International Match Report

နောက်ဆုံးတော့ ရော်နယ်လ်ဒိုပါပဲလို့ စံချိန်သစ်တွေအတွက် ချီးကျူးရမယ့် ပေါ်တူဂီရဲ့ အောင်ပွဲ

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဟန်ဂေရီကို အထင်မသေးဘဲ သတိထားကစားတဲ့ ကွင်းလယ်အဖျက်နှစ်ယောက်နဲ့ ကစားကွက်ကို သုံးပြီး ကျန်တဲ့ တောင်ပံခံစစ်တွေနဲ့ တိုက်စစ်သမားတွေက စုဖွဲ့ပြီး ဂိုးရှာဖွေတဲ့ ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကိုလည်း ထိန်းချုပ်ရယူတဲ့ Mindset မျိုးနဲ့ နည်းပြ ဖာနန်ဒို ဆန်းတို့စ်က ချပြလာခဲ့ပါတယ်။

ဟန်ဂေရီကတော့ ဂိုးသမား ဂူလာချီ၊ နောက်ခံလူ အော်ဘန်၊ တိုက်စစ်မှူး ဆာလာအီစတဲ့ နာမည်ကြီးကစားသမားတွေကို လူစုံထုတ်လာခဲ့ပြီး အသင်းလိုက်ကစားအားနဲ့ ပေါ်တူဂီကို ခံစစ်နဲ့သာ ကစားခဲ့သလို တန်ပြန်တိုက်စစ်တွေကနေ တုံ့ပြန်ခဲ့ပေမယ့် လက်ရှိချန်ပီယံကို တုန်လှုပ်စေဖို့တော့ မတတ်နိုင်ခဲ့တာလည်း တွေ့ရပါတယ်။

ဒါနီလို ပါရဲရားနဲ့ ဝီလီယမ် ကာဗာလ်ယိုတို့ကို အထိုင်ထားတဲ့ ကွင်းလယ်က ဖန်တီးမှုအတွက် ဘရူနို ဖာနန်ဒက်စ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို ပိုမိုရုန်းကန်ရစေသလို ဂျိုတာကလည်း နာမည်ကြီးချင်စိတ်နဲ့ လောနေခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာ အခွင့်အရေးကောင်းရနိုင်တဲ့ ဘောလုံးကို ရော်နယ်လ်ဒိုဆီ မပေးခဲ့လို့ ပေါ်တူဂီအသင်းခေါင်းဆောင်တစ်ယောက် ပေါက်ကွဲခဲ့ရပါတယ်။

