International Match Report

စပိန်သရေ၊ ပိုလန်ရှုံးပြီး၊ ချက်အောင်ပွဲခံတဲ့ နာမည်ကြီး ထမင်းငတ် ယူရိုည

တနင်္လာနေ့ည ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေ အခြေမလှခဲ့ဘဲ အားအနည်းဆုံးလို့ ထင်မြင်ထားတဲ့ အသင်းတွေက ရလဒ်ကောင်းခဲ့သလို နာမည်ကြီး စပိန်တို့ ထမင်းငတ်ခဲ့ချိန်မှာ ပိုလန်က ရှုံးပြီး အင်္ဂလန်တို့အုပ်စုက ဘယ်လိုမှ ထင်မှတ်မထားတဲ့ ချက်က စကော့တလန်ကို အနိုင်ကစားပြီး ပွဲစဉ်(၁)မှာ အုပ်စုပထမနေရာကို ရယူသွားခဲ့တာလည်းဖြစ်ပါတယ်။

အစောဆုံးပွဲစဉ်ဖြစ်တဲ့ ချက်နဲ့ စကော့တလန်ပွဲစဉ်မှာ အာဆင်နယ်နောက်ခံလူ ကီရန် တီယာနီကတော့ ပွဲနေ့လူစာရင်းကကို ပျောက်ဆုံးနေပြီး ဒီကစားသမားရဲ့ ကြံ့ခိုင်မှု အခြေအနေ မတည်ငြိမ်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်ခဲ့သလို ချက်တိုက်စစ်မှူး ပက်ထရစ် ရှစ်ခ်ကတော့ ဝက်စ်ဟမ်း ကစားသမားတွေရဲ့ ဖန်တီးမှုနဲ့အတူ သူရဲကောင်း ဖြစ်ခဲ့တာပါ။

ပထမပိုင်း ပွဲချိန် ၄၁ မိနစ်မှာ ထောင့်ကန်ဘောကနေ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ညာနောက်ခံလူ ဆိုဖာလ်က ဖြတ်တင်ပေးရာမှာ ရှစ်ခ်က ခေါင်းတိုက်သွင်းယူပြီး ဂိုးသမား မာရှယ်လ်ကို အငိုက်မိစေခဲ့သလို ဒုတိယပိုင်းပွဲချိန် ၅၂ မိနစ်မှာတော့ ကွင်းလယ်က ဆိုးချက်ရဲ့ ဖျက်ထုတ်မှုကို ရှစ်ခ်ကပဲ ကွင်းလယ်အဝိုင်းနားကနေ အမြောက်လှမ်းကန်ပြီး ရှေ့ရောက်နေတဲ့ ဂိုးသမားကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် နှိပ်စက်သွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲအနိုင်ကြောင့် အုပ်စု(D)ကို ချက်တို့ ဦးဆောင်လိုက်နိုင်ပြီး နောက်တစ်အုပ်စုဖြစ်တဲ့ အုပ်စု(E)ပွဲစဉ်တွေမှာတော့ ဆယ်နာရီခွဲကစားတဲ့ ရုရှားမြေ စိန့်ပီတာစ်ဘတ်က ပွဲမှာ ပိုလန်နဲ့ ဆလိုဗက်ကီးယားတို့ ယှဉ်ပြိုင်ခဲ့ကြပြီး တိုက်ဆိုင်စွာပဲ အရင်က ပြည်ထောင်စုဖြစ်ခဲ့တဲ့ ချက်နဲ့အတူ ချက်ကိုဆလိုဗက်ကီးယားအောင်ပွဲကို မြင်တွေ့ခဲ့ရတာပါ။

