Premier League Transfer News

18 Jun ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချယ်လ်ဆီးဗဟိုခံစစ်မှုး ဖီကာယို တိုမိုရီဟာ ဆန်စီကိုကို အပြီးသတ်ပြောင်းရွှေ့သွါးခဲ့ကာ အေစီမီလန်ကစားသမားသစ်ဖြစ်လာခဲ့ပြီလို့ ချယ်လ်ဆီးအသင်းက တရားဝင်ကြေငြာသွားခဲ့တာဖြစ်ပြီး ကနဦးပြောင်းရွှေ့ကြေး ၂၅ သန်းပေးချေသွားရမှာဖြစ်သလို ထပ်ဆောင်းငွေ ၅ သန်းပေးသွားရန် သဘောတူညီထား။

– ယူရိုပြိုင်ပွဲရဲ့ ဟီးရိုးအသစ်ဖြစ်လာခဲ့တဲ့ အီတလီကွင်းလယ်လူ မန်နူယယ်လ် လိုကာတယ်လီကို အချိန်ယူပြီး စောင့်ကြည့်ပြီးချိန်မှာတော့ အခုအခါမှာ ခေါ်ယူသွားဖို့ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က မျက်စိကျနေကြောင်း သိရပြီး အသက် ၂၃ နှစ်သားကို အသင်းရဲ့ ကွင်းလယ်ဗဟိုမှာ ဖြည့်တင်းသွားဖို့ ဒီနွေရာသီရဲ့ အဝယ်စာရင်းထဲ ထပ်တိုးလာ။

– ယူရိုပြိိုင်ပွဲကို ဝင်မကစားနိုင်ခဲ့တဲ့ ဒေါ့မန်တိုက်စစ်မှူး အာလင်း ဟာလန်းဟာ စိန်ခေါ်မှုအသစ်ကို အမြန်ဆုံးရှာဖွေတော့မှာဖြစ်​ကြောင်း အရိပ်အမြွက်ပြောကြားမှုဟာ ချယ်လ်ဆီးနဲ့ အပြောင်းအရွှေ့ကိစ္စ မြန်ဆန်တော့မယ့် သဲလွန်စဖြစ်လာမှာလားလို့ ယူဆခံထားရချိန်မှာ အသင်းနဲ့ ကစားသမားကြား ပုဂ္ဂိုလ်သဘောတူညီမှုအဆင့် အောင်မြင်ခဲ့ကြောင်း သိရ။

– ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီလို့ တရားဝင်ကြေငြာသွားခဲ့တဲ့ စပိန်ဗဟိုခံစစ်မှူးကြီး ဆာဂျီယို ရာမို့စ်ကို ကမ်းလှမ်းလာတဲ့ အသင်းကြီးတွေထဲမှာ ချယ်လ်ဆီးအသင်းပါဝင်လာခဲ့ပြီး ဆွဲဆောင်နေတဲ့ အလွတ်ပြောင်းရွှေ့ကြေးကြောင့် မန်စီးတီး၊ ယူနိုက်တက်၊ PSG တို့နဲ့ အပြိုင်လုရဖွယ် ရှိနေချိန်မှာ ချယ်လ်ဆီးဂိုးသမားဟောင်း ကူထွာက စတမ်းဖို့ဘရစ်ချ်ရဲ့ အေးဂျင့်တဦးသဖွယ် ရာမို့စ်ကို စည်းရုံးပေးသွားဖွယ်ရှိ။

– ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ နီးစပ်လာတဲ့ ဟာကင်းမ် ဇီးယက်ရှ်ဟာ နည်းပြတူဟယ်လ်ရဲ့ ရုံခါမှုအစီအစဥ်မှာ တန်းစီနေရကြောင်း သိရချိန်မှာ ပေါင်သန်း ၁၀၀ တန်အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျိမ်းစ် မက်ဒီဆင်ကို လက်လွှတ်လိုက်တဲ့ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက စျေးပိုတော်တဲ့ မိုရိုကိုသားကိုသာ ကမ်းလှမ်းသွားဖို့ စောင့်ကြည့်ခံလာရ။

