက္သြားရမွာ ဓမၼတာပါ။ ကြၽန္ေတာ့္ဘဝရဲ႕ ေခတ္တေခတ္က ဆုံးခန္းတိုင္ခဲ့ပါၿပီ။ ေနာက္ထပ္ေခတ္သစ္တခုကို စတင္ရပါေတာ့မယ္။ အခုလို အခ်ိန္မ်ိဳးမွာ အသင္းသစ္ေတြအေၾကာင္း ေျပာမေနသင့္ဘူးဆိုတာ သိေပမယ့္ ကြၽန္ေတာ့္အနာဂတ္အတြက္ သင့္ေတာ္မွန္ကန္တဲ့ အသင္းသစ္ကို ရွာေဖြသြားမွာပါ”လို႔ ဆီဗီးလ္နယ္သားႀကီးက ေျပာသြားခဲ့တာပါ။

ရာမို႔စ္ရဲ႕ ဝန္ခံမႈအၿပီးမွာေတာ့ သူ႔ရဲ႕အနာဂတ္ဟာ ဘာလဲ ဘယ္လဲလို႔ ေမးခြန္းေတြအတြက္ သူ႔ကို အာသာငမ္းငမ္း လိုခ်င္ေနၾကတဲ့ ပရီးမီးယားလိဂ္ အသင္းႀကီးေတြဟာ အေျဖတခုျဖစ္လာဖို႔ ရွိေနၿပီး ဥေရာပထိပ္တန္းအသင္းေတြထဲက ဘိုင္ယန္ျမဴးနစ္၊ ဂ်ဴဗင္တပ္စ္နဲ႔ PSG အသင္းတို႔ကလည္း သူတို႔အသင္းမွာ ရာမို႔စ္ရဲ႕အနာဂတ္ကို အလိုရွိေနေၾကာင္း သိရပါတယ္။

လက္ရွိေရပန္းအစားဆုံးအျဖစ္ေတာ့ လက္ရွိ ခ်န္ပီယံလိဂ္ဘုရင္ ခ်ယ္လ္ဆီးအသင္းက ရာမို႔စ္ကို အမိအရ ေခၚယူႏိုင္ဖို႔ ထိပ္ဆုံးက တစ္ေျပးေနခ်ိန္မွာ ရာမို႔စ္ရဲ႕ ထုတ္ေဖာ္မႈအရ သူ႔ရဲ႕ ငယ္ဘဝကလပ္ျဖစ္တဲ့ ဆီဗီလာအသင္းနဲ႔ ျပန္လည္ပူးေပါင္းလိုတဲ့ ဆႏၵကိုလည္း အရိပ္အႁမြက္သိခဲ့ရၿပီး ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ဖို႔ကိုေတာ့ ျပတ္ျပတ္သားသား ျငင္းဆန္ပယ္ခ်ထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.