ပွဲချိန် ၁၈ မိနစ်မှာ တစ်ချိန်က ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြခဲ့ဖူးတဲ့ တောင်ပံတိုက်စစ်မှူး ရောဘတ် မက်ခ်က ဘယ်တောင်ပံကနေ ပိုလန် နောက်ခံလူနှစ်ယောက်ကို ဖြတ်ကျော်ပြီး ကန်သွင်းချက်က တိုင်ထိပြီး ပြန်ထွက်ခဲ့ပေမယ့် ကံမကောင်း အကြောင်းမလှသူ ဂိုးသမား ရှချက်စနီနဲ့ထိပြီး ဂိုးထဲကို ပြန်ဝင်သွားခဲ့လို့ ဆလိုဗက်တွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး တစ်မိနစ်မပြည့်ခင်မှာပဲ ရိုင်ဘတ်စ်ရဲ့ ဖန်တီးမှုကနေ လင်နက်တီက ပိုလန်တို့အတွက် ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲချိန် ၆၉ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဟမ်ရှစ်ခ် ခေါင်းတိုက်ချပေးတာကို အင်တာမီလန်နောက်ခံလူ ရှကရီညာက တစ်ချက်ထိန်းပြီး Half Volley ကန်သွင်းခဲ့ရာမှာ လူကြားထဲက ဝင်သွားခဲ့လို့ အုပ်စု(E)ကို ဆလိုဗက်ကီးယားတို့ စတင်ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။

နောက်ကျပွဲအဖြစ် ကစားတဲ့ စပိန်နဲ့ ဆွီဒင်တို့ ပွဲစဉ်မှာတော့ စပိန်တို့ ဘောလုံးပိုင်ဆိုင်မှု ၈၆ ရာခိုင်နှုန်းအထိ ရယူပြီး ဂိုးကန်သွင်းခွင့် ၁၇ ကြိမ်အထိ ရရှိခဲ့တဲ့အထိ ဖိကစားနိုင်ခဲ့ပေမယ့် ၅ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး အဆုံးသတ်မှု မကောင်းတဲ့ တိုက်စစ်ပိုင်းကြောင့် ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။

ဂျူဗင်တပ်စ်တိုက်စစ်မှူး မိုရာတာနဲ့ ပွဲထွက်လာခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဗီလာရီးရဲလ်ရဲ့ ဂျရတ် မိုရီနို၊ ဆိုစီဒက်ရဲ့ အိုယာဇာဘယ်လ်တို့ကို ထည့်သွင်းခဲ့တဲ့ စပိန်ရဲ့တိုက်စစ်က မန်ချက်စတာယူနိုက်တက်ရဲ့ လင်ဒီလော့ဖ်နဲ့ ရိုးမားဂိုးသမား အိုလ်ဆန်တို့ ဦးဆောင်တဲ့ ဆွီဒင်ခံစစ်ကို မကျော်နိုင်ခဲ့တာကြောင့် ဘဲဥမကွဲဘဲ ပွဲပြီးသွားခဲ့တာလည်းဖြစ်ပါတယ်။

စပိန်နည်းပြ လူးဝစ် အန်ရီကေအတွက်တော့ တိုက်စစ်မှာ သွက်လက်ထက်မြက်တဲ့ အဆုံးသတ်သမားမျိုး ပါဝင်မလာတာ၊ အဒါမာ ထရာအိုရေးကို မသုံးစွဲခဲ့ဘဲ တခြားကစားသမားတွေကို ရွေးချယ်ခဲ့တာတွေက အမှားအယွင်းဖြစ်စေခဲ့ပြီး လက်ရှိခြေစွမ်းအရတော့ ယူရိုရဲ့ ကြီးခြောက်ကြီးစာရင်းဝင် တခြားအသင်းတွေဖြစ်ကြတဲ့ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ ပေါ်တူဂီနဲ့ အီတလီတို့နောက်မှာ လျှော့တွက်ရတော့မှာ ဖြစ်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တနလၤာေန႔ည ပြဲစဥ္ေတြမွာေတာ့ အသင္းႀကီးေတြ အေျခမလွခဲ့ဘဲ အားအနည္းဆုံးလို႔ ထင္ျမင္ထားတဲ့ အသင္းေတြက ရလဒ္ေကာင္းခဲ့သလို နာမည္ႀကီး စပိန္တို႔ ထမင္းငတ္ခဲ့ခ်ိန္မွာ ပိုလန္က ရႈံးၿပီး အဂၤလန္တို႔အုပ္စုက ဘယ္လိုမွ ထင္မွတ္မထားတဲ့ ခ်က္က စေကာ့တလန္ကို အႏိုင္ကစားၿပီး ပြဲစဥ္(၁)မွာ အုပ္စုပထမေနရာကို ရယူသြားခဲ့တာလည္းျဖစ္ပါတယ္။