– ရိုးမားနည်းပြ ဂျိုဆေး မော်ရင်ညိုက ချယ်လ်ဆီးကွင်းလယ်လူ ဘီလီ ဂီးလ်မိုးကို အင်နီယက်စတာလက်သစ်လို့ ချီးကျူးခံထားရတဲ့ ဘာစီလိုနာလူငယ် ကွင်းလယ်လူ ပက်ဒရီနဲ့ ခိုင်းနှိုင်းသွားခဲ့ပြီး အင်္ဂလန်နဲ့ပွဲအတွက် စကော့တလန်လူစာရင်းမှာ မဖြစ်မနေပွဲထုတ်ဖို့ နည်းပြစတိဗ် ကလာ့ခ်ကို တိုက်တွန်းသွား။

– အင်တာမီလန်ရဲ့ ညာနောက်ခံအစွန်လူ ဟာကီမီးကို ကမ်းလှမ်းထားတဲ့ ချယ်လ်ဆီးအသင်းရဲ့ ညှိနှိုင်းမှုတွေက နေ့စဥ်တိုးတက်မှုတွေ ရှိနေတယ်လို့ သိရပြီး ပေါင် ၅၂ သန်းနဲ့အတူ မားကို့စ် အလွန်ဆိုကို အလိုက်ပေးကာ PSG ရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ကျော်ဖြတ်ပြီး အသာစီးရယူသွားဖွယ်ရှိနေ။

– ဒီနွေရာသီမှာ အာလင်း ဟာလန်း၊ ဟာကီမီးနဲ့ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်တို့ ၃ ဦးကို တပြိုင်တည်း ခေါ်ယူနိုင်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့အရေးဟာ ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာရဲ့ နံပါတ်တစ်ဦးစားပေး ပစ်မှတ်ဖြစ်နေတယ်လို့ သိရပြီး ဟာလန်းနဲ့ ဟာကီမီအတွက် ပေါင်သန်း ၂၀၀ သုံးစွဲသွားဖို့ စနစ်တကျပြင်ဆင်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ယ္လ္ဆီးဗဟိုခံစစ္မႈး ဖီကာယို တိုမိုရီဟာ ဆန္စီကိုကို အၿပီးသတ္ေျပာင္းေ႐ႊ႕သြါးခဲ့ကာ ေအစီမီလန္ကစားသမားသစ္ျဖစ္လာခဲ့ၿပီလို႔ ခ်ယ္လ္ဆီးအသင္းက တရားဝင္ေၾကျငာသြားခဲ့တာျဖစ္ၿပီး ကနဦးေျပာင္းေ႐ႊ႕ေၾကး ၂၅ သန္းေပးေခ်သြားရမွာျဖစ္သလို ထပ္ေဆာင္းေငြ ၅ သန္းေပးသြားရန္ သေဘာတူညီထား။

– ယူ႐ိုၿပိဳင္ပြဲရဲ႕ ဟီး႐ိုးအသစ္ျဖစ္လာခဲ့တဲ့ အီတလီကြင္းလယ္လူ မန္ႏူယယ္လ္ လိုကာတယ္လီကို အခ်ိန္ယူၿပီး ေစာင့္ၾကည့္ၿပီးခ်ိန္မွာေတာ့ အခုအခါမွာ ေခၚယူသြားဖို႔ ခ်ယ္လ္ဆီးနည္းျပ တူဟယ္လ္က မ်က္စိက်ေနေၾကာင္း သိရၿပီး အသက္ ၂၃ ႏွစ္သားကို အသင္းရဲ႕ ကြင္းလယ္ဗဟိုမွာ ျဖည့္တင္းသြားဖို႔ ဒီေႏြရာသီရဲ႕ အဝယ္စာရင္းထဲ ထပ္တိုးလာ။

– ယူ႐ိုၿပိိုင္ပြဲကို ဝင္မကစားႏိုင္ခဲ့တဲ့ ေဒါ့မန္တိုက္စစ္မႉး အာလင္း ဟာလန္းဟာ စိန္ေခၚမႈအသစ္ကို အျမန္ဆုံးရွာေဖြေတာ့မွာျဖစ္​ေၾကာင္း အရိပ္အႁမြက္ေျပာၾကားမႈဟာ ခ်ယ္လ္ဆီးနဲ႔ အေျပာင္းအေ႐ႊ႕ကိစၥ ျမန္ဆန္ေတာ့မယ့္ သဲလြန္စျဖစ္လာမွာလားလို႔ ယူဆခံထားရခ်ိန္မွာ အသင္းနဲ႔ ကစားသမားၾကား ပုဂၢိဳလ္သေဘာတူညီမႈအဆင့္ ေအာင္ျမင္ခဲ့ေၾကာင္း သိရ။

