International Match Report

ဆောက်ဂိတ်ရဲ့ ခပ်ဆန်းဆန်း အတွေးနဲ့ ခရိုအေးရှားကို မိတ်ဖြစ်ဆွေဖြစ် အနိုင်ယူတဲ့ အင်္ဂလန်

နည်းပြ ဆောက်ဂိတ်ရဲ့ ညာနောက်ခံလူတွေကို တစ်ထောကြီး ရွေးချယ်လို့ ဝေဖန်ခံရတဲ့ လူစာရင်းမှာ ဒီနေ့မှာတော့ ဘယ်နောက်ခံလူ ချေးလ်ဝဲလ် ပါဝင်လာတာကို မတွေ့ရဘဲ လုခ်ရှောကိုလည်း အရန်ခုံမှာပဲ ထားခဲ့သလို သူ့ရဲ့ အပိုခေါ်လာတဲ့အထဲက ထရစ်ပီယာကို ဘယ်ခြမ်းမှာ သုံးစွဲခဲ့ပြီး ညာခြမ်းမှာ ဝေါ်လ်ကာ၊ အလယ်မှာ ဂျွန်စတုန်းစ်နဲ့ မင်းစ်တို့ကို ထုတ်သုံးလာခဲ့ပါတယ်။

အသင်းရဲ့ ကွင်းလယ်မှာ ဖိလစ်နဲ့ ဒက်ကလန် ရိုက်စ်တို့ကို အထိုင်ချခဲ့ပြီး သူ့ရှေ့က ဖိုဒန်၊ စတာလင်နဲ့ မောင့်တို့ကို ထားခဲ့သလို တိုက်စစ်မှာ ဟာရီကိန်းကို ဦးဆောင်ခိုင်းခဲ့ပေမယ့် ချောမွေ့သွက်လက်တဲ့ ပရိသတ်အကြိုက် ကစားကွက်မျိုးတော့ဖြစ်မလာခဲ့ဘဲ မိုဒရစ်ချ်ဦးဆောင်လာတဲ့ ခရိုအေးရှားကို အသာစီးရယူဖို့ မလုပ်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

မန်စီးတီးရဲ့ နားလည်မှုကို လိုချင်ခဲ့ပုံပေါ်တဲ့ ဆောက်ဂိတ်ရဲ့ တန်ပြန်တိုက်စစ်တွေမှာ စတာလင်နဲ့ ဖိုဒန်ကတော့ အတိုင်းအတာတစ်ခုအထိ အဆင်ပြေခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ စတာလင်ပေးတာကို ဖိုဒန်က ညာခြမ်းကနေ ဘယ်ခြေနဲ့ အဝေးတိုင်ကို ကန်သွင်းခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ အင်္ဂလန်တို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရပါတယ်။

အင်္ဂလန်ရဲ့ ကွင်းလယ်မှာ ထိန်းကစားမယ့် ဝါရင့်ကစားသမားမျိုး မပါတာက စတာလင်ကို သူ့လက်သူ့ခြေလုပ်ခွင့် ပေးလိုက်သလိုဖြစ်နေပြီး အသင်းရဲ့ တိုက်စစ်မှာ အလေအလွင့်တွေ များနေခဲ့သလို ဖိလစ်ရဲ့ ထောင့်ကန်ဘောက ပြန်အကျ ပိတ်သွင်းမှုကိုလည်း ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ချ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဘယ်နောက်ခံလူမပါ၊ ကွင်းလယ်ဖန်တီးရှင်မရှိတဲ့ အင်္ဂလန်ရဲ့ တိုက်စစ်မှာ မေဆန်မောင့်ရဲ့ ခြေစွမ်းက ဦးဆောင်ကစားဖို့ မလုံလောက်ခဲ့ဘဲ သာမန်အဆင့်သာ ရှိခဲ့တာကြောင့် ခရိုအေးရှားရဲ့ အဆိပ်မဲ့ ကစားဟန်ကိုတောင် ဆောက်ဂိတ်ရဲ့ လူတွေ အခွင့်အရေးမယူနိုင်ခဲ့ဘဲ ပထမပိုင်းက ဂိုးမရှိ သရေပဲဖြစ်နေခဲ့တာပါ။