အေစာဆုံးပြဲစဥ္ျဖစ္တဲ့ ခ်က္နဲ႔ စေကာ့တလန္ပြဲစဥ္မွာ အာဆင္နယ္ေနာက္ခံလူ ကီရန္ တီယာနီကေတာ့ ပြဲေန႔လူစာရင္းကကို ေပ်ာက္ဆုံးေနၿပီး ဒီကစားသမားရဲ႕ ႀကံ့ခိုင္မႈ အေျခအေန မတည္ၿငိမ္မႈအေပၚ ေမးခြန္းထုတ္စရာျဖစ္ခဲ့သလို ခ်က္တိုက္စစ္မႉး ပက္ထရစ္ ရွစ္ခ္ကေတာ့ ဝက္စ္ဟမ္း ကစားသမားေတြရဲ႕ ဖန္တီးမႈနဲ႔အတူ သူရဲေကာင္း ျဖစ္ခဲ့တာပါ။

ပထမပိုင္း ပြဲခ်ိန္ ၄၁ မိနစ္မွာ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ညာေနာက္ခံလူ ဆိုဖာလ္က ျဖတ္တင္ေပးရာမွာ ရွစ္ခ္က ေခါင္းတိုက္သြင္းယူၿပီး ဂိုးသမား မာရွယ္လ္ကို အငိုက္မိေစခဲ့သလို ဒုတိယပိုင္းပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ကြင္းလယ္က ဆိုးခ်က္ရဲ႕ ဖ်က္ထုတ္မႈကို ရွစ္ခ္ကပဲ ကြင္းလယ္အဝိုင္းနားကေန အေျမာက္လွမ္းကန္ၿပီး ေရွ႕ေရာက္ေနတဲ့ ဂိုးသမားကို ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေအာင္ ႏွိပ္စက္သြားခဲ့တာျဖစ္ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ အုပ္စု(D)ကို ခ်က္တို႔ ဦးေဆာင္လိုက္ႏိုင္ၿပီး ေနာက္တစ္အုပ္စုျဖစ္တဲ့ အုပ္စု(E)ပြဲစဥ္ေတြမွာေတာ့ ဆယ္နာရီခြဲကစားတဲ့ ႐ုရွားေျမ စိန႔္ပီတာစ္ဘတ္က ပြဲမွာ ပိုလန္နဲ႔ ဆလိုဗက္ကီးယားတို႔ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး တိုက္ဆိုင္စြာပဲ အရင္က ျပည္ေထာင္စုျဖစ္ခဲ့တဲ့ ခ်က္နဲ႔အတူ ခ်က္ကိုဆလိုဗက္ကီးယားေအာင္ပြဲကို ျမင္ေတြ႕ခဲ့ရတာပါ။

