Analysis International

၅၃ နှစ်ကြာ ကျိန်စာဆိုးကို ပယ်ဖျက်ပေးခဲ့တဲ့ စတာလင်နဲ့ အင်္ဂလန် 1-0 ခရိုအေးရှား ပွဲအပြီး ထုတ်နုတ်ပြောစရာ 7 ချက်

၅၃ နှစ်ကြာ ကျိန်စာဆိုးကို ပယ်ဖျက်ပြီး ဆောက်ဂိတ်ကို ကျေးဇူးဆပ်တဲ့ စတာလင်
ဒီနေ့ပွဲမှာ ဂျက်ဂရီးလစ်ရှ်၊ ဂျေဒွန် ဆန်ချိုတို့ကို ကျော်ဖြတ်ပြီး ရာဟင်းမ် စတာလင်ပွဲထွက်လာခဲ့တာက ပရိသတ်တွေကို မြည်တွန်တောက်တီးစေခဲ့ပေမယ့် သူက အင်္ဂလန်ရဲ့ တလုံးတည်းသော အနိုင်ဂိုးရှင်အဖြစ် ယူရိုပြိုင်ပွဲရဲ့ အဖွင့်ပွဲစဥ်မှာ ၅၃ နှစ်ကြာ အနိုင်ရခြင်းမရှိတဲ့ ခြင်္သေ့သုံးကောင်ရဲ့ ကျိန်စာဆိုးကို ပယ်ဖျယ်ပြီး သူ့ကိုယုံကြည်ခဲ့တဲ့ နည်းပြဆောက်ဂိတ်ကို ကျေးဇူးဆပ်သွားခဲ့တယ်။

ဦးညွှတ်ချင်စရာခြေစွမ်းကိုပြတဲ့ ကယ်လ်ဗင် ဖီးလစ်
လိဒ်စ်ကွင်းလယ်ခံစစ်သမားဟာ အင်္ဂလန်လို ကြယ်စင်စုအသင်းမှာ ယူရိုပြိုင်ပွဲအတွေ့အကြုံမရှိဖူးဘဲ ပွဲထွက်လူစာရင်းမှာ တိုးပေါက်လာခဲ့တာက အံ့အားသင့်စရာကောင်းခဲ့တယ်။ ပိုပြီးအံ့အားသင့်စရာကောင်းခဲ့တာက သူ့ရဲ့လုပ်အားဖြစ်ပြီး မိုဒရစ်ကြီးစိုးနေတဲ့ ကွင်းလယ်ကို ယှဥ်ပြိုင်နိုင်ခဲ့တာက ဘယ်သူမှ မမျှော်လင့်ခဲ့တဲ့ ဖြစ်ရပ်ပါ။ စတာလင်ရဲ့ဂိုးကို သူကဖန်တီးပေးခဲ့ပြီးနောက်မှာ ယူရို ၂၀၀၄ က စတားတွေချည်း စုစည်းထားတဲ့ ကြယ်စင်စုအင်္ဂလန်အသင်း မအောင်မြင်ခဲ့ရခြင်းရဲ့ အဖြေကို ထုတ်ပြနိုင်ပြီလို့ ဆိုရမှာပါ။

ညာနောက်ခံနေရာမှာ လူရွေးမှားတဲ့ ဆောက်ဂိတ်
အာနိုးလ်လွဲချော်တဲ့နောက်မှာ အားကောင်းမောင်းသန်လူငယ် ရီးစ်ဂျိမ်းစ်ကို ကျော်ဖြတ်ပြီး အသက် ၃၁ နှစ်သား ခိုင်လ်ဝေါ်ကာကို ညာနောက်ခံနေရာမှာ ကစားစေခဲ့တဲ့ ဆောက်ဂိတ်ရဲ့ လူရွေးချယ်မှုက မှားယွင်းခဲ့ပြီး ပထမပိုင်းတပိုင်းလုံးမှာ ခရိုအေးရှားအသင်းက သူတို့ရဲ့ဘယ်ခြမ်းကို အပိုင်စားရသလိုကို ကစားသွားခဲ့တာကို တွေ့ရပြီး ဒုတိယပိုင်းမှာတော့ ဝေါ်လ်ကာက ကစားပုံပြန်တက်လာခဲ့ပါတယ်။