ထရစ်ပီယာကတော့ ဘယ်ခြမ်းမှာ တော်တော်လေး အဆင်မပြေတာကို တွေ့ခဲ့ရပြီး ခရိုအေးရှားညာခြမ်းမှာ Inverted Winger ကောင်း တစ်ယောက် ပါဝင်လာတာ မဟုတ်ဘဲနဲ့ သူ့ကို ရွေးချယ်ခဲ့တဲ့ လုပ်ရပ်ကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့သလို မိုဒရစ်ချ်တို့ အုပ်စုကလည်း ဆယ်စုနှစ် တစ်စုအတွင်းမှာ ပထမဆုံးအကြိမ် Teamwork ပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ အင်္ဂလန်တို့ ဂိုးစရခဲ့ပြီး ကွင်းလယ်ကနေ ဖိလစ် ဆွဲပြေးလာပြီး ခင်းပေးလိုက်တဲ့ ဘောလုံးကို စတာလင်က နောက်တန်းကြားက ချိန်သားကိုက်ပြေးထွက်ပြီး ကန်သွင်းခဲ့ရာမှာ ကန်ချက်မကောင်းခဲ့ပေမယ့် ဂိုးသမားနဲ့ နောက်တန်း ပိတ်ဆို့ပုံ မကောင်းခဲ့လို့ နှစ်ယောက်ကြားကနေ ထွက်သွားခဲ့ရာမှာ လီဗာကိုဗစ်ချ် လက်နဲ့ထိရုံပဲ တတ်နိုင်ခဲ့ပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာ အသင်းခေါင်းဆောင် ဟာရီကိန်းရဲ့ ပြေးဝင်ပိတ်သွင်းမှုက ဂိုးတိုင်နဲ့ ဆောင့်မိတာသာ အဖတ်တင်ခဲ့ပြီး မေဆန်မောင့်ရဲ့ ဖရီးကစ်လည်း အနည်းငယ် လွဲချော်သွားခဲ့သလို စတာလင်နဲ့အပြိုင် ခရိုအေးရှားရဲ့ ရီဘစ်ချ်တို့အုပ်စုကလည်း ဂိုးဘေးနဲ့ အပေါ်ကိုသာ ရွေးချယ်ကန်သွင်းနေခဲ့လို့ ပရိသတ်တွေ မျှော်လင့်ထားတဲ့ ပွဲကောင်းတစ်ပွဲနဲ့တော့ နတ်ပြည်နဲ့ ငရဲလို လွဲခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နှစ်ဖက်စလုံး ဂိုးကန်သွင်းမှု ၈ ကြိမ်မှာ ၂ ကြိမ် ဂိုးပေါက်တည့်မှုနဲ့အတူ အင်္ဂလန်တို့ စတာလင်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး အဓိက ပြိုင်ဘက်ကို ကျောနိုင်လိုက်ပြီး အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ စကော့တလန်နဲ့ ချက်တို့ရဲ့ ရလဒ်တွေကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

တစ်ဂိုး-ဂိုးမရှိဆိုတာဟာ အသင်းကြီးချင်း တွေ့ဆုံတဲ့ပွဲမှာ လုံလောက်တဲ့ ရလဒ် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီခြေစွမ်းနဲ့ နည်းစနစ်ပိုင်းကို မပြင်နိုင်ခဲ့ရင်တော့ ခရိုအေးရှားထက် ကစားအားကောင်းတဲ့ အသင်းတွေဖြစ်တဲ့ စကော့တလန်၊ ချက်တို့နဲ့ ပွဲတွေမှာ ရုန်းကန်ရနိုင်တာကြောင့် အင်္ဂလန်တို့ နာမည်ကြီး ထမင်းငတ် မဖြစ်ရအောင် ဆောက်ဂိတ်တစ်ယောက် လာမယ့်ပွဲတွေမှာ အတတ်မဆန်းဖို့ လိုကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နည်းပြ ဆောက်ဂိတ်ရဲ့ ညာနောက်ခံလူတွေကို တစ်ထောကြီး ရွေးချယ်လို့ ဝေဖန်ခံရတဲ့ လူစာရင်းမှာ ဒီနေ့မှာတော့ ဘယ်နောက်ခံလူ ချေးလ်ဝဲလ် ပါဝင်လာတာကို မတွေ့ရဘဲ လုခ်ရှောကိုလည်း အရန်ခုံမှာပဲ ထားခဲ့သလို သူ့ရဲ့ အပိုခေါ်လာတဲ့အထဲက ထရစ်ပီယာကို ဘယ်ခြမ်းမှာ သုံးစွဲခဲ့ပြီး ညာခြမ်းမှာ ဝေါ်လ်ကာ၊ အလယ်မှာ ဂျွန်စတုန်းစ်နဲ့ မင်းစ်တို့ကို ထုတ်သုံးလာခဲ့ပါတယ်။