– ရီးရဲလ္မက္ဒရစ္နဲ႔ လမ္းခြဲခဲ့ၿပီလို႔ တရားဝင္ေၾကျငာသြားခဲ့တဲ့ စပိန္ဗဟိုခံစစ္မႉးႀကီး ဆာဂ်ီယို ရာမို႔စ္ကို ကမ္းလွမ္းလာတဲ့ အသင္းႀကီးေတြထဲမွာ ခ်ယ္လ္ဆီးအသင္းပါဝင္လာခဲ့ၿပီး ဆြဲေဆာင္ေနတဲ့ အလြတ္ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ မန္စီးတီး၊ ယူႏိုက္တက္၊ PSG တို႔နဲ႔ အၿပိဳင္လုရဖြယ္ ရွိေနခ်ိန္မွာ ခ်ယ္လ္ဆီးဂိုးသမားေဟာင္း ကူထြာက စတမ္းဖို႔ဘရစ္ခ်္ရဲ႕ ေအးဂ်င့္တဦးသဖြယ္ ရာမို႔စ္ကို စည္း႐ုံးေပးသြားဖြယ္ရွိ။

– ခ်ယ္လ္ဆီးအသင္းကေန ထြက္ခြာဖို႔ နီးစပ္လာတဲ့ ဟာကင္းမ္ ဇီးယက္ရွ္ဟာ နည္းျပတူဟယ္လ္ရဲ႕ ႐ုံခါမႈအစီအစဥ္မွာ တန္းစီေနရေၾကာင္း သိရခ်ိန္မွာ ေပါင္သန္း ၁၀၀ တန္အျဖစ္ သတ္မွတ္ခံထားရတဲ့ ဂ်ိမ္းစ္ မက္ဒီဆင္ကို လက္လႊတ္လိုက္တဲ့ အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာက ေစ်းပိုေတာ္တဲ့ မို႐ိုကိုသားကိုသာ ကမ္းလွမ္းသြားဖို႔ ေစာင့္ၾကည့္ခံလာရ။

– ႐ိုးမားနည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳက ခ်ယ္လ္ဆီးကြင္းလယ္လူ ဘီလီ ဂီးလ္မိုးကို အင္နီယက္စတာလက္သစ္လို႔ ခ်ီးက်ဴးခံထားရတဲ့ ဘာစီလိုနာလူငယ္ ကြင္းလယ္လူ ပက္ဒရီနဲ႔ ခိုင္းႏႈိင္းသြားခဲ့ၿပီး အဂၤလန္နဲ႔ပြဲအတြက္ စေကာ့တလန္လူစာရင္းမွာ မျဖစ္မေနပြဲထုတ္ဖို႔ နည္းျပစတိဗ္ ကလာ့ခ္ကို တိုက္တြန္းသြား။

– အင္တာမီလန္ရဲ႕ ညာေနာက္ခံအစြန္လူ ဟာကီမီးကို ကမ္းလွမ္းထားတဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ ညႇိႏႈိင္းမႈေတြက ေန႔စဥ္တိုးတက္မႈေတြ ရွိေနတယ္လို႔ သိရၿပီး ေပါင္ ၅၂ သန္းနဲ႔အတူ မားကို႔စ္ အလြန္ဆိုကို အလိုက္ေပးကာ PSG ရဲ႕ ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈကို ေက်ာ္ျဖတ္ၿပီး အသာစီးရယူသြားဖြယ္ရွိေန။

– ဒီေႏြရာသီမွာ အာလင္း ဟာလန္း၊ ဟာကီမီးနဲ႔ ကြင္းလယ္လူ ဒက္ကလန္႐ိုက္စ္တို႔ ၃ ဦးကို တၿပိဳင္တည္း ေခၚယူႏိုင္ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔အေရးဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာရဲ႕ နံပါတ္တစ္ဦးစားေပး ပစ္မွတ္ျဖစ္ေနတယ္လို႔ သိရၿပီး ဟာလန္းနဲ႔ ဟာကီမီအတြက္ ေပါင္သန္း ၂၀၀ သုံးစြဲသြားဖို႔ စနစ္တက်ျပင္ဆင္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.