ပထမပိုင်းမှာ ရော်နယ်လ်ဒိုနဲ့ ဂျိုတာတို့အဖွဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ဟန်ဂေရီအသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာလာအီရဲ့ ခေါင်းတိုက်ချက်ကလည်း ပေါ်တူဂီဂိုးသမား ပက်ထရီစီယိုဆီ တည့်တည့်ရောက်သွားခဲ့ပြီး ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ထောင့်ကန်ဘောကနေ နောက်ခံလူ ပီပီရဲ့ ခေါင်းတိုက်ချက်ကို ဂူလာချီ ကာကွယ်ခဲ့ရသလို ဟန်ဂေရီရဲ့ တန်ပြန်တိုက်စစ်က အခွင့်အရေးနှစ်ကြိမ်ကိုတော့ ပက်ထရီစီယို ကာကွယ်နိုင်ခဲ့ပြီး လောကြီးနေတဲ့ ဖာနန်ဒက်စ်ကတော့ အခွင့်အရေးဖန်တီးမှုပိုင်းမှာ အနည်းငယ် ကျဆင်းလာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာ တန်ပြန်တိုက်စစ်ကနေ ဟန်ဂေရီတောင်ပံကစားသမား ဆာဘော့လ်ရှန် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လွိခ် နီဂိုပေးစဉ်မှာ လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး ပေါ်တူဂီကတော့ တိုက်စစ်အားဖြည့်ဖို့ ကွင်းလယ်က အဖျက်သက်သက်ပဲ ကစားနိုင်တဲ့ ကာဗာလ်ယိုအစား ရီနာတို ဆန်ချက်စ်နဲ့ ဂျိုတာအစား အန်ဒရေး ဆေးလ်ဗားတို့ကို လူစားလဲကစားခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ ကွင်းလယ်က လိုက်ပါရွေ့လျားနေတဲ့ ရီနာတို ဆန်ချက်စ်ကြောင့် ပေါ်တူဂီတို့ နေရာလွတ်တွေ ပိုမိုရလာမှုကနေ ညာခြမ်းက ရာဖာ ဆေးလ်ဗားက လွတ်လွတ်ကျွတ်ကျွတ် ပေးပို့ခွင့်ရခဲ့တဲ့ ဘောလုံးကို ဘယ်နောက်ခံလူ ဂွါရဲရိုးက ကန်သွင်းခဲ့ရာမှာ နောက်ခံလူ အော်ဘန်နဲ့ထိပြီး ဝင်သွားခဲ့လို့ လက်ရှိချန်ပီယံတွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ တစ်ကိုယ်တော် ရုန်းနေတဲ့ ဆန်ချက်စ်ရဲ့ တိုးအားကနေ ရာဖာ ဆေးလ်ဗားပဲ ဘောလုံးရသွားပြီး ဂိုးဧရိယာထဲမှာ ကန်သွင်းဖို့ ကြိုးစားချိန်မှာ အော်ဘန်က လက်ကို ဆွဲထားခဲ့လို့ ပင်နယ်တီပေးခဲ့ရပြီး ဒါကိုတော့ ရော်နယ်လ်ဒိုက ဂိုးသမား ဂူလာချီ ဒိုက်ပစ်တာနဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းပြီး ပေါ်တူဂီတို့ကို အနိုင်ပြတ်သားစေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဟန်ဂေရီတို့ စိတ်ဓာတ်ကျသွားခဲ့ပြီး ပေါ်တူဂီတို့ ဘောလုံးကိုင်ကစားနေရင်း နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ရော်နယ်လ်ဒိုကပဲ ဂိုးဧရိယာအစပ်မှာ ဆန်ချက်စ်ဆီက လက်ခံရယူခဲ့တဲ့ ဘောလုံးကို ရာဖာ ဆေးလ်ဗားနဲ့ နှစ်ကြိမ်တိုင်တိုင်း ဝမ်းတူးရိုက်ပြီး လူကျွံ ထောင်ချောက်ကို ဖြတ်ထွက်ပြီးမှ ဂိုးသမားကိုပါ လိမ်ခေါက်ပြီး ကန်သွင်းနိုင်ခဲ့လို့ သုံးဂိုး-ဂိုးမရှိနဲ့ ပေါ်တူဂီတို့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ဒီနေ့ပွဲ မကစားခင်အထိ ယူရိုပြိုင်ပွဲမှာ စံချိန်တူညီနေခဲ့တဲ့ မီရှယ် ပလာတီနီရဲ့ ၉ ဂိုးစံချိန်ကို သွင်းဂိုးနှစ်ဂိုးနဲ့ ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့သလို ယူရိုပြိုင်ပွဲ ၅ ကြိမ်ဆက်တိုက် ပါဝင်ကစားပြီး အမြဲတမ်း ဂိုးသွင်းနိုင်ခဲ့တဲ့ အမြင့်ဆုံးစံချိန်ကိုလည်း ပိုင်ဆိုင်သွားနိုင်ခဲ့သလို ပေါ်တူဂီအသင်းကို မရဏအုပ်စုမှာ အမှားအယွင်းမရှိ ဦးဆောင်စေနိုင်ခဲ့တာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပၚတူဂီအသင္းအေနနဲ႔ ဒီေန႔မွာ ဟန္ေဂရီကို အထင္မေသးဘဲ သတိထားကစားတဲ့ ကြင္းလယ္အဖ်က္ႏွစ္ေယာက္နဲ႔ ကစားကြက္ကို သုံးၿပီး က်န္တဲ့ ေတာင္ပံခံစစ္ေတြနဲ႔ တိုက္စစ္သမားေတြက စုဖြဲ႕ၿပီး ဂိုးရွာေဖြတဲ့ ၄-၂-၃-၁ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈကိုလည္း ထိန္းခ်ဳပ္ရယူတဲ့ Mindset မ်ိဳးနဲ႔ နည္းျပ ဖာနန္ဒို ဆန္းတို႔စ္က ခ်ျပလာခဲ့ပါတယ္။