အသင်းရဲ့ ကွင်းလယ်မှာ ဖိလစ်နဲ့ ဒက်ကလန် ရိုက်စ်တို့ကို အထိုင်ချခဲ့ပြီး သူ့ရှေ့က ဖိုဒန်၊ စတာလင်နဲ့ မောင့်တို့ကို ထားခဲ့သလို တိုက်စစ်မှာ ဟာရီကိန်းကို ဦးဆောင်ခိုင်းခဲ့ပေမယ့် ချောမွေ့သွက်လက်တဲ့ ပရိသတ်အကြိုက် ကစားကွက်မျိုးတော့ဖြစ်မလာခဲ့ဘဲ မိုဒရစ်ခ်ျဦးဆောင်လာတဲ့ ခရိုအေးရှားကို အသာစီးရယူဖို့ မလုပ်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။


အင်္ဂလန်ရဲ့ ကွင်းလယ်မှာ ထိန်းကစားမယ့် ဝါရင့်ကစားသမားမျိုး မပါတာက စတာလင်ကို သူ့လက်သူ့ခြေလုပ်ခွင့် ပေးလိုက်သလိုဖြစ်နေပြီး အသင်းရဲ့ တိုက်စစ်မှာ အလေအလွင့်တွေ များနေခဲ့သလို ဖိလစ်ရဲ့ ထောင့်ကန်ဘောက ပြန်အကျ ပိတ်သွင်းမှုကိုလည်း ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ခ်ျ ကာကွယ်သွားနိုင်ခဲ့ပါတယ်။


ထရစ်ပီယာကတော့ ဘယ်ခြမ်းမှာ တော်တော်လေး အဆင်မပြေတာကို တွေ့ခဲ့ရပြီး ခရိုအေးရှားညာခြမ်းမှာ Inverted Winger ကောင်း တစ်ယောက် ပါဝင်လာတာ မဟုတ်ဘဲနဲ့ သူ့ကို ရွေးချယ်ခဲ့တဲ့ လုပ်ရပ်ကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့သလို မိုဒရစ်ခ်ျတို့ အုပ်စုကလည်း ဆယ်စုနှစ် တစ်စုအတွင်းမှာ ပထမဆုံးအကြိမ် Teamwork ပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ အင်္ဂလန်တို့ ဂိုးစရခဲ့ပြီး ကွင်းလယ်ကနေ ဖိလစ် ဆွဲပြေးလာပြီး ခင်းပေးလိုက်တဲ့ ဘောလုံးကို စတာလင်က နောက်တန်းကြားက ချိန်သားကိုက်ပြေးထွက်ပြီး ကန်သွင်းခဲ့ရာမှာ ကန်ချက်မကောင်းခဲ့ပေမယ့် ဂိုးသမားနဲ့ နောက်တန်း ပိတ်ဆို့ပုံ မကောင်းခဲ့လို့ နှစ်ယောက်ကြားကနေ ထွက်သွားခဲ့ရာမှာ လီဗာကိုဗစ်ခ်ျ လက်နဲ့ထိရုံပဲ တတ်နိုင်ခဲ့ပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာ အသင်းခေါင်းဆောင် ဟာရီကိန်းရဲ့ ပြေးဝင်ပိတ်သွင်းမှုက ဂိုးတိုင်နဲ့ ဆောင့်မိတာသာ အဖတ်တင်ခဲ့ပြီး မေဆန်မောင့်ရဲ့ ဖရီးကစ်လည်း အနည်းငယ် လွဲချော်သွားခဲ့သလို စတာလင်နဲ့အပြိုင် ခရိုအေးရှားရဲ့ ရီဘစ်ခ်ျတို့အုပ်စုကလည်း ဂိုးဘေးနဲ့ အပေါ်ကိုသာ ရွေးချယ်ကန်သွင်းနေခဲ့လို့ ပရိသတ်တွေ မျှော်လင့်ထားတဲ့ ပွဲကောင်းတစ်ပွဲနဲ့တော့ နတ်ပြည်နဲ့ ငရဲလို လွဲခဲ့တာလည်းဖြစ်ပါတယ်။



REF: INTERNET SOURCES
SPORTS A2Z.