မှော်ဆရာကြီးဖြစ်နေဆဲ မိုဒရစ်
အသက် ၃၆ နှစ်သားရဲ့ ခြေစွမ်းကတော့ လက်ဖျားခါစရာဖြစ်ခဲ့ပြီး ဒီပွဲရဲ့ Tempo အတင်အချကို ကွင်းလယ်ကနေ သူကပဲ ထိန်းကျောင်းပြီး အင်္ဂလန်ကို လိုအပ်သလို ပြုစားသွားခဲ့တယ်။ ဖိုဒင်ရဲ့ ဂိုးရလုရခင် ကန်သွင်းချက်အပြီးမှာ မိုဒရစ်ပြုသမျှ နုခဲ့ရတဲ့ အင်္ဂလန်အဖြစ် အသွင်ပြောင်းသွားခဲ့ပြီး ခရိုးအေးရှားတသင်းလုံးရဲ့ အသက်သွေးကြောလည်းဖြစ်ခဲ့ပါတယ်။

ယူရိုမှာ စိတ်ရှိနေသေးရဲ့လား ကိန်း
မန်ချက်စတာကို သွားမလား၊ ချယ်လ်ဆီးကို ပြောင်းမလား၊ စပါးစ်မှာပဲ ဆက်နေရမလားလို့ တွေဝေနေတဲ့ ပူပူနွေးနွေး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင် ဟာရီကိန်းက ထင်သလောက်ခြေမပေါ်ခဲ့ဘဲ ပထမပိုင်းတပိုင်းလုံးမှာ ကိုပျောက်ကြီးအဖြစ် လှောင်ပြောင်ခံခဲ့ရတယ်။ အသင်းဖော်တွေရဲ့ ပံ့ပိုးမှုအားနည်းတာအပြင် သူကိုယ်တိုင်လည်း ရုန်းကန်ခဲ့ရတာကို တွေ့ရသလို ဂိုးကံခေခဲ့ခြင်းကလည်း ရှောင်လွှဲမရခဲ့တာပါ။

ကွင်းလယ်အားကို ပြသခဲ့တဲ့ အင်္ဂလန်
မိုဒရစ်ချ်၊ ကိုဗာချစ်ံ၊ ဘရိုဇိုဗစ်ချ်တို့ရဲ့ ခရိိုအေးရှားကွင်းလယ်က စာရွက်ထဲမှာ တောင့်တင်းလှပေမယ့် တကယ့်ခြေစွမ်းပိုင်းအရာမှာတော့ အထီးကျန်ပြီး မှော်ကဝေလို လှည့်စားနေတဲ့ မိုဒရစ်ကလွဲရင် ဒက်ကလန်ရိုက်စ်၊ ကယ်လ်ဗင် ဖီးလစ်၊ မေဆန်မောင့်တို့ ဦးဆောင်နေတဲ့ အင်္ဂလန်ကွင်းလယ်အားကို အပြတ်အသတ်အရေးနိမ့်ခဲ့တယ်။ ဖီးလစ်က ဒီပွဲမှာ အင်္ဂလန်အသင်းရဲ့ အကောင်းဆုံးကစားသမားလို့ ဆိုရမယ့်အဖြစ်က ရိုက်စ်+မောင့်အတွဲရဲ့ ပံ့ပိုးမှုကောင်းကောင်းကို ရခဲ့တာလည်း တွေ့ခဲ့ရတာပါ။

ကမ္ဘာ့ဖလားဆီမီးက နာကျည်းမှုကို ဖြေဖျောက်နိုင်ပြီလား
အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ ခရိုအေးရှားအသင်းဆီက ဦးဦးဖျားဖျား ၃ မှတ်ရယူပြီးတဲ့နောက်မှာ ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးအဆင့်က နာကြည်းမှုကို ထိုက်သင့်သလောက်တော့ ကုသနိုင်သွားမှာဖြစ်ပြီး ပိုင်ပိုင်နိုင်နိုင် အခွင့်အရေးကောင်းမရခဲ့သလို ပစ်ခ်ဖို့ဒ်ကိုတောင် ခြင်ကိုက်နေစေခဲ့တဲ့ ကမ္ဘာ့ဖလားငွေတံဆိပ်ဆုရ ခရိုအေးရှားအသင်းရဲ့ တိုက်စစ်ပိုင်းရုန်းကန်ရမှုကလည်း သူ့အတွက် ကျေနပ်စရာအဖြစ် လက်စားချေသွားနိုင်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၅၃ ႏွစ္ၾကာ က်ိန္စာဆိုးကို ပယ္ဖ်က္ၿပီး ေဆာက္ဂိတ္ကို ေက်းဇူးဆပ္တဲ့ စတာလင္
ဒီေန႔ပြဲမွာ ဂ်က္ဂရီးလစ္ရွ္၊ ေဂ်ဒြန္ ဆန္ခ်ိဳတို႔ကို ေက်ာ္ျဖတ္ၿပီး ရာဟင္းမ္ စတာလင္ပြဲထြက္လာခဲ့တာက ပရိသတ္ေတြကို ျမည္တြန္ေတာက္တီးေစခဲ့ေပမယ့္ သူက အဂၤလန္ရဲ႕ တလုံးတည္းေသာ အႏိုင္ဂိုးရွင္အျဖစ္ ယူ႐ိုၿပိဳင္ပြဲရဲ႕ အဖြင့္ပြဲစဥ္မွာ ၅၃ ႏွစ္ၾကာ အႏိုင္ရျခင္းမရွိတဲ့ ျခေသၤ့သုံးေကာင္ရဲ႕ က်ိန္စာဆိုးကို ပယ္ဖ်ယ္ၿပီး သူ႔ကိုယုံၾကည္ခဲ့တဲ့ နည္းျပေဆာက္ဂိတ္ကို ေက်းဇူးဆပ္သြားခဲ့တယ္။