ဟန္ေဂရီကေတာ့ ဂိုးသမား ဂူလာခ်ီ၊ ေနာက္ခံလူ ေအာ္ဘန္၊ တိုက္စစ္မႉး ဆာလာအီစတဲ့ နာမည္ႀကီးကစားသမားေတြကို လူစုံထုတ္လာခဲ့ၿပီး အသင္းလိုက္ကစားအားနဲ႔ ေပၚတူဂီကို ခံစစ္နဲ႔သာ ကစားခဲ့သလို တန္ျပန္တိုက္စစ္ေတြကေန တုံ႔ျပန္ခဲ့ေပမယ့္ လက္ရွိခ်န္ပီယံကို တုန္လႈပ္ေစဖို႔ေတာ့ မတတ္ႏိုင္ခဲ့တာလည္း ေတြ႕ရပါတယ္။

ဒါနီလို ပါရဲရားနဲ႔ ဝီလီယမ္ ကာဗာလ္ယိုတို႔ကို အထိုင္ထားတဲ့ ကြင္းလယ္က ဖန္တီးမႈအတြက္ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို ပိုမို႐ုန္းကန္ရေစသလို ဂ်ိဳတာကလည္း နာမည္ႀကီးခ်င္စိတ္နဲ႔ ေလာေနခဲ့ၿပီး ပြဲခ်ိန္ ၅ မိနစ္မွာ အခြင့္အေရးေကာင္းရႏိုင္တဲ့ ေဘာလုံးကို ေရာ္နယ္လ္ဒိုဆီ မေပးခဲ့လို႔ ေပၚတူဂီအသင္းေခါင္းေဆာင္တစ္ေယာက္ ေပါက္ကြဲခဲ့ရပါတယ္။