ပြဲခ်ိန္ ၁၈ မိနစ္မွာ တစ္ခ်ိန္က ဘြန္ဒက္စ္လီဂါမွာ ေျခစြမ္းျပခဲ့ဖူးတဲ့ ေတာင္ပံတိုက္စစ္မႉး ေရာဘတ္ မက္ခ္က ဘယ္ေတာင္ပံကေန ပိုလန္ ေနာက္ခံလူႏွစ္ေယာက္ကို ျဖတ္ေက်ာ္ၿပီး ကန္သြင္းခ်က္က တိုင္ထိၿပီး ျပန္ထြက္ခဲ့ေပမယ့္ ကံမေကာင္း အေၾကာင္းမလွသူ ဂိုးသမား ရွခ်က္စနီနဲ႔ထိၿပီး ဂိုးထဲကို ျပန္ဝင္သြားခဲ့လို႔ ဆလိုဗက္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး တစ္မိနစ္မျပည့္ခင္မွာပဲ ႐ိုင္ဘတ္စ္ရဲ႕ ဖန္တီးမႈကေန လင္နက္တီက ပိုလန္တို႔အတြက္ ေခ်ပဂိုး ျပန္သြင္းႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဟမ္ရွစ္ခ္ ေခါင္းတိုက္ခ်ေပးတာကို အင္တာမီလန္ေနာက္ခံလူ ရွကရီညာက တစ္ခ်က္ထိန္းၿပီး Half Volley ကန္သြင္းခဲ့ရာမွာ လူၾကားထဲက ဝင္သြားခဲ့လို႔ အုပ္စု(E)ကို ဆလိုဗက္ကီးယားတို႔ စတင္ဦးေဆာင္ခြင့္ရရွိခဲ့ပါတယ္။

ေနာက္က်ပြဲအျဖစ္ ကစားတဲ့ စပိန္နဲ႔ ဆြီဒင္တို႔ ပြဲစဥ္မွာေတာ့ စပိန္တို႔ ေဘာလုံးပိုင္ဆိုင္မႈ ၈၆ ရာခိုင္ႏႈန္းအထိ ရယူၿပီး ဂိုးကန္သြင္းခြင့္ ၁၇ ႀကိမ္အထိ ရရွိခဲ့တဲ့အထိ ဖိကစားႏိုင္ခဲ့ေပမယ့္ ၅ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး အဆုံးသတ္မႈ မေကာင္းတဲ့ တိုက္စစ္ပိုင္းေၾကာင့္ ဂိုးမရွိသေရနဲ႔သာ ေက်နပ္ခဲ့ရတာပါ။

ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး မိုရာတာနဲ႔ ပြဲထြက္လာခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ဗီလာရီးရဲလ္ရဲ႕ ဂ်ရတ္ မိုရီႏို၊ ဆိုစီဒက္ရဲ႕ အိုယာဇာဘယ္လ္တို႔ကို ထည့္သြင္းခဲ့တဲ့ စပိန္ရဲ႕တိုက္စစ္က မန္ခ်က္စတာယူႏိုက္တက္ရဲ႕ လင္ဒီေလာ့ဖ္နဲ႔ ႐ိုးမားဂိုးသမား အိုလ္ဆန္တို႔ ဦးေဆာင္တဲ့ ဆြီဒင္ခံစစ္ကို မေက်ာ္ႏိုင္ခဲ့တာေၾကာင့္ ဘဲဥမကြဲဘဲ ပြဲၿပီးသြားခဲ့တာလည္းျဖစ္ပါတယ္။

စပိန္နည္းျပ လူးဝစ္ အန္ရီေကအတြက္ေတာ့ တိုက္စစ္မွာ သြက္လက္ထက္ျမက္တဲ့ အဆုံးသတ္သမားမ်ိဳး ပါဝင္မလာတာ၊ အဒါမာ ထရာအိုေရးကို မသုံးစြဲခဲ့ဘဲ တျခားကစားသမားေတြကို ေ႐ြးခ်ယ္ခဲ့တာေတြက အမွားအယြင္းျဖစ္ေစခဲ့ၿပီး လက္ရွိေျခစြမ္းအရေတာ့ ယူ႐ိုရဲ႕ ႀကီးေျခာက္ႀကီးစာရင္းဝင္ တျခားအသင္းေတြျဖစ္ၾကတဲ့ အဂၤလန္၊ ဂ်ာမနီ၊ ျပင္သစ္၊ ေပၚတူဂီနဲ႔ အီတလီတို႔ေနာက္မွာ ေလွ်ာ့တြက္ရေတာ့မွာ ျဖစ္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.