ဦးၫႊတ္ခ်င္စရာေျခစြမ္းကိုျပတဲ့ ကယ္လ္ဗင္ ဖီးလစ္
လိဒ္စ္ကြင္းလယ္ခံစစ္သမားဟာ အဂၤလန္လို ၾကယ္စင္စုအသင္းမွာ ယူ႐ိုၿပိဳင္ပြဲအေတြ႕အႀကဳံမရွိဖူးဘဲ ပြဲထြက္လူစာရင္းမွာ တိုးေပါက္လာခဲ့တာက အံ့အားသင့္စရာေကာင္းခဲ့တယ္။ ပိုၿပီးအံ့အားသင့္စရာေကာင္းခဲ့တာက သူ႔ရဲ႕လုပ္အားျဖစ္ၿပီး မိုဒရစ္ႀကီးစိုးေနတဲ့ ကြင္းလယ္ကို ယွဥ္ၿပိဳင္ႏိုင္ခဲ့တာက ဘယ္သူမွ မေမွ်ာ္လင့္ခဲ့တဲ့ ျဖစ္ရပ္ပါ။ စတာလင္ရဲ႕ဂိုးကို သူကဖန္တီးေပးခဲ့ၿပီးေနာက္မွာ ယူ႐ို ၂၀၀၄ က စတားေတြခ်ည္း စုစည္းထားတဲ့ ၾကယ္စင္စုအဂၤလန္အသင္း မေအာင္ျမင္ခဲ့ရျခင္းရဲ႕ အေျဖကို ထုတ္ျပႏိုင္ၿပီလို႔ ဆိုရမွာပါ။

ညာေနာက္ခံေနရာမွာ လူေ႐ြးမွားတဲ့ ေဆာက္ဂိတ္
အာႏိုးလ္လြဲေခ်ာ္တဲ့ေနာက္မွာ အားေကာင္းေမာင္းသန္လူငယ္ ရီးစ္ဂ်ိမ္းစ္ကို ေက်ာ္ျဖတ္ၿပီး အသက္ ၃၁ ႏွစ္သား ခိုင္လ္ေဝၚကာကို ညာေနာက္ခံေနရာမွာ ကစားေစခဲ့တဲ့ ေဆာက္ဂိတ္ရဲ႕ လူေ႐ြးခ်ယ္မႈက မွားယြင္းခဲ့ၿပီး ပထမပိုင္းတပိုင္းလုံးမွာ ခ႐ိုေအးရွားအသင္းက သူတို႔ရဲ႕ဘယ္ျခမ္းကို အပိုင္စားရသလိုကို ကစားသြားခဲ့တာကို ေတြ႕ရၿပီး ဒုတိယပိုင္းမွာေတာ့ ေဝၚလ္ကာက ကစားပုံျပန္တက္လာခဲ့ပါတယ္။

ေမွာ္ဆရာႀကီးျဖစ္ေနဆဲ မိုဒရစ္
အသက္ ၃၆ ႏွစ္သားရဲ႕ ေျခစြမ္းကေတာ့ လက္ဖ်ားခါစရာျဖစ္ခဲ့ၿပီး ဒီပြဲရဲ႕ Tempo အတင္အခ်ကို ကြင္းလယ္ကေန သူကပဲ ထိန္းေက်ာင္းၿပီး အဂၤလန္ကို လိုအပ္သလို ျပဳစားသြားခဲ့တယ္။ ဖိုဒင္ရဲ႕ ဂိုးရလုရခင္ ကန္သြင္းခ်က္အၿပီးမွာ မိုဒရစ္ျပဳသမွ် ႏုခဲ့ရတဲ့ အဂၤလန္အျဖစ္ အသြင္ေျပာင္းသြားခဲ့ၿပီး ခ႐ိုးေအးရွားတသင္းလုံးရဲ႕ အသက္ေသြးေၾကာလည္းျဖစ္ခဲ့ပါတယ္။

ယူ႐ိုမွာ စိတ္ရွိေနေသးရဲ႕လား ကိန္း
မန္ခ်က္စတာကို သြားမလား၊ ခ်ယ္လ္ဆီးကို ေျပာင္းမလား၊ စပါးစ္မွာပဲ ဆက္ေနရမလားလို႔ ေတြေဝေနတဲ့ ပူပူေႏြးေႏြး ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုရွင္ ဟာရီကိန္းက ထင္သေလာက္ေျခမေပၚခဲ့ဘဲ ပထမပိုင္းတပိုင္းလုံးမွာ ကိုေပ်ာက္ႀကီးအျဖစ္ ေလွာင္ေျပာင္ခံခဲ့ရတယ္။ အသင္းေဖာ္ေတြရဲ႕ ပံ့ပိုးမႈအားနည္းတာအျပင္ သူကိုယ္တိုင္လည္း ႐ုန္းကန္ခဲ့ရတာကို ေတြ႕ရသလို ဂိုးကံေခခဲ့ျခင္းကလည္း ေရွာင္လႊဲမရခဲ့တာပါ။

ကြင္းလယ္အားကို ျပသခဲ့တဲ့ အဂၤလန္
မိုဒရစ္ခ်္၊ ကိုဗာခ်စ္ံ၊ ဘ႐ိုဇိုဗစ္ခ်္တို႔ရဲ႕ ခရိိုေအးရွားကြင္းလယ္က စာ႐ြက္ထဲမွာ ေတာင့္တင္းလွေပမယ့္ တကယ့္ေျခစြမ္းပိုင္းအရာမွာေတာ့ အထီးက်န္ၿပီး ေမွာ္ကေဝလို လွည့္စားေနတဲ့ မိုဒရစ္ကလြဲရင္ ဒက္ကလန္႐ိုက္စ္၊ ကယ္လ္ဗင္ ဖီးလစ္၊ ေမဆန္ေမာင့္တို႔ ဦးေဆာင္ေနတဲ့ အဂၤလန္ကြင္းလယ္အားကို အျပတ္အသတ္အေရးနိမ့္ခဲ့တယ္။ ဖီးလစ္က ဒီပြဲမွာ အဂၤလန္အသင္းရဲ႕ အေကာင္းဆုံးကစားသမားလို႔ ဆိုရမယ့္အျဖစ္က ႐ိုက္စ္+ေမာင့္အတြဲရဲ႕ ပံ့ပိုးမႈေကာင္းေကာင္းကို ရခဲ့တာလည္း ေတြ႕ခဲ့ရတာပါ။

ကမာၻ႔ဖလားဆီမီးက နာက်ည္းမႈကို ေျဖေဖ်ာက္ႏိုင္ၿပီလား
အဂၤလန္နည္းျပ ေဆာက္ဂိတ္အေနနဲ႔ ခ႐ိုေအးရွားအသင္းဆီက ဦးဦးဖ်ားဖ်ား ၃ မွတ္ရယူၿပီးတဲ့ေနာက္မွာ ၂၀၁၈ ကမာၻ႔ဖလားဆီမီးအဆင့္က နာၾကည္းမႈကို ထိုက္သင့္သေလာက္ေတာ့ ကုသႏိုင္သြားမွာျဖစ္ၿပီး ပိုင္ပိုင္ႏိုင္ႏိုင္ အခြင့္အေရးေကာင္းမရခဲ့သလို ပစ္ခ္ဖို႔ဒ္ကိုေတာင္ ျခင္ကိုက္ေနေစခဲ့တဲ့ ကမာၻ႔ဖလားေငြတံဆိပ္ဆုရ ခ႐ိုေအးရွားအသင္းရဲ႕ တိုက္စစ္ပိုင္း႐ုန္းကန္ရမႈကလည္း သူ႔အတြက္ ေက်နပ္စရာအျဖစ္ လက္စားေခ်သြားႏိုင္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.