ပထမပိုင္းမွာ ေရာ္နယ္လ္ဒိုနဲ႔ ဂ်ိဳတာတို႔အဖြဲ႕ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို ဟန္ေဂရီအသင္းေခါင္းေဆာင္ တိုက္စစ္မႉး ဆာလာအီရဲ႕ ေခါင္းတိုက္ခ်က္ကလည္း ေပၚတူဂီဂိုးသမား ပက္ထရီစီယိုဆီ တည့္တည့္ေရာက္သြားခဲ့ၿပီး ဂိုးမရွိသေရနဲ႔ပဲ အဆုံးသတ္ခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ေထာင့္ကန္ေဘာကေန ေနာက္ခံလူ ပီပီရဲ႕ ေခါင္းတိုက္ခ်က္ကို ဂူလာခ်ီ ကာကြယ္ခဲ့ရသလို ဟန္ေဂရီရဲ႕ တန္ျပန္တိုက္စစ္က အခြင့္အေရးႏွစ္ႀကိမ္ကိုေတာ့ ပက္ထရီစီယို ကာကြယ္ႏိုင္ခဲ့ၿပီး ေလာႀကီးေနတဲ့ ဖာနန္ဒက္စ္ကေတာ့ အခြင့္အေရးဖန္တီးမႈပိုင္းမွာ အနည္းငယ္ က်ဆင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာ တန္ျပန္တိုက္စစ္ကေန ဟန္ေဂရီေတာင္ပံကစားသမား ဆာေဘာ့လ္ရွန္ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ လြိခ္ နီဂိုေပးစဥ္မွာ လူကြၽံေနတာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရၿပီး ေပၚတူဂီကေတာ့ တိုက္စစ္အားျဖည့္ဖို႔ ကြင္းလယ္က အဖ်က္သက္သက္ပဲ ကစားႏိုင္တဲ့ ကာဗာလ္ယိုအစား ရီနာတို ဆန္ခ်က္စ္နဲ႔ ဂ်ိဳတာအစား အန္ဒေရး ေဆးလ္ဗားတို႔ကို လူစားလဲကစားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ကြင္းလယ္က လိုက္ပါေ႐ြ႕လ်ားေနတဲ့ ရီနာတို ဆန္ခ်က္စ္ေၾကာင့္ ေပၚတူဂီတို႔ ေနရာလြတ္ေတြ ပိုမိုရလာမႈကေန ညာျခမ္းက ရာဖာ ေဆးလ္ဗားက လြတ္လြတ္ကြၽတ္ကြၽတ္ ေပးပို႔ခြင့္ရခဲ့တဲ့ ေဘာလုံးကို ဘယ္ေနာက္ခံလူ ဂြါရဲ႐ိုးက ကန္သြင္းခဲ့ရာမွာ ေနာက္ခံလူ ေအာ္ဘန္နဲ႔ထိၿပီး ဝင္သြားခဲ့လို႔ လက္ရွိခ်န္ပီယံေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ တစ္ကိုယ္ေတာ္ ႐ုန္းေနတဲ့ ဆန္ခ်က္စ္ရဲ႕ တိုးအားကေန ရာဖာ ေဆးလ္ဗားပဲ ေဘာလုံးရသြားၿပီး ဂိုးဧရိယာထဲမွာ ကန္သြင္းဖို႔ ႀကိဳးစားခ်ိန္မွာ ေအာ္ဘန္က လက္ကို ဆြဲထားခဲ့လို႔ ပင္နယ္တီေပးခဲ့ရၿပီး ဒါကိုေတာ့ ေရာ္နယ္လ္ဒိုက ဂိုးသမား ဂူလာခ်ီ ဒိုက္ပစ္တာနဲ႔ ဆန႔္က်င္ဘက္ကို ကန္သြင္းၿပီး ေပၚတူဂီတို႔ကို အႏိုင္ျပတ္သားေစခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဟန္ေဂရီတို႔ စိတ္ဓာတ္က်သြားခဲ့ၿပီး ေပၚတူဂီတို႔ ေဘာလုံးကိုင္ကစားေနရင္း နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ေရာ္နယ္လ္ဒိုကပဲ ဂိုးဧရိယာအစပ္မွာ ဆန္ခ်က္စ္ဆီက လက္ခံရယူခဲ့တဲ့ ေဘာလုံးကို ရာဖာ ေဆးလ္ဗားနဲ႔ ႏွစ္ႀကိမ္တိုင္တိုင္း ဝမ္းတူး႐ိုက္ၿပီး လူကြၽံ ေထာင္ေခ်ာက္ကို ျဖတ္ထြက္ၿပီးမွ ဂိုးသမားကိုပါ လိမ္ေခါက္ၿပီး ကန္သြင္းႏိုင္ခဲ့လို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ေပၚတူဂီတို႔ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ ဒီေန႔ပြဲ မကစားခင္အထိ ယူ႐ိုၿပိဳင္ပြဲမွာ စံခ်ိန္တူညီေနခဲ့တဲ့ မီရွယ္ ပလာတီနီရဲ႕ ၉ ဂိုးစံခ်ိန္ကို သြင္းဂိုးႏွစ္ဂိုးနဲ႔ ေက်ာ္ျဖတ္ၿပီး စံခ်ိန္သစ္တင္ႏိုင္ခဲ့သလို ယူ႐ိုၿပိဳင္ပြဲ ၅ ႀကိမ္ဆက္တိုက္ ပါဝင္ကစားၿပီး အၿမဲတမ္း ဂိုးသြင္းႏိုင္ခဲ့တဲ့ အျမင့္ဆုံးစံခ်ိန္ကိုလည္း ပိုင္ဆိုင္သြားႏိုင္ခဲ့သလို ေပၚတူဂီအသင္းကို မရဏအုပ္စုမွာ အမွားအယြင္းမရွိ ဦးေဆာင္ေစႏိုင္ခဲ့တာလည